← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

63 01

အပိုင်း (၆၃) မင်းကိုဘာက ငါ့ကို အားနည်းတယ်လို့ ထင်စေတာလဲ

“အရူးမလေး”

တဖြည်းဖြည်း မှီလာသော ထိုကလေးမလေးကိုမြင်သောအခါ ချန်းရန်က ပြုံးလိုက်ပြီး လက်ကို ဆန့်ထုတ်၍ နဖူးမှ ချွေးများကို ညင်သာစွာ သုတ်ပေးလိုက်သည်။

“အာ”

မုရှောင်းနွမ်သည် ဆိုးသွမ်းသော မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်သည်။ သူမသည် နဂိုကမူ ယောက်ျားဖြစ်သူမှ နမ်းမည်ဟု ထင်ထားသည်။ သို့သော် ထိုအချိန်တွင်မှ ညင်သာပြီး မြတ်နိုးသော အပြုအမူက သူမကို အလွန်အမင်း ပျော်ရွှင်သွားစေသည်။ သူမက အနားသို့ မှီလာပြီးနောက် နာနာခံခံလေး ပွတ်စေသည်။

“မင်းကို ကြည့်အုံး။ ဒီလောက် အစောကြီး လေ့ကျင့်ခန်းတွေ လုပ်နေတာ။ ဘာလို့ ချွေးတွေ အများကြီး ထွက်နေတာလဲ”

ချန်းရန်ကလည်း ထိုကောင်မလေး၏ ခေါင်းက ပူနေသည်ဟု ခံစားရသည်။ သူသည် သူမဘာလုပ်နေမှန်းပင် နားမလည်နိုင်တော့ပေ။

“ချန်းကောကော ကောကောမသိဘူးလား။ မန်ထုံက အရမ်းမုန်းဖို့ ကောင်းတာပဲ။ ငါ ကောကောအတွက် ပြင်ထားတဲ့ ဂျင်ဆင်းရိုင်းပင်ကို လုသွားတာလေ။ နောက်ဆုံးတော့ ငါ ပြန်လုလာတယ်”

မုရှောင်းနွမ်၏မျက်လုံးကလည်း ကျဉ်းမြောင်းသွားသည်။ ထိုအချိန်တွင် သူမကလည်း လိမ္မာနာခံစွာနှင့် ယဉ်ကျေးသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ သခင်ဖြစ်သူ၏ ထွေးပွေ့မှုကို ခံနေသည်။

“ဂျင်ဆင်းရိုင်းပင် ငါ့ကို အားဖြည့်ပေးဖို့ ဟုတ်လား”

ချန်းရန်က ထိုစကားကို ကြားပြီး ရုတ်တရပ် လက်ဖဝါးက တောင့်ခဲသွားကာ မျက်နှာက မဲမှောင်သွားသည်။

“ဘာက မင်းကို ငါက အားနည်းတယ်လို့ ထင်စေတာလဲ”

မုရှောင်းနွမ်ကမူ နဂိုက ခေါင်းအပုတ်ခံရင်း ပျော်ပွေ့နေခြင်းဖြစ်သည်။ ရုတ်တရပ် ပေါ့ပါးသော အထိအတွေ့က အံ့အားသင့်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းလေသည်။ လူအများအား မရပ်နိုင်အောင် ဖြစ်စေသည်။ သို့သော် ချန်းရန်က လှုပ်ရှားမှု ရပ်တန့်သွားကြောင်း မြင်သောအခါ သူမသည် ချက်ချင်းဆိုသလို မကျေမနပ် ဖြစ်သွားသည်။

ယောက်ျားက ဘာလုပ်တာလဲ ဆက်ပြီး မပုတ်ပေးတော့ဘူးလား။

ထို့ကြောင့် မုရှောင်းနွမ်က လှပသော မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး ခေါင်းအား ချန်းရန်၏ လက်ဖဝါးနှင့် ဆိုးသွမ်းသော ပုံစံမျိုးနှင့် အတူ ပွတ်လိုက်ပြီးနှုတ်ခမ်းကို ဆူကာ ပြောသည်။

