← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

65 01

အပိုင်း (၆၅)

“ဟန်နီ ငါလာပြီ”

မုရှောင်းနွမ်က တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်းပိတ်ပစ်လိုက်သည်။

“ဖာ့ခ် ဒီလိုမျိုးနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးသွားပြီလား။ ငါတို့ရဲ့ရှောင်းနွမ်က အရင်တုန်းက အရမ်း လုံ့လဝီရိယ ရှိတာ မဟုတ်ဘူးလား”

“ဘုရားရေ ငါတော့ ပင်ပန်းသွားပြီ။ တင်ဆက်သူ တင်ဆက်သူက နှစ်မိနစ်ပဲ တိုက်ရိုက်ထုတ်လွှင့်ရသေးတာနော် လာနောက်နေတာလား”

“အိုး မကောင်းတော့ဘူး ရှောင်းနွမ်က ဒီပညာရှင်ဆန်မှုကို ခွဲထုတ်ထားတာပဲ။ သူမက အရင်တုန်းကဆိုရင် နေမကောင်းရင်တောင်မှ ထုတ်လွှင့်နေတတ်တာပါ အခုတော့ အင်း…”

“ဒါက ရိုးရှင်းတာ မဟုတ်ဘူးလား တင်ဆက်သူရဲ့ ယောက်ျားက ဘယ်သူလဲဆိုတာ မမြင်ဘူးလား ဟမ် ဆရာသခင်ချန်းလေ တင်ဆက်သူက ဆရာသခင်ချန်းကို ဂရုစိုက်ပြီး ကလေးတွေ မွေးပေးရအုံးမှာ”

“အား အခုမှ ရှောင်းနွမ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရတာ နောက်ဆုံးတော့ ပြီးသွားပြီလား”

“ညီအစ်ကိုတို့ နေရာပြောင်း နေရာပြောင်း မြန်မြန်လေး ရှန်းဟွမ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို သွားကြ ဆရာသခင်ချန်းနဲ့ တင်ဆက်သူအားလုံး အဲဒီ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ပါတယ်”

“ဖာ့ခ် တကယ်လား မြန်မြန်လေး မြန်မြန်လေး ရှန်းဟွမ်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို သွားပြီး လူသွားပေးရအောင်”

မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်သည့်အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများအားလုံးက ထွက်သွားရန် ငြင်းဆန်နေကြသေးသည်။ သို့သော် ရုတ်တရပ် အကြံတစ်ခု ရလာကြပြီးနောက် ရှန်းဟွမ်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ သွားကြသည်။

“ယောက်ျား ငါလာပြီ”

မုရှောင်းနွမ်ကမူ ပရိသတ်များ၏ နောက်ပိုင်း လှုပ်ရှားမှုများကို မသိသေးပေ။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်းပိတ်ပြီးသည်နှင့် ချန်းရန်ဆီသို့ နာနာခံခံလေး ပြေးသွားသည်။

“မင်းက တင်ဆက်သူကြီးနော်… ဘာလို့ သူတို့ရဲ့ကျော်ကြားမှုကို တိုးအောင် လုပ်ပေးဖို့ မကြိုးစားတာလဲ။ ငါတို့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့ ကျော်ကြားမှုကို သိပ်မဆိုးဘူး ဟုတ်တယ်မလား”

ချန်းရန်ကမူ ရယ်ရခက် ငိုရခက် ဖြစ်နေသည်။ သူသည်လည်း ပရိုဂရမ်အသင်းကို သဘောတူခဲ့သည်မှာ မုရှောင်းနွမ်ကို ခေါ်ထားရန် အကြောင်းပြချက် ပေးချင်၍ ဖြစ်သည်။ ယခုမူ သူတို့က ချစ်နေကြပြီ ဖြစ်သည်။ ပရိုဂရမ်အသင်းကမူ အရံတာဝန်ပင် မလိုအပ်တော့ပါပေ။ သို့သော် ထွက်သွားခိုင်း၍လည်း မဖြစ်နိုင်သေးပေ။ မည်သို့ပင် ဆိုစေ သူသည်လည်း အစောပိုင်းတွင်ကတည်းက ပရိုဂရမ်အသင်းနှင့် အဆက်အသွယ်ယူချင်ခဲ့ခြင်း ဖြစ်သည်။

