← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

64 01

အပိုင်း (၆၄)

“ဝုတ် ဝုတ် ဝုတ် ဝုတ်”

မန်ထုံက သူ၏ ဝတုတ်တုတ် အခန္ဓာကိုယ်ကို လိမ်တွန့်ရင်း ပရိုဂရမ်အသင်းအဖွဲ့အရှေ့သို့ ရောက်လာကာ အမြှီးကိုနှံ့ရင်း ကျယ်လောင်စွာ ဟောင်သည်။

“ဟင်”

ဟယ်လောင်ရှီးတို့ကလည်း စိတ်ရှုပ်သွားသည်။

“ဟင် ဘာဖြစ်တာလဲ”

ဒီခွေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ခေါင်းခါနေတာလား။

“ဝုတ် ဝုတ်”

မန်ထုံက အကြိမ်းအနည်းငယ်ခန့် ဟောင်ပြီး ကင်မရာတစ်နေရာသို့ ပြေးသွားသည်။ ထို့နောက် ကျောက်တုံးတစ်တုံးကို ဆွဲယူလိုက်ကာ သိချင်စိတ်ပြင်းပြစွာနှင့် ရပ်ရန် ကြိုးစားသေး၏။ ကံကောင်းသည်မှာ ဒါရိုက်တာက ခြေမြန်လက်မြန်ရှိပြီး ခပ်မြန်မြန် ဖယ်လိုက်ရသည်။

“ဘာဖြစ်တာလဲ ပိုင်ရှင်ပြောတော့ သူထွက်လာမယ်ဆို”

“ဘုရားရေ ငါကြောက်လိုက်တာ ဒီခွေးက ငါ့ကို ခုန်အုပ်မယ်လို့ ထင်လိုက်တာ။ ဒီချစ်စရာလေးက ကင်မရာရှေ့မှာ ပေါ်ရတာ ကြိုက်တယ် ထင်တယ်”

ထိုအခြေအနေက ကြည့်ရှုသူများအားလုံးကို ရယ်မောစေသည်။ တက်ကြွပြီး ချစ်စရာကောင်းသော မန်ထုံလေးက ကျော်ကြားသွားပြီး အားလုံး၏ အာရုံကို ဆွဲဆောင်သည်။

“ဟေး ဒါက ဒီ..ဒီခွေးက ကြောက်စရာ ကောင်းသလိုပဲနော်”

ဖုန်းဖုန်းကလည်း မျက်နှာမှ ချွေးကို သုတ်သည်။ သူသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် ကြက်အူချောင်းလေး ထုတ်ကာ ပေးသည်။

“လိမ္မာနော် အရသာရှိတာပေးမယ် ငါတို့ကို ပိုင်ရှင်ဘယ်အချိန်လာမှာလဲ ဆိုတာ ပြောပေးပါအုံး ဟုတ်ပြီလား”

မန်ထုံက အနားကပ်ကာ အနံ့ခံကြည့်သည်။ ဖုန်းဖုန်းကလည်း ရင်းနှီးကျွမ်းဝင်သော အမူအရာကို ပြသည်။ ထို့နောက် တစ်ခဏတွင် မန်ထုံက ခေါင်းကို လှည့်သွားပြီး အထင်သေးကာ ဝူးကနဲ အော်ပြီး ထွက်ပြေးသွားသည်။

သူပြောသည့်ပုံစံအရ အရသာလည်း မကောင်းဘဲနဲ့ အရသာလည်းမရှိတဲ့အပြင် မွှေးလည်း မမွှေးနေဘူး…ဒီလောက်ပဲလား…ဆိုသော အထင်သေးသည့် အမူအရာမျိုးဖြစ်သည်။ မန်ထုံက အလွန်အထင်သေးသလိုမျိုး ပြုမူသည်။

“ဟေး အဲ့ဒီမှာ ရပ်”

ဖုန်းဖုန်းက ထိုအခြေအနေကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။

“ဒီခွေးက ချီးများလိုက်တာ ဟမ် ကြက်အူချောင်းတောင် မစားဘူးလား။ သူ့နှာခေါင်းက တစ်ခုခု မှားနေတာ ဖြစ်မယ်”

