← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

74 01

အပိုင်း (၇၄)

“ယောက်ျား ပြန်လာပြီလား”

မုရှောင်းနွမ်က ပြန်လာသော ချန်းရန်ကို မြင်သည်နှင့် ချက်ချင်းအပြေးအလွှားသွားပြီး သူ၏ ရင်ခွင်ထဲသို့ ပစ်ဝင်သည်။

“ဟင် ဘာဖြစ်တာလဲ”

ချန်းရန်က မျက်တောင် တဖြတ်ဖြတ် ခတ်လိုက်သည်။

မုရှောင်းနွမ်၏ ပုံစံကို ကြည့်ပြီး နည်းနည်း စိတ်ရှုပ်သွားသည်။

ဒီကောင်မလေးက သူ့ရဲ့ ရင်ခွင်ထဲ ပစ်ဝင်လာပါလား ဘာဖြစ်တာလဲ။

“အချစ်”

မုရှောင်းနွမ်က ခေါင်းကို မော့လာပြီး လှပသောမျက်လုံးက ရဲနေသည်။ ချန်းရန်အား ဆိုးသွမ်းသလိုကြည့်ကာ ခပ်မတ်မတ် ထရပ်သည်။ ထို့နောက် မျက်လုံးကို တစ်ချက်သုတ်ပြီး အားတင်းကာ ပြုံးသည်။

“ဘာမှ မဟုတ်ပါဘူး”

“ငါ အခုလေးတင် နင်က ဒီနေ့ အရမ်းပင်ပန်းနေမယ်လို့ ခံစားမိလို့ ငါအဝတ်အစား ကြိုပြင်ပေးတာ”

မုရှောင်းနွမ်၏ လှပသော မျက်နှာက နည်းနည်း ရဲနေသည်။ သူမက ချန်းရန်ရင်ခွင်ထဲမှ နည်းနည်းရုန်းကန်ကာ ထွက်ပြီး ပြင်ဆင်ထားသော အဝတ်အစားကိုပေးသည်။

“ဒီမှာ နင့်အတွက်”

“အင်း”

ချန်းရန်ကလည်း လေသံကို တော်တော်လေးကို ဆွဲဆန့်လိုက်ပြီး ထိုကောင်မလေး၏ မျက်လုံးကို စိုက်ကြည့်နေကာ အဝတ်ကို တစ်ချက်ပြန်ကြည့်သည်။ သူသည် တစ်စုံတစ်ရာကို ခန့်မှန်းမိလိုက်သလိုမျိုး မျက်လုံးက လုံးဝပြောင်းသွားကာ သိလိုက်သည်။

တစ်ခုခုကတော့ မှားနေပြီ။

“မင်း”

ချန်းရန်၏ နှလုံးသားက တစ်ချက် ခုန်လှုပ်သွားသည်။

နည်းနည်း မသေချာမရေရာသလိုမျိုးဖြစ်နေသေးသည်။

ဒီကောင်မလေးက သူ့ရဲ့ရတနာ လျှို့ဝှက်ချက်ကို သိသွားတာလား။

ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အဝတ်တွေက အဲဒီမှာ အတူထားတာလေ။

“ငါ..ဘာဖြစ်လဲ”

မုရှောင်းနွမ်က ချန်းရန်၏ အရှေ့တွင် ချွဲသလိုလေးရပ်နေလိုက်ရင်း လှပသော မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်သည်။ ရုတ်တရပ် သူမက ကျောဖက်သို့ လက်ကို ပို့လိုက်ရင်း အနားကပ်လာသည်။ လှပသော မျက်လုံးက ချန်းရန်ကို တိုက်ရိုက်စိုက်ကြည့်သည်.

