အခန်း ၇၆
Vol. 8 Ch. 76
76 01
အပိုင်း (၇၆)
ညက တိတ်ဆိတ်သွားသည်။
ချန်းရန်နှင့် မုရှောင်းနွမ်တို့က တူညီသော အိပ်ယာပေါ်တွင် လဲနေကြသည်။
“ဘာလို့ ပန်းချီကားချပ်ကို ဖက်ထားတာလဲ”
ချန်းရန်ကလည်း မုရှောင်းနွမ်က ဒီနေရာတွင် လာအိပ်သော်လည်း ပန်းချီကားကို ဖက်ထားသေးကြောင်း မြင်လိုက်သည်။
ဒီလို အိပ်ရင် ဘယ်လို အဆင်ပြေမှာလဲ။
“ငါ ဒီအတိုင်း ဖက်အိပ်ချင်လို့”
မုရှောင်းနွမ်က အလေးအနက်ထားပြီး ပြောသည်။ သူမသည် ကြီးမားသော အဖြူရောင် ဖက်ခေါင်းအုံးကို ဖက်ထားရသကဲ့သို့ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပေလိမ့်မည်။
“ဘာလို့ ဖက်ထားတာလဲ”
ချန်းရန်က နှုတ်ခမ်းဆူပြသည်။
“ဘေးဖယ်ထားလိုက်”
ထိုသို့ပြောနေရင်းမှပန်းချီကားကို မုရှောင်းနွမ်၏လက်ထဲမှ ယူကာ ကုတင်ဘေးစားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
“မင်းသဘောကျရင် နောက်မှ မင်းအခန်းနံရံမှာ ငါချိတ်ပေးမယ်”
“မဟုတ်ဘူး ကောကောရဲ့ အခန်းက နံရံမှာ ချိတ်တာ ပိုကောင်းတယ်”
မုရှောင်းနွမ်က နံဘေးမှ နေ၍ ခပ်တိုးတိုးပြောသည်။
“ဘာလို့လဲ”
“ဒါဆိုရင် ငါ့ယောက်ျားက ညတိုင်းလိုလို မအိပ်ခင်မှာ ငါ့အကြောင်း တွေးနိုင်မယ်လေ။ ဒါမှ အိပ်မက် ကောင်းကောင်း မက်မှာပေါ့”
ချန်းရန် “…”
“ပန်းချီကားကို ကြည့်မယ့်အစား အစစ်အမှန်လူကို ကြည့်တာ မကောင်းဘူးလား”
ချန်းရန်က ရုတ်တရပ် ချိုမြိန်စွာ ပြုံးသည်။ သူ့ကို ကျောပေးထားသော ကောင်မလေးကို ကြည့်ပြီး ရုတ်တရပ် မှီသွားကာ ကျောကို လှမ်းကိုက်သည်။
“ဟင်”
ချက်ချင်းဆိုသလို မုရှောင်းနွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်သွားသည်။ သူမက ဓာတ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဓာတ်လိုက်သွားသလိုမျိုးပင် ဖြစ်သွားကာ တောင့်ခဲသွားသည်။
“နင်…ဘာ…ဘာလုပ်တာလဲ”
မုရှောင်းနွမ်၏ နှလုံးသားက အထိတ်တလန့်ဖြစ်သွားသည်။ သူမ၏ အသံကလည်း ယုံကြည်မှု သိပ်ရှိပုံမရချေ။ မသက်မသာဖြစ်လွန်းသော ခံစားချက်ကိုပင် ရနေသည်။
“ပန်းချီကားလည်း မရှိဘူး။ ဖက်ခေါင်းအုံးလည်း မရှိဘူးဆိုရင် မင်းငါ့ကိုပဲ ဖက်သင့်တယ်”
76 02
ချန်းရန်က ရယ်သည်။ ပြောရမည်ဆိုလျှင် သူသည်လည်း မုရှောင်းနွမ်၏ ပန်းချီကားချပ်ကို ယူလိုက်ကတည်းက ထိုသို့ လုပ်ချင်နေခဲ့ခြင်းဖြစ်သည်။
“အာ”
မုရှောင်းနွမ်၏ နီရဲသောနှုတ်ခမ်းက အသာဟသွားပြီး တုန်ယင်သွားသည်။ ချန်းရန်၏ စကားလုံးက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထုံထိုင်းသွားစေသလို ခံစားရစေသည်။
