အခန်း ၆၆
Vol. 7 Ch. 66
66 01
အပိုင်း (၆၆)
“မင်းဆိုတဲ့ ကလေးမလေးကလေ”
ချန်းရန်ကလည်း ထိုကောင်မလေးက ဒေါသထွက်ချင်ဟန် ဆောင်နေသော်လည်း ကြွေရုပ်လေးအလား ချစ်စရာကောင်းလွန်းသဖြင့် သူမ၏နှာခေါင်းလေးကိုပင် ချစ်မြတ်ဆိုးစွာ ကုတ်ခြစ်လိုက်သည်။
“ကောင်းပြီ တော်တော့ တော်တော့ ငါနောက်တာပါ ဟုတ်ပြီလား”
“ဟွန့် ဘယ်သူက အလေးအနက်ထားလို့လဲ”
မုရှောင်းနွမ်က ချွဲကာ ပြောသည်။ နှုတ်ခမ်းကိုလည်း ဆူထားပြီး အလွယ်တကူ မလွှတ်ပေးမည့် ပုံစံမျိုးပြသည်။
“ဟားဟား ကြည့်အုံး ရှောင်းနွမ် ဒေါသထွက်သွားပြီ”
“ကျွတ် ကျွတ် ကျွတ် ဒီလို မြင်ရတာ တော်တော်ရှားတာပဲ။ ဆရာသခင်ချန်းကတောင် ဒီမိန်းမကို မထိန်းနိုင်ဘူးလား ဟမ်”
“ပေါက်ကရတွေ မပြောကြနဲ့။ မြန်မြန်လေး တွန်းချပြီးပါးစပ်ပိတ်အောင် လုပ်လိုက်တော့”
ထိုအခြေအနေကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများအားလုံးကလည်း သူတို့၏ အငြိမ်းမရသာ နှလုံးသားများက ခုန်ပေါက်နေသလို ခံစားရသည်။ လေထု အခြေအနေက ရုတ်တရပ် စည်ကားသွားသည်။
“အာ ဒါ မင်းတို့ နှစ်ယောက် ကျေးဇူးပြုပြီး မငြင်းကြပါနဲ့ ဒါ ငါတို့ အမှားပါ”
“ဟုတ်တယ် ဟုတ်တယ် ဒီအတိုင်း နောက်လိုက်တာပါ။ အမျိုးသမီးမု အလေးအနက် မထားပါနဲ့။ အမျိုးသမီးမု ဆရာသခင်ချန်းက မင်းကို နောက်နေတာ”
ပရိုဂရမ်အသင်းမှ လူများကလည်း အသက်ရှူနှုန်းပင် ထစ်အသွားသလို ခံစားရသည်။ သိသာစွာပင် လေထုအခြေအနေက နည်းနည်းလေး တောင့်တင်းနေသည်။ သူတို့သည် တစ်ခဏခန့် စွံအသွားကြပြီး ဖျောင်းဖျကြသည်။
“ဒါဆိုရင် ဘာလုပ်ချင်တာလဲ”
ချန်းရန်ကလည်း မုရှောင်းနွမ်ကို ကောင်းကောင်းသိသည်။ ထိုကောင်မလေးက ပြဿနာကို မကြောက်ပေ။ သူမက အမြဲတစေ စနောက်တတ်လွန်းသည်။ တစ်ခုခုများ ကျန်နေတာများလား”
ထို့နောက် သူက တည်ငြိမ်စွာ မေးလိုက်သည်။
ပရိုဂရမ်အသင်းမှ လူများကမူ စိုးရိမ်စိတ်များသွားကြသည်။ သို့သော် သူကမူ မစိုးရိမ်ပေ။
“ငါ…”
သေချာစွာပင် မုရှောင်းနွမ်က ရုတ်တရပ် ပါးဖောင်းနေရာမှ ချိုမြိန်စွာ ပြုံးလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင်ပင် ဆိုးသွမ်းသော ပါးချိုင့်လေးများက ပေါ်ထွက်ကာ ပွင့်လန်းလာသည်။
“ဟေး ငါက ငါ့ရဲ့အားနည်းတဲ့ နှလုံးသား သေးသေးလေးကို နှစ်သိမ့်ပေးဖို့အတွက် ပွေ့ဖက်ခံချင်တာလေ”
