အခန်း ၇၁
Vol. 8 Ch. 71
71 01
အပိုင်း (၇၁)
သူ့မရဲ့ ရှေ့မှာ တော်တော်လေးကို ဖမ်းစားခဲ့သော ခေါက်ဆွဲပန်းကန်လုံးကြီးက ယခုအခါ ရိုးရှင်းပြီး ခေါက်ဆွဲသာ ကျန်တော့သည်။
ထိုခေါက်ဆွဲက မွှေးပျံ့နေသာ်လည်း ပင်လယ်စာ မရှိတော့သောအခါ အထူးသဖြင့် ချန်းရန်၏အရှေ့မှာ ပုဇွန်များ တောင်ပုံရာပုံဖြစ်နေသော ပန်းကန်လုံးနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက်တွင် ရုတ်တရပ် တော်တော်လေးကို ပျင်းစရာကောင်းသလို ခံစားလိုက်ရသည်။
“အဟာ့ ဆရာသခင်ချန်းက ဒီလှည့်ကွက်ကို လာကြွားနေတာပဲ”
“ဖူး ဆရာသခင်ချန်းက ဒီလို လူမျိုးလို့ မထင်ထားဘူး။ သူက ပုဇွန်တွေအများကြီး လုသွားတယ်”
ပရိုဂရမ်အသင်းမှ လူများကလည်း ထိုမြင်းကွင်းကို မြင်ပြီး ရယ်ကြသည်။ အထူးသဖြင့် မုရှောင်းနွမ်၏ နီရဲသွားသော မျက်လုံးကို မြင်သောအခါ ရုတ်တရပ် ထိုနှစ်ယောက်၏ ပျော်ပါးပြီး အေးဆေးသက်သာသော ဘဝကလည်း တော်တော်လေးကို ပျော်ရွှင်စရာကောင်းသည်ဟု ခံစားလာကြရသည်။ မနာလိုကြီးချင်စရာဘဝပဲ။
“ဟီးဟီး တစ်ခါတစ်ရံမှာ ငါ့ယောကျ်ားနဲ့ ငါလည်း အဲဒီလိုပဲ ဒါပေမဲ့ ငါကပဲ သူရဲ့ စားစရာကို လုတာလေ ဟီးဟီး”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း ရယ်မောပြီး နောက်ပြောင်နေကြလေရာ လူအများ၏ လှုံ့ဆော်နိုင်သည်။
“ဟွန့် အဲ့ဒီလိုဆိုမှာ အိမ်မှာ ငါကပဲ အနိုင်ကျင့်ခံရတာ။ ငါ့ယောက်ျားက ငါ့ကို ဒီလို စနေကျ ငါ့ရဲ့ စားစရာကို လုနေကျ ဟွန့်”
“အပေါ်ကတစ်ယောက် သူ့ကို ရိုက်လိုက်လေ”
“ဟားဟား ငါကတော့ သူ မလုနိုင်သေးခင် အရင်ကုန်အောင်စားလိုက်တာပဲ”
“ဟီးဟီး ဆရာသခင်ချန်းက စားပြီးဖို့ ဘယ်လောက်တောင် ကြာမလဲ။ ခန့်မှန်းကြည့် ရှောင်းနွမ်က ပြန်လုနိုင်မလား ကြည့်ရအောင်”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း ထိုနှစ်ယောက်ကို ကြည့်နေရင်း သဘောကျနေကြသည်။ နောက်ဆက်ဖြစ်မည့် ကိစ္စကိုပင် စိတ်ဝင်စားလာကြသည်။
သို့ရာတွင်
“လာ ဒါတွေအားလုံးက မင်းအတွက်”
ချန်းရန်က ဆူပုတ်နေသော မုရှောင်းနွမ်ကို ကြည့်ကာ ရုတ်တရပ် ပြုံးသည်။ သူ၏ ခေါက်ဆွဲပန်းကန်ကို မုရှောင်းနွမ်၏ အရှေ့သို့ တွန်းပေးပြီး မုရှောင်းနွမ်၏ အရှေ့မှ ခေါက်ဆွဲပန်းကန်ကို ပြောင်းယူသည်။