ဖုန်းဖုန်းကလည်း‌ ခွေးကို ဖြားယောင်းသော အကြံအစည်က ကျရှုံးသွားပြီးစိတ်ဓာတ်ကျစွာ ပြောသည်။

“ဟားဟား ဟား ကြည့်အုံး ဖုန်းဖုန်းက စိတ်ဓာတ်ကျသွားပြီ”

“ကျွတ် ကျွတ် ကျွတ် ဒီခွေးက စားစရာကို တော်တော်ချီးများတာ အမှန်ပဲ သူက ဒါကိုတောင် မစားဘူးလား သူဘာကို စားတာလဲ”

ခွေး : ငါ့ကို ဖြားယောင်းချင်တယ် ဟုတ်လား ဒီလောက်ပဲလား။

ကြည့်ရှုသူများက ရယ်နေကြသည်။

ဟွမ်လောင်ရှီးက သည်းမခံနိုင်တော့ဘဲ မန်ထုံ၏အရှေ့တွင် ဆောင့်ကြောင့် ထိုင်ကာ ခေါင်းလေးကို ပုတ်ပြီး ပြောသည်။

“လိမ္မာတဲ့ကောင်လေး ပေါင်ပေါင် ပိုင်ရှင်က ဘယ်မှာလဲ ဘာလို့ မထွက်လာသေးတာလဲ ငါတို့ဘယ်လောက်ထိ စောင့်ရမှာလဲ”

“ဝုတ်”

ထိုအသံကို ကြားသည်နှင့် မန်ထုံက စိတ်လှုပ်ရှားစွာ အော်သည်။ သူသည်လည်း လူအုပ်ဖက်သို့ ခေါင်းလှည့်ပြီးနှစ်ကြိမ်ခန့် အော်သည်။

64 02

“ဝုတ် ဝုတ် ဝုတ်”

ထို့နောက် သူသည် အရှေ့ဖက်သို့ ပျော်ရွှင်စွာ ပြေးသွားသည်။

“အာ”

ဟယ်လောင်ရှီးက စိတ်ရှုပ်သွားသည်။

ဘာဖြစ်တာလဲ။

“ဝုတ် ဝုတ်”

မန်ထုံက စိတ်မရှည်သလို ဖြစ်လာသည် အမြှီးကို နှံ့ပြီးနောက် လှည့်ကြည့်ကာ ဆက်တိုက်အော်သည်။ ထို့နောက် ရှေ့ကို ပြေးသွားသည်။

“အာ…ဒါက ဒီခွေးဝတုတ်က ငါတို့အတွက် လမ်းပြပေးချင်တာများလား”

အစ်မကြီး ကျစ်ဖုန်းကပင် အကြံရလာသည်။

“မဟုတ်သေးဘူး။ သူက ငါတို့အတွက် လမ်းပြပေးနေတာ မြန်မြန်လေး လိုက်ကြ”

ဖုန်းဖုန်း၏ မျက်လုံးက တောက်ပသွားသည်။

“အဟမ်း”

လူငယ်လေးတစ်ယောက်က စိတ်လှုပ်ရှားစွာ ထွက်သွားတော့မည့်အချိန်တွင် ဟယ်လောင်ရှီးနှင့် ဟွမ်းလောင်ရှီးတို့က ချောင်းအသာဟမ့်သည်။ နည်းနည်းမသက်မသာဖြစ်သလို အမူအရာမျိုးနှင့် ဖြစ်သည်။

“ဖူး မဖြစ်နိုင်တာ… ဒီခွေးက တကယ်ပဲ လမ်းလာပြတာလား”

“ဟားဟား ငါ ရယ်ရလို့ သေတော့မယ်။ အခုလေးတင် ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့ကလည်း ဒီနေရာရဲ့ ပိုင်ရှင်က ထွက်ပြီး ကြိုမယ်လို့ ပြောနေတာလေ”

“ခွေးဝတုတ် : တစ်ယောက်ယောက်က ငါ့ကို ပိုင်ရှင်လို့ ခေါ်လိုက်သလိုပဲ လာစမ်းပါ လာစမ်းပါ လူတွေ လာစမ်းပါ”