မုရှောင်းနွမ်၏ မျက်ခုံးက အပြုံးများဖြင့် ပြည့်နှက်သွားသည်။
သူမက ပျော်ရွှင်မှုဖြင့် ကခုန်နေသကဲ့သို့ ထင်ရသည်။
ဒါက ဘယ်လို ဒေါသထွက်တာလဲ။
“မင်း…”
ချန်းရန်က ရယ်သည်။ သူသည် မငြင်းနိုင်ပေ။ သူသည် မုရှောင်းနွမ်ကို လှမ်းဆွဲရင်း ရင်ခွင်ထဲသို့ သွင်းသည်။
“အင်း ဟွန့်”
မုရှောင်းနွမ်က နှာခေါင်းအသာရှုံ့လိုက်သေးသည်။ သို့သော် လှပသော မျက်နှာပေါ်တွင် ယစ်မူးသော အပြုံးမျိုးက ပေါ်လာသည်။ ထိုအချိန်တွင် သူမက ပျော်ရွှင်မှုများကို မဖုံးကွယ်ထားပေ။
66 02
“ဖာ့ခ် ငါ မနာလိုလိုက်တာ”
“ဒါက တကယ် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေရုံနဲ့ ငါတို့ကို ခွေးစာကျွေးတယ်”
“ရှောင်းနွမ်ကတော့ တကယ်ပုံမှန်ပဲ။ တမင်တကာလုပ်တာ ဟုတ်တယ်မလား ငါတို့ကို ဒါပြချင်တယ်ပေါ့လေ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း ထိုမြင်ကွင်းကို မြင်ပြီး အားကျလွန်းသဖြင့် သံပုရာသီးကိုပင် စားမိလိုက်ကြသည်။ သူတို့သည် နဂိုက အပျော် စောင့်ကြည့်နေခဲ့ရာမှ ရုတ်တရပ် ထိုစုံတွဲ၏ ရန်ဖြစ်စကာများသော စိတ်ဝင်စားစရာ မြင်ကွင်းကိုပင် ဆက်မမြင်ရတော့လေဘဲ ခွေးစာကိုသာ စားလိုက်ရသည်။
“ကြည့်ရတာ ငါတို့ တအားလွန်သွားပြီထင်တယ်”
ပရိုဂရမ်အသင်းမှ ဟယ်လောင်ရှီးကလည်း ခါးသီးစွာ ပြုံးနေသည်။ ခပ်ပြတ်ပြတ် ပြောရသော် ထိုနှစ်ယောက်က အခြေအနေအတိုင်း သရုပ်ဆောင်နေရုံဖြစ်သည်။ သူသည် နဂိုကမူ ကြားလူအနေဖြင့် ဂုဏ်ယူနေခဲ့သေးသည်။ သို့သော် အခြားသော သူများက ဂရုပင် မစိုက်ပေ။
“ဟယ်လောင်ရှီး တကယ်လို့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငါတို့က ပရိုဂရမ်အသင်းနဲ့တောင် မတူဘဲနဲ့ သူတို့ကပဲ တူနေတယ် မထင်ဘူးလား”
ဟွမ်လောင်ရှီး၏ ဖျော့တော့သော အသံက ထွက်လာသည်။ သူ၏ မျက်လုံးက နည်းနည်း ရှုပ်ထွေးသွား၏။
“အာ…စိတ်ဝင်စားစရာပဲ”
ဟယ်လောင်ရှီး၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူသည် အလိုလျောက်ပင် ဒါရိုက်တာကို ကြည့်သည်။ သေချာစွာပင် ဒါရိုက်တာကလည်း တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို ကြည့်နေပြီး အလွန်စိတ်ဓာတ်ကျနေပုံ ရသည်။
“ဟုတ်တယ်”
သူတို့သည် သူတို့တောင့်တသော ဘဝကို လာရောက်ရိုက်ကူးခြင်း ဖြစ်သည်။ သို့သော် အဆုံးသတ်တွင် သန်းပေါင်းများစွာသော ပရိသတ်များက ထိုအရာကို ဂရုမစိုက်ကြပဲ ဆရာသခင်ချန်းနှင့်ဇနီးဖြစ်သူ၏ ချစ်ခင်ကြင်နာသော ဘဝကိုသော စိတ်ဝင်စားနေကြသည်။
