အခန်း ၆၇
Vol. 7 Ch. 67
67 01
အပိုင်း (၆၇)
“ဆရာသခင်ချန်း ကျေးဇူးပြုပြီး ငါတို့ကို တန်းလန်းကြီး မထားခဲ့ပါနဲ့ ပြောပါ”
ကျစ်ဖုန်းနှင့် ဖုန်းဖုန်းက စိတ်မရှည်သလို ပြောသည်။
“ဒီအိမ်က အရမ်းလှတာပဲ ဆရာသခင်ချန်းရဲ့ အိမ်များလား”
ဟယ်လောင်ရှီးက အပြုံးနှင့် မေးသည်။
“ဟုတ်တယ် ဟုတ်တယ် ဘေးဘီကို ကြည့်လိုက်တော့ ဒီတစ်ခုကို ကျော်နိုင်တာက ဆရာသခင်ချန်းရဲ့ စံအိမ်ကြီးပဲ ရှိတာလေ”
ဟွမ်လောင်ရှီးကလည်း ဝင်ပြောသည်။
“ချန်းရန်က ပြုံးပြီးပရိုဂရမ်အသင်းကို ပြောသည်။
“ခင်ဗျားတို့ရဲ့အမြင်ကိုတော့ တကယ်အားကျမိတယ်။ ဒါပေမဲ့ ငါက ဒီသစ်သားအိမ်ကို ပုံစံဆွဲထားတာ”
“ဘာ”
ချန်းရန်၏စကားက ပရိုဂရမ်အသင်းကို မှင်သက်သွားစေသည်။ လူတိုင်းကလည်း မျက်လုံးပြူးကျယ်ကာ ကြည့်ကြပြီး မယုံနိုင်အောင် ဖြစ်နေကြသည်။ အထူးသဖြင့် ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့ဖြစ်သည်။ သူတို့သည် လုံးဝကို ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့ယခုလေးတင် ပြောသော စကားများကို ခြုံကြည့်ခြင်းအားဖြင့် ဟာသကပင် အမှန်တကယ်ဖြစ်လာသည်လောဟု တွေးမိသွားသည်။
ဒီ…ဒီသစ်သားအိမ်ကို ဆရာသခင်ချန်းက ကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ…
“ဟစ်…”
သို့ရာတွင် ပရိုဂရမ်အသင်းမှ လူများက ပင့်သက်ရှိုက်နေကြချိန်တွင် ချန်းရန်က ထပ်ပြောသည်။
“ငါပြောလို့ မဆုံးသေးဘူး။ ငါ ဒါကို ဒီဇိုင်းဆွဲထားတာ မှန်တယ်ဆိုပေမယ့် သစ်သားအိမ်က ငါ့အတွက် မဟုတ်ဘူး…ဒါပေမဲ့”
“ဟင်”
လူတိုင်းကလည်း စိတ်ရှုပ်သွားကြသည်။
သူ့အတွက် မဟုတ်ရင် ဘယ်သူ့အတွက်လဲ။
လူတိုင်းက ချန်းရန်၏စကားကို နားထောင်နေရင်းမှ ချန်းရန်၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။
သူတို့ ဘာမြင်ရတာလဲ။
ခွေးလေး
“ဆရာသခင်ချန်း ဘာကို ဆိုလိုတာလဲ”
ဟယ်လောင်ရှီးက ပဟေဠိ ဖြစ်သွားသည်။
“သစ်သားအိမ်ထဲမှာ ဘယ်သူကမှ မရှိတာ ဘာကို ကြည့်တာလဲ”
“ဝု”
“အာဝု”
မန်ထုံကလည်း လူတိုင်းက သူ့ကို လာကြည့်ကြောင်း မြင်သောအခါ မနေနိုင်ဘဲ ထရယ်သည်။ သူသည် အိမ်ကို ဆောက်တတ်သည့် စွမ်းရည်ကို ပြသသည်။
“ဆရာသခင်ချန်းရဲ့ ခွေးကလွဲပြီး ဘာရှိလို့လဲ”
အစ်မကြီး ကျစ်ဖုန်းက မနေနိုင်ဘဲ ပြောသည်။
“ဆရာသခင်ချန်း ငါတို့ကို ဘာကြည့်နေစေချင်တာလဲ”
67 02
“မဟုတ်ဘူးလား”
