အခန်း ၆၉
Vol. 7 Ch. 69
69 01
အပိုင်း (၆၉) ယောက်ျားကို ဖက်ပြီး ဒိုင်းအဖြစ်သုံး
“ဟန်နီ ငါတောင်းပန်ပါတယ်”
မုရှောင်းနွမ်က အလျှင်စလိုပြောလိုက်ပြီး မည်သူကမှ မရောက်လာသေးခင် ချန်းရန်၏ ရင်ခွင်ထဲသို့ တိုးဝင်သည်။
“အာ”
ပရိုဂရမ်အသင်းမှ လူများက အတင်းလာကြပြီးနောက် ကြောက်တောင်တောင် ဖြစ်သွားကြသည်။
“ဘုရားရေ”
ဖုန်းဖုန်းက မျက်လုံးပြူးသွားသည်။ သူက လူနှစ်ယောက် ဖက်နေကြောင်း မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို မျက်နှာကို လွှဲသည်။
“အာ…ဒါ”
ဟယ်လောင်ရှီးနှင့် အခြားသောသူများက ချက်ချင်းဆိုသလို မှင်သက်သွားသည်။ ဟယ်လောင်ရှီက ဦးဆောင်သည်။
“မရိုက်နဲ့ မရိုက်နဲ့ ကလေးတွေအတွက် မသင့်တော်ဘူး အမြန်သွားရအောင်”
အားလုံးက စကားပြောနေချိန်တွင်ပင် ချန်းရန် ရင်ခွင်ထဲတွင် ခွေနေသော မုရှောင်းနွမ်က ချန်းရန်၏ ခါးကို လက်နှစ်ဖက်လံးဖြင့် သိုင်းဖက်ထားပြီး ပို၍ ပြင်းပြင်းထန်ထန် ဖက်လိုက်သည်မှာ တစ်ဖက်သူကို တွန်းရန် သို့မဟုတ် သူ့ကိုယ်သူ တစ်ဖက်သူ၏ ခန္ဓာကိုယ်ထဲသို့ ဖိသွင်းချင်သကဲ့သို့ပင် ပွေ့ဖက်နေသည်။
“ဟင်”
ချန်းရန်သည်လည်း ရုတ်တရပ် ထိုကောင်မလေး၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး အသက်မရှူနိုင်အောင် တိုးညှစ်ခံလိုက်ရသည်။ ခါးအပြင် သူ၏ရင်ဘတ်နေရာကလည်း တိုးဝှေ့ခံထားရပြီး အသက်မရှူနိုင်တော့ပေ။ ဘောလုံးကြီးနှစ်လုံးက နှာခေါင်းကို လာဖိကပ်ထားသကဲ့သို့ ပြင်းထန်သော မွှေးရနံ့ကိုလည်းရသည်။
“ဘုရားရေ ဒီနှစ်ယောက်က အရမ်းထူးခြားတာပဲ”
အစ်မကြီး ကျစ်ဖုန်းက မျက်နှာကို အုပ်လိုက်သည်။ နားရွက်များကပင် ရဲသွားသည်။ အထူးသဖြင့် မုရှောင်းနွမ်က တင်းတင်းကြပ်ကြပ် အရင်စဖက်လိုက်သော ပုံစံကိုမြင်လိုက်ချိန်တွင် ပို၍ပင် မျက်စိ ဖမ်းစားလွန်းသွားသည်။
“အိုး အရမ်းကို အလျှင်စလို ဖြစ်သွားတယ်? သွားရအောင် ငါတို့ ပြန်ပြီး အရသာရှိတဲ့ စားစရာတွေပဲ စားကြမယ်”
စားဖိုမှူး ဟွမ်ကလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ စိတ်ထဲတွင်လည်း သက်ပြင်းချနေသည်။
ငယ်ရွယ်ရတာ ကောင်းလိုက်တာ။ ဘယ်နေရာမှာမဆို ချုပ်ထိန်းမှု မရှိဘဲနဲ့ ချစ်စိတ်ပြင်းပြနိုင်တယ်။ သူတို့လိုမဟုတ်ဘူး လူလတ်ပိုင်းတွေက သာမိုခွက်ထဲမှာ ဆေးသစ်သီးပင်တွေကို စိမ်ပြီး ကူကယ်ရာမဲ့နေရတယ်။ အို မဟုတ်သေးပါဘူး တင်ဆက်သူက တိုက်ရိုက်ထုတ်လွှင့်တာမျိုး မဟုတ်ဘဲနဲ့တင် ဆရာသခင်ချန်းနဲ့ ရှက်စရာကောင်းတာတွေ လုပ်နေတယ်။
