← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

75 01

အပိုင်း (၇၅)

“ဘာ ရေအတူချိုးရမယ်”

မုရှောင်းနွမ်ကပင် ရုတ်တရပ် နားကြားမှားသွားသည်ဟု သံသယဝင်သွားမိပြီး နေရာတွင်ပင် မှင်သက်ကာ ကြောင်အသွားသည်။

မဖြစ်နိုင်တာ မဖြစ်နိုင်တာ ငါ့ယောက်ျားက တကယ်ကြီး ရေအတူချိုးဖို့ပြောနေတယ်။

ထို့အပြင် ရှောင်ရွှယ်ပြောခဲ့သော စကားကို ပြန်တွေးမိသောအခါတွင် ဒါဟာ ဆက်ဆံရေးတစ်ခုတွင်: လက်ကိုင်တာ နမ်းတာ၊ ပွတ်သပ်တာ၊ နောက်ပြီး ရေအတူချိုးတာ…စသဖြင့်က လုပ်ကို လုပ်ရမှာတဲ့။ ဖြစ်နိုင်တာက အဲဒီနေရာကို ရောက်သွားပြီလား။

မုရှောင်းနွမ်၏ နှလုံးသားက ခုန်ထွက်ပြီး အသက်ရှူနှုန်းကပင် မြန်ဆန်လာကာ ချန်းရန်ကို အနီးကပ်စိုက်ကြည့်သည်။ မသိလိုက်မသိဘာသာပင် သူမ၏စိတ်ထဲတွင်လည်း ထိုမြင်ကွင်းကို ပုံဖော်ကြည့်နေသည်။

သူမယောက်ျားရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်၊ သန်မာတဲ့ကြွက်သား၊ အချိုးအစား ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်၊ ဒီလောက် ဆွဲဆောင်မှုပြင်းတဲ့ မျက်နှာနဲ့ အရှိန်အဝါ…အား…သူမ ရူးတော့မယ်။

မုရှောင်းနွမ်က တောက်ပသော မျက်နှာကို အုပ်လိုက်ပြီး လှပသော မျက်နှာကမူ လောင်ကျွမ်းလာသည်။ ထိုအခိုက်အတန့်တွင် သူမ၏မျက်နှာမှ နားအထိ တောက်လျှောက် ရဲသွားပြီး ရှက်သွားသည်။

“ဒါပေမဲ့ … ဒါပေမဲ့ ယောက်ျား ငါက ရေချိုးပြီးပြီလေ”

မုရှောင်းနွမ်က အားနည်းစွာ ပြောသည်။ သူမ၏ လှပသောမျက်နှာက ရှက်ရွံ့မှုများ ပြည့်နှက်နေ၏။ သူမ၏ နှလုံးသားကပင် လည်မျိုမှ ခုန်ထွက်တော့မည်ဟု ခံစားနေရသည်။ သူမ၏ ယောက်ျားက ရှင်းလင်းစွာပင် သူမက ရေချိုးပြီးမှန်း သိသည်။ သို့သော် ထိုအရာမျိုးကို ပြောသေးသည်။ ဆိုတော့ သူ့မှာ အခြားရည်ရွယ်ချက် ရှိနေတာလား။

“ဘာ မင်းက တစ်ကြိမ်ချိုးပြီးရင် ထပ်ချိုးလို့ မရလို့လား”

ချန်းရန်၏ မျက်လုံးက သဘောကျစိတ်များ ပြည့်နှက်သွားသည်။ ထိုကောင်မလေးက ထိုမျှအထိ ရှက်နေကြောင်းမြင်သောအခါ သူမက တွင်းတူးပြီး ဝင်ပုန်းချင်နေကြောင်း ဖြစ်သည်အထိ ရှက်ရွံ့နေကြောင်း မြင်လိုက်ရသောအခါတွင် ပို၍ပင် စိတ်ဝင်စားကာ စနောက်ချင်လာသည်။

“မရဘူး”

