အခန်း ၇၀
Vol. 7 Ch. 70
70 01
အပိုင်း (၇၀)
“ဒီခေါက်ဆွဲ ဟစ်”
ပရိုဂရမ်အသင်းမှ ဟွမ်လောင်ရှီးကပင် လေအေးများကို ရှိုက်သွင်းလိုက်သည်။
ရှည်…ရှည်လွန်းတယ် အဓိက သော့ချက်က ဒီလောက်ရှည်တာတောင်မှ တော်တော်လေးကို ဝါးလို့ ကောင်းမယ်ပုံစံဖြစ်နေတာပဲ။
ဒါက အင်အားရဲ့ ကွာခြားချက်ပေါ့။
ဆရာသခင်ချန်းက အုတ်မြစ်ကောင်းသည်။ သူလုပ်သော ခေါက်ဆွဲကပင် ပုဇဉ်းရင်ကွဲကောင်၏ တောင်ပံကဲ့သို့ ပါးလျှသည်။ သို့သော် လုံလောက်အောင်ပင် မာကြောမှုရှိနေပုံ ရသည်။ အရသာကိုပင် သိချင်လာသည်။
“အိုးက ဒီမှာ”
ချန်းရန်က အော်သည်။
“လာပြီ လာပြီ”
သစ္စာရှိလက်ထောက်ဖြစ်သော မုရှောင်းနွမ်ကလည်း အနက်ရောင် အိုးကို ဖွင့်ထားပြီးသားဖြစ်သည်။ ချန်းရန်က လက်ကို ယမ်းလိုက်ရုံဖြင့် လက်ထဲမှ ခေါက်ဆွဲက အိုးထဲသို့ ပိုးပိတ်ကျဲစအလားကျသွားသည်။
ဟွားလားလား။
ချန်းရန်က ခပ်သွယ်သွယ်ဝါးတူတစ်စုံကို ယူလိုက်ပြီးနောက် အိုးထဲသို့ ညှင်သာစွာ မွှေလိုက်သည်။ ထို့နောက် နုနယ်သော ခေါက်ဆွဲများက အိုးထဲမှ ထွက်လာသည်။
ရေနွေးဖြူဖြင့် ပြုတ်ထားသော ခေါက်ဆွဲက သလင်းကြည်ရောင် တောက်ပနေသည်။ ပယင်းရောင်ကဲ့သို့ တောက်ပနေသည်။
“ဝိုး အနံ့က မွှေးလိုက်တာ”
မုရှောင်းနွမ်ကပင် ပြင်းပြင်းရှူပြီး တက်ကိုယ်လုံးက တုန်ခါသွားသလို ခံစားလိုက်ရသည်။ ထိုမွှေးပျံ့သော ခေါက်ဆွဲတစ်ပွဲက ရိုးရှင်းသည်။ သို့သော် သူမ၏ အရသာခံသော အဖုများကို လှုံ့ဆော်နိုင်ပြီး တံတွေးများကို ဆက်တိုက်မြိုချစေသည်။ ဗိုက်ကပင် တဂွီ ဂွီ မြည်လာသည်။
“အနံ့က ကောင်းလိုက်တာ ငါလည်း စားချင်တယ်”
ပရိုဂရမ်အသင်းမှ လူများကလည်း မြန်မြန်ပင် မျက်လုံးကို မှိတ်ပြီး အနံ့ရှူကြည့်ကြသည်။ သူတို့၏ ခေါင်းက ပေါ့ပါးသွားသလို ခံစားရသည်။
ဒါဟာ အိပ်မက်၏ အရသာဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူတို့သည်လည်း တောင်တန်းနှင့် ပင်လယ်မှ စားစရာများကပင် မမွှေ့ပျံ့တော့သလို ခံစားရသည်။ သူတို့ စိတ်နှင့် မျက်လုံးက ထိုခေါက်ဆွဲ ပန်းကန်တွင်သာ ရှိနေသည်။
“အာ…ငါသည်းမခံနိုင်တော့ဘူး”
မုရှောင်းနွမ်၏ မျက်လုံးက ကြယ်ရောင်များဖြင့် ပြည့်နှက်နေသည်။ သူမက ဗိုက်ဆာလွန်းသဖြင့် ရင်ဘတ်ကပင် ကျောနှင့် ကပ်နေသည်ဟု ခံစားရသည်။ တွေးနေရင်းမှ ထိုပန်းကန်ကို ခုန်အုပ်ပြီး စစားရန် အသင့်ပြင်သည်။
“မစိုးရိမ်ပါနဲ့”
ချန်းရန်က ပြုံးသည်။ ထိုကောင်မလေးသည် တိုဟူးဖြူကို အလောတကြီး စား၍ မရနိုင်ပေ။ ထို့အပြင် နောက်ဆုံးတဆင့် ကျန်သေးသည်။
