အခန်း ၇၂
Vol. 8 Ch. 72
72 01
အပိုင်း (၇၂)
“နောက်တစ်ခု စားချင်သေးလား”
မုရှောင်းနွမ်က ရှက်သွားသည်။ ချန်းရန်ယခုလေးတင် ပြောသွားသော စကားကို ပြန်တွေးနေသည်။
သူမရဲ့လက်လေးက တကယ်ပဲ သက်တောင့်သက်သာရှိတာလား။
ထိုအကြောင်းအရာကို တွေးမိသော် မုရှောင်းနွမ်သည်လည်း ဘာကြောင့်ရယ်မှန်းမသိ မျက်နှာက ရဲသထက် ရဲလာသည်။ ပို၍ပင် စိုးရိမ်ကြောင့်ကြလာသည်။ ထိုအခိုက်အတန့်တွင် ချန်းရန်၏ နှုတ်ခမ်းပါးကို ထိရသည်ကလည်း သက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။
“မင်းလည်း တစ်ခု စားသင့်တယ်။ ဒါတွေအားလုံးက မင်းအတွက်လေ။ ငါတစ်ယောက်တည်း စားလို့မရဘူး”
ချန်းရန်၏ အမူအရာက တစ်ချက် လှုပ်ရှားသွားသည်။ သူက မုရှောင်းနွမ်ကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ နမူနာ ပုံစံအတိုင်း သူမအတွက် တစ်ခုခုယူကာ အခွံနွာပေးပြီးနောက် အရှေ့ဖက်တွင် ထားပေးသည်။
“ကောင်းပြီ ကောင်းပြီ”
မုရှောင်းနွမ်၏ လှပသောမက်မွန်ပန်းပွင်းကဲသို့ မျက်ဝန်းက ဖြောင့်တန်းကာ ကျဉ်းမြောင်းသွားသည်။ သူမက ပြုံးလိုက်ပြီး ပါးစပ်ဟကာ ယူတော့မည့် အချိန်တွင် အနီရောင်နှုတ်ခမ်းကို အသာမော့၍ ပြောလိုက်သည်။
“မဟုတ်သေးဘူး ယောက်ျား ယောက်ျား ငါ့ကို ခွံ့ရမယ်လေ”
“မင်းက အသက်ဘယ်နှနှစ်လဲ ခွံ့ကျွေးစေချင်တာလား”
ချန်းရန်က ထိုကောင်မလေး၏ နည်းနည်းဝေဝါးသော မျှော်လင့်ချက် အပြည့်နှင့် မျက်လုံးကို တွေ့လိုက်ပြီး တမင်တကာ စလိုက်ပြန်သည်။ ချန်းရန်၏ မျက်လုံးထဲတွင်လည်း အလင်းက လက်နေသည်။ ဒီကောင်မလေးက သူ့ကို တကယ် ခွံ့ကျွေးစေချင်နေတာ ဒါက ဘယ်လို ခံစားချက်များလဲ။
“ယောက်ျားလည်း အတူတူပဲလေ မဟုတ်ဘူးလား အခုလေးတင် ခွံ့ကျွေးလိုက်တဲ့ဟာကို”
မုရှောင်းနွမ်က နှုတ်ခမ်းကို ဆူပြီး လက်သင့်မခံသလိုမျိုးပြောသည်။
အရူးကောင်ပဲ။ သူက ပါးစပ်ပိတ်သွားတာနဲ့ ချက်ချင်းလျှစ်လျူရှုသွားပြန်တယ်။
အခုလေးတင် လက်နဲ့ ခွံ့ကျွေးလိုက်တဲ့ဟာကို ဘယ်နှနှစ်လဲဆိုပြီး ပြောပြန်ပြီ။
“ကောင်းပြီ ကောင်းပြီ”