ချန်းရန်ကလည်း ကူကယ်ရာမဲ့သွားပြီး မန်ထုံကို ညွှန်ပြသည်။
“ဒါ သူ့အိမ်”
“ဝိုး”
ထိုအခိုက်အတန့်တွင် မြင်ကွင်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ပရိုဂရမ်အသင်းမှ လူများအားလုံးက နေရာတွင်ပင် မှင်သက်ကုန်ပြီး ကြောင်တောင်တောင် ဖြစ်ကုန်သည်။
သူ…သူတို့ ဘာကို ကြားလိုက်ရတာလဲ ဒါ…ဒါက ခွေးအိမ်လား။
အခြားတစ်ဖက်က မုရှောင်းနွမ်က ထိုစကားကို ကြားပြီး ရယ်သည်။ ချန်းရန်က သူမကို လှည့်ကြည့်သည်။ မုရှောင်းနွမ်က ချက်ချင်းဆိုသလို နားလည်ကာ ပါးစပ်ကို လက်ဖြင့် လုပ်၍ သူမ၏ ကြီးဝိုင်းသော မျက်လုံးကြီးများက တဖြတ်ဖြတ် ခတ်နေပြီး ရယ်ချင်စိတ်ကို ထိန်းထားသည်။ သို့သော် မနေနိုင်ဘဲ ရယ်နေပုံက ချစ်စရာလေးဖြစ်သည်။
“ဟားဟား ဘုရားရေ ဆရာသခင်ချန်းရဲ့ အခြေက အရမ်းကို အံ့ဩဖို့ကောင်းတယ် ဒါက မန်ထုံရဲ့ အိမ်လား ရယ်ရလိုက်တာ”
“လက်စသတ်တော့ ပရိုဂရမ်အသင်းက ခွေးနဲ့ အိမ်လုနေတာကိုး”
“ငါ ထမင်းစားနေရင်း ငါ့မိန်းမရဲ့မျက်နှာကို ပန်းထုတ်လိုက်မိတယ်။ ဆရာသခင်ချန်း ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါအုံး ငါတို့ ဘယ်လို လုပ်ကြမလဲ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများအားလုံးက ရယ်နေကြသည်။ ဆရာသခင်ချန်း၏ လေးနက်သော အဖြေက ပရိုဂရမ်အသင်း၏ခုခံမှုကို ဖြိုခွဲလိုက်သည်။ ဒါရိုက်တာ၏မျက်နှာကပင် အစိမ်းရောင် သန်းသွားသည်။ သူသည် ကင်မရာကိုပင် လွှင့်ပစ်လုနီးပါးဖြစ်သွားသည်။
“ငါတို့…”
ဟယ်လောင်ရှီးက ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူသည် အခြေအနေ အချိန်အခါကို ကျင့်သားရမှုကြောင့် ပြင်းထန်သောစွမ်းရည်အဖြစ် လူသိများသော်လည်း ထိုအခိုက်အတန့်တွင် ဘာကိုမှ မပြောနိုင်တော့ဘဲ ခါးသီးစွာ ပြုံးနေသည်။
“ဒါက…ရှက်ဖို့ကောင်းလိုက်တာ”
အစ်မကြီး ကျစ်ဖုန်က မျက်နှာကို လက်ဖြင့် အုပ်ထားပြီး ရှက်နေသည်။ သူမက ဖုန်းဖုန်း၏ အဝတ်ကို ဆွဲသည်။
“ဖုန်းဖုန်း ငါတို့ အိပ်မက်မက်နေတာလား။ ငါတို့ ခွေးအသိုက်ကို လုနေတာလား”
“ကြည့်ရတာ မအောင်မြင်ဘူး ထင်တယ်”
ဖုန်းဖုန်း၏ နှုတ်ခမ်းက တွန့်သွားသည်။ သူသည် အဆုံးသတ်အကွက် လုပ်ရာတွင် အလွန်ပါရမီကြီးသည်။
“ဝုတ် ဝုတ်”
ထိုအချိန်တွင် မန်ထုံက အပေါ်မှ နေ၍ ပျော်ရွှင်စွာ ဟောင်နေသည်။ အမြှီးကိုပင် နှံ့နေပြီး အောက်မှ လူများကို ဂုဏ်ယူစွာ ငုံ့ကြည့်သည်။