မုရှောင်းနွမ်က ခြေတစ်လှမ်းခန့် နောက်ဆုတ်သည်။ ထို့နောက် ပန်းချီကားကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး မျက်နှာကလည်း ရှက်ရွံ့ကာ နားရွက်အထိ တောက်လျှောက်နီသွားသည်။ သူမက ဆက်ပြီး မထိန်းနိုင်တော့ပေ။ ထိုကောင်မလေးက အဖြူရောင် ယုန်သေးသေးလေးနှင့်တူသည်။ နောက်ဆုံးတွင် ချန်းရန်၏ အခန်းထဲမှ ထွက်ပြေးသွားသည်။

“ငါ အိပ်ချင်နေပြီ ယောက်ျား မနက်ကျမှ တွေ့တာပေါ့”

“မုရှောင်းနွမ် အဲဒီမှာ ရပ်”

ချန်းရန်က သဘောမကျ ဖြစ်သလို လှမ်းပြောသည်။

“ယောက်ျား…ယောက်ျားအတွက် ငါ ရေစပ်ပေးထားတယ်နော် အခုမဝင်သွားဘူးဆိုရင် အေးတော့မှာ”

75 02

မုရှောင်းနွမ်က အထိတ်တလန့် ပြေးသည်။ ချန်းရန်၏ စနောက်မှု ပြီးနောက် ထိုကောင်မလေးက အရေပါးသူ ဖြစ်သည့်အလျောက် ဆက်ပြီး မထိန်းနိုင်တော့ပေ။ မမျှော်လင့်ထားသော တင်းအားက ပထမဦးဆုံးအကြိမ်အဖြစ် ကြောက်လန့်သွားစေသည်။

“ဟားဟား ဟား”

ချန်းရန်ကလည်း ထိုကောင်မလေး၏ ရှက်ရွံ့စွာ ထွက်ပြေးသွားသော ပုံစံလေးကို ကြည့်ပြီး သဘောကျသွားသည်။ သူသည်လည်း ခုနက စကားကို ဟာသအဖြစ်သာ ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုကောင်မလေးက ထိုမျှအထိ ကြောက်သွားသည်။

အထိတ်တလန့်ဖြစ်နေသော သူမကို မြင်ရသောအခါ ချန်းရန်ကပင် အရယ်မရပ်တော့ပေ။

မုရှောင်းနွမ် မုရှောင်းနွမ် ဟမ် ဘယ်လိုကြောင့် ဒီလောက်ထိ ချစ်ဖို့ကောင်းနေတာလဲ။

ချန်းရန်ကပင် သူ၏ စိတ်ထဲတွင် နည်းနည်းနှမြောတသဖြစ်သလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင်ပင် တန်ဖိုးထားမိလာ၏။

သူ ထိုကောင်မလေးနှင့် ရှိနေသည့်အချိန်တိုင်းလိုလို ပျော်ရွှင်မှုများ ချိုမြိန်မှုများ ပြည့်နှက်နေတတ်သည်။ ထိုကြောင့်လည်း သူက ထိုဆက်ဆံရေးကို ပို၍ တန်ဖိုးထားသည်။ ထို့ကြောင့် အလျှင်မလိုချင်တော့ပေ။

ဘာပဲဖြစ်ဖြစ် ဒီနွေးထွေးတဲ့လေထဲက ဖားက အနှေးနဲ့အမြန် သူ့အပိုင်ပဲလေ။

“တကယ်ကို စဉ်းစားဆင်ခြင်ပေးတတ်တာပဲ။ ရေက အသင့်ပဲ”

ချန်းရန်က ရေချိုးခန်းထဲဝင်သွားသည်။ မြူများကပင် ပြည့်နေ၏။ နွေးထွေးသော ရေအပူချိန်က ကွက်တိဖြစ်သည်။

ဒီကောင်မလေး ဘယ်က တတ်လာတာလဲ။

ဘာလို့ ဒီလောက်ထိ စဉ်းစားဆင်ခြင်ပေးတတ်သွားတာလဲ။

“ငါ့ယောကျ်ားများ ဒေါသထွက်သွားလောက်မလား”

မုရှောင်းနွမ်က အခန်းထဲသို့ ပြန်သွားပြီးနောက် ထိတ်လန့်နေသော နှလုံးသားက ပြန်လည်တည်ငြိမ်သွားသည်။ အဖြစ်အပျက်ကိုပြန်တွေးမိပြီးနောက် ရုတ်တရပ် သူမ၏ ရင်ဘတ်ကို အုပ်လိုက်ပြီး မသေချာမရေရာသလို ပြောသည်။