ချန်းရန်ကလည်း အပြုံးကို ဖိနှိပ်လိုက်ပြီး ထိုကလေးမ၏ ရှက်နေသော မျက်နှာကို ကြည့်သည်။ ထိုအခြေအနေက ချန်းရန်၏ဟော်မုန်းများကို ချက်ချင်း လှုံ့ဆော်ပေးလိုက်သည်။ ထိုကလေးမလေးက ထိုမျှနူးညံ့ပြီး စေးကပ်သော အသံအား ထိုမျှ ဆွဲဆောင်မှုပြင်းသော မျက်နှာနှင့် ပေါင်းတွဲကာ ချွဲနေသည်။
ဆိုတော့ မိုက်ရူးရဲမဆန်ဖို့တောင် ခက်တယ်။
“လာ”
မမျှော်လင့်ထားစွာပင် ထို့နောက် တစ်ခဏတွင် ချန်းရန်က ပုဇွန်အမြှီးကို ကောက်ယူလိုက်ပြီး အမြှီးကို ကိုင်ကာ မျက်နှာကို တဖြည်းဖြည်းကပ်သွားပြီး မုရှောင်းနွမ်ဖက်သို့ တွန်းပို့ပေးသည်။
“ဟင် ဘာ…ဘာလုပ်တာလဲ”
မုရှောင်းနွမ်၏လှပပြီး တောက်ပသော မျက်လုံးက တစ်ချက် လင်းလက်သွားပြီး အံ့အားသင့်မှု အပြည့်နှင့် ပေါ်လာသည်။
“ဘယ်အချိန်က ယောက်ျားရဲ့ မျက်နှာက ဒီလောက်ထိ ကပ်လာတာလဲ”
“မင်းပဲ ခွံ့ကျွေးစေချင်တာ မဟုတ်ဘူးလား”
ချန်းရန်၏ မျက်လုံးကလည်း စနောက်လိုသော အပြုံးအပြည့်နှင့်ဖြစ်သည်။ ဒီကလေးမလေးက အတော်လေးကို တက်ကြွတယ်။
72 02
ချန်းရန်သည်လည်း သူသဘောအကျဆုံးက ထိုကလေးမလေးကို စနောက်မှု ဖြစ်ကြောင်းကိုပင် သိလာသည်။ သူမ၏ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော အမူအရာကို မြင်ရုံနှင့်တင် စိတ်ဝင်စားစရာကောင်းသည်။
“အာ”
မုရှောင်းနွမ်၏ ရင်က ရုတ်တရပ် ခုန်လှုပ်သွားသည်။ မျက်နှာပေါ်မှ ရှက်ရွံ့မှုက လျှင်မြန်စွာ ပြန့်နှံ့သွားပြီး လည်ပင်းအထိရောက်သည်။ သူမတွင် ဆွဲဆောင်မှုရှိပြီး နီရဲသော ပန်းလေးကဲ့သို့ မျက်နှာလေးရှိရာ အလွန်အမင်းပင် ပူလာသည်။ သူမက တော်တော်လေးကို မျက်နှာပူလာသည်။ သူမ၏ ယောက်ျားက စနောက်ရာတွင် တော်လွန်းသဖြင့် သူမသည်လည်း မသိလိုက် မသိဘာသာဖြင့်..
“မြန်မြန်လေး”
ချန်းရန်က မျက်ခုံးပင့်ပြီးဆိုးသွမ်းသော လူကဲ့သို့ ပြုမူသည်။ ဆိုရိုးစကားတစ်ခုအကြောင့်
“နီးကပ်သွားတဲ့အခါ အနီရောင်မက်မွန်သီးက ရဲသွားတယ်တဲ့”
ထိုစကားအတိုင်း သူသည် မုရှောင်းနွမ်နှင့် အချိန်တန်ကြာအောင် နေပြီးနောက် ညင်သာသော ချန်းရန်ကပင် တစ်ခါတစ်ရံတွင် ဆိုးသွမ်းပြီး ရယ်စရာကောင်းလာသည်။
“ငါ”
မုရှောင်းနွမ်က ပုဇွန်ကဲ့သို့ နီရဲနေသော လှပသော မျက်နှာကို စောင်းသထက် စောင်းလိုက်ပြီးနောက် နံဘေးမှ သဘောတကျကြည့်နေသော ပရိုဂရမ်အသင်းကို ကြည့်သည်။ အနောက်ဖက်မှ ကင်မရာများကို ကြည့်ပြီး ခပ်မြန်မြန် ညွှန်ပြကာ ပြောသည်။