“အင်း ငါနဲ့ လွဲထားလိုက်”

မုရှောင်းနွမ်၏ မျက်လုံးက တောက်ပသွားသည်။ တိုက်ရိုက်ထုတ်လွှင့်တယ်ဆိုတာက ငါအတော်ဆုံးပဲ။

“အားလုံးပဲ အာရုံစိုက်ကြ အဆင့်မြင့်စွမ်းအင်တွေကို ရှေ့မှာ မြင်ရတယ်။ ငါတို့ရဲ့ အလေးချိန်စီးတဲ့အထူးဧည့်သည် ဒီစံအိမ်ကြီးရဲ့ ဉာဏ်ပညာလည်းရှိ လှလည်းလှ ပါရမီလည်း ကြီးတဲ့ အိမ်ရှင်မ…ငါတို့ ဆရာသခင်ချန်းရဲ့ဇနီး အမျိုးသမီး မုရှောင်းနွမ်ကို ကြိုဆိုရအောင် အားလုံးပဲ ကြိုဆိုပါတယ်”

65 02

ဟယ်လောင်ရှီးက ရသစုံရှိုး ဆရာသခင် ဖြစ်ထိုက်ပေသည်။ မုရှောင်းနွမ် ရောက်လာသည်နှင့် သူဟာ မုရှောင်းနွမ်အား စိတ်လှုပ်ရှားဖွယ်ကောင်းသော ခေါင်းစဉ်ပေါင်းများစွာနှင့် မိတ်ဆက်ပေးသည်။

“ဝိုး”

“ကြိုဆိုပါတယ် ကြိုဆိုပါတယ်”

“တော်လိုက်တာ တော်လိုက်တာ အားလုံးက ကြိုဆိုပါတယ် ညီမလေး”

ပရိုဂရမ်အသင်းမှ ကျန်သော အဖွဲ့ဝင်များကလည်း လက်ခုပ်တီးပြီးကြိုဆိုကြသည်။ မုရှောင်းနွမ်က လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်သွားသည်။

“အိုး အားလုံးက စိတ်အားထက်သန်နေကြတာပဲ။ ငါ့ယောက်ျားက ဧည့်သည်အဖြစ် ပါဝင်ဖို့အတွက် ငါ့ကို ပြောထားတာ။ တကယ်တော့ ငါ့ရဲ့စွမ်းရည်က သာမာန်ပါပဲ… နောက်ပြီး ဘာလို့ ရုတ်တရပ်ကြီး ကျော်ကြားသွားလဲဆိုတာ ငါလည်း မသိဘူး”

လူတိုင်းက သူမကို မိုးပေါ်သို့ ထိုးတက်မတတ် ချီးကျူးနေကြကြောင်း မြင်သောအခါ မုရှောင်းနွမ်က နည်းနည်း ရှက်သွားသည်။ သို့ရာတွင် ထိုအသံ ထွက်လာသည်နှင့်…

“ဖာ့ခ် လူ…လူအရေအတွက်က ထိုးတက်သွားတယ်”

ရုတ်တရပ်ကြီး အော်သံက ထွက်လာသည်။ အော်လိုက်သူက ပရိုဂရမ်၏ သက်ရောက်မှုကို တိုက်ရိုက် စောင့်ကြည့်ပြီး စည်းမျဉ်း ချိုးမချိုးသိချင်နေသော ဒါရိုက်တာ ဖြစ်သည်။

“?”