“ကျေးဇူးပြုပြီး မဟောင်ပါနဲ့တော့”
ဟယ်လောင်ရှီးတို့က မန်ထုံကို ကူကယ်ရာ မဲ့သလို ကြည့်သည်။
ဒါကတင် လုံလောက်အောင် အရှက်ရစရာကောင်းနေပြီးသား ဖြစ်သည်။ ယခုအခါ ခွေးဟောင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ရယ်သံများနှင့် ပြည့်သွားသည်။
ပရိုဂရမ်အသင်း၏ သမိုင်းတွင်ပင် မချောမွေ့ဆုံး ကာလ ဖြစ်လောက်သည်။
“ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ခင်ဗျားတို့ အဲ့ဒီလောက်ထိ ဝမ်းနည်းစရာ မလိုဘူး”
ထိုအချိန်တွင် ချန်းရန်က ပြုံးရင်း ဝင်ပြောသည်။
“ဒီသစ်သားအိမ်က တည်ဆောက်ပြီးကာစ အထဲက အရမ်းသန့်ရှင်းတယ်။ ခင်ဗျားတို့ စိတ်မရှိဘူးဆိုရင် ဝင်နေလို့ရတယ်”
67 03
“မနေဘူး မနေဘူး… မနေတော့ပါဘူး”
ပရိုဂရမ်အသင်းမှ လူတိုင်းကလည်း ခေါင်းကို ခါကြသည်။ အခြေအနေကို သိထားပြီးနောက် သူတို့သည်။ ခွေးနှင့် အတူအိပ်ရန် မဖြစ်နိုင်ပေ။
ဒါဆိုရင် ခွေးထက်တောင် ဆိုးတယ်မဟုတ်လား။
“တကယ် အဆင်ပြေတာနော်”
မုရှောင်းနွမ်က ရှေ့သို့ တက်လာပြီး ပြုံး၍ ပြောသည်။
“အထဲက နေရာက တအားကျယ်တာ နောက်ပြီး နားနေခန်းလည်း ရှိသေးတယ်။ ငါ့ယောက်ျားနဲ့ ငါဆိုရင် မကြာခဏ ဝင်တက်ပြီး ထိုင်ပြီး အနားယူနေကျ၊ ရှင်တို့တွေ အဆင်ပြေလို့ ရှိရင်လည်း တက်ကြည့်လို့ရတယ်လေ”
“မသွားတော့ဘူး”
ဟယ်လောင်ရှီးတို့က ငြင်းကြသည်။
သို့သော် အဆုံးသတ်တွင် သူသည်လည်း မတွန်းလှန်နိုင်ပေ။ စံအိမ်ကြီးအပြင် ဒီတစ်နေရာတည်းကသာ နေစရာနေရာအဖြစ် ရှိနေသည်။ သူ့ဘာသာသူ အိမ်ဆောက်မည်ဆိုလျှင် နောက်ကျပေလိမ့်မည်။
“အရင်ဆုံး တက်ပြီး ကြည့်ရအောင်”
“ဟုတ်တယ် ဟုတ်တယ် ကြည့်ရုံပဲ ကြည့်မှာပါ”
“ဟုတ်တယ် ကြည့်ရုံလေးဘဲ အခြားရည်ရွယ်ချက် မရှိဘူး”
အကြိမ်ပေါင်းများစွာ ရုန်းကန်ပြီးနောက်ဆုံးတွင် ပရိုဂရမ်အသင်းက သစ်သားအိမ်ပေါ်သို့ တက်ကာ ကြည့်သည်။ ကြည့်ပြီးနောက်တွင် မည်သူမှ မထွက်ချင်ကြတော့ပေ။
“ဘုရားရေ ဒီနေရာက ကြမ်းပြင်က မှန်လို ချောမွေ့နေတာပဲ။ အိမ်က ထမင်းစားစားပွဲထက်တောင် သန့်ရှင်းသေးတယ်”
“ဒီလို ခမ်းနားတဲ့ ပြတင်းပေါက်ကို ကြည့်ပါအုံး။ ကျေးရွာဖက်က လတ်ဆတ်တဲ့ လေတွေကလည်း ဝင်ရောက်လာတာ ငါ့ရဲ့ဝိဉာဉ်တောင် သန့်ရှင်းသွားသလိုပဲ”
“ဆရာသခင်ချန်း ငါ ရုတ်တရပ် မင်းရဲ့ခွေးကို တော်တော်လေးကို မနာလို ဖြစ်သွားတယ်။ သူက အရမ်းချမ်းသာတာမလား”