“အင်း မကြည့်နဲ့ ဒီအပိုင်းကို ဖြတ်လိုက်”
“ဟားဟားဟား”
ပရိုဂရမ်အသင်းက ရယ်သည်။ ဒါရိုက်တာကပင် ပျော်ရွှင်စွာနှင့် ကင်မရာကို ဘေးဖက်သို့ ရွှေ့လိုက်သေးသည်။ လူတိုင်းကလည်း မျက်နှာကို လွဲလိုက်ကြသည်။ သို့သော် သူတို့၏ မျက်ဝန်းထောင့်ကမူ ခိုးကြည့်နေသည်။
မုရှောင်းနွမ်ကလည်း စိတ်အေးသွားပြီးတစ်ဖက်သို့ တဖြည်းဖြည်းချင်စီ ပြန်လှည့်သည်။ လှပသော မျက်လုံးက လှုပ်ခတ်သွားပြီး အမူအရာက တုံ့ဆိုင်းသွားပုံပေါ်သည်။ ထို့နောက် တစ်ခဏတွင် ချန်းရန်ကပင် မတုံ့ပြန်နိုင်သေးခင် ထိုကောင်မလေးက ရုတ်တရပ် ခေါင်းကို ဆန့်ထုတ်လိုက်သည်။
ထိုကောင်မလေးက အလွန်အမင်း မြန်ဆန်စွာ ကိုက်လိုက်သည်။
“ဟင်”
ချန်းရန်သည်လည်း ရုတ်တရပ် လျှပ်စီးလက်သကဲသို့ ဖြတ်ပြေးသွားသော နူးညံ့ပြီး နွေးထွေးသော ခံစားချက်ကို ရလိုက်သည်။ ထိုကောင်မလေးက လျှင်မြန်လွန်းစွာနှင့် နွေးထွေးမှုကို တစ်ခဏသာချန်ရစ်ပြီး ထွက်သွားသည်။
ထိုအခိုက်အတန့်တွင်ပင် အချိန်ကပင် ခဲသွားသလို ထင်ရသည်။ သို့သော် လှပပြီး အမှတ်ရစရာ ဖြစ်လောက်သည်။
အရာအားလုံးကို ရေတွက်ကြည့်သော် ဒါကလည်း မုရှောင်းနွမ်နှင့် ပထမအနမ်းဟု ပြော၍ ရသေးသည်။
အလွန်အမင်း ပေါ့ပါးသော်လည်း ပုဇဉ်းရင်ကွဲကောင်က ရေကို လာထိသကဲ့သို့ ဆက်ကနဲလေးသာ လာထိသည့်တိုင်အောင် ထိုအခိုက်အတန့်တွင် မနေနိုင်အောင်ပင် ရုတ်တရပ် နှလုံးသားက အခုန်နှုန်းမြန်ဆန်သွားသည်။ နှစ်ယောက်ကြားမှ အကွာအဝေးကလည်း တိုတောင်းသွားပုံပေါ်သည်။
အတိတ်တွင်မူ မုရှောင်းနွမ်ကလည်း ချန်းရန်သည် သူမနှင့် အကွာအဝေးတစ်ခု ထားထားသလို ခံစားနေရတတ်သည်။ သူတို့၏ ဆက်ဆံရေးကို အတည်ပြုပြီးသော်လည်း တစ်စုံတစ်ရာက လွဲချောနေသေးသလို ခံစားရပြန်သည်။ သို့ရာတွင် ဒီနေ့တွင်မူ ထိုအရာများက မရှိသလိုခံစားရပြီး ပို၍ပင် နီးကပ်သွားသည်။
“အရသာရှိလား”
ထိုအထိအတွေ့ကြောင့် အနည်းငယ်စိတ်လွှင့်သွားပြီးသည်နှင့် ချန်းရန်က အခွင့်အရေးပြန်ရှာကာ မေးလိုက်သည်။
“အင်း နူးညံ့ပြီး နွေးနွေးထွေးထွေးရှိတယ် သက်တောင့် သက်သာရှိတယ်”