“ပြောပါအုံး ငါ့ဆီကနေ ဘာလျှို့ဝှက်ချက်များ ဖုံးကွယ်ထားလို့လဲ”

“မင်း”

ချန်းရန်က အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်လိုက်ပြီး ပခုံးတွန့်လိုက်ရသည်။

ထိုအချိန်တွင် သူဟာ မုရှောင်းနွမ်ကြောင့် စိတ်ထွေပြားနေခဲ့ရာမှ တစ်စုံတစ်ရာကို နားလည်လိုက်သည်။

ဝိုး ငါ့ယောက်ျားက သရုပ်ဆောင် တော်တော် ကောင်းလိုက်တာ။

ဟန်ဆောင် ဆက်ပြီး ဟန်ဆောင်နေစမ်းပါ။

မုရှောင်းနွမ်၏ မျက်လုံးထဲမှ အပြုံးက ပိုပိုပြီး ပြင်းထန်လာသည်။ ထိုဆိုးသွမ်းသော ကောင်မလေးက ရုတ်တရပ် အတွေးတစ်ခုကို ရသွားပြီး ချန်းရန်၏ မျက်လုံးကို ကြည့်ကာ ပြုံးပြီး ပြောသည်။

74 02

“ယောက်ျား ဘယ်သူမှ မသိတဲ့ ကိစ္စတစ်ခုများ လျှို့ဝှက်ထားသေးလား”

“ငါက အဲ့လို လူမျိုးလား”

ချန်းရန်က အလေးအနက်ထားပြောပြီး လက်ကို ဆန့်ထုတ်၍ မုရှောင်းနွမ်၏ နဖူးကို အသာပုတ်သည်။

“နေမကောင်းဖြစ်လို့လား အဖျားရှိလို့လား”

“နင်သာ ဖျားတာ”

ထိုကောင်မလေးက နှုတ်ခမ်းဆူသည်။ နည်းနည်း မကျေမနပ် ဖြစ်သွားသည်။ ဒီအချိန်ထိရောက်နေတာတောင်မှ ဝန်မခံသေးဘူး ဟွန့် ဘယ်လောက် စိတ်တိုစရာကောင်းလိုက်သလဲ။

မုရှောင်းနွမ်က အံကို ကြိတ်သည်။

ဟွန့် သူမယောက်ျားက သူမကိုဘယ်အချိန်အထိ ဖုံးကွယ်ထားနိုင်မလဲ ကြည့်ရအောင်။ မရဘူး ဒီနေ့တော့ ဖော်ရမယ်။

“ဒါဆိုရင် ငါ မေးပါအုံးမယ်။ နင်ငါ့ကိုဘယ်အချိန်က စချစ်တာလဲ”

မုရှောင်းနွမ်က လေးနက်တည်ကြည်ခဲသည်။ ယခုမူ လေးနက်တည်ကြည်စွာဖြင့် ချန်းရန်ကို တောက်လောင်သော မျက်လုံးမျိုးဖြင့် စိုက်ကြည့်ရင်းမေးသည်။ ထိုကောင်မလေး၏ မျက်လုံးက အမှောင်ညမှ မီးပုံလေးနှင့် တူသည်။ ချန်းရန်၏ တစ်ကိုယ်လုံးအပေါ်သို့ တောက်ပစွာ ကျလာသည်။ သူသည်လည်း နည်းနည်း ရှက်သွားပြီး အကြည့်ကို လွဲလိုက်သည်။

“လူတစ်ယောက်ကို အချိန်မရွေးချစ်မိသွားနိုင်တာပဲ ဝန်ခံတဲ့နေ့က ဖြစ်မှာပေါ့”

ချန်းရန်က ခေါင်းခါပြီး မုရှောင်းနွမ်၏ အကြည့်ကို ရှောင်သည်။ သူသည်လည်း သူ၏ နှလုံးသားက ရုတ်တရပ် အခုန်မှားလာသလို ခံစားရသည်။ သူသည်လည်း ရုတ်တရပ် ဝက်မြှီးအဆွဲခံရသလို ခံစားလိုက်ရသည်။

“ဒီနေ့ ငါနင့်ကို ကူညီပြီး အဝတ်ထုတ်ပေးတုန်းက ထူးဆန်းတာ တစ်ခုခုကို တွေ့ထားတယ်”