“အာ”
မုရှောင်းနွမ်ကပင် ချန်းရန်၏ အပြုအမူကို မှင်သက်စွာသာ စိုက်ကြည့်လိုက်သည်။ သူမက တစ်ခဏခန့် မှင်သက်သွားပြီးနောက် ချန်းရန်ကို မယုံနိုင်သလို ကြည့်သည်။ သူမ၏ မျက်ဝန်းက မှင်သက်ရာမှ အံ့အားသင့်မှုအဖြစ် ပြောင်းသည်။ ထို့နောက် ရှက်ရွံ့မှုအဖြစ် ပြောင်းသွားသည်။
“ယောကျ်ား ယောကျ်ား ဘာလုပ်တာလဲ”
မုရှောင်းနွမ်က နည်းနည်းရှက်သွားသည်။ သူမက ခေါင်းကိုပင် တိတ်တဆိတ် ငုံ့လိုက်ပြီးနောက် နားရွက်က နည်းနည်းရဲလာကာ ထစ်အစွာ ပြောသည်။
“ဒါက မကောင်းဘူးလေ”
71 02
လက်စသတ်တော့ သူမမှားတာကိုး။ သူမယောက်ျားက ပုဇွန်တွေအားလုံးကို သူမအတွက် ပြင်ဆင်ပေးတာကိုး။
ထိုအကွက်က မုရှောင်းနွမ်ကို ရှက်သွေးဖြာသွားစေသည်။ သူမ၏ နှလုံးသားက ဆက်တိုက် ခုန်လှုပ်လာပြီး နည်းနည်းပင် စကားမပြောနိုင်အောင် ဖြစ်သွားသည်။ နည်းနည်းလည်း ဖိအားများသွားသည်။ လက်စသတ်တော့ အချစ်ခံရတဲ့ ခံစားချက်က ဒီလိုကိုး ဟီးဟီး။ အရမ်းပျော်ရွှင်ဖို့ ကောင်းတာပဲ ဟီးဟီ။
“ဘုရားရေ ငါတော့ ရင်ထဲထိသွားပြီ ဆရာသခင်ချန်းက ရှောင်းနွမ်ကို သူ့ပန်းကန်လုံး ပေးလိုက်တာ”
“တောင်းပန်ပါတယ် ငါ အရမ်းတုံးအပြီး ဆရာသခင်ချန်းကို တစ်မျိုး ထင်ခဲ့မိတယ်”
“ဝူး ဝူး ဒီလောက်ကောင်းတဲ့ ယောက်ျားမျိုး ရှိမယ်လို့မထင်ထားဘူး။ ငါ့မှာ ဘာလို့ မရှိတာလဲ။ ငါ့ယောက်ျားက ငါ့ကို အမြဲတမ်းအနိုင်ကျင့်ပြီး စားစရာတွေ အမြဲတမ်း လုစားနေကျ”
“သတိပေးချက် သတိပေးချက်… ဆရာသခင်ချန်းကို သူတို့ရဲ့ချစ်ခြင်းကို မကြွားဖို့ ပြောချင်ပါတယ် ဝုတ်”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း စိတ်လှုပ်ရှားမှုဖြင့် ပွက်ပွက်ဆူလာကြပြီး သူတို့၏ နှလုံးသားက မနာလိုကြီးစိတ်သဝန်တိုစိတ် မုန်းတီးစိတ်များ ပြည့်နှက်သွားသည်။ သူတို့သည် ဆရာသခင်ချန်း၏ ကောင်မလေးကို ကြူတတ်သော စွမ်းရည်က ထိုမျှအထိ ပြောင်မြောက်နေမည်ဟု မထင်ထားမိပေ။
အာ သင်ယူစရာတွေအများကြီးပဲ။
“အမျိုးသမီးမုက ကံကောင်းလိုက်တာ ဆရာသခင်ချန်းက ဒီလောက်ချောတာ။ ဒါတောင်မှ သူ့ရဲ့ ဇနီးကို အရမ်းအလိုလိုက်သေးတယ်”