“ဒါဆိုရင်လည်း ကောကောက အခု လှုပ်ရှားဖို့မလိုတော့ဘူး။ အခု အခြားသူက ကောကောရဲ့ လက်နဲ့ အပုတ်ခံဖို့အတွက် ခေါင်းကို တမင်တကာ ရွေ့ပေးလာပြီလေ မကောင်းဘူးလား”

“ဒီကောင်မလေးကတော့”

ထိုကလေးမလေး၏ဆိုးသွမ်းသော ပုံစံကို မြင်ပြီး ချန်းရန်ကလည်း တစ်ချိန်တည်း တွေးသွားသည်။ ထို့နောက် လက်နှစ်ဖက်လုံးကို မြောက်ပြီး မျက်နှာလေးကို အုပ်ကာ

ပြွတ်စ်..

မုရှောင်းနွမ်၏နဖူးကို ချန်းရန်က လှမ်းနမ်းလိုက်သည်။ နူးညံ့သော အထိအတွေ့နှင့်အတူ မုရှောင်းနွမ်က မျက်လုံးပြူးသွားသည်။ သူမ၏မျက်လုံးက အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားသည်။ မမျှော်လင့်ထားစွာပင် သူမသည် ယောက်ျားဖြစ်သူ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။ သို့ရာတွင် အလွန်ကောင်းမွန်သော တိုက်ခိုက်မှုမျိုးဖြစ်သည်။

63 02

“အခု နေလို့ ကောင်းသွားပြီလား”

ချန်းရန်က မုရှောင်းနွမ်ကို လွှတ်ပေးပြီး သူမ၏ နေရာတွင်ပင် ကြောင်အနေသော ပုံစံလေးကို ကြည့်ကာ မျက်ခုံးပင့်လျှက် ပြုံးနေမိသည်။

“အင်း အရမ်းကောင်းသွားပြီ”

မုရှောင်းနွမ်က မျက်နှာကို အုပ်သည်။

ရှက်လိုက်တာ…

ယခုဖြစ်သွားသော အခြေအနေမျိုးက သူမ၏ နှလုံးသားကို အခုန်နှုန်း မြန်ဆန်စေသည်။ ထိုသို့ အနမ်းခံရခြင်းက အင်အားကြီးမားလွန်းသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကိုပင် အနောက်ဖက်သို့ အလိုလျောက် မှီလိုက်မိစေသည်။ ကျောက်တုံးကြီး တစ်တုံးက ရင်ဘတ်ကို လာတိုက်သည်ဟု ခံစားရသည်။ အံ့အားသင့်ပြီး ပျော်ရွှင်သွားသည်။

သူမ၏ ယောက်ျားဖြစ်သူက အိပ်ပျော်နေသော ကြောင်ပေါက်လေးနှင့် တူသည်။ သို့သော် မျက်လုံးကို ဖွင့်လိုက်သည်နှင့် သားရဲကောင်းကြီး ဖြစ်သွားသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းရည်ကလည်း ပြင်းထန်လွန်းအားကြီးသည်။ မုရှောင်းနွမ်ကပင် လွှမ်းမိုးခံရပြီး နည်းနည်း ကြောင်တောင်တောင် ဖြစ်နေသည်။

သူမက စိတ်ထဲတွင် ခပ်တိုးတိုးရေရွတ်နေသည်။ ယောက်ျားက လုံးဝ ရူးသွပ်သွားတဲ့အခါ ဘယ်လို ပုံစံမျိုး ဖြစ်သွားမှာလဲ။

သူမက ထိုအကြောင်းအရာကို တွေးမိသောအခါ မုရှောင်းနွမ်ကလည်း မနေနိုင်ဘဲ ခြေထောက်နှစ်ဖက်ကို ဖိကပ်လိုက်ပြီး မျှော်လင့်သလိုလို ကြောက်သလိုလို ဖြစ်သွားသည်။

“ယောက်ျား အပြင်ကို ထွက်ပြီး ကြည့်လိုက်အုံး။ ပရိုဂရမ်အသင်းက ရောက်နေပြီ”