“ယောက်ျား ဘာကို စောင့်နေတာလဲ”
မုရှောင်းနွမ်က မနေနိင်ဘဲ မေးသည်။
“ငါလည်း စားချင်နေပြီလေ မြန်မြန်လေး ပေးပါတော့ ဗိုက်ဆာနေပြီ”
“မစိုးရိမ်ပါနဲ့ ငါမင်းကို အားလုံး ပေးမှာ ဒီည ဒါတွေ အားလုံးက မင်းအတွက်ပဲ”
70 02
ချန်းရန်က လက်မှ လှုပ်ရှားမှကို မရပ်တန့်ဘဲ ပြောသည်။ သူသည်လည်း ဆီပူအိုးကို ဒယ်ပြားပေါ်သို့ တင်လိုက်ပြီးနောက် အနက်ရောင် ကျားပုဇွန်ကို မွှေကြော်သည်။ အရသာရှိသော ပင်လယ်စာက ခေါက်ဆွဲ၏ ဂျုံရနံ့နှင့် ရောနှောသွားပြီး ပို၍ပင် ရနံ့ကြွယ်လာသည်။
“ဘုရားရေ ငါ…ငါ မရတော့ဘူး”
မုရှောင်းနွမ်က သားရည်ပင် ကျချင်လာသည်။ သူမက ချန်းရန်၏ ထိုခေါက်ဆွဲ ပန်းကန်ကြီး နှစ်ပန်းကန်လုံးပေါ်သို့ ထိုပင်လယ်စာများကို လောင်းထည့်လိုက်သည်ကို ကြည့်နေပြီးလုံးဝကို သိမ်းပိုက်ခံရသည်။
“အကြာကြီး စောင့်ရတာ တောင်းပန်ပါတယ်”
ချန်းရန်က ထိုပန်းကန်လုံးကို စားပွဲပေါ်သို့ တင်ပြီးနောက် မုရှောင်းနွမ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
မုရှောင်းနွမ်က အနံ့ကို ပြင်းပြင်းထန်ထန် ရှူရှိုက်ကြည့်သည်။ ထို့နောက် မျက်လုံးကိုလည်း တုန်ယင်စွာ မှိတ်လိုက်ပြီးနောက် မျက်နှာကပင် စိတ်လှုပ်ရှားမှုဖြင့် လင်းလက်သွားသည်။ ထိုပုံစံက အလွန်အမင်း ဆွဲဆောင်မှု ပြင်းထန်ပြီးခေါက်ဆွဲကိုပင် စိတ်လှုပ်ရှား စေလောက်သည်။
“ဂလု”
ထိုအချိန်တွင် တံတွေးမြိုချသံများ ထွက်လာသည်။ ပရိုဂရမ်အသင်းမှ လူများအားလုံးက အနားတွင်ဝိုင်းနေကြသည်။ သူတို့သည်လည်း မထွက်သွားကြသေးပေ။ ချန်းရန်နှင့် မုရှောင်းနွမ်တို့၏ နောက်မှ လိုက်ကာ ထမင်းစားခန်းထဲသို့ ဝင်လာပြီး မျက်နှာချင်းဆိုင် ထိုင်စားနေသည်ကို ကြည့်ကာ တံတွေးများ သုတ်နေသည်။
လောဘကြီးတယ်။
“ဟင်း”
ထိုအချိန်တွင် ချန်းရန်က မနေနိုင်ဘဲ မျက်ခုံးပင့်သည်။
“ခင်ဗျားတို့ ဘာဖြစ်တာလဲ ဘာလို့ ပြန်ပြီး မစားကြသေးတာလဲ။ ညစာ ပြင်ပြီးသား မဟုတ်ဘူးလား”
ချန်းရန်၏စကားက မုရှောင်းနွမ်ကို သတိပေးလိုက်သည်။ မုရှောင်းနွမ်ကလည်း သူမ၏ ပန်းကန်လုံးကို အစာကို ကာကွယ်သည့် ကြောင်ပေါက်ကဲ့သို့ ချက်ချင်းကာကွယ်လိုက်ပြီး ချန်းရန်ရှေ့မှ ပန်းကန်လုံးကို လှမ်းကြည့်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ချန်းရန်၏ ပန်းကန်လုံးကို လှမ်းယူကာ ကာကွယ်ပေးသည်။
“ဘာလုပ်ချင်လို့လဲ”
မုရှောင်းနွမ်၏မျက်လုံးက သတိအပြည့် ကပ်ထားသည်မှာ စားစရာလာလုမည်ကို ကြောက်နေပုံရသည်။
“ဒါ…ဒါ..”