“အာ ငါနင့်ကို အရမ်းကို ချစ်တာပဲ။ ငါလည်း ငါ့ကို ဒီလောက်အထိ အလိုလိုက်တဲ့ ယောက်ျားမျိုး တွေ့ဖို့ မျှော်လင့်တယ်”
“ဘုရားရေ ခေါက်ဆွဲအရာသာကတင် ငါတို့ကို အရမ်းကို မနာလို ကြီးစေပြီးသား အခုတော့ သူတို့ရဲ့ချစ်ခြင်းကို လူတွေကို ကြွားနေတာကို မြင်ပြီးတော့ တော်တော်လေးကို လေးစားမိသွားတယ်”
ပရိုဂရမ်အသင်းမှ လူများကပင် ချဉ်စုတ်ကုန်ကြသည်။ သူတို့သည်လည်း ဒီနေရာသို့ လာမိသည်မှာ အမှားကြီးလုပ်မိသလိုခံစားရသည်။
သူတို့ဘာသာ ပြန်ပြီး စားတာက အရသာမရှိလို့လား။ သူတို့က ဒီခေါက်ဆွဲကို တော်တော်လေး မျှော်နေမိပြီးသားဖြစ်သည်။ ယခုမူ ခွေးစာကိုပင် ထပ်စားလိုက်ရသည်။
အားလုံးသည်လည်း မနာလိုကြီးသွားကြပြီးနောက် သူတို့၏ ဇနီးများ သို့မဟုတ် ချစ်သူများကို ချက်ချင်း ပြေးရှာချင်သွားသည်။
ဘာလို့ ဒီနေရာမှာလာပြီး ဒုက္ခခံနေရမှာလဲ။
“ယောက်ျား”
မုရှောင်းနွမ်က စိတ်ငြိမ်သွားသည်။ ချန်းရန်ကို ခပ်တိုးတိုးခေါ်သည်။ ရှင်းလင်းစွာပင် သူမ၏ လှပသော မျက်လုံးထဲတွင် မြူများစိုင်းနေသည်။ သူမ၏ ပုဇွန်များ ပြည့်နေသော ပန်းကန်ကို ကြည့်ပြီးနောက် ရုတ်တရပ် ငိုချင်လာသည်။
“ဘာလဲ မစားတော့ဘူးလား”
ချန်းရန်သည် ထိုကောင်မလေးကို ကြည့်နေရင်း ရုတ်တရပ် စချင်လာပြန်သည်။ သူသည် ရုတ်တရပ် လက်ကို ဆန့်ထုတ်ကာ ပန်းကန်လုံးကို လှမ်းယူလိုက်သေးသည်။
“မစားချင်ရင်လည်း ငါ့ကို ပေးလေ”
71 03
“မပေးပါဘူး”
မုရှောင်းနွမ်က ခပ်မြန်မြန် တုံ့ပြန်ပြီးနောက် ပန်းကန်ကိုလှမ်းဆွဲသည်။ ထို့နောက် အရှေ့နားသို့ တိုးကာ ဆွဲလိုက်ရင်း ပြောသည်။
“ဘာလို့ ပေးပြီးသားကို ပြန်ယူရမှာလဲ မလိုချင်ဘူးဆိုရင်လည်း မပေးနဲ့လေ”
ထိုကောင်မလေးက နှာခေါင်းလေးကို အသာရှုံ့လိုက်သေးသည်။ သူမ၏ ချစ်စရာကောင်းပြီး ဂုဏ်ယူနေပုံရသော မေးစေ့လေးကို နည်းနည်း မော့ထားသည်။ လှပသော မျက်နှာလေးကလည်း မနက်ခင်း အလင်းရောင်အလား တောက်ပနေသည်။ သိသာထင်ရှားသော လှပသည့် ပါးချိုင့်လေးများကလည်း ပန်းရောင်နှုတ်ခမ်းလေးနှင့် ထင်ဟပ်နေ၏။ သူမက ပန်းချီကားချပ်အလား လှသည်။ ထိုအချိန်တွင် မုရှောင်းနွမ်၏ သေစေနိုင်သော စွမ်းရည်က ပြင်းထန်လွန်းပြီး ချန်းရန်၏ ဆက်စချင်သော လက်ဖဝါးကပင် မနေနိုင်ဘဲ နူးညံ့သွားရကာ ထိုကလေးနှင့် ဆက်ပြီး မပြိုင်တော့ရန် ဆုံးဖြတ်လိုက်သည်။