မုရှောင်းနွမ်က ထိုသို့သော အတွေးများကို ခါထုတ်လိုက်ပြီး ချန်းရန်အား အရေးအကြီးဆုံး ကိစ္စကို အသိပေးလိုက်သည်။

“အလျှင်မလိုပါဘူး။ ရေအရင်သောက်အုံး… လာ မန်ထုံကို ခေါ်ခိုင်းလိုက်မယ်”

ချန်းရန်ကလည်း မထလာပေ။ သို့သော် မုရှောင်းနွမ်ကိုတော့ဖြင့် ရေတစ်ခွက် ကမ်းပေးလိုက်သည်။

မြေပြင်ပေါ်တွင် လဲနေသော မန်ထုံကိုမူ ခြေထောက်ဖြင့် တစ်ချက် လှမ်းတို့လိုက်ရင်း မောင်းထုတ်လိုက်သည်။

“ဘာလို့ လှုပ်ရှားမှု မရှိနေတာလဲ ဆရာသခင်ချန်းက အိမ်မှာ မရှိဘူးလား”

ပရိုဂရမ်အသင်းကပင် နည်းနည်း စိတ်မရှည်ဖြစ်လာသည်။ ဖုန်းဖုန်းနှင့် ကျစ်ဖန်တို့ကပင် နည်းနည်းစိုးရိမ်လာသည်။ ဟယ်လောင်ရှီနှင့် ဟွမ်လောင်ရှီးတို့ကလည်း သူတို့ကို နှစ်သိမ့်ပေးနေရင်း ဒါရိုက်တာအဖွဲ့ကို မေးမြန်းသည်။

“ငါ ဆရာသခင်ချန်းကို မေးမြန်းထားတာ ဖုန်းခေါ်ပြီးသား”

ဒါရိုက်တာအသင်းက ပြုံး၍ ပြောသည်။

“အလျင်လိုစရာမရှိဘူး။ ဆရာသခင်ချန်းက ပြောတယ်။ ငါတို့ ဝင်လာလို့ရတယ်တဲ့ နောက်ပြီး ဟိုကောင်လေးက ခဏနေရင်း လာကြိုမယ်တဲ့လေ အားလုံးပဲ စိတ်ရှည်ကြပါ”

သူဟာ ထပ်ဖြည့်ပြောသေးသည်။

63 03

“အာ…ဒီလိုဆိုရင် ငါတို့ရဲ့ ပရိုဂရမ်အသင်းက စပြီးတော့ တိုက်ရိုက်ထုတ်လွှင့်လို့ ရနေပြီ။ ဒီတစ်ကြိမ်မှာ ငါတို့က အစောပိုင်း နည်းလမ်းတွေကို ပြောင်းလဲပြီးတော့ တိုက်ရိုက်ပဲ တိုက်ရိုက်ထုတ်လွှင့်လိုက်မယ်။ အဲဒါမှပဲ အားလုံးကလည်း သူတို့ အမြဲတမ်းတောင့်တရတဲ့ သန့်စင်ပြီး သဘာဝကျတဲ့ ဘဝကို တွေ့ကြုံခံစားနိုင်မှာလေ”

ပရိုဂရမ်အသင်းသည် တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ကိုပင် တန်းဖွင့်လိုက်သည်။ ကင်မရာကလည်း ဧည့်သည်များကို ချိန်ရွယ်ထားပြီး ရှိုးကလည်း တရားဝင် စတင်လေသည်။

ရှိုး၏အစပိုင်းတွင် ရှိုးကို ဆောင့်ကြောင့်ထိုင်စောင့်ကာ ကြည့်နေသော ကြည့်ရှုသူက သုံးသန်းနီးပါးရှိနေသည်။