မုရှောင်းနွမ်က တွေးတောသည်။

နင်ဒီနေ့မှ မပြောဘူးဆိုရင် ငါက အရင်ထုတ်ပြောရမှာပေါ့ ဟွန့် ဘယ်လောက် ဟန်ဆောင်နိုင်လဲ ကြည့်ရအောင်။

“ဖြစ်နိုင်လို့လား”

ချန်းရန်ကလည်း ရုတ်တရပ် နည်းနည်း ဖိအားများသွားသည်။

ဒီကောင်မလေးက တကယ်ပဲ ပန်းချီကားကို တွေ့သွားတာလား။

“အိုး ဒါဆိုရင် ငါအရင် ပြန်လိုက်ပါအုံးမယ်။ နင် ရေချိုးနေတာကို မနှောက်ယှက်တော့ပါဘူး”

မုရှောင်းနွမ်ကလည်း ဉာဏ်ကောင်းတတ်လာပြီဖြစ်သည်။ ထို့နောက် ဆိုးသွမ်းသလိုမျိုး လျှာလေးထုတ်ပြလိုက်ပြီး ပျော်ရွှင်စွာနှင့် ချန်းရန်၏ အခန်းထဲမှ ထွက်သွားသည်။

“တစ်ခုခုတော့ မှားနေပြီ”

ချန်းရန်၏ နှလုံးသားက လှုပ်ခတ်သွားသည်။ သူသည် အဝတ်ဗီရိုထဲသို့အ လျှင်အမြန်သွားလိုက်ပြီးနောက် အဝတ်များကြားမှ ပန်းချီကားကို တွေ့လိုက်သည်။

“ဒီမှာ ရှိတုန်းပဲ”

ချန်းရန်က စိတ်အေးသလို သက်ပြင်းချသည်။ ထိုအချိန်တွင် သူ၏ နှလုံးသားကို အခုန်နှုန်း မြန်ဆန်စေသော အသံထွက်လာပြီးပန်းချီကားကို လွှတ်ချလုနီးပါးဖြစ်သွားသည်။

“ယောက်ျား ဘာကြည့်နေတာလဲ ဘာလို့ ရေမချိုးသေးတာလဲ”

မုရှောင်းနွမ်က ချန်းရန်ကို ပြုံးပြီး ကြည့်သည်။ ချန်းရန်က နေရာတွင်ပင် ကြောင်အသွားသည်။

သေစမ်း မထွက်သွားသေးဘူးပေါ့ ဒီကောင်မလေးက သူ့ကို အရူးလုပ်တာပဲ။

74 03

“ဟင် လက်ထဲမှာ ဘာကို ကိုင်ထားတာလဲ ဘာလို့ အရမ်းရင်းနှီးနေတာလဲ”

ထိုကောင်မလေးက ကျောဖက်သို့လက်ပို့ရင်း တဖြည်းဖြည်း လျှောက်လာသည်။ ထို့နောက် ချန်းရန်၏ အနားသို့လာကာ လည်တိုင်ကို ဆန့်ကာ ကြည့်ပြီး တအံ့တဩနှင့်အော်သည်။

“ဘုရားရေ ဒါက အရင်တစ်ခေါက်က ငါ့ရဲ့မိဘတွေလာတုန်းက ပြခန်းမှာ ပြခဲ့တဲ့ ပန်းချီကားမဟုတ်ဘူးလား။ ဘယ်လို ဖြစ်ပြီး နင့်ဆီကို ရောက်နေတာလဲ အဲဒီပန်းချီကားက ရောင်းလိုက်တာ မဟုတ်ဘူးလား။ ဘာလို့ ယောက်ျားရဲ့ လက်ထဲကို ရောက်နေတာလဲ”

မုရှောင်းနွမ်က အံ့ဩနေပုံပေါ်သည်။ သူမက ယခုမှ ရှာတွေ့သကဲ့သို့ နှုတ်ခမ်းလေးကပင် ဟရင်း တအံ့တဩအော်သည်။

“တော်ပြီ တော်ပြီ”