ဟယ်လောင်ရှီးတို့ကလည်း မှင်သက်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်ကြသည်။
“အာ…ဒါ ငါတို့ပြန်မစားရသေးခင် ဒီမှာပဲ ခဏထိုင်လိုက်အုံးမယ်”
“ဟုတ်တယ် ဟုတ်တယ် ငါတို့ မင်းတို့ရဲ့ ခေါက်ဆွဲကို မစားပါဘူး။ ဒီအတိုင်းပဲ ကြည့်မှာပါ”
“ဟုတ်တယ် ဟုတ်တယ် အနံ့လေးပဲ ရှူမှာပါ။ မစိုးရိမ်ပါနဲ့”
အစ်မကြီးကျစ်ဖုန်းနှင့် ဖုန်းဖုန်းတို့ကလည်း ဆရာဟယ်၏ အနောက်မှ လိုက်ကာ ဝင်ပြောသည်။ လေးယောက်လုံးက တစ်ပြိုင်တည်းပြောပြီး သူတို့နှစ်ယောက်ကို ကြည့်သည်။
“ရှောင်းနွမ် ဒီလို မလုပ်ရဘူးလေ”
ချန်းရန်ကပင် ထိုအခြေအနေကြောင်း ရယ်သည်။ ထို့ကြောင့် မုရှောင်းနွမ်၏ စားစရာကို ကာကွယ်ထားသော လက်လေးကို အသာပုတ်ပြလိုက်သည်။ သို့သော် မုရှောင်းနွမ်က အလွန်စိုးရိမ်နေသေးသည်။
“ယောက်ျား သူတို့ကြည့်တဲ့ပုံစံကို ကြည့်အုံး။ ငါတို့ နေရာပြောင်းစားတာ ကောင်းမယ်ထင်တယ်။ ဒီနေရာက အရမ်းအန္တရာယ်များတယ်”
70 03
မုရှောင်းနွမ်ကလည်း ချန်းရန်က သူမအား လွန်ကဲလွန်းသည်ဟု ထင်ပြီး အပြစ်တင်နေသည်ဟု တွေးလိုက်သည်။
“မကြောက်နဲ့… သူတို့နောက်က ကင်မရာတွေ မမြင်ဘူးလား သူတို့သာ လုစားရဲရင် မနက်ဖြန် ခေါင်းစည်းပိုင်းမှာ ပါမှာပေါ့”
ချန်းရန်က ရယ်လိုက်ပြီး ကင်မရာများကို ပြသည်။ ယခုက တိုက်ရိုက်ထုတ်လွှင့်ထားခြင်းဖြစ်သည်။ ထိုစတားများက အစားတော့ လုမစားရဲလောက်ပါပေ။
“ဖူး… ငါရယ်လို့သေတော့မယ်။ ကျေးဇူးပြုပြီး ဒီပရိုဂရမ်အသင်းက စတားတွေရဲ့ စိတ်ဓာတ်ကျနေတဲ့မျက်နှာကို မြင်အောင် ရိုက်ကူးပေးကြပါ”
“ဟားဟား.. ဆရာသခင်ချန်းက တော်လိုက်တာ စတားတွေက ဘာဖြစ်တာလဲ။ အာ…တော်တော်လေးကို စိတ်ရှုပ်စရာပဲ”
“အရူးလေးရှောင်းနွမ် ကြားလိုက်လား။ နင့်ယောက်ျားက နင့်ကို နှစ်သိမ့်နေတာလေ။ ဘယ်လောက်ချစ်လိုက်သလဲ ကြည့်စမ်းပါအုံး”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း ချန်းရန်၏အဖြေကြောင့် သဘောကျသွားပြီး ငန်းများကဲ့သို့ တဂတ်ဂတ် ရယ်ကြသည်။ သို့ရာတွင် ထိုစကားက ပရိုဂရမ်အသင်းက စတားများကို မှင်သက်သွားစေသည်။ သူတို့သည်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်သည်။