“ဒါဆိုရင်လည်း မြန်မြန်စား”
ချန်းရန်က လက်ကို ပြန်ရုတ်လိုက်သည်။ သူ၏ မျက်နှာက အပြုံးများ ပြည့်နေသည်။ ထိုကောင်မလေးက ကြည့်လေလေ ပို၍ပင် ချစ်စရာကောင်းလေလေဖြစ်လာသည်။ သူ၏ နှလုံးသားထဲတွင်လည်း ချိုမြိန်သော ချစ်စိတ်များ ပြည့်သွားသည်။
“အင်း ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ယောက်ျား”
မုရှောင်းနွမ်က ပျော်ရွှင်လွန်းပြီး သူမ၏ အသံကပင် သာယာလာသည်။ ထို့နောက် ဆိုးသွမ်းသော ခပ်ဆိုးဆိုးအသံလေးကြောင်း လူအများအား သက်ရောက်ခံရသလို ပျော်ရွှင်လာစေသည်။
“ယောက်ျား ဒီမှာ ယောက်ျားအတွက်”
မုရှောင်းနွမ်က သူမဘာသာ ပုဇွန်တစ်ကောင်ကို အခွံနွာပြီးနောက် ပုဇွန်အမြီးကိုကိုင်၍ ချန်းရန်ထံသို့ ချွဲသော အမူအရာမျိုးနှင့် ကမ်းပေးသည်။
“ယောက်ျား ကျေးဇူးပြုပြီး ပုဇွန်လေးစားပါ”
“အာ ငါ့ဘာသာငါ အခွံနွာပါ့မယ်”
ချန်းရန်ကလည်း ပရိုဂရမ်အသင်းနှင့် ကင်မရာကို တစ်ချက် ကြည့်ပြီးနောက် ရှက်သွားသည်။ ထိုကောင်မလေးက လူသန်းပေါင်းများစွာ၏ ကြည့်ရှုမှုအောက်တွင်ပင် သူ့ကို လာခွံ့ကျွေးနေသည်။ ချန်းရန်က နည်းနည်း ရှက်သွားပြီး သူ၏ နှလုံးသားကပင် ရုတ်တရပ် လှုပ်ခပ်သွားသည်။
“ပန်းကန်လုံးထဲက ကျန်တာတွေ ဘယ်ရောက်သွားလဲ”
မုရှောင်းနွမ်ကမူ အခြားသော သူများက သူမ၏ အပြုအမူကို ကြည့်နေသည်ကို သိပုံမရချေ။ သိလျှင်လည်း ဂရုစိုက်မည့်ပုံ မပေါ်ချေ။ အချစ်ရေးကို ပွင့်လင်းမြင်သာစွာ ပြသသင့်သည်။ ထို့အပြင် သူမသည်လည်း ချန်းရန်စားရန် ပုဇွန် နွာပေးချင်နေခြင်းဖြစ်သည်။
“ကောင်းပြီ ကောင်းပြီ ငါလုပ်လိုက်မယ်”
ချန်းရန်က ကူကယ်ရာမဲ့သလို ပြုံးလိုက်ပြီး ထိုကောင်မလေးနှင့် ပူးပေါင်းကာ လက်ကို ဆန့်၍ လှမ်းယူသည်။
“ဟေ့ မယူနဲ့လေ မရိုးသားတာပဲ”
မုရှောင်းနွမ်က နှုတ်ခမ်းရဲရဲလေးကို အသာမဲ့ပြီး သိသိသာသာကို မပျော်မရွှင်ဖြစ်သွားသည်။
71 04
“ငါက နင့်အတွက် အခွံနွာပေးထားတာကို သေချာပေါက် ပါးစပ်လေးကို ဟပြီးတစ်ခါတည်း တစ်ကိုက်စားရမှာပေါ့”