ပရိုဂရမ်အသင်းကလည်း မှင်သက်သွားပြီး နောက်ပြောင်ကြသည်။ သို့သာ် သူတို့၏ အပြုအမူကတဆင့် ဒီနေရာကို ကျေနပ်နေကြောင်း ဖော်ပြသည်။
“ခင်ဗျားတို့ ဒီမှာ နေလို့ရတယ်လေ။ ဘာပဲဖြစ်ဖြစ် ဒါက မန်ထုံရဲ့အိမ်ဆိုတော့ သူ့ကို အကျိုးအမြတ်နည်းနည်းကို ငှားရမ်းခအဖြစ် ပေးရရင် ရပါတယ်”
ချန်းရန်က ခွေး၏ခေါင်းကို အသာပုတ်သည်။ အစပိုင်းတွင်မူ သူက မပျော်မရွှင်ဖြစ်စွာ ဟောင်နေသည်။ သို့သော် ပရိုဂရမ်အသင်းက အရသာရှိသော အစားအစာများကို ထုတ်လာကြောင်း မြင်သောအခါ မန်ထုံက မမျှော်လင့်ထားစွာပင် လက်ခံပေးလိုက်သည်။
ဟယ်လောင်ရှီးကဆိုလျှင် နောက်ပြောင်နေရင်း ထိုခွေးကိုပင် ရွှေရောင် လည်ဆွဲလေး ဆွဲပေးသေးသည်။
ထိုသို့ဖြင့် လွှမ်းမိုးမှုအပြည့်နှင့် မန်ထုံက မည်သည့်နေရာကို သွားသွား ရွှေရောင်တပြောင်ပြောင် ဖြစ်နေကာ အလွန်အမင်းကို မြင့်မြတ်ပုံပေါက်သည်။
“နောက်ကျနေပြီး မြန်မြန်လေး စားဖို့ ပြင်ရအောင်”
ဟယ်လောင်ရှီးက အားလုံးကို သတိပေးသည်။
“ငါတို့ ဒီနေ့ မနက်အစောကြီး လာကြတာ။ ဘာကိုမှ မစားရသေးဘူး။ ဗိုက်ထဲကို အရင်ဖြည့်ပြီးမှပဲ အခြားစိန်ခေါ်မှုတွေကို လုပ်တာပေါ့”
“ဟုတ်တယ် ဟုတ်တယ်”
စားဖိုမှူးဟွမ်က ကျွမ်းကျင်ပညာရှင်အဆင့် စားဖိုမှူးတစ်ယောက်အဖြစ် တာဝန်ယူထားမည်ဖြစ်ပြီး အားလုံးအတွက် ချက်ပြုတ်ပေးရန် တာဝန်ယူပေလိမ့်မည်။ ပထမနေ့ဖြစ်သောကြောင့် စားစရာကို ပရိုဂရမ်အသင်းက ထောက်ပံ့ပေးမည် ဖြစ်သည်။ သူတို့သည်လည်း စံအိမ်ကြီးထံမှ မီးဖိုခန်းကို ငှားရန်သာ လိုအပ်သည်။
67 04
“ယောက်ျား ငါလည်း ဗိုက်ဆာပြီ တစ်ခုခုစားချင်ပြီ”
မုရှောင်းနွမ်က ဗိုက်လေးကို အသာအုပ်လိုက်သည်။ ထိုနေရာက ကြုတ်နေသလို ခံစားရသည်။ မုရှောင်းနွမ်အတွက် စားသောက်ခြင်းက ပျော်ရွှင်မှု အရင်းအမြစ်ဖြစ်သည်။
“ဘာစားချင်လဲ”
“ယောက်ျား ချက်တာ ဆိုရင် အဆင်ပြေတယ် ငါကြိုက်တယ်”
မုရှောင်းနွမ်က ဂျီးမများချေ။ သူမ၏ မက်မွန်ပန်းပွင့်ကဲ့သို့ မျက်ဝန်းတစ်စုံက တဖြတ်ဖြတ် ခတ်သွားပြီး ချန်းရန်ကို ချွဲသလို ကြည့်သည်။
“ဒါဆိုရင်လည်း အောက်ဖက်မှ အရာမျိုး ချက်ပေးမယ်”
ချန်းရန်က လျှို့ဝှက်ဆန်းကျယ်သလိုမျိုးပြောသည်။
“ငါ မင်းကို ဒီနေ့ အထူးလျှို့ဝှက်ဆန်းကျယ်တဲ့ ခေါက်ဆွဲ တစ်ပန်းကန်ချက်ပေးမယ်”
“ဟင် ဘယ်လို ခေါက်ဆွဲ”
******