“ဟယ်လောင်ရှီး : ဖူး အသံကို တိုးထား အသံကို တိုးထား မင်းငါ့ကို မျက်နှာ ပျက်အောင် လုပ်နေတာ အာ ဝူးဝူး…ငါ ခွေးကို ပိုင်ရှင်လို့ ခေါ်လိုက်တာလား”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးက ရယ်မောသံများ ပြည့်နှက်သွားသည်။ သို့သော် ပရိုဂရမ်အသင်းမှ လူများ ဖြစ်သည့် ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့ကမူ ခါးသီးစွာ ပြုံးနေကြသည်။ အစ်မကြီးကျစ်ဖုန်းနှင့် ဖုန်းဖုန်းတို့ကလည်း အမှားလုပ်မိသော ကလေးများကဲ့သို့ ရှက်ရွံ့နေကြသည်။

“မပြောနဲ့တော့ ဝင်ကြရအောင်”

သူက မရှက်လျှင် အခြားသော သူကသာ ရှက်ရမည်ဆိုသော စံချိန်စံညွှန်းကို လက်ကိုင်ထားသော ဟယ်လောင်ရှီးကပင် အရင်ရှေ့မှ ထွက်ကာ မန်ထုံ၏ အနောက်မှ လိုက်ပြီး သွားသည်။

“ငါလည်း ဝင်မယ်”

ဟွမ်လောင်ရှီးကလည် အနောက်မှ ကပ်လိုက်သည်။

“ဝိုး မှောင်သွားတဲ့ အချိန်မှာတောင် ဒီရွာအသစ်က ဒီလောက်ထိ အံ့ဩဖို့ကောင်းမယ်လို့ မထင်ထားဘူး”

လန်းဆန်းသော ဝါးတုတ်ကို ကျော်ဖြတ်ပြီး နောက်ဆုံးတွင် အရှေ့မှ မြင်ကွင်းက ကျယ်သွားသည်။ သူတို့ မြင်ကွင်းထဲသို့ ဝင်လာသည်မှာ အလွန်ကြီးမားသော စံအိမ်ကြီး ဖြစ်သည်.

ဝုတ် ဝုတ် ဝုတ်။

“အရမ်းကျယ်တာပဲ ခမ်းနားလိုက်တာ နတ်သမီးနေအိမ်လိုပဲ”

အစ်မကြီး ကျစ်ဖုန်းကပင် မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်သက်သွားသည်။ မနက်ခင်း နေအလင်းရောင်က မြူများအကြားမှ တကွဲတပြားစီ ဝင်ရောက်လာသည်။ ရေငွေ့ကလည်း ပျံနေလေပြီး ခမ်းနားသော ရောင်စဉ်မျိုးစုံဖြစ်နေသည်။ လတ်ဆတ်သော လေကိုလည်း ရှူရှိုက်မိနိုင်သလို မြင်ကွင်းကလည်း အတော်လေး ကျယ်သည်။ ရိုးရှင်းစွာပင် နတ်နယ်မြေမျိုးနှင့် တူညီသည်။

“ဘုရားရေ ဒါက တအားကြီးတာပဲ။ ဒါက ဘာပဲ ဒါက အိမ်ကြီး ရခိုင်ဆိုတာမျိုးလား”

ဖုန်းဖုန်းကပင် တအံ့တဩပြောသည်။

“သေချာပေါက်ကို စံအိမ်ကြီးပေါ့ လုံးဝကို စံအိမ်ကြီးပဲ….”