ငါ ရှက်လို့ မလှုပ်ရဲတော့ဘူး။
မုရှောင်းနွမ်က ထိုအမူအရာအတိုင်း တောင့်တင်းစွာ နေနေပြီး ချန်းရန်ကို ကျောပေးထားကာ မလှုပ်ရဲတော့ချေ။ သူမက အလွန်လိမ္မာပုံပေါ်သည်။
“မင်းက ပုံမှန်အားဖြင့် အဝတ်အစားမဝတ်ဘဲ အိပ်ရတာကို သဘောကျတာ မဟုတ်ဘူးလား”
ညအမှောင်ထဲတွင် ချန်းရန်ကလည်း သူ၏ ထွေးပွေ့မှုထဲတွင် အလွှာတစ်လွှာက နှောက်ယှက်နေသလို ခံစားရပြီး အနားနားကပ်ကာ ခပ်တိုးတိုးပြောသည်။
“ဘာလို့ ဒီနေ့အများကြီးဝတ်ထားတာလဲ”
“ဘာ….ဘာကို များရမှာလဲ ညဝတ်အင်္ကျီ တစ်ထည်တည်းကို”
မုရှောင်းနွမ်ကလည်း ရှက်ရွံ့မှုကြောင့် သေတော့မည်ဟု ခံစားနေရသည်။
“နောက်ပြီး ဘယ်…ဘယ်အချိန်က အဲ့ဒီလို အိပ်ရတာ ကြိုက်လို့လဲ”
ဒီသောက်ကျိုးနည်းယောက်ျားကလေ လျှို့ဝှက်ချက်ကိုပဲ လာဖော်နေတယ်။
ရှက်စရာကောင်းလိုက်တာ။
“ညအိပ်ဝတ်စုံနဲ့ဆိုရင် အိပ်ရတာ မသက်မသာမဖြစ်ဘူးလား”
ချန်းရန်က စိတ်ထဲတွင် ရယ်နေသည်။ ထိုကောင်မလေးကလည်း သူနှင့် အိပ်ယာတစ်ခုတည်းတွင် အိပ်နေသောကြောင့် ရှက်နေသောကြောင့် ဖြစ်လောက်သည်။ ထို့ကြောင့် ညအိပ်ဝတ်စုံကို ဝတ်ထားသည်။ သူမတစ်ယောက်တည်းသာဆိုလျှင်လည်း ချန်းရန်အနေဖြင့် သူမဟာ ဘာမှ မပါဘဲ အိပ်မည်ဖြစ်ကြောင်း သေချာနေသည်။
“မဟုတ်ပါဘူး သက်တောင့်သက်သာရှိပါတယ်”
ထိုကောင်မလေးက အံကို ကြိတ်ထားပြီးနောက် လှမ်းပြောသည်။ သူမက စိုးရိမ်နေသောကြောင့် ဖြစ်လောက်သည်။ နည်းနည်းပင် အမောတကော အသက်ရှူနေမိ၏။ နှလုံးသားကလည်း အခုန်နှုန်းမြန်ဆန်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက နည်းနည်း ပူနေသည်။
“ဘာလို့ မင်းအသက်ရှူတာက ရုတ်တရပ်ကြီး ခက်ခဲလာတာလဲ”
ချန်းရန်ကလည်း သတိထားမိလိုက်ပြီး နည်းနည်းစိုးရိမ်သွားသည်။ ထို့နောက် သူ၏ လက်ဖဝါးဖြင့်အ ပေါ်ကို တဖြည်းဖြည်းတက်ရင်း မုရှောင်းနွမ်၏ နှလုံးသားနေရာကို အသာဖိလိုက်သည်။
“ဟင်”
မုရှောင်းနွမ်က ရုတ်တရပ် ခပ်တိုးတိုးငြီးသည်။ သူမ၏ နုနယ်သော ကိုယ်ကလည်း အကြောင်းပြချက်မရှိ တုန်ယင်သွားပြီး နှလုံးသားက အခုန်နှုန်းမြန်ဆန်လာသည်။
သေစမ်း
ငါ..ငါ့ယောက်ျားက ဘယ်နေရာကို လာကိုင်တာလဲ။
76 03
“ယောက်…ယောက်ျား ငါအဆင်ပြေတယ်”
မုရှောင်းနွမ်၏ လက်က ချန်းရန်၏ လက်ကို လှမ်းဆွဲသည်။ သူမက ခပ်မြန်မြန်တားပြီး ပြောသည်။
“နင် ဒီလိုလုပ်မယ်ဆိုရင် ငါ့ရဲ့ နှလုံးသားက ပိုပြီးတော့တောင် မြန်လာလိမ့်မယ်”
“အဆင်ပြေပါတယ်။ ငါက တိုင်းရင်းဆေးကို သုံးပြီးတော့ အကြောအမှတ်ကို ဖိထားပေးမယ်။ ဒါဆိုရင် မင်းရဲ ခန္ဓာကိုယ်လည်း ပေါ့ပါးသွားတာပေါ့”