“[ကောက်ကျစ်စွာ ရယ်မော] ဟီးဟီး ငါတို့ လျှို့ဝှက်ချက်ရှာတွေ့သွားပြီ”
“တကယ်တော့ တင်ဆက်သူက နှစ်ယောက်တည်း ရှိတဲ့အချိန်မှာ ဒီလောက်ထိ စိတ်အားထက်သန့်ပြီး တက်ကြွတာကိုး”
မုရှောင်းနွမ် : နင်တို့ မမျှော်လင့်ထားဘူးမလား။ ငါက ငါ့ယောက်ျား ဟင်းချက်နေတဲ့ အချိန်မှာတောင်မှ မလွှတ်ပေးဘူး။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက ပို၍ပင် တက်ကြွလာကြပြီး လျှို့လျှို့လျှို့ များ ပြည့်ကုန်သည်။
“ဟင်”
ချန်းရန်က ထိုကောင်မလေး၏ အဖက်ခံထားရသည်။ သူသည် တိုးဝှေ့ဖိညှစ်ခံရရုံသာ မကသေးဘဲ နည်းနည်း ပင် အသက်မရှူနိုင် ဖြစ်လာသည်။ ပို၍ပင် လွန်ကဲသည်မှာ ထိုကောင်မလေးက သူ၏ရင်ခွင်ထဲတွင် ခပ်ကြမ်းကြမ်း ပွေ့ပွတ်နေခြင်း ဖြစ်သည်။ ချန်းရန်သည်ပင် ခမ်းနားထည်ဝါသော လှိုင်းလုံးများကို ခံစားမိလာသည်။ အနှိပ်ခံရသလို ခံစားချက်မျိုးဖြစ်သည်။
69 02
“ဒီကောင်မလေးကတော့”
ချန်းရန်က ကူကယ်ရာမဲ့သွားသည်။ ထိုနေရာတွင် လူအများကြီးရှိသည်။ သို့သော် ထိုကောင်မလေးကမူ လွန်လွန်း အားကြီးသွားသည်။ ထိုအတိုင်းဆိုလျှင် မီးပွားများ ထတောက်တော့ပေမည်။
“တော်ပြီ တော်ပြီ”
မုရှောင်းနွမ်က စိတ်အေးစွာ သက်ပြင်းချသည်။ အချိန်ကလည်း အဆင်ပြေလောက်သည်ဟု ထင်သည်။ ထို့နောက် စီနီယာအစ်ကိုချန်းကိုလည်း အကြာကြီး ဖိပွတ်လိုက်ပြီးနောက် ထိုနေရာမှ လက်သည်းရာများကလည်း မရှိလောက်တော့ဟု ထင်သည်။ ထို့ကြောင့် မုရှောင်းနွမ်က ရှက်ရွံ့စွာနှင့် တဖြည်းဖြည်း ရုန်းကန်ပြီး ရင်ခွင်ထဲမှ ထွက်သည်။
“အာ ဘာဖြစ်သွားတာလဲ”
မုရှောင်းနွမ်က ထရပ်ပြီးနောက် အားလုံးက မှင်သက်စွာ ကြည့်နေကြောင်း မြင်လိုက်ပြီး သူမ၏ လှပသော မျက်နှာက ရဲသွားသည်။ လက်သေးသေးလေး နှစ်ဖက်ကလည်း အတူဆုပ်သွားပြီး ထိုနေရာတွင် သနားစဖွယ်လေး ရပ်နေသည်။
သူမပြောလိုက်သည့်အချိန်တွင် ထိုကောင်မလေးက တိတ်တဆိတ် ငုံ့ကြည့်လိုက်ပြီးနောက် စိတ်အေးစွာဖြင့်…
ကံကောင်းစွာနဲ့ မရှိတော့ဘူး။
“အာ ငါ…နှောက်ယှက်မိသွားတာလား”
ထိုအခြေအနေကိုမြင်သောအခါ ပရိုဂရမ်အသင်းမှ လူတိုင်းကလည်း ကိုးရိုးကားရားဖြစ်သလို ပြုံးကြသည်။
ဒါပေမဲ့ လေထု အခြေအနေက နည်းနည်း မှားနေသလို ခံစားမိနေတာလဲ။
“အဟမ်း ခင်ဗျားတို့ ဘာလို့လို့လဲ”