72 03
မုရှောင်းနွမ်က အလိုလျောက် ဖြေပြန်သည်။
“အာ”
ထုတ်လုပ်ရေးအသင်းမှ လူများက အော်ကြသည်။ ဟယ်လောင်ရှီးကပင် အချဉ်ပေါက်သလို ပြောသည်။
“အိုး ချဉ်လိုက်တာ ငါ ပြန်ပြီး လဲအိပ်တာ ကောင်းမယ်ထင်တယ်”
“ဟယ်လောင်ရှီး မစားတော့ဘူးလား”
“ငါဆရာသခင်ချန်းရဲ့ ခေါက်ဆွဲနဲ့ ရတာနဲ့တင် ဗိုက်တဝက်ပြည့်နေတာ အခုတော့ ခွေးစာနဲ့တင် ကျန်တဲ့တဝက်က ပြည့်သွားပြီ”
“ဟယ်လောင်ရှီး ငါတို့လည်း ပြန်လည်း ငါလည်း မစားချင်တော့ဘူး”
ဟွမ်လောင်ရှီးကလည်း ထိုသို့ပြောပြီး ထွက်သွားသည်။
“ဖုန်းဖုန်း ငါတို့ကရော”
အစ်မကြီး ကျစ်ဖုန်းက မေးသည်။
“ငါတော့ သုံးပန်းကန်လောက် ထပ်စားနိုင်အုံးမယ် ထင်တယ်”
ပရိုဂရမ်အသင်းက သူတို့ ထောင်ယန်ရွာသို့လာသည့် ပထမတစ်ရက်တွင်ပင် အချက်အချာကျသော ထိမိနှုန်းနှင့် အမှတ်တစ်သောင်းကျော်ပင် ရရှိသွားသည်။ တက်သွားပြီးနောက်အားလုံးကလည်း ဒါရိုက်တာအား မနက်ဖြန်ဆိုလျှင် ထူးခြားသော စွမ်းရည်မျိုးကို ပြသသင့်သည်ဟု ပြောကြသည်။ သို့မဟုတ်ပါက သူတို့သည် ရိုက်ကူးရေးလုပ်ရန်လာပြီး အခြားသော သူများက သူတို့၏ ကျော်ကြားမှုများကို သိမ်းယူသွားပေလိမ့်မည်။
ယခုအခါ အင်တာနက်က အထွန့်တက်မှုများ ပြည့်နှက်နေသည်။
နောက်ဆုံးတစ်ပန်းကန်ကို စားပြီးနောက် မုရှောင်းနွမ်က အခန်းသို့ပြန်ကာ ရေသွားချိုးသည်။ ချန်းရန်ကမူ ငါးကန်အသစ်တွင် အလုပ်ဆက်လုပ်နေသည်။ သူဟာ လမ်းကြုံအင်ဂျင်နီယာအသင်းကိုပင် ဆက်သွယ်ကာ စလုပ်ခိုင်းထားသည်။ နောက်ဆုံးတွင် အသစ်စက်စက် ဆောက်ပြီးကာစ farm ကို သွားကြည့်လိုက်သေးပြီး ထိုfarm ၏ အနေအထားများကို ရင်းနှီးအောင် လုပ်သည်။
“ဝိုး အရမ်းကို လန်းဆန်းတာပဲ သက်တောင့်သက်သာရှိလိုက်တာ။”
ညအိတ်ဝတ်စုံနှင့် လှပစွာ ရေချိုးပြီးကာစ မုရှောင်းနွမ်က အကျောဆန့်ရင်း သမ်းနေသည်။ ထိုကောင်မလေးက ရေချိုးပြီးကာစဖြစ်ပြီးအသားအရည်က နူးညံ့နေကာ ဖြူဖွေးကာ ပန်းရောင်သန်းနေပြီးညင်သာသည်။
ချစ်ခြင်းဖြင့် အားဖြည့်ခံထားရသော မိန်းကလေးတိုင်းက ခြားနားသည်။