ချန်းရန်ကပင် တံတွေးကို မြိုချနေရင်း အသက်ရှူနှုန်းကပင် နည်းနည်းလေးလံလာသည်။ သူ အမှန်တကယ် ဖမ်းဆုပ်မိထားသော အိတ်အကြီးကြီးက မျှော်လင့်ထားသည်ထက်ပင် အံ့အားသင့်စရာကောင်းနေသည်။
သေချာပေါက်ကို 66C အကြီးပဲ။
“မလုပ်…”
မုရှောင်းနွမ်က ချန်းရန်၏ အပြုအမူနောက် လိုက်လုပ်မိနေရင်း နည်းနည်း ရှက်လာသည်။ အကြောင်းမူကာ စိုးရိမ်ထိတ်လန့်မှုကြောင့် သူမ၏ ခြေထောက်က နည်းနည်း ကွေးသွားကာ ဆွဲထားသော လေးကြိုးလေးကဲ့သို့ ကောက်ကြောင်းက အလွန်လှပသွားသည်။
နောက်ဆုံးတွင် သူမက အံကို ကြိတ်ပြီး ချန်းရန်၏ လက်ကို ဆွဲယူလိုက်သည်။ ထို့နောက် တစ်ဖက်သို့ ဆက်ကနဲ လှည့်၍ ဒေါသအပြည့်နှင့် ပြောသည်။
“ယောက်ျား ငါတို့ ဒီအတိုင်း အိပ်ရုံပဲလို့ သဘောတူထားတာလေ ဘာလုပ်တာလဲ”
“ငါက မင်းကို ကူညီပြီး အကြောနှိပ်ပေးတာလေ”
“ဒါက နှိပ်တာမှ မဟုတ်တာ ကိုင်ထားတာကို”
မုရှောင်းနွမ်က နည်းနည်း ဒေါသထွက်လာသည်။
သူမက ယောက်ျားက မရိုးသားဘူး။ ရည်ရွယ်ချက်က မသန့်ရှင်းဘူး။
ဒါက ဘယ်လို အကြောဖိတာ ဖြစ်မှာလဲ သိသိသာသာကိုပဲ ဖိထားတာ ပူသထက် ပူလာတဲ့ဟာကို ဒီအတိုင်းဆက်ဖြစ်နေရင်…မုရှောင်းနွမ်သည်လည်း တစ်စုံတစ်ရာက ဖြစ်လာတော့မည်ဟု ခံစားရသည်။
“မင်းက ငါ့ရဲ့ ဆေးပညာစွမ်းရည်ကို မေးခွန်းထုတ်တာပဲ”
ချန်းရန်က မျက်နှာ တည်တည်နှင့် ပြောသည်။
“နောက်ပြီး ငါက ညအိပ်ယာမဝင်ခင်ကတည်းက ဒီအတိုင်း အိပ်ရုံလို့ ကတိပေးထားပြီးသားပဲလေ။ ငါက ဘာလုပ်ရမှာလဲ”
“ဒါပေမဲ့ အခု အိပ်ယာထဲမှာလေ”
မုရှောင်းနွမ်က အားနည်းသလို ပြောပြီး အသံကလည်း ဆိုးနွဲ့သံ ပေါက်နေသည်။
ချန်းရန် “ကောင်းပြီလေ”
ချန်းရန်က သက်ပြင်းရှည်ကို ချသည်။ သူ၏ စိတ်လှုပ်ရှားနေသော ခံစားချက်က တည်ငြိမ်သွားသည်။ သူသည်လည်း ဒီနေ့ ဘာဖြစ်မှန်း မသိပေ။ စိတ်လွတ်နေသလို ခံစားရသည်။ ဒါဟာ သူ၏ ပုံမှန်ပုံစံမျိုးမဟုတ်ပေ။ သူသည် နည်းနည်း ထိန်းချုပ်မှု လွတ်ချင်နေသည်။
76 04
နီးကပ်လွန်းသော ချစ်စရာကောင်းသည့် ကောင်မလေးကို ကြည့်ပြီး ချန်းရန်က သက်ပြင်းချသည်။ ကြည့်ရသည်မှာ သူသည် အလောတကြီး မလုပ်သင့်လောက်ပေ။
“အိပ်တော့ အိပ်တော့ မင်းမနက်ဖြန် မနက်စောစော ထရလိမ့်မယ် လုပ်စရာတွေ အများကြီးပဲ”
ချန်းရန်ကလည်း နည်းနည်း အိပ်ချင်လာသည်။ သူသည် မနက်ဖြန် မနက်စောစောထ၍ လုပ်စရာအများကြီး ရှိနေသည်။ သူသည် အသစ်ဆောက်ပြီးကာစ စိုက်ခင်းမြေကို သွားကြည့်ရအုံးပေမည်။ ထို့အပြင် ငါးကန်ကိုလည်း ပုံကြမ်းအတိုင်း ဆောက်ခိုင်းရအုံးပေမည်။ ထို့အပြင် လမ်းကြုံ ပရိုဂရမ်အသင်းကိုလည်း စိတ်ဝင်စားစရာ လှုပ်ရှားမှုများ ရှိမရှိ ကြည့်ရအုံးပေမည်။