ချန်းရန်က စိတ်အေးသွားပြီး အသက်ကို ပြင်းပြင်းရှူကာ အားလုံးကို ကြည့်ပြီး ကိုးရိုးကားရားဖြစ်သလို မေးသည်။
“အာ…ငါတို့က ဒီအတိုင်းဆရာသခင်ချန်းကို ဒီအတိုင်း ဖိတ်ခေါ်ပြီး ညစာအတူစားမလားလို့ပါ”
ဟယ်လောင်ရှီးက အကြောင်းအရာကို ခပ်မြန်မြန် ပြောင်းပြီး ပြုံး၍ ပြောသည်။
“ဒါပေမဲ့ ကြည့်ရတာ ဆရာသခင်ချန်းက ခေါက်ဆွဲဆရာသခင်ထင်တယ်။ ငါတို့ မလိုလားအပ်တာ လုပ်မိသွားတာပဲ”
“ဆရာသခင်ချန်းက ဘယ်လို ခေါက်ဆွဲလုပ်တာလဲ”
အစ်မကြီးကျစ်ဖုန်းကပင် သိချစ်စိတ်ပြင်းပြစွာ မေးပြီး တစ်စုံတစ်ရာကို သိလိုက်သည်။
“အိုး ဘုရားရေ ဆရာသခင်ချန်းရဲ့ အဝတ်က ဂျုံမှုန်တွေ ပေကုန်ပြီ”
“ဟင်”
ချန်းရန်က တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ရင်ဘတ်မှ ဂျုံမုန့်လုံး နှစ်လုံးနေရာကို တွေးလိုက်သည်။ ထိုနေရာ ကြီးမားသော အဖြူရောင် ပန်းပွင့်ကြီးကဲ့သို့ဖြစ်နေသည်။ သူက ခေါင်းကို လှည့်လိုက်ပြီးနောက် နံဘေးတွင် ရှက်ရွံ့စွာ ခေါင်းငုံ့ထားသော ကောင်မလေးကို ကြည့်လိုက်သည်။ သို့သော် သူမသည် မကြာခဏဆိုသလို သူ့ကို ခိုးခိုးကြည့်လိုက်သည်။ သိသာစွာပင် ပျော်ရွှင် ဝမ်းသာအားရ ဖြစ်နေခြင်း ဖြစ်လောက်သည်။
“ဒါက ခုနတုန်းက ကြောင်ချီထားသေးတယ်လေ သူ ပွတ်သွားတာများလား”
ချန်းရန်ကလည်း လက်ကိုဆန့်ထုတ်ပြီးနောက် ထိုဂျုံမှုန့်ကို အသာပုတ်ကာ ဖွယ်လိုက်သည်။ ထို့နောက် မုရှောင်းနွမ်ကို မျက်ဝန်းထောင့်မှ တစ်ချက် လှမ်းကြည့်လိုက်သည်။
တုံးလိုက်တာ…
69 03
ရှောင်းနွမ် ဟမ့် မင်းက မင်းရဲ့ ယောက်ျားကို ဒိုင်းအဖြစ် အောင်အောင် မြင်မြင် သုံးလိုက်တယ်ပေါ့လေ။
ဟမ့် ခဏနေမှ ဘယ်လို ကိုင်တွယ်မလဲ ကြည့်လိုက်မယ်။
“ကြောင်လား”
အမကြီး ကျစ်ဖုန်းက အလွန်ထူးဆန်းသလို ခံစားရသည်။
“ဘယ်မှာ ကြောင်လဲ မမြင်ပါဘူး”
အတော်လေးကို မှားနေပုံရသော အမူအရာမျိုးနှင့် မုရှောင်းနွမ်ကို ကြည့်ပြီးနောက် တစ်စုံတစ်ရာက မှားယွင်းနေကြော င်းခံစားလိုက်ရသည်။
“အိုး ငါဗိုက်ဆာတယ်”
အားလုံးက ထိုအရာကို ခံစားနေရချိန်တွင် မုရှောင်းနွမ်က ရုတ်တရပ် ချန်းရန်ကို ကြည့်သည်။ သူမက နှုတ်ခမ်းကို ဆူပြီးနောက် နူးညံ့စွာ ခေါ်သည်။ သူမ၏ မျက်လုံးကြီးက လင်းလက်သွားပြီး ချန်းရန်၏ လက်မောင်းကို ချက်ချင်းလှမ်းဆွဲကာ ပြောသည်။
“ဟန်နီ လက်မောင်းနာနေလား။ ငါနှိ ပ်ပေးမယ်လေ”
“စကားမစပ် ငါတို့ ဘယ်အချိန်မှာ ညစာစားရမှာလဲ”
“ခဏနေရင်”