“ဒါက ဘာလဲ ငါတို့ရဲ့ အစစ်အမှန်စွမ်းရည်ကို ပြရမယ်”
ဒါရိုက်တာကမူ မယုံကြည်နိုင်ပေ။ သူဟာ ပရိုဂရမ်အသင်း၏ ပထမတာဝန်ကို တိုက်ရိုက်ပင် ကြေညာသည်။
“အဟမ်း အားလုံပဲ အာရုံစိုက်ကြပါ။ အခုက ပထမတာဝန်ကို စတင်တော့မယ်။ ငါတို့က နောက်ရက်အနည်းငယ်အတွင်း ဒီနေရာမှာ နေထိုင်သွားမယ်ဆိုတော့ အရေးအကြီးဆုံးအရာက နေဖို့နေရာရှာတာပဲ”
“အာ နောက်ဆုံးတော့ ပထမတာဝန်ရောက်လာပြီ”
အစ်မကြီး ကျစ်ဖုန်းကလည်း ချန်းရန်နှင့် မုရှောင်းနွမ်တို့၏ ပွေ့ဖက်မှုက တဆင့် အားကျသော မျက်လုံးများကို ပြန်လည်လိုက်ပြီး အမူအရာက ပို၍ပင် လေးနက်တည်ကြည်လာသည်။ ပရိုဂရမ်အသင်းက နောက်ဆုံးတွင် လမ်းကြောင်း မှန်သွားလေပြီ။
“နေဖို့ နေရာရှာရမယ်ဟုတ်လား ပ..ပရိုဂရမ်အသင်းက ငါတို့ကို ဆရာသခင်ချန်းနဲ့ အတူ ယာယီမနေခိုင်းဘူးလား”
ဖုန်းဖုန်းကပင် တုံးအစွာ ပြောသည်။
“တုံးလိုက်တာ ပရိုဂရမ်အသင်းက ငါတို့ကို ငါတို့ဘာသာ နေထိုင်ဖို့ နေစရာ ဆောက်ခိုင်းတာဆိုရင် ဘယ်လိုလုပ်မလဲ”
ဟွမ်လောင်ရှီက ပြုံးပြီး အရိပ်အမြွက်ပြသည်။
“အင်း အဲလောက်ထိတော့ မရက်စက်လောက်ပါဘူး ဟုတ်တယ်မလား”
ဖုန်းဖုန်းက ဝမ်းနည်းသော မျက်နှာနှင့် ပြောသည်။
“ဒါက တောအတွင်းမှာ ရှင်သန်နေထိုင်မှုလား”
66 03
ဒါက ခက်ခဲလိုက်တာ။
“မစိုးရိမ်ပါနဲ့ ငါတို့က ပရိုရမ်အသင်းဆီကနေ တာဝန်အသိပေးချက်ကို ရထားပြီးသားပဲလေ”
ဟယ်လောင်ရှီးက မှတ်စုသေးသေးလေးကို ကိုင်ထားသည်။
“ပရိုဂရမ်အသင်းကပြောတယ်။ ဆရာသခင်ချန်းရဲ့စံအိမ်က နန်းတော်လိုပဲတဲ့ ငါတို့ သေမျိုးတွေ တောင့်တရတဲ့ ဘဝမျိုးမဟုတ်ဘူး။ ဒါက နတ်တွေ နေထိုင်တဲ့ နေရာမျိုး။ ဆိုတော့ ပရိုဂရမ်အသင်းကလည်း ငါတို့ကို ထောင်ယွမ်ရွာထဲမှာ ယာယီနေဖို့ကို ကိုယ့်ဘာသာကိုယ် ရှာခိုင်းထားတယ်။ ငါတို့ ဘာသာ ဆောက်တာဖြစ်ဖြစ် အခြားသူတွေဆီက ငှားတာဖြစ်ဖြစ် ပေါ့”
“အိုး ငါပြောပါတယ် ကောင်းတဲ့အရာတွေ မရှိပါဘူးဆို”
ဟွမ်လောင်ရှီးက သက်ပြင်းချသည်။ အစ်မကြီးကျစ်ဖုန်းနှင့် ဖုန်းဖုန်းတို့ကပင် သိသားပဲဆိုသော အမူအရာများဖြစ်သွားကြသည်။
“အာ….နှာမြောစရာပဲ”
“အိုး မဖြစ်နိုင်တာ ပရိုဂရမ်အသင်းက ရက်စက်လိုက်တာ”