အာ တကယ်ရှက်စရာပဲ။ သူတို့သည်လည်း ထိုနေရာတွင် ဒီတိုင်း ရပ်နေပြီး ဘာကိုမှ မလုပ်နိုင်ဖြစ်နေသည်။
ကျော့ရှင်းတယ်။ ထိန်းသိမ်းရမယ်။ ထည်ဝါရမယ်။ လိမ္မာနာခံရမယ်။
ဖူး…
မုရှောင်းနွမ်ကပင် ရယ်သည်။ သူမ၏မျက်ခုံးမျက်လုံးများက ပန်းများ ပွင့်လန်းလာသကဲ့သို့ပင် တောက်ပလာသည်။ ယခုအခါ သူမက စိတ်အေးသွားပြီး သူ့ကို ရက်ရောစွာဖြင့် ပြန်ဖယ်ပေးသည်။
မွေ့ပျံ့သော ရနံ့က ပြန်ပျံ့လာပြန်သည်။ ထမင်းစားခန်းတစ်ခုလုံးက တံတွေးမြိုချသံများ ပြည့်သွားသည်။
“ယောက်ျား ယောက်ျားက အရမ်းတော်တာပဲ”
မုရှောင်းနွမ်က ချိုမြိန်စွာ ပြောပြီး သူမ၏မျက်နှာတွင် အပြုံးများ ပြည့်နှက်နေပြီး ပွင့်လန်းနေသော ပန်းကဲ့သို့ပင် သူက အကြွင်းမဲ့လှပသည်။ နှုတ်ခမ်းထောင့်မှ သစ်တော်ပန်းလေးကဲ့သို့ ပါးချိုင့်လေးများက ပို၍ပင် လှပကာ ချစ်စဖွယ်လေး ဖြစ်သွားစေသည်။
ချန်းရန်က အရှေ့မှ ခေါက်ဆွဲပန်းကန်ကို ယူသည်။ သို့သော် ခေါက်ဆွဲပန်းကန်ကပင် ထင်သလောက် မမွှေးတော့သလို ခံစားရသည်။
“ငါက မင်းအတွက် အရမ်းကောင်းတယ် ဆိုကတည်းက ဘာဖြစ်လို့ အသိအမှတ်ပြုသလို မပြသတာလဲ”
ချန်းရန်က ထိုကောင်မလေးကို မျက်လုံးကျဉ်းမြောင်းကာ ကြည့်လိုက်သည်။ ရုတ်တရပ် နှုတ်ခမ်းထောင့်တွင် အပြုံးက ပေါ်လာသည်။ သူက ထိုသို့ ပြန်နောက်လိုက်သည်။
သူနှင့် ထိုကောင်မလေး၏ဆက်ဆံရေးကို ရှင်းလင်းအောင် လုပ်ပြီးချိန်ကတည်းက ချန်းရန်သည်လည်း ထိုကောင်မလေးကို နောက်ပြောင်ရသည်ကို သဘောကျလာသည်။ ထိုချစ်စရာကောင်းပြီး နွေးထွေးသော ကောင်မလေးကို စနောက်ချိန်တိုင်းလိုလို အလွန်အမင်း စိတ်ဝင်စားစရာကောင်းလာသည်။ ဥပမာအနေဖြင့် ဒီတစ်ခေါက်တွင်လည် ချန်းရန်၏ စကားဆုံးသွားသည်နှင့် မုရှောင်းနွမ်၏ လှပသောမျက်နှာက ရဲသွားသည်။ သူမက မနေနိုင်ဘဲ စတွေးပြန်သည်။
ယောက်ျားက ဘာကို ပြောချင်တာလဲ။ တစ်ခုခု လုပ်စေချင်တာလား။ သူ…သူမရဲ့ ပါးကိုများ နမ်းတော့မှာလား။