“ဒါပေမဲ့ ငါ ဒီလို လုပ်တာတော့ မကောင်းဘူးထင်တယ်။”

“ဒါပေမဲ့ တအားမြန်တယ်လေ”

ထိုကောင်မလေးက သူ့ဘာသာသူ ရုန်းကန်နေသည်။ သူတို့သည် ဝန်ခံပြီးသည်မှာ ရက်အနည်းငယ်သာ ကြာသေးသည်။ ဒါပေမဲ့ ချစ်သူတွေ လုပ်တဲ့ အရာအားလုံးတော့ မလုပ်သင့်သေးဘူး ထင်တာပဲ။

မဟုတ်သေးပါဘူး။

မုရှောင်းနွမ်က တွေးတောကြည့်ပြီးနောက် တစ်ဆင့်ချင်းစီသွားရန် ဆုံးဖြတ်လိုက်သည်။

သူမသည်လည်း ထိုမျှအတိုင်းအတာအထိ ရုတ်တရပ် တိုးတက်သွားသည်အား လက်ခံရန် ခက်ခဲသေးသည်။ သဘာဝကျကျရောက်လာလျှင် ပိုကောင်းပေသည်။ သို့မဟုတ်လျှင် မိုက်ရူးရဲဆန်ရာ ကျလောက်သည်။

“ဒါပေမဲ့ ငါ့ယောက်ျားက ငါ့အတွက် ဒီလောက် ကိစ္စတွေ အများကြီး လုပ်ပေးထားတာ။ ဘာမှ မပြောဘဲနဲ့တော့ နေလို့ မဖြစ်သေးပါဘူး အထူးသဖြင့် ဒီပန်းချီကား...”

မုရှောင်းနွမ်က ပန်းချီကားကိုကြည့်ပြီးနောက် သူမ၏ လှပသော မျက်ဝန်းထဲတွင် ခိုင်မာမှုက ဖြတ်ပြေးသွားသည်။

75 03

“ဟွန့် ဘယ်လိုပဲဖြစ်ဖြစ် ဒီညတော့ တစ်ခုခု လုပ်ရမယ်”

“ဟွား လားလား”

ချန်းရန်က သက်တောင့်သက်သာရှိစွာ ရေချိုးပြီးနောက် ရေချိုးခန်းထဲမှထကာ တဘက်ကို ယူရင်းခန္ဓာကိုယ်ကို သုတ်သည်။ ထို့နောက် လေးထောင့် ဝတ်စုံပြည့်ကို ဝတ်ဆင်လိုက်ပြီး ရေချိုးခန်းတံခါးကို ဖွင့်ကာထွက်သည်။

“ဟန်နီ ရေချိုးလို့ပြီး...”(မျက်လုံးပြူးသွားသော emoji)

မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်က သူ၏ အခန်းထဲတွင် ရှိနေသည်။ လက်ထဲတွင်လည်း ပန်းချီကားကို ပိုက်ထားပြီး ထိုကောင်မလေးက ပြုံးနေသည်။ သို့သော် ရုတ်တရပ် သူမ၏ အပြုံးက တောင့်ခဲသွားပြီး ချန်းရန်ကို မှင်သက်စွာ စိုက်ကြည့်သည်။ သူမ၏ မျက်လုံးကလည်း ချန်းရန်၏ လေးထောင့်နားသို့ ကျသွားကာ အကြည့်ကို မလွဲနိုင်တော့ဘဲ ကြောင်အစွာ စိုက်ကြည့်နေသည်။

“ဟင် မင်းက ဘာလို့‌ ရောက်နေတာလဲ”

ချန်းရန်ကပင် နည်းနည်း အံ့ဩသွားသည်။ ဒီကောင်မလေးက ပြန်အိပ်တော့မယ်လို့ ပြောတာ မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ။

“ဟန်နီ ဟန်နီ…နည်းနည်း..အုပ်..အုပ်လိုက်အုံး”