“ဟင်”
သို့ရာတွင် ချန်းရန်က အိပ်တော့မည့်အချိန်တွင် ရုတ်တရပ် ထိုကောင်မလေးက သူ၏ လက်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး မလွှတ်ပေးသေးကြောင်း မြင်လိုက်သည်။ ပိုဆိုးသည်မှာ နည်းနည်း တောင့်တင်းပြီး နည်းနည်း မာနေသည်။
“နင်က ငါ့ကို ထိချင်လို့လား”
ချန်းရန်က နည်းနည်း ကူကယ်ရာမဲ့သွားသည်။ ထိုကောင်မလေးက သူ့ကို စိုးရိမ်လွန်းနေသည်။
“မထိပါဘူး”
မုရှောင်းနွမ်ကလည်း ကြောက်လန့်နေသော ယုန်ပေါက်လေးကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းဆိုသလို လက်ကို လွှတ်ပေးသည်။ သူမက အံကို ကြိတ်ပြီး ပင့်သက်ရှိုက်ရင်း ပြောသည်။
“ဟန်နီငါ ခြေထောက် ကြွက်တက်နေတယ်”
ထိုကောင်မလေးက စိတ်ပူလွန်းနေသောကြောင့် ဖြစ်လောက်သည်။ ဒူးကွေးထားသော နေရာက ခြေထောက်ပြန်လျော့ချ၍ မရတော့ဘဲ ကြွက်တက်သွားသည်။
“စိတ်လျော့ထား”
ချန်းရန်က သူမကို မနောက်တော့ချေ။ သူက သူ၏ တရုတ်တိုင်းရင်းဆေးပညာကို သုံးလိုက်ပြီး သွေးကြောကို စမ်းလိုက်ကာ အကြောမှတ်ကို ရှာသည်။ ထို့နောက် အဓိက နေရာကို ရှာတွေ့ပြီးနောက် ညင်သာစွာဖြည်းညင်းစွာ နှိပ်ပေးသည်။ သိပ်မကြာခင်မှာတင် မုရှောင်းနွမ်၏ မျက်မှောင်က ပြေလျော့သွားပြီး သက်သာသွားသည်။
“ငါမင်းကို ပြောမယ်။ ငါရဲ့ တရုတ်တိုင်းရင်းဆေးပညာက အရမ်းကို အင်အားကြီးတာနော် မင်းမှ မယုံတာ”
ချန်းရန်က ထိုသို့ပြောလိုက်ပြီးနောက် သူ၏ အစောပိုင်း လုပ်ရပ်ကို အတည်ပြုချင်သလိုမျိုး ပုံပြင်ကိုဖန်တီးသည်။
“ဟင့် လိမ်နေတာ”
မုရှောင်းနွမ်ကမူ မတုံးအပါပေ။ သူမသည်လည်း အစောပိုင်းက အခြေအနေနှင့် အခုအခြေအနေကို ကောင်းကောင်း နားလည်သေးသည်။ ထို့ကြောင့် ချန်းရန်ကိုသာ စိတ်ရှုပ်သလို မျက်လုံးလှန်ပြသည်။
“မယုံပါဘူး”
“ထားလိုက်တော့ မြန်မြန်အိပ်တော့”
ချန်းရန်ကလည်း ဟိုလိမ့်ဒီလိမ့်လုပ်နေရင်း အိပ်ချင်လာသည်။ ထို့ကြောင့် မျက်လုံးမှိတ်ကာ အိပ်သည်။
“လူလိမ်ကြီး”
မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်က ရုတ်တရပ် ချန်းရန်၏ ရင်ခွင်ထဲသို့ ဆက်ကနဲ တိုးဝင်လာသည်။
ပျားအိမ်လေးနှင့် တူသည်။ ဝမ်းနည်းသံပေါက်လောက်အောင် ချိုမြိန်သည်။
“ငါက ပန်းချီကားကိုလည်း ဖက်ထားလို့မရဘူး။ ဖက်ခေါင်းအုံးကိုလည်း ဖက်လို့မရဘူးဆိုတော့ ယောက်ျားကို ဖက်ထားရမယ်”
******