ထိုသို့ဖြင့် မုရှောင်းနွမ်က အမျိုးမျိုးသော အကြောင်းအရာများကို စတင်ကာ တွေးတောနေချိန်တွင် ချန်းရန်က တူကို ဆန့်ထုတ်၍ မုရှောင်းနွမ်၏ ခေါက်ဆွဲပန်းကန်ထဲသို့ လက်ကို ဆန့်နှိုက်သည်။
“ဒါက မင်းငါ့ကို ကျေးဇူးတင်သင့်တဲ့ပုံစံ”
ချန်းရန်က ပြုံးလိုက်ပြီး မုရှောင်းနွမ်၏ အရှေ့ပန်းကန်လုံးထဲမှ အရသာရှိသော ပုဇွန်ကို ကောက်ယူလိုက်သည်။ တစ်ခုချင်းစီ ယူပြီး သူ၏ ပန်းကန်ထဲထည့်သည်။
70 04
“အာ… ဘာလုပ်တာလဲ”
မုရှောင်းနွမ်က မှင်သက်သွားသည်။ သူ့ယောက်ျားက အစာလာလုနေတယ်။
“မင်းပဲ ငါ့ကို ကျေးဇူးတင်မှာ မဟုတ်ဘူးလား။ မင်းအတွက် ပုဇွန်ယူပေးတာ ဘာမှားလို့လဲ”
ချန်းရန်ကပင် မကျေမနပ်ဖြစ်သလို ပြောသည်။
“အာ ယောက်…ယောက်ျားရဲ့ ပန်းကန်ထဲမှာလည်း ရှိတာပဲကို”
မုရှောင်းနွမ်က စိတ်ဓာတ်ကျသွားသည်။ ငါ့ထဲမှာက ငါးကောင်ခြောက်ကောင်ပဲ ပါတာကို အခု နှစ်ကောင်ပါသွားပြီ။ အာ…စိတ်ဓာတ်ကျစရာပဲ။
မုရှောင်းနွမ်က လက်နှစ်ဖက်ဖြင့် ပန်းကန်လုံးကို တိတ်တဆိတ် ကိုင်ထားပြီး သူမဖက်သို့ ရွှေ့ကာ ပြောသည်။
“အရမ်းများတယ် မင်းမကုန်မှာစိုးလို့”
ချန်းရန်က ထိုကောင်မလေး၏ တွန့်ဆုတ်မှုကို မမြင်သလိုမျိုးပင် နှစ်ကောင်ထပ်ယူသည်။
“ယောက်ျား ဘာလို့ ထပ်ကောက်နေသေးတာလဲ။ မရှိတော့ဘူးလေ”
မုရှောင်းနွမ်က မျက်လုံးပြူးကာ တအံ့တဩအော်သည်။ မျက်နှာက ရင်နာသော အမူအရာ အပြည့်နှင့် ဖြစ်သည်။ ဒီတစ်ခေါက်တွင်မူ ခေါက်ဆွဲပန်းကန်ပေါ်သို့ တိုက်ရိုက်ပင် လက်ဖြင့် လှမ်းအုပ်လိုက်သည်။
“မ…မယူနဲ့တော့ မဟုတ်ရင် ဒေါသထွက်တော့မှာနော် ဟွန့်”
ထိုကောင်မလေးက ပါးကို ဖောင်းလိုက်ပြီး ရင်ဘတ်မှ အိတ်ကြီး နှစ်အိတ်ကပင် ခပ်ကြမ်းကြမ်း နိမ့်လိုက်မြင့်လိုက် ဖြစ်လာသည်။
“ဟင် မန်ထုံက ဘာလို့ ဒီလို ရောက်နေတာလဲ”
ချန်းရန်က ရုတ်တရပ်မီးဖိုခန်းအပြင်ဘက်ကို ကြည့်ပြီး မုရှောင်းနွမ်၏ အာရုံကို ဆွဲဆောင်သည်။
ဆွစ်….
ထိုအချိန်တွင်ပင် ချန်းရန်က နောက်ထပ်တစ်ခုကို ခပ်မြန်မြန် ယူလိုက်သည်။
“အာ ထပ်ယူသွားပြန်ပြီ”
မုရှောင်းနွမ်က ရှာတွေ့လိုက်ပြီးနောက် ငိုတော့ပေမည်။ လှပသော မျက်နှာက ရဲလာသည်။
“ငါ့အတွက် တစ်ကောင်လေးတောင် မချန်ပေးနိုင်ဘူးလား”
******