ထိုအချိန်တွင် လူတိုင်းက မှင်သက်သွားသည်။ သူတို့က ဒါရိုက်တာကို အသိပေးတော့မည့် အချိန်တွင် နောက်ထပ် အသံတစ်သံကို ကြားရသည်။

“ဆယ်သန်း ဆယ်သန်းထိ တက်သွားတယ်”

“ဖာ့ခ် ဆယ့်ငါးသန့် ဝိုး သန်းနှစ်ဆယ်”

ဒါရိုက်တာကပင် စိတ်လှုပ်ရှားသွားပြီး တအံ့တဩအော်သည်။

“ငါ့ရဲ့ ပရိုဂရမ်က အဲ့ဒီလောက်ထိ ကျော်ကြားတာလား… ငါ နာမည် ကြီးသွားပြီလား”

“ဒါရိုက်တာ စိတ်အေးအေးထား စိတ်အေးအေးထား ဟန်အမူအရာ ထိန်းရမယ်”

ဟယ်လောင်ရှီးက အလျင်စလို သတိပေးသည်။

“ဒါက တိုက်ရိုက်ထုတ်လွှင့်မှုနော် ပုံရိပ်ကို အာရုံစိုက်ပါအုံး”

“ဘုရားရေ သန်းသုံးဆယ် သန်းသုံးဆယ် ကျော်သွားပြီ ထပ်တိုးနေသေးတယ်”

ထိုအချိန်တွင် ဒါရိုက်တာသည် ဘာကိုမှ မကြားချင်တော့ပေ။ သူသည် ချက်ချင်းဆိုသလို အောင်ပွဲခံချင်နေပြီ ဖြစ်သည်။ သူသည် အဆုတ်ကွဲမတတ် အော်ချင်လာသည်။ သူ၏ စိတ်လှုပ်ရှားမှုကို ဖောက်ထုတ်ပြီး အော်မြင်မှုကို လက်ခံလိုသည်။

“တကယ်လား”

ထိုအချိန်တွင် အရင် အေးဆေးသော ဟယ်လောင်ရှီးကပင် သံသယဝင်သွားသည်။

သုံးလေးသန်းကနေ သုံးဆယ်အထိ တိုးသွားတယ်။

“ဘုရားရေ တကယ်ပဲ တကယ်ပဲ ဘာလို့ ဒီလောက်ထိ လွန်ကဲလွန်းတာလဲ”

65 03

ဟယ်လောင်ရှီးကလည်း ဒေတာကို ရှင်းလင်းစွာ မြင်လိုက်ပြီးနောက် မျက်လုံးပြူးသွားကာ တအံ့တဩအော်သည်။

“သေစမ်း ဘာ…ဘာတွေ ဖြစ်နေတာလဲ ငါ့ကို ပြောကြပါအုံး”

“အမျိုးသမီးမု ရောက်လာတာနဲ့ ဒေတာက ထိုးတက်သွားတာပဲ ဖြစ်နိုင်တာကတော့…”

ထိုအချိန်တွင် ပရိုဂရမ်အသင်းမှ လူတိုင်းကလည်း အသိပြန်ဝင်သွားပြီး ခေါင်းကို ချက်ချင်းလှည့်ကာ မုရှောင်းနွမ်ကို တောင့်တသော မျက်လုံးမျိုးဖြင့် ကြည့်သည်။

ဒေတာ၏ ပုံမှန်မဟုတ်မှုက သူမ၏ရောက်ရှိလာမှုနှင့် စတင်သည်။ အခြားစကားဖြင့် ဆိုရသော် မုရှောင်းနွမ်ကြောင့် သူတို့၏ ပရိုဂရမ်အသင်းက ကျော်ကြားသွားခြင်း ဖြစ်သည်။

“အာ…ဒါ”

မုရှောင်းနွမ်က နည်းနည်းစိတ်ရှုပ်သွားသည်။

သူမက နားမလည်သလို ပြောသည်။

“ဘာတွေ ဖြစ်နေလဲ ငါမသိဘူးနော်… ငါ အမှားလုပ်မိလို့လား”

“ငါ အတည်ပြုပြီးသွားပြီ။ နောက်ခံ ဒေတာက ပြဿနာမရှိဘူး”

ဒါရိုက်တာက မုရှောင်းနွမ်၏ခန့်မှန်းချက်ကို ငြင်းသည်။

“ဒါဆိုရင် သူ…သူတို့က ငါ့ကြောင့် တကယ်လာတာလား”

မုရှောင်းနွမ်ကပင် ချန်းရန်ကို လှည့်ကြည့်သည်။

“ယောက်ျား ယောက်ျား ဘာတွေ ဖြစ်နေတာလဲ”