ချန်းရန်က ရွှေးချယ်စရာမရှိဘဲ ခါးသီးစွာ ပြုံးလိုက်ရသည်။ သူသည်လည်း ထိုကောင်မလေး၏ အရူးလုပ်ခံလိုက်ရသည်။ သိသိသာသာကိုပင် သူက စိုးရိမ်စိတ်များသွားပြီး စိတ်ရှုပ်သွားခဲ့သူဖြစ်သည်။ ထို့ကြောင့် နေရာတွင်ပင် လက်ပူးလက်ကြပ် မိသွားသည်။ ထိုကောင်မလေး၏ ပါးစပ်ဟလိုက်သည့်နောက်ကွယ်မှ အကြောင်းပြချက်ကို ကြားလိုက်သည်နှင့် တန်းသိသည်။

သူမ၏ မျက်လုံးထဲမှ အပြုံးကို မြင်သောအခါ ချန်းရန်က ထိုကောင်မလေးက သူသိထားပြီး ဖြစ်ကြောင်း သိလိုက်သည်။

သူမသည် ဒုက္ခများကို ကျော်ဖြတ်ပြီး နောက်ဆုံးတွင်လည်း သူမ၏ ဝန်ခံချက်ကို ကြားချင်နေခြင်း ဖြစ်လောက်သည်။

“ယောက်ျား ကျေးဇူးပြုပြီး ရိုးသားနော် ဒီပန်းချီကားက ဘယ်လိုဖြစ်တာလဲ”

ဝက်မြှီးကို ဆွဲမိသွားတဲ့အချိန်မှာ ဘယ်လိုများ လွှတ်ပေးမှာလဲ။

သူမက ပန်းချီးကားကို လှမ်းယူလိုက်ပြီးနောက် ချန်းရန်ကို မျက်တောင်မခတ်ဘဲ ကြည့်သည်။ သူမ၏ မျက်နှာအမူအရာက အလွန်အမင်း လေးနက် တည်ကြည်နေသည်။

“ငါ အရင်တစ်ခေါက်ကလေ အရင်တစ်ခေါက်က…”

ချန်းရန်က ပြောတော့မည့် အချိန်တွင်

“မရှင်းပြနဲ့”

မထင်မှတ်ထားစွာပင် မုရှောင်းနွမ်က ရုတ်တရပ် ခြေဖျားထောက်ကာ ရပ်လာပြီး လက်လေးကို ဆန့်ထုတ်၍ ချန်းရန်၏ နှုတ်ခမ်းကို အုပ်သည်။

“ငါနားလည်ပြီးသား နင်ဆိုလိုတာကို ငါနားလည်တယ်”

မုရှောင်းနွမ်၏ အစောပိုင်းဆိုးသွမ်းသည့်အမူအရာက လုံးဝ ပျောက်သွားသည်။ သူမက မနေနိုင်တော့ဘဲ ချန်းရန်ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။

“တကယ်ကို မနေနိုင်တော့ဘူး”

သူမသည် ချန်းရန်၏ ရင်ခွင်ထဲတွင် ငိုလေသည်။

“ယောက်ျား ငါ အရမ်းရင်ထဲ လှုပ်ရှားသွားပြီ နင်က ငါ့အတွက် ဒီပန်းချီကားကို သိမ်းထားပေးတာပဲ။ နင့်ရဲ့ ငါ့အပေါ် ခံစားချက်က ဒီလောက်ထိ စစ်မှန်မယ်လို့ မထင်ထားဘူး”

မုရှောင်းနွမ်က ခါးသီးစွာ ငိုသည်။ သူမ၏ ပုံမှန်အားဖြင့် ဆိုးသွမ်းကာ တုံးအသော ပုံစံကိုသာ မကြည့်သင့်ပေ။ ပြောရမည်ဆိုလျှင် သူမကလည်း အတော်လေးကို ခံစားလွယ်တတ်သည်။ အထူးသဖြင့် ချန်းရန်က ယခုလို လုပ်ပေးသောအခါ … အထူးသဖြင့် ထိုမျှကြီးမားသော ကိစ္စကို တိတ်တဆိတ် လုပ်ပေးသွားသောအခါ သူမအပေါ် ပြင်းထန်သော ထိုးနှက်ချက်သာ ရောက်ရှိလာလေပြီး နှလုံးသားကို ခပ်ကြမ်းကြမ်းထိခြင်းအားဖြင့် ခါးသီးစွာ ငိုစေသည်။