မုရှောင်းနွမ်က လက်သည်းလေးများကို ရေတွက်ကြည့်သည်။ ဒီနေ့က သူမနှင့် ချန်းကောကော၏ ဆက်ဆံရေးကို တည်ထောင်ပြီး တတိယမြောက်နေ့ဖြစ်သည်။ နှစ်ယောက်ကြားမှ ဆက်ဆံရေးကလည်း ပထမဦးဆုံးအကြိမ်အဖြစ် ချိုးဖြတ်သက်ရောက်မည့် တိုးတက်မှုမျိုးရှိလာကာ ကိုယ်စားပြု အနမ်းလည်း ရှိသည်။
“ဟေး ရှောင်ရွှယ် ဘယ်လိုလဲ မနာလို ကြီးနေပြီလား”
အိပ်ယာပေါ်တွင် လဲနေသော ကောင်မလေးက မကျော့ရှင်းသော ပုံစံမျိုးဖြစ်ပြီး ညအိပ်ဝတ်စုံအများကြီးက အပေါ်ဖက်သို့ လှန်တက်နေသော ဖြူဖွေးနေသော အသားအရည်က ပေါ်နေသည်။ ထို့အပြင် သူမက ခြေတံရှည်များကိုလည်း ယမ်းနေရင်း ဖုန်းတစ်ဖက်မှ ယန်ရွှယ်နှင့် စကားပြောနေသည်။
“ကျွတ် ဒီလောက်ပဲလား ဒါကို အနမ်းလို့ သတ်မှတ်လို့ရလို့လား”
အခြားတစ်ဖက်မှ ယန်ရွှယ်ကလည်း ပင်ပန်းနေပုံရပြီး အထင်သေးသံနှင့် ဆိုသည်။
“မုရှောင်းနွမ် နင်က ဒီလို အရှုံးသမားပဲ မဟုတ်ဘူးလား။ နင်တို့က ဆက်ဆံရေးတစ်ခုတောင် တည်ထောင်ပြီးပြီလေ။ ဘယ်လိုကြောင့် နင့်ရဲ့ ရိုးရှင်းပြီး တုံးအတဲ့ခေါင်းကို မဖွင့်တာလဲ”
“ဘာကိုဆိုလိုတာလဲ”
မုရှောင်းနွမ်က မပျော်မရွှင် ဖြစ်သွားပြီး ဆူပုတ်ကာ ပြောသည်။
72 04
“ငါက ဘာဖြစ်လို့လဲ”
“အိုး မယုံသေးဘူးလား”
ယန်ရွှယ်က နှာခေါင်းရှုံ့သည်။
“ဒါဆိုရင် အစ်မကြီးက မေးပါအုံးမယ်။ နင်တို့ အချစ်အကြောင်း ဘယ်လို ပြောကြလဲ”
“လူနှစ်ယောက်က အတူပျော်ရွှင်တာပဲ မဟုတ်ဘူးလား”
မုရှောင်းနွမ် ထိုသို့ ဖြစ်လိမ့်မည်ဟု ပြောသည်။
“ဘုရားရေ ငါ့ဒေါ်လေး”
ယန်ရွှယ်က ဆွံ့အသွားသည်။ မုရှောင်းနွမ်ကလည်း ယန်ရွှယ်သည် ခေါင်းကိုပင် ဆွံ့အစွာ ခါယမ်းနေသည်ဟု တွေးမိသည်။ မုရှောင်းနွမ်ကလည်း ရှက်ရွံ့သွားသည်။
“ငါ…ငါမှားလို့လား”
ထို့နောက် သူမ၏ လေသံက ရုတ်တရပ် အားနည်းသွားသည်။
“မဟုတ်ဘူးလား”
“အင်း”
ယန်ရွှယ်က ရည်ရွယ်ချက် ရှိရှိဖြင့် နှာခေါင်းရှုံ့သည်။
“အင်း နင်က ဘာလို့ ဒီလောက်ထိ တုံးတာလဲ ငါ ရယ်ချင်လာပြီ”
မုရှောင်းနွမ်က စိုးရိမ်စိတ်များလာပြီး အံကို ကြိတ်သည်။
“ဒီမိန်းမဆိုးကတော့ တမင်တကာ လုပ်နေပြန်ပြီ”
“ငါ တကယ်ဆွံအသွားတာ။ နင်တကယ် နားမလည်ဘူးလား”
ယန်ရွှယ်က သက်ပြင်းချသည်။ ထိုကောင်မလေးက သူမကို ပူပန်စေသည်။
“ဒါဆိုရင် ငါနင့်ကို မေးပါအုံးမယ်။ မုရှောင်းနွမ် နင် အလကားလိုချင်လား”
******