မထွက်သွားသေးခင် ကျစ်ဖုန်းက ခြေလှမ်းအနည်းငယ်လှမ်းပြီး အနောက်ဖက်သို့ ပြန်ကြည့်သည်။ ထိုနေရာမှ ထွက်သွားရန် တွန့်ဆုတ်နေသည်။ ထိုစံအိမ်ကြီးက အလွန်ကြီးပြီး ခမ်းနားသည်။ သူမသာ ထိုနေရာတွင် တစ်ညတာ တည်းခိုနိုင်မည်ဆိုလျှင် အိပ်မက်က အမှန်ဖြစ်လာနိုင်သည်။ မမျှော်လင့်ထားစွာပင် မနေနိုင်တော့ပေ။
“ယောက်ျား ငါတို့ တကယ်ပဲ သူတို့ကို ဒီအတိုင်း နေစရာ ရှာခိုင်းလိုက်မှာလား။ ဒီနားမှာ လူတွေအများကြီး ရှိတာ မဟုတ်ဘူးလေ”
မုရှောင်းနွမ်က ချန်းရန်၏ နံဘေးနားတွင် ထိုင်နေပြီးချန်းရန်၏ ပခုံးပေါ်သို့ ခေါင်းတင်၍ ချန်းရန်၏လက်မောင်းပေါ်ကို လက်တင်ထားရင်း ပြောသည်။ သူမကလည်း ထွက်သွားသော ပရိုဂရမ်အသင်းကို ကြည့်နေရင်း မနေနိုင်ဘဲ သိချင်သွားမိသည်။
သူတို့တကယ်ပဲ နေစရာ ဆောက်မှာလား။
“ဒါက သူတို့ရဲ့ ဒါရိုက်တာရဲ့ ဆိုလိုရင်းဘဲလေ တစ်ချက် လိုက်ကြည့်ကြည့်တာပေါ့”
ချန်းရန်ကလည်း ထိုလူများကို နည်းနည်း ထူးဆန်းသော အကြည့်မျိုးဖြင့် ကြည့်သည်။
ကြည့်ရသည်မှာ ဒီနေရာတွင် စံအိမ်မှ လွဲပြီး အခြားသော လူများ မရှိပါပေ။ သို့သော် ထိုနေရာတွင် အခြားသော အိမ်တစ်အိမ်တော့ရှိသည်။
“သူတို့ အမှားမလုပ်ဖို့တော့ မျှော်လင့်ပါတယ်”
ချန်းရန်က စိတ်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေသည်။
“ဟေး ထွက်လာပြီ”
ပရိုဂရမ်ဘက်ခြမ်းတွင် ဒါရိုက်တာက စိတ်အေးစွာ သက်ပြင်းချသည်။ စံအိမ်မှ ထွက်လာပြီးနောက် သူသည် ထိုနှစ်ယောက်ကို အာရုံမစိုက်တော့ပေ။ ထို့နောက် သူ၏ တကိုယ်လုံးက အေးစက်ပေါ့ပါးသွားသည်။ ပရိုဂရမ်အသင်းက နောက်ဆုံးတွင် ပုံမှန်အတိုင်းလည်ပတ်နိုင်လေသည်။
သို့မဟုတ်ပါက သူတို့ တောင့်တသော ဘဝကတင် ခွေးစာကျွေးသော နေ့စဉ်ဘဝသို့ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အလွန်ဆိုးရွားပေလိမ့်မည်။
ဒီရာသီပြီးဆုံးသွားတဲ့နောက်မှာ ငါတို့ တွေးပုံတွေးနည်း ပြောင်းသင့်ပြီလား။
ဒါရိုက်တာကပင် စတင်ကာ တွေးနေပြီ ဖြစ်သည်။ သူ၏ နှလုံးသားထဲတွင် ဘာလို့ စုံတွဲတွေအတွက် ရိုမန့်တစ် ခရီးမပြင်ဆင်ရမှာလဲ။
“တွေ့ပြီ”
ဒါရိုက်တာ၏ အတွေးက ပြန့်နေချိန်တွင် ရုတ်တရပ် ဧည့်သည်များ၏ အသံကို ကြားရသည်။
“ဝိုး ကောင်းလိုက်တဲ့အိမ် စတုရန်းတစ်ရာမီတာတောင် ကျယ်တယ်။ ငါတို့ နေဖို့လောက်တယ်”
“ဒီအိမ်က ဒီလောက်ထိ အနုစိတ်ကျပြီး လှမယ်လို့ မထင်ထားဘူး။ သစ်ပင်ပေါ်မှာ တည်ဆောက်ထားတဲ့ သစ်သားအိမ်လေးတွေနဲ့တောင် တူသေးတယ်”