64 03

ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့၏ အမြင်နှင့်ပင် မှင်သက်ဖွယ်သွားရသည်။ ထိုအိမ်ကြီးက အမှန်ပင် ခမ်းနားကြီးကျယ်လွန်းသည်။ သဘာဝနှင့် စပ်ဆက်မှု အလွန်ရှိနေလေပြီး စိတ်ကူးယဉ် သုခဘုံရှိသည်။

“လှလိုက်တာ ဟုတ်သားပဲ ဆရာသခင်ချန်းလို လူမျိုးကပဲ ဒီလို နေရာမှာ နေမှာပေါ့”

ဟယ်လောင်ရှီးကလည်း သက်ပြင်းချပြီး ပြောသည်။

“သွားရအောင် သွားရအောင် ဆရာသခင်ချန်းကို သွားတွေ့ရအေင်”

“ဝုတ် ဝုတ် ဝုတ်”

မန်ထုံက နောက်ဆုံးတွင် ပြန်ရောက်လာသည်။ သူဟာ ပရိုဂရမ်အသင်းကို ခေါ်ပြီး ချန်းရန်စီသွားတွေ့သည်။

“ခင်ဗျားတို့က တောင့်တမှု ပရိုဂရမ်အသင်းကလား”

ချန်းရန်က စံအိမ်အပြင်ဘက်တွင်ရှိသည့် အဆောင်ငယ်လေးတစ်ခုတွင် ထိုင်နေပြီး ငါးကန်ကို ပုံစံရေးဆွဲနေခြင်း ဖြစ်သည်။ လူတစ်ဖွဲ့က ရောက်လာကြောင်း မြင်လိုက်သည်နှင့် မတ်တပ်ထရပ်ကာ စုတ်တံကို ချပြီး ပြုံး၍ ပြောသည်။

“ဟားဟား ဆရာသခင်ချန်း မင်းကို အနှောက်အယှက်ပေးမိပြီ”

ဟယ်လောင်ရှီးနှင့် အခြားသောသူများကလည်း အပြုံးနှင့်အတူ ပြန်ဖြေကြသည်။ သူတို့သည် ပထမဦးဆုံးအကြိမ်အဖြစ် ချန်းရန်ကို မြင်တွေ့ရသောအခါ အားလုံး၏ မျက်လုံးက တောက်ပသွားသည်။

“ဘယ်လောက်တောင် တောက်ပလိုက်တဲ့ လူငယ်လေးလဲ”

သူ၏ အရှေ့တွင် ရပ်နေသောအခါ မည်မျှပင် ကြီးမားသော စတား ဖြစ်နေစေကာမူ တောက်ပသော လမင်းကို ယှဉ်နေ‌သော ပိုးစုန်းကြူးကဲ့သို့သာ ခံစားရမည် ဖြစ်သည်။ မသိလိုက်မသိဘာသာဖြင့် အရှေ့မှ လူငယ်ကသာ တောက်ပသော စတားကြီး ဖြစ်ရာ သူတို့က မော်ကြည့်ရသော လူဟုသာ ခံစားလိုက်ရသည်။

“ကျေးဇူးပြုပြီး ထိုင်ကြပါ”

ချန်းရန်က အားလုံးကို ပြုံး၍ နှုတ်ဆက်သည်။ ဟယ်လောင်ရှီးတို့ကလည်း ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ထိန်း၍ နှုတ်ဆက်လိုက်ကြသည်။ အမြဲတစေ ရယ်မောကာ စကားပြောနေနိုင်သော လူများကပင် ရုတ်တရပ် စိုးရိမ်ထိတ်လန့်သွားကြ၏။ အဖွားလျှိုက ခမ်းနားသော ရှုခင်းကြည့် ဥယျာဉ်သို့ ရောက်ရှိလာခဲ့ချိန်တွင်ကဲ့သို့သော ခံစားချက်မျိုးကိုပင် ရလိုက်ကြသည်။ သူတို့၏ လုပ်ဆောင်မှုထက်ပင် ကြည့်ရှုသူများက ပို၍ ဆိုးသေးသည်။

“ဆရာသခင်ချန်းက ချောလိုက်တာ။ တကယ်ကို ဆရာသခင်ပဲ ကျောက်စိမ်းလို ချောမောပြီး လောကရဲ့ ပြိုင်ဘက်ကင်း”

“ဆရာသခင်ချန်းက ချောလိုက်တာ နှစ်ငါးထောင် ကြာရင်တောင် တွေ့ရခဲတဲ့ လူမျိုးပဲ ငါ သူ့ပရိသတ်ပဲ”