“ကွန်မန့်ကို ကြည့်ရုံနဲ့သိမှာပဲလေ”

“ဟုတ်သားပဲ ယောက်ျား ယောက်ျားက ဉာဏ်အရမ်းကောင်းတာပဲ”

ချန်းရန်က ခေါင်းကို ဆွံ့အစွာခါသည်။

ဒီကောင်မလေးက ပုံမှန်ဆိုရင် ဉာဏ်အရမ်းကောင်းတာပါ။ ဘယ်လိုဖြစ်ပြီး သူချစ်ကြောင်း ဝန်ခံပြီးတာနဲ့ တအား တုံးသွားတာလဲ။

ထိုအချိန်တွင် ရှန်းဝမ် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကွန်မန့်များက ပြည့်နှက်နေသည်။

“ဖာ့ခ် ဆရာသခင်ချန်းက ဆရာသခင်ချန်းပါပဲ အမှန်တရားကို တန်းပြောနိုင်တယ်”

“ရှောင်းနွမ် မင်းအတွက် ငါတို့ညီအစ်ကိုတွေ အားလုံးက ရှန်းဟွမ် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လာပြီး ထောက်ပံ့ပေးတာနော်”

“ရှောင်းနွမ် ကြိုးစားထား ရသစုံရှိုးကို ဘယ်လို လုပ်ရမှန်း မသိတဲ့ သူတွေကိုလည်း မျက်လုံးဖွင့်ခိုင်းလိုက်”

“ဆရာသခင်ချန်း ဘယ်မှာလဲ။ ဒီမှာ ရှောင်းနွမ်ရှိတာတော့ ဟုတ်ပါပြီ။ ရှောင်းနွမ် ရှိတဲ့ နေရာမှာ ပျော်ရွှင်စရာ တိုက်ရိုက်ထုတ်လွှင့်မှုရှိမှာ ဟုတ်တယ်မလား ငါ ကြိုက်တယ်”

“ဟားဟား နင်လည်း မမျှော်လင့်ထားဘူးမလား။ တင်ဆက်သူ နင် ဒါကို ထိန်းချုပ်ရမယ်”

ထိုကွန်မန့်များက နှင်းမှုန်များအဖြစ် ပြောင်းလဲသွားပြီး လူအရေအတွက်က စစ်မှန်ကြောင်း ဖော်ပြသည်။ ကျော်ကြားမှုက တိုက်ရိုက်ပင် ပေါက်ကွဲသည်။

65 04

“ဒီကြည့်ရှုသူတွေ”

ပရိုဂရမ်အသင်းသည်လည်း ထိုကွန်မန့်များကို ကြည့်ပြီး ရုတ်တရပ် မှင်သက်သွားသည်။ ထို့နောက် မုရှောင်းနွမ်ကို ရုတ်တရပ် လှည့်ကြည့်ပြီး ရယ်သံနှင့်အတူ ပြောသည်။

“သူတို့က မင်းအကြောင်း ပြောနေတာလား”

“ဒါတောင် မင်းက မင်းမဟုတ်ဘူးလို့ ပြောနေသေးတယ်”

“မင်းမဟုတ်ဘူးလို့ ပြောသေးတယ်”

“မင်း…မင်းဆိုတာ သိသာနေတာပဲ”

ဟယ်လောင်ရှီးတို့၏ အမျိုးမျိုးဝိဉာဉ် ရှာဖွေသော မေးခွန်းများကို ကြုံတွေ့ရသောအခါ မုရှောင်းနွမ်က အိုးဟုသာ ပြောပြီး မျက်နှာကို လက်ဖြင့် အုပ်၍ ပို၍ပင် ရှက်သွားသည်။

“အာ…”

မုရှောင်းနွမ်က ရှက်သွားပြီး ခေါင်းငိုက်စိုက်ချပြီး အပြေးသွားကာ ချန်းရန်၏ လက်မောင်းကို လှုပ်ခါကာ ချွဲသည်။

“သူတို့ ငါ့ကို အနိုင်ကျင့်နေတယ်”