မူလကမူ သူမကသာ ချန်းရန်ကို ပိုးပန်းခဲ့ခြင်းဖြစ်သည်။ ယုံကြည်မှုလည်း မရှိခဲ့ပါပေ။ ချန်းရန်က သူမကို စာနာသနားသောကြောင့် သို့မဟုတ် တစ်ခဏတာ လှုပ်ရှားသွားသောကြောင့်သာ ဝန်ခံခဲ့သည်ဟုသာ ထင်၍ စိုးရိမ်နေခဲ့ရသည်။ သို့သော် ဒီနေ့တွင်မှသာ ချန်းရန်က သူမကို သဘောကျနေသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။ ဖြစ်နိုင်သည်မှာ ထိုပန်းချီကားဆွဲခဲ့ချိန်ကတည်းက သဘောကျခြင်းဖြစ်လောက်သည်။

မုရှောင်းနွမ် မုရှောင်းနွမ် နင်အရမ်းပျော်လိုက်တော့….

74 04

ခံစားချက် မျက်ရည်က ပျော်ရွှင်စွာ စီးကျလာသည်။ ထိုအချိန်တွင် မုရှောင်းနွမ်နှင့် ချန်းရန်အကြားမှ ရန်ငြိုးများ မပြီးပြည့်စုံမှုများ မရှိတော့ပါပေ။ ချန်းရန်က သူမကို ဝန်ခံသောအခါ စိတ်ရင်းဖြင့် ဖြစ်လောက်သည်။

ထိုကောင်မလေး၏ နှလုံးသားက ပျားရည်အလား ချိုမြိန်သွားသည်။ ဒီနေ့တွင်မူ သူမက ဖွင့်ပြောခံရသည့်နေ့ထင်ပင် ပို၍ ပျော်ရွှင်နေသည်။

“ဘာလို့ ငိုနေတာလဲ။ မင်းငိုရင် ကြည့်မှ မကောင်းတာ”

ချန်းရန်က မုရှောင်းနွမ်ကို ညင်သာစွာ ပုတ်ပေးသည်။ သို့သော် မုရှောင်းနွမ်ကမူ ချန်းရန်ကိုသာ တင်းတင်းကြပ်ကြပ် ဖက်ပြီး သူမ၏ကျောက်စိမ်းလက်တစ်စုံဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး မလွတ်ပေးတော့ချေ။

“ငါက နင်ကြည့်ဖို့ ငိုတာပါနော်။ ဘယ်သူက ငါ့ကို ဒီလောက်ထိ ရင်ထဲ လှုပ်ရှားစေတဲ့အရာမျိုးကို လုပ်ခိင်းလို့လဲ။ ဘာပဲဖြစ်ဖြစ် မရဘူး… နင် လူဆိုးကောင် ဝူး ဝူးဝူး နောက်တစ်ကြိမ်ကျရင် ဒီလိုမျိုးမလုပ်နဲ့တော့ အဲ့ဒီလိုမှ မဟုတ်ရင် ငါ ပျော်လွန်းလို့ သတိလစ်သွားလိမ့်မယ်”

“ဒါပေမဲ့ မင်းငါ့ကို ဒီလို ဖက်ထားရင်း ငါရေချိုးလို့ ရမှာ မဟုတ်ဘူး”

ချန်းရန်က ရုတ်တရပ် နှုတ်ခမ်းထောင့်က ကော့တက်သွားပြီး ဆိုးသွမ်းစွာ ပြုံးသည်။

“ဒါမှမဟုတ်ရင်လည်း မင်းငါနဲ့အတူ လိုက်ချိုးလေ”

******

All Chapters