“အပေါ်ကသူတွေက ဘယ်သူ့ ပရိသတ်”

ချန်းရန်က မှော်စွမ်းအား ရှိပုံရသည်။ စတားကြီးများက သူနှင့် ရိုက်ကွက်တူသောအချိန်တွင်ပင် သူဟာ မျက်စိကြိမ်းမတတ် တောက်ပသော အနာဂတ် ကြယ်စင်ကဲ့သို့ အများအမြင်ကိုပင် ဆွဲခေါ်သွားရင်း အခြားသော သူများအားလုံးကို သူ၏အလင်းရောင်အောက်တွင် မြုတ်သွားစေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများ၏ အရေအတွက်ကမူ ထိုးတက်လာသည်။

“ဆရာသခင်ချန်းက တကယ်ကျော်ကြားတာပဲ။ ငါတို့ ဝင်လာတာနဲ့ ကြည့်ရှုသူ အရေအတွက်က တစ်သန်းတောင် တိုးသွားတယ်”

ဟယ်လောင်ရှီးက တိုက်ရိုက်ထုတ်လွှင့်မှုကို အာရုံစိုက်နေခြင်း ဖြစ်သည်။ သူသည်ပင် ပျော်ရွှင်စွာ ပြောသည်။

“ဘုရားရေ ဟုတ်နေတာပဲ ဆရာသခင်ချန်းက တကယ်တော်လိုက်တာ”

အမကြီး ကျစ်ဖုန်းကပင် လေးစားစွာ ပြောသည်။ အနီးကပ်ကြည့်ရှုလိုက်သောအခါ ထိုဆရာသခင် ချန်းဆိုသူက အဆုံးအစမဲ့သော မှော်စွမ်းအားများ ရှိပုံရပြီး သူမ၏မျက်နှာကိုပင် နည်းနည်း ရဲစေသည်။

“အားလုံးပေါင်း လူဘယ်နှစ်ယောက်လဲ”

ချန်းရန်က သိချင်စိတ်ပြင်းပြစွာ မေးသည်။

“အခု အွန်လိုင်းပေါ်မှာ လေးသန်းရှိနေပြီ”

64 04

ဟွမ်လောင်ရှီးက အလျှင်စလိုပြောသည်။ ထို့နောက် ချန်းလောင်ရှီးကို ကြည့်ပြီး လက်မထောင်ပြသည်။

“ဆရာသခင်ချန်း မင်းက တကယ်ကို လုံးဝကို စတားကြီးပဲ မင်းပေါ်လာတာနဲ့ လူအရေအတွက်က ချက်ချင်းတိုးလာတာ”

“လေးသန်းထဲလား”

ချန်းရန်က မျက်မှောင်ကြုတ်ပြီး စံအိမ်ထဲသို့ လှမ်းအော်သည်။

“ရှောင်းနွမ် ထွက်လာခဲ့အုံး”

“အာ လာပြီ လာပြီ…”

မုရှောင်းနွမ်က မိတ်ကပ်လိမ်းပြီးသည်နှင့် အပြင်ထွက်လာသည်။ အထဲတွင်လည်း တိုက်ရိုက်ထုတ်လွှင့်မှုပစ္စည်းကို သယ်လာသည်။ ပရိုဂရမ်အသင်းက ရောက်လာပြီး ကျေးဇူးပြုပြီး မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ခဏရပ်လိုက်အုံး ကျော်ကြားမှုက တော်တော်နိမ့်နေတယ်”

“ရတယ်လေ”

မုရှောင်းနွမ်က ကင်မရာဖက်သို့ ကြည့်ကာ ပြောသည်။

“ညီအစ်မတို့ ရှောင်းနွမ်က ဒီနေ့ ခပ်စောစောဆင်းတော့မယ်နော်…. ငါ့ယောက်ျားက ခေါ်နေတယ်။ သူက ပြောတယ်။ တောင့်တမှု ပရိုဂရမ်အသင်းက ရောက်နေပြီတဲ့။ ငါ သွားပြီးကြည့်လိုက်အုံးမယ် တာ့တာ”

*******

All Chapters