တောင့်တမှုဆိုသော အစီအစဉ် ဖြစ်ထိုက်ပေသည်။ အွန်လိုင်းတွင် သူတို့၏ အပိုင်းတစ်ပိုင်းချင်းစီတိုင်းကို စောင့်ကြည့်နေသော အွန်လိုင်းမှ ပရိသတ်ကပင် တစ်စတစ်စ တိုးလာသည်။ နောက်ဆုံး နှစ်ပိုင်းကဆိုလျှင် ကြည့်ရှုသူ နှစ်သန်းကျော်သည်။ မမျှော်လင့်ထားစွာပင် ဒီတစ်ခေါက်တွင် အစပိုင်းတွင်ကတည်းက သုံးသန်းရှိနေသည်။ ဟွမ်လောင်ရှီးကပင် အရေအတွက်ကို မြင်ပြီး တအံ့တဩပြောသည်။

“ဟေး သုံးသန်းတောင် ဒါက မှတ်တမ်းဝင်တာပဲ များလိုက်တာ ညီအစ်ကိုတို့ အားလုံးတောင့်တနေတဲ့ ဘဝဆီသွားရအောင်”

ဟွမ်လောင်ရှီး (စားဖိုမှူးဟွမ်) ကပင် လေထု အခြေအနေကို ပေါ့ပေါ့ပါးပါးဖြစ်အောင် လုပ်ပေးသည်။

“ဟယ်လို အားလုံးပဲ ငါကတော့ နင်တို့ရဲ့အစ်မကြီး ကျစ်ဖုန်းပါ”

“ဟယ်လို အားလုံးပဲ ငါက ဖုန်းဖုန်းပါ”

ပျော်ရွှင်သော အဖွင့်မိတ်ဆက်စကားနှင့် ရင်းနှီးကျွမ်းဝင်သော အခြေအနေက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများအားလုံးကို ကြာရှည်စွာ ပျောက်ဆုံးနေသော အရာသာများကို ရရှိစေသည်။

“အစ်မကြီး ကျစ်ဖုန်းက အရမ်းလှတာပဲ၊ ငါ့ရဲ့ ဇနီးလေး လုပ်ပါလား”

“ငရဲလိုပဲ ဒီအပိုင်းရဲ့ နေရာက ဘယ်နေရာလဲ ဘယ်အပန်းဖြေစခန်းလဲ”

“ဒီသိပ်သည်းတဲ့ ဝါးတောအုပ်ကို မြင်ရတာ ကျစ်ကျိုးဟိုင်ပဲ ယှဉ်နိုင်မယ်ထင်တယ်”

“ပရိုဂရမ်အသင်း ကျစ်ကျိုးဟိုင်ကို သွားတာလား။ ကောင်းလိုက်တာ ဒီရှိုးရဲ့ ဒီအပိုင်းက တကယ်လန်းတာပဲ။ ဒီလောက်လှပတဲ့ နေရာမှာ တကယ်ကို နတ်နယ်မြေလိုပဲ ငါတောင့်တတဲ့ ဘဝ”

ကြည့်ရှုသူများကလည်း နောက်ခံကို မြင်သောအခါ အတွင်းလူများကို ချက်ချင်းခေါ်ကြသည်။ ထိုနေရာမှ ရှုခင်းက အမှန်ပင် လက်ရာမြောက်ကာ ပန်းချီကားဆန်သည်။ ထိုကဲ့သို့သော နေရာမျိုးတွင် အခြေချရမည်ဆိုလျှင် အိပ်နေရင်းနှင့်ပင် ရယ်ရင်း နှိုးလာလောက်သည်။

“အဟမ်း အာ…ငါမင်းတို့ကို အလေးအနက်ထားပြီး သတိပေးမယ်နော်။ ဒီအပိုင်းက ငါတို့ ရွာတစ်ရွာကို ရောက်နေတာ”

“ဟုတ်တယ် ဟုတ်တယ် ဒါက တကယ်တော့ ရွာပဲ တကယ်လို့ မယုံဘူးဆိုရင် ဝင်ပေါက်နားက ဆိုင်းဘုတ်ကို ကြည့်ကြည့် ထောင်ယွမ်ရွာတဲ့”

ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့က ကြည့်ရှုသူများအား ရိုက်ချက်များ ပြကြသည်။