66 05
“အွန်း…ဟုတ်တယ် လုံးဝကို လှပလိုက်တာ။ ဒီသစ်သားအိမ်ပိုင်ရှင်ကလည်း တော်တော်လေးကို ခံစားချက် ကောင်းတာပဲ”
ထိုပရိုဂရမ်အသင်းမှ လူတိုင်းကလည်း ဝမ်းသာအားရဖြစ်နေကြသည်။ ထိုသစ်သားအိမ်က စိမ်းလန်းသော သစ်ပင်များ ဝိုင်းနေပြီ သန့်စင်သော သဘာဝဝင်သက်အပြည့် ရှိနေကာ အလွန်အမင်းကို သန့်ရှင်းသည်။ တောထဲမှ ငှက်လှောင်အိမ်သေးသေးလေးကဲ့သို့ပင် ဖြစ်သည်။ သို့သော် အံ့အားသင့်စရာ ကောင်းလောက်အောင် ကြီးသည်။ ထိုသစ်သားအိမ်က ထိုအဆင့်မျိုး ရှိနေလေရာ ခရီးသွားများ အပန်းဖြေစခန်းတွင် ဆိုလျှင်ပင် တစ်ညကို သောင်းကျော်ပေးရလောက်သည်။
အရမ်းကိုခမ်းနားတယ်။
အထူးသဖြင့် ထိုအချိန်တွင် ယခုလိုမျိုး နေမထွက်သောအခြေအနေမျိုးတွင်ပင် ညင်သာသော အလင်းများ ဝိုင်းနေပုံက အလွန်ပင် စိတ်ကူးယဉ်ဆန်သည်။
ဝုတ် ဝုတ် ဝုတ်။
ထိုအချိန်တွင် အလွန်အမင်း ပြင်းထန်သော ခွေးဟောင်သံ ထွက်လာသည်။ အကြောင်းမူကား မန်ထုံက ထိုနေရာတွင် ရှိနေသည်။ ထိုအကောင်လေးက အိမ်ကို ကာကွယ်နေသော သူကဲ့သို့ အားလုံးကို ရူးသွပ်စွာ ဟောင်နေသည်။ အထူးသဖြင့် သစ်သားလှေကားထစ်ပေါ်သို့ တက်နေသော ဖုန်းဖုန်းကို ဖြစ်သည်။ သူ၏ ဘောင်းဘီ ခြေထောက်ကိုပင် လှမ်းဆွဲသည်။
“အာ မလုပ်နဲ့”
ဖုန်းဖုန်းက လျောကျပြီး အောက်သို့ တိုက်ရိုက်ပြုတ်ကျသည်။ သူသည် နှစ်ထစ်သာ တက်ရသေးသည်။
“ဖုန်းဖုန်း အဆင်ပြေရဲ့လား”
အားလုံးက အပြေးအလွှားသွားကာ စိုးရိမ်တကြီးမေးသည်။
“အဆင်ပြေပါတယ်”
ဖုန်းဖုန်းက ကိုယ်ပေါ်မှ ရွံ့များကို သုတ်ရင်း စိတ်ဓာတ်ကျစွာ ပြောသည်။
“ဒီအိမ်ပိုင်ရှင်က ဘာလုပ်တာလဲ။ ဒီလှေကားထစ်တွေက ခြေထောက် နှစ်ချောင်းတင်ဖို့လောက်ပဲ လောက်တာ အရမ်းလဲကျဉ်းတယ်။ လူတွေ ဘယ်လို တက်မှာလဲ”
ဝုတ် ဝုတ်
ထိုအချိန်တွင် မန်ထုံက ကျဉ်းမြောင်းသော လှေကားထစ်ပေါ်သို့ တက်သွားသည်။
“အိုး ဒီကောင်လေးက ငါ့ကို ဘာလို့ ရန်လိုနေတာလဲ”
ဖုန်းဖုန်းကလည်း ယခုလေးတင် အပြေးလာသော မန်ထုံလေးက သူ့ကို ဟောင်နေသေးကြောင်း မြင်သောအခါ အလွန်စိတ်ဓာတ်ကျသွားသည်။
“ဘာဖြစ်တာလဲ”
ချန်းရန်နှင့် မုရှောင်းနွမ်တို့က သတင်းကြားပြီး အပြေးရောက်လာကာ အလောတကြီး မေးသည်။
“အာ ဆရာသခင်ချန်း”
ဟယ်လောင်ရှီးက ယဉ်ကျေးစွာပြောသည်။
“ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအိမ်က ဘယ်သူ့ အိမ်လဲတော့မသိဘူး”
******