“ကောင်းပါပြီ”
ချန်းရန်၏ နှလုံးသားက တစ်ချက် အခုန်မှားသွားသည်။ ပရိုဂရမ်အသင်းမှ လူပေါင်းများစွာ၏ မျက်စိအောက်တွင်ပင် သူက ပါးစပ်ကို ဟ၍ မုရှောင်းနွမ် ကမ်းပေးသော ပုဇွန်ကို ကိုက်လိုက်သည်။
“ဘယ်လိုနေလဲ”
မုရှောင်းနွမ်၏ မျက်နှာက ရဲနေသည်။ ချန်းရန်က ကိုက်လိုက်သောအခါ သူ၏ နှုတ်ခမ်းနှင့် လက်ဖဝါးအထိအတွေ့က စစ်မှန်လွန်းသဖြင့် သူမ၏ မျက်နှာကပင် ရဲတက်သွားရသည်။ သူမသည် အကြောင်းပြချက် တစ်ခု ရှာကာ ချန်းရန်ကို ခပ်မြန်မြန် မေးလိုက်သည်။
“လက်လေးတွေက နူးညံ့နေတာပဲ လေလိုပဲ ညင်သာတယ်”
ချန်းရန်ကလည်းနှုတ်ခမ်းပေါ်မှ ရစ်ဝဲသော ခံစားချက်ကို ပြန်တွေးလိုက်ပြီး ပြောလိုက်သည်။ ထိုသို့ပြောပြီးသည်နှင့် တစ်စုံတစ်ရာက မှားယွင်းနေမှန်း သိလိုက်သည်။ ရုတ်တရပ် မျက်လုံးကို လှည့်ကာ ခပ်မြန်မြန် ပြောသည်။
“အင်း ပုဇွန်အသားက အရမ်းချိုတယ် နူးညံ့တယ်”
“ဒါဆိုရင် နောက်တစ်ကောင်စားချင်သေးလား”
*****
72 04
“ငါက ဘာဖြစ်လို့လဲ”
“အိုး မယုံသေးဘူးလား”
ယန်ရွှယ်က နှာခေါင်းရှုံ့သည်။
“ဒါဆိုရင် အစ်မကြီးက မေးပါအုံးမယ်။ နင်တို့ အချစ်အကြောင်း ဘယ်လို ပြောကြလဲ”
“လူနှစ်ယောက်က အတူပျော်ရွှင်တာပဲ မဟုတ်ဘူးလား”
မုရှောင်းနွမ် ထိုသို့ ဖြစ်လိမ့်မည်ဟု ပြောသည်။
“ဘုရားရေ ငါ့ဒေါ်လေး”
ယန်ရွှယ်က ဆွံ့အသွားသည်။ မုရှောင်းနွမ်ကလည်း ယန်ရွှယ်သည် ခေါင်းကိုပင် ဆွံ့အစွာ ခါယမ်းနေသည်ဟု တွေးမိသည်။ မုရှောင်းနွမ်ကလည်း ရှက်ရွံ့သွားသည်။
“ငါ…ငါမှားလို့လား”
ထို့နောက် သူမ၏ လေသံက ရုတ်တရပ် အားနည်းသွားသည်။
“မဟုတ်ဘူးလား”
“အင်း”
ယန်ရွှယ်က ရည်ရွယ်ချက် ရှိရှိဖြင့် နှာခေါင်းရှုံ့သည်။
“အင်း နင်က ဘာလို့ ဒီလောက်ထိ တုံးတာလဲ ငါ ရယ်ချင်လာပြီ”
မုရှောင်းနွမ်က စိုးရိမ်စိတ်များလာပြီး အံကို ကြိတ်သည်။
“ဒီမိန်းမဆိုးကတော့ တမင်တကာ လုပ်နေပြန်ပြီ”
“ငါ တကယ်ဆွံအသွားတာ။ နင်တကယ် နားမလည်ဘူးလား”
ယန်ရွှယ်က သက်ပြင်းချသည်။ ထိုကောင်မလေးက သူမကို ပူပန်စေသည်။
“ဒါဆိုရင် ငါနင့်ကို မေးပါအုံးမယ်။ မုရှောင်းနွမ် နင် အလကားလိုချင်လား”
******