“ဖာ့ခ် တကယ်ပဲ ဒီလောက်လှတဲ့ရွာရှိတာလား။ ဒါက ဘယ်လို နိုင်ငံတကာ ဟာသလဲ”

“ကျေးဇူးပြုပြီး ငါတို့ကို မလိမ်ပါနဲ့။ ဒါက ရွာဆိုရင် ငါအခုပဲ ချီးစားပြီး သက်သေပြပြီး ပို့စ်တင်ပေးမယ်”

63 04

ကြည့်ရှုသူများက လက်သင့်မခံလိုကြပေ။ ဒါဟာ ခရီးသွားများကို ဆွဲဆောင်သော ဝင်ပေါက်တစ်နေရာဖြစ်လောက်သည်။

“ဘယ်လိုများ ရွာလို့ ဘယ်သူတွေက ယုံမှာလဲ”

“လုံးဝကို အင်အားကြီးတဲ့ရွာလား လာနောက်နေတာပဲ”

“သတ္တိရှိရင်တော့ အခုပဲ ဝင်ပြီး သက်သေပြလေ”

ကြည့်ရှုသူများက အော်ဟစ်ကြပြီး အတွင်းမှ အခြေအနေကို ကြည့်မည်ဟု အတင်းပြောနေကြသည်။ သူတို့သည်လည်း ဒီရှိုးမှ အဖွဲ့ဝင်များ၏ မျက်နှာကို ဖြတ်ရိုက်ချင်၍ မဟုတ်ပေ။ သို့သော် အခြေအနေကို အလွန်သိချင်နေ၍ ဖြစ်သည်။

“အာ …အားလုံးပဲ စိတ်မရှိပါနဲ့ ဒီနေရာက ပိုင်ရှင်က ငါတို့ကို ဒီမှာ ခဏစောင့်ခိုင်းထားတယ်။ သူက ငါတို့ကို လာကြိုမယ်တဲ့”

ဆရာဟယ်က အားလုံးကို ပြုံး၍ ရှင်းပြသည်။

“အိုး ကိုယ်တိုင်တောင် ထွက်တွေ့မှာလား။ အရမ်းကြီးကို ပုံစံတကျ ဖြစ်နေပါလား”

“ပရိုဂရမ်အသင်းက အရမ်းခမ်းနားတာပဲ။ သူတို့ ရောက်ရောက်ချင်းမှာတင် အိမ်ရှင်က ဖိတ်ခေါ်ရတယ်”

“အိုး ပရိုဂရမ်အသင်းက အရမ်းကို အဆင့်အတန်းမြင့်တာပေါ့ လန်းတယ်”

ကြည့်ရှုသူများက တအံ့တဩအော်ကြသည်။ သူတို့သည်ပင် လျှို့ လျှို့ လျှို့ ဆိုသော စာများကို ရိုက်ကြသည်။

“ဟေး အာ … ငါမင်းတို့ကို လျှို့ဝှက်ချက် ပြောပြမယ်နော်။ ဒီနေရာက ပိုင်ရှင်က အရမ်းကို လျှို့ဝှက်ဆန်းကျယ် ဆရာသခင် မင်းတို့ အားလုံး ခန်းမှန်းမိကြလား ကွန်မန့်တွေကို မြင်ချင်တယ်”

ဟွမ်လောင်ရှီးက အားလုံးကို တဝက်တပြတ် ထားပစ်ခဲ့ရင်း ခန့်မှန်းခိုင်းသည်။

“ဟုတ်တယ် ဒီဟာရဲ့ ပိုင်ရှင်မှာ အရမ်းလှတဲ့ ဇနီးလည်း ရှိတယ် အရမ်းကို လှတာနော်”

အစ်မကြီး ကျစ်ဖုန်းကပင် ဝင်ပြောသည်။

ဝုတ် ဝုတ်

ထိုအချိန်တွင် ပရိုဂရမ်အသင်း၏ ကင်မရာ အရှေ့ဖက်သို့ သေးငယ်သော ခွေးလေးတစ်ကောင်က ပေါ်လာပြီး လူအုပ်ရှိရာသို့ အပြေးလာသည်။

******

All Chapters