ချန်းရန်က မနေနိုင်ဘဲ ရယ်လိုက်သည်။ ထိုကောင်မလေးက သူမ၏ အပြစ်ကို ဖုံးကွယ်ရန် ကြိုးစားနေကြောင်း မြင်သောအခါ သူကပင် လက်ကို ထုတ်လိုက်ပြီး ပါးကို ဆိတ်လိုက်သည်။ အင်း…ချောမွေ့ပြီး တကယ်ကိုင်လို့ ကောင်းတယ်။
“ဟယ်လောင်ရှီး ငါ့အထင် ငါတို့ ဒီနေရာကို လာမိတာ မှားပြီထင်တယ်”
“ဟုတ်တယ် ဟုတ်တယ် ငါတို့အခု ထွက်သွားသင့်ပြီ မဟုတ်ဘူးလား”
“မိန်းကလေးမု မင်းဗိုက်ဆာတယ်ဆိုရင် ဘာလို့ ငါတို့နဲ့အတူတူ လာမစားတာလဲ”
ပရိုဂရမ်အသင်းမှ လူများကလည်း ခြောက်ကပ်စွာ ပြုံးကြသည်။ သူတို့သာ ဒီနှစ်ယောက်နဲ့အတူရှိနေရင် ခွေးစာပဲ စားရမယ်ထင်တယ်။ သူတို့ ….သူတို့ဘာသာ ပြန်ပြီး လူစာစားတာ မကောင်းဘူးလား။
“အင်း မလိုက်တော့ပါဘူး။ ငါ့ယောက်ျားက ငါ့ကို ကျွေးမှာ ငါ စောင့်နေလိုက်မယ်”
မုရှောင်းနွမ်က ယဉ်ကျေးစွာ ငြင်းသည်။ သို့သော် ခိုင်မာသာအပြုအမူနှင့်ဖြစ်သည်။ သူမက ချန်းရန်ချက်ပေးသည်ကိုသာ စားမည်ဖြစ်သည်။
“ဒီလောက်ထိ ဆုံးဖြတ်ချက် ပြတ်သားတာလား”
အစ်မကြီး ကျစ်ဖုန်းကပင် သိချင်စိတ် ပြင်းပြစွာ မေးသည်။
“ဆရာသခင်ချန်းရဲ့ဟင်းချက် လက်ရာက ဟွမ်လောင်ရှီးထက် ကောင်းလို့လား”
“ဟားဟား အခု ငါလည်း သိချင်သွားပြီ ဆရာသခင်ချန်းက ဘယ်လိုအရာမျိုး လုပ်မှာလဲ”
ဟယ်လောင်ရှီးကပင် အနားသို့လာပြီးမေးသည်။
“ဒီအတိုင်း ခေါက်ဆွဲပါပဲ”
ချန်းရန်က ပြောသည်။
“ပြီးတော့မယ် ခဏနေရတော့မှာ”
ထိုသို့ပြောပြီးသည်နှင့် ချန်းရန်က ခေါက်ဆွဲစလုပ်သည်။ ထိုမုန့်သားက ပိုပိုပါးသထက် ပါးလာပြီးနောက် မှော်လှည့်ကွက်ကဲ့သို့ပင် ခေါက်ဆွဲပုံစံ ပြောင်းလာသည်။
“အိုး လန်းလိုက်တာ”
မုရှောင်းနွမ်ကလည်း ချန်းရန်၏ ထိုကဲ့သို့ စတန့်ပြကွက်ကို မမြင်ဖူးပေ။ ချန်းရန်၏လက်ထဲမှ ပါးလျှသော ရှည်သွယ်သော ခေါက်ဆွဲများက ရပ်တန့်သွားပြီး ကြာပွတ်ဖြင့် ရိုက်ခတ်နေသ◌ကဲ့သို့ပင် လေထဲတွင် ရိုက်ခတ်နေပြီး အမြောင်းလိုက်လေးများ ဖြစ်လာသည်။ ချန်းရန်၏ အင်အားကြီးမားသော အက ကကွက်များနှင့်အတူ အကြွင်းမဲ့ ပြိုင်ဘက်ကင်းသော ရှိုးပွဲများ ဖြစ်လာသည်။
“ယောက်ျား ယောက်ျားပြီးတော့မယ်။ ပြီးတော့မယ် အရမ်းကြီး ရှည်သွားရင် စားဖို့ ခက်သွားလိမ့်မယ်နော်”
မုရှောင်းနွမ်က တအံ့တဩပြောသည်။ ထိုခပ်ပါးပါးခေါက်ဆွဲများက ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသည်။ အရှည်ကလည်း နှစ်မီတာ သုံးမီတာခန့်ပင် ရှိလာကာ သူမ လက်ခံနိုင်သည်ကို ကျော်လွန်လာသည်။
******