မုရှောင်းနွမ်၏ လှပသော မျက်နှာက ရဲသွားသည်။ သူမက မနေနိုင်ဘဲ ပြောလိုက်သည်။ သို့သော် မျက်လုံးကမူ ခိုးကာ ကြည့်နေသည်။

တော်တော်ကြီးတာပဲ

“ဟင်”

ချန်းရန်က ငုံ့ကြည့်ပြီးနောက် လန့်သွားသည်။ သူသည်လည်း သဘာဝကျကျပင် ညအိပ်ဝတ်စုံကို ကောက်ဝတ်လိုက်ပြီး တည်ကြည်ဟန်ဆောင်ကာ အဓိက နေရာကို အုပ်လိုက်သည်။

“ဘာလို့လဲ အိပ်မပျော်လို့လား”

ချန်းရန်က အနားသို့ ပြုံး၍ လျှောက်သွားသည်။ ထိုကောင်မလေးက ပန်းချီကားကို ဖက်ထားသည်။ နုနယ်သော ကိုယ်လေးက ပန်းချီကားနှင့် ကပ်နေပြီး ထိုနေရာတွင် တိတ်တဆိတ်ထိုင်နေကာ လိမ်လိမ်မာမာလေး စောင့်သည်။

“အဲ…အဲဒီလို မဟုတ်ပါဘူး ဒီအတိုင်း…အမ်…ဘယ်လိုပြောရမလဲ….ဒီအတိုင်း… ဒီအတိုင်း ငါ ကောကောကို မပျော်မရွှင်ဖြစ်အောင် လုပ်ထားတာ ဆိုတော့…ဆိုတော့”

“ဆိုတော့ လာပြီး တောင်းပန်တယ်ပေါ့လေ”

ချန်းရန်က မျက်ခုံးအသာပင့်လိုက်သည်။ အကြောင်းပြချက်မရှိ သူ၏ ရင်ကလည်း လှုပ်ခတ်သွားသည်။ ထိုကောင်မလေးက ချစ်စရာကောင်းလွန်းသည်။ သူက ဒီအတိုင်း သူမကို စနောက်လိုက်ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် အလေးအနက် ထားနေသည်။ အထူးသဖြင့် ထိုကောင်မလေး၏ လိမ္မာနာခံကာ ဖြောင့်မတ်သော ပုံစံကို မြင်သောအခါ ချန်းရန်ကပင် ရုတ်တရပ် တည်ငြိမ်သော ခံစားချက်က လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။

“ငါ..ငါ…အခုလေးတင်…”

ထိုကောင်မလေးက ခေါင်းကို ငုံံ့သွားသည်။ လက်လေးနှစ်ဖက်ကလည်း မသက်မသာဖြစ်သလိုမျိုး လှုပ်နေသည်။ အသံကလည်း အားနည်းသွားသည်။ သူမက သတ္တိကို စုပြီး ပြောတော့မည့်အချိန်တွင် ချန်းရန်က ရုတ်တရပ်လက်ကို ဆန့်ထုတ်၍ ပါးပေါ်သို့ ကိုင်လိုက်သည်။

အင်း ဟုတ်တယ် နူးညံ့တယ်။ နည်းနည်း ကလေးဆန်တဲ့ အသားလေးတွေတောင် ရှိနေသလိုပဲ နူးညံ့နေတာပဲ။

75 04

“ဟင်”

မုရှောင်းနွမ်က နည်းနည်း နာသွားသည်။ သူမက ရှက်ရွံ့စွာနှင့် မျက်နှာကို လွဲသည်။

“ယောက်ျား ဒီလို မလုပ်ပါနဲ့။ နာတယ်”

ထိုကောင်မလေးက ရှောင်ရှားပြီးနောက် နှုတ်ခမ်းကို ဆူသည်။

ဘာလို့ သူမယောက်ျားက အမြဲတမ်းပါးပဲ လာဆွဲနေတာလဲ။ ဒီလို နူးညံ့တဲ့ နေရာကို ဆွဲလို့ရမလား။

“ဒီည မင်းမပြန်နဲ့တော့”

ချန်းရန်၏နှလုံးသားက ပူနွေးနေသည်။ ထိုအခိုက်အတန့်မှ မုရှောင်းနွမ်ကို ကြည့်ပြီး ရုတ်တရပ် သူသည်လည်း အကြံတစ်ခု ရလိုက်သည်။