“ဟင်”

ချန်းရန်က ရယ်သည်။ ပရိုဂရမ်အသင်းမှ လူများကလည်း ထိုကောင်မလေးကို ခက်ခဲအောင် လုပ်ပုံပေါ်သော်လည်း ခိုး၍ချီးကျူးနေကြခြင်း ဖြစ်သည်။ ထိုကောင်မလေးက သိသာစွာပင် ရှက်ရွံ့ပြီး မျက်နှာပူလာခြင်းဖြစ်သည်။ သို့သော် သူဆီသို့လာပြီး အထွန့်တက်ပြီး ကလေးဆိုးကဲ့သို့ ချွဲသည်။

ဒီကောင်မလေးက အခွင့်ရေးကို အရယူပြီး ချစ်စရာကောင်းအောင် လုပ်ပြနေတာပဲ။

ချန်းရန်ကလည်း သူမ၏မျက်လုံးထဲမှ ဂုဏ်ယူမှုများကို မြင်သည်။ မျက်နှာပေါ်မှ အပြုံးကိုလည်း မြင်သည်။ ကော့တက်နေ‌သော နှုတ်ခမ်းထောင့်ကိုလည်းမြင်သည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် အတွေးကို တန်းသိသည်။

ရှင်းရှင်းလင်းလင်းကိုပဲ ထောင်လွှားနေတာ ဘဝင်လေဟပ်နေတာ။

အပေါ်ယံမှာတော့ ဝန်မခံချင်ပေမယ့် မျက်လုံးထဲမှာတော့ မျှော်လင့်ချက် အပြည့်နဲ့ ချီးကျူးခံချင်နေတာ။

သူသည်လည်း ခန့်မှန်းမိလိုက်သည်။ ချန်းရန်မှ လူကိုယ်တိုင်ပြောသည့် စကားကို ကြားချင်နေခြင်းဖြစ်သည်။

“အိုး ရှောင်းနွမ် တော်လိုက်တာ”

“အိုး အံ့ဩစရာကောင်းလိုက်တာ ရှောင်းနွမ်က အတော်ဆုံးပဲ”

“ဒါက အင်အားကြီးတဲ့ သူတစ်ယောက်ရဲ့ခံစားချက် ထင်ပါတယ်။ ကောင်းကင်ဘုံကိုတောင် ထိုးတက်သွားလို့ရတဲ့ ခံစားချက်ပဲ”

ချန်းရန်သည်လည်း ထိုကောင်မလေး၏ အတွေးက မည်မျှနက်မှန်းသိသည်။

“လွယ်ပါတယ် မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြန်စလိုက်လေ”

ချန်းရန်က ပြုံး၍ ပြောသည်။

65 05

“အာ မဟုတ်ဘူးလေ… ဘယ်လို ဖြစ်မှာလဲ အမျိုးသမီးမု ငါ…ငါတို့မှားပါတယ် ကျေးဇူးပြုပြီး မသွားပါနဲ့ ဟုတ်ပြီလား”

“ငါတို့ မှားပါတယ် မသွားပါနဲ့”

ပရိုဂရမ်အသင်းက စိတ်လှုပ်ရှားသွားသည်။

“အာ…ရ…ရပါတယ်”

မုရှောင်းနွမ်ကလည်း လူတိုင်း၏ ထိတ်လန့်ပုံကို မြင်ပြီး နည်းနည်း ဒေါသထွက်သွားသည်။ ထို့နောက် ချန်းရန်၏ အပြုံးကို ပြန်ကြည့်သည်။

ဟွန့်…

စီနီယာအစ်ကိုချန်းက တမင်တကာ လုပ်တာ ဖြစ်ရမယ်။ မချီးကျူးတဲ့အပြင် လောင်စာထည့်သေးတယ်ပေါ့လေ။

“ဟွန့် လူဆိုးကောင် နင့်ကို ဂရုမစိုက်တော့ဘူး ဟွန့်…”

မုရှောင်းနွမ်က ဒေါသတကြီး ပြောပြီး နှုတ်ခမ်းစူသည်။

******

All Chapters