“အာ”

မုရှောင်းနွမ်၏ လှပသော မျက်လုံးက ရုတ်တရပ် ပြူးသွားသည်။ သူမ၏ ခေါင်းက ဝီကနဲ မြည်သွားပြီး အရာအားလုံးက ဗလာ ဖြစ်သွားသည်။

“ယောက်….ယောက်ျား ငါ့ကို ဒီမှာ အိပ်ခိုင်းမလို့လား”

မုရှောင်းနွမ်က ပါးစပ်ဟလိုက်ပြီးနောက် အံ့အားတကြီး ဖြစ်သွားသည်။

“မဟုတ်ရင် ဘာဖြစ်ရမှာလဲ”

ချန်းရန်၏နှုတ်ခမ်းထောင့်က ကော့တက်သွားပြီး စနောက်ပြန်သည်။

“ကြည့် မင်းက ငါ့ကို ကျေးဇူးတင်ဖို့အတွက်ကြောင့်နဲ့…ရေမချိုးရင်တောင် ရပေမယ့်လည်း ဒါပေမဲ့ အတူအိပ်ခြင်းအားဖြင့် ရိုးသားမှုကိုလည်း ပြသရမယ်လေ ဟုတ်တယ်မလား”

“ငါ…ငါ…ငါ စဉ်းစားပါရစေအုံး”

မုရှောင်းနွမ်၏ လှပသော မျက်လုံးက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး လက်ထဲမှ ပန်းချီကားကို ငုံ့ကြည့်သည်။ ထို့နောက် ချန်းရန်၏ အမူအရာကို ပြန်ကြည့်ပြီး တုံ့ဆိုင်းသွားကာ ဘယ်ညာယမ်းခါနေသည်။ အချို့သော အကြောင်းပြချက်များကြောင့် သူမသည်လည်း အရူးလုပ်ခံရသလို ခံစားလိုက်ရသည်။

“ဘာကို တုံ့ဆိုင်းနေတာလဲ”

ချန်းရန်က အလေးအနက်မေးသည်။

“အင်း မင်းနဲ့ငါ ဒီစားပွဲရှေ့မှာပဲ ကျိန်ဆိုလို့ရတယ်။ ဒီအတိုင်းအတူပဲ အိပ်မှာ ဘာမှ မပါဘူး”

“တကယ်လား”

မုရှောင်းနွမ်က ချန်းရန်၏ စကားကိုကြားပြီး နည်းနည်း ပျော်သွားသည်။ ဒီအတိုင်း ရိုးရှင်းသော အိပ်စက်ခြင်းဆိုလျှင် သူမက သေချာပေါက် သဘောတူပေလိမ့်မည်။ သူမသည်လည်း စီနီယာအစ်ကိုချန်းနှင့် အိပ်ယာတစ်ခုတည်းအိပ်ရမည်ကို အမြဲတစေ အိပ်မက် မက်နေခြင်းဖြစ်သည်။ နောက်ပြီး တွေးကြည့်ရုံနဲ့တင် ရင်ထဲနွေးတယ်။

“ဒါပေါ့”

ချန်းရန်က ညင်သာစွာ ပြုံးသည်။ ထိုကောင်မလေး၏ ရေချိုးပြီးကာစ ပျော့ပြောင်းနူးညံ့ကာ မွှေးပျံ့သည့် ဆံပင်ကို အသာပုတ်လိုက်ပြီး အလိုလိုက်သော အကြည့်မျိုးနှင့် ကြည့်သည်။

75 05

“ဒါဆိုရင်လည်း ရတယ်လေ”

မုရှောင်းနွမ်၏ တောက်ပသော မျက်လုံးက ကြယ်ကောင်းကင်အလား တဖြတ်ဖြတ် လက်သွားသည်။ နှုတ်ခမ်းထောင့်များကပင် ပျော်ရွှင်စွာ ကော့တက်သွားပြီး ပါးချိုင့်လေးက ပေါ်လာသည်။

“ဒါဆိုရင် ကတိတည်ရမယ်နော် ငါ့ကို အနိုင်မကျင့်နဲ့”

******

All Chapters