← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

77 01

အပိုင်း (၇၇)

မုရှောင်းနွမ်၏ အကြောင်းပြချက်က အလွန်အမင်း လုံလောက်သည်။ သူမက ချန်းရန်၏ရင်ခွင်ထဲသို့ အတင်းကျုံ့ဝင်လိုက်ပြီး ပျင်းနေသော ကြောင်ပေါက်လေးကဲ့သို့ ချိုမြိန်သော အသက်ရှူသံလေးများနှင့်အတူ ချန်းရန်၏ လည်ပင်းကို ရိုက်ခတ်သည်။

“ဟေး မင်းက ငါ့ကို အိပ်ဖို့ အာရုံမစိုက်နိုင်အောင် လုပ်နေတာပဲ”

ချန်းရန်က ထိုကောင်မလေးကို ငုံ့ကြည့်သည်။ ထိုကောင်မလေး၏ ခန္ဓာကိုယ်တစ်ခုလုံးက ချန်းရန်၏ ရင်ခွင်ထဲတွင် မြုပ်နေသည်။ ချန်းရန်၏မေးက သူမ၏ နူးညံ့သော ဆံပင်ရှည်များကို ထိနေပြီး ဖျော့တော့သည့် သင်းရနံ့ကိုပင် ရနေကာ လူအများအား စိတ်ထွေပြားစေသည်။ ပိုဆိုးသည်မှာ သူ၏ ရင်ခွင်ထဲမှ နွေးထွေးသော မွှေးရနံ့အပြင် ကျောက်စိမ်းသားလေးကဲ့သို့ နူးညံ့သော ခန္ဓာကိုယ်လေး ရှိနေသည်။ နည်းနည်း ထိုလိုက်ရုံဖြင့် နူးအိနေမှုက လူအများ၏ နှလုံးခုန်နှုန်းကို မြန်ဆန်စေသည်။

“ငါတော့ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတော့ ဒီလို အိပ်တာ သက်တောင့်သက်သာရှိတယ်။ ဒီအတိုင်းပဲ အိပ်မှာပဲ”

ထိုကောင်မလေးက သူ၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်နေကာ နည်းနည်းလှုပ်လာပြီး အကောင်းဆုံးနေရာကို ရှာနေသည်။ ထိုအခါမှသာ သူမက သက်တောင့်သက်သာရှိစွာ အိပ်နိုင်မည်ဖြစ်သည်။

“ဟင်”

သက်တောင့်သက်သာရှိသော နေရာကို ရှာဖွေပြီးနောက် မုရှောင်းနွမ်က တအံ့တဩအော်သည်။

“ဘာလို့ နင့်ရဲ့နှလုံးသားက ဒီလောက်ထိ အခုန်နှုန်းမြန်ဆန်နေတာလဲ”

“ဘယ်လိုထင်လဲ”

ချန်းရန်က ထိုကောင်မလေးကို မျက်လုံးလှန်ပြလိုက်သည်။

ဒီကောင်မလေးကတော့ သိရဲ့သားနဲ့ တမင်မေးနေတာပဲ။

“ငါ့ကြောင့် ရင်အရမ်းခုန်နေတာလား”

မုရှောင်းနွမ်က ဆိုးသွမ်းသလိုမျိုး လက်ချောင်းလေးကို ဆန့်ထုတ်ကာ ချန်းရန်၏ ရင်ဘတ်တွင် စက်ဝိုင်းလေးများဆွဲသည်။

“ဟီးဟီး ငါက အရမ်းဆွဲဆောင်မှု ရှိလို့ စီနီယာအစ်ကိုချန်းက ဒီလိုဖြစ်တာလား”

“ဟင်”

ချန်းရန်ကလည်း ထိုကောင်မလေးက သူ၏ စိတ်ရှည်သည်းခံမှုကို စိန်ခေါ်နေသည်ဟု ခံစားရသည်။ သူမ၏ တအံ့တဩအော်သံနှင့်အတူ သူက တိုက်ရိုက်ပင် သူမကို ဆွဲပွေ့ဖက်ကာ ပက်လက်လှန်လိုက်သည်။

“အာ”

မုရှောင်းနွမ်က ရုတ်တရပ် ထအော်သည်။ နောက်ကျလွန်းသွားသောကြောင့် ဖြစ်လောက်သည်။ သူမက အဖိခံရပြီးသား ဖြစ်သည်။

“ယောက်….ယောက်…ယောက်ျား ဘာလုပ်မလို့လဲ”

မုရှောင်းနွမ်က ထိတ်လန့်တကြားဖြစ်ပြီး တုန်ယင်သွားသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ မျက်လုံးချင်းက ဆုံသွားသည်။ သူမသည်လည်း ချန်းရန်၏ မျက်လုံးထဲမှ မီးတောက်အပူနှင့် စိတ်ဆန္ဒကို မြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူမ၏ လည်ချောင်းထဲမှ နှလုံးသားက ခုန်ထွက်လာတော့မည်ဟု ခံစားလိုက်ရသည်။

77 02

“ငါ စားချင်တယ်”

ချန်းရန်က အဖိခံထားရသော မုရှောင်းနွမ်ကို ငုံ့ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးက ပေါ်လာသည်။ သူ၏ မျက်လုံးက ပိုပို၍ပင် ပူပြင်းလာပြီး အသက်ရှူနှုန်းကပင် မြန်ဆန်လာသည်။

“ဒါဆိုရင် တစ်ခုခု သွားယူပေးမယ်လေ”

အချို့သော အကြောင်းပြချက်များကြောင့် မုရှောင်းနွမ်သည် ချန်းရန်၏ အကြည့်ဟာ အလွန်အမင်း ကြောက်စရာကောင်းနေသည်ဟု ခံစားရပြီးပို၍ ဖိအားများကာ ကြောက်လန့်လာသည်။ ယခင်က ချန်းရန်က သူမကို ပွတ်သပ်နေချိန်ကထက်ပင် ပို၍ ကြောက်လန့်မိလာသည်။

မုရှောင်းနွမ်သည်လည်း အလျှင်စလို ထရပ်ပြီး ထွက်ပြေးရန် ရုန်းကန်သေးသည်။ သို့သော် ချန်းရန်က သူမကို အတင်းပြန်ဆွဲပြီး ခန္ဓာကိုယ်အောက်တွင်သာ ဖိထားသည်။

“အာ”

မုရှောင်းနွမ်က တအံ့တဩထအော်ပြီး‌ ခေါင်းကိုလွဲသည်။ နှင်းကဲ့သို့ ဖြူဖွေးကာ သွယ်လျှသော နုလဲ့နေသည့် လည်ပင်းလေးက ချန်းရန်၏ မျက်လုံးထဲတွင် တိုက်ရိုက်ရောက်လာသည်။ သူက ငုံ့ကြည့်လိုက်ပြီးနောက် သူ၏လည်ဇလုတ်ကပင် လှုပ်ခတ်သွားသည်။

မရည်ရွယ်သော အပြုအမူက ချန်းရန်ကို ပေါက်ကွဲသွားစေသည်။

“မလှုပ်နဲ့”

ချန်းရန်၏ လည်ပင်းက အတင်းဖိနှိပ်ထားသော အသံမျိုးနှင့် ပြောသည်။

“ငါ မင်းကို စားချင်လာပြီ”

“အာ”

မုရှောင်းနွမ်က ခပ်တိုးတိုးအော်သည်။ ချန်းရန်၏ အသံကို ကြားပြီးသည်နှင့် ရုတ်တရပ် ခန္ဓာကိုယ် တစ်ခုလုံးက ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။

ဘယ်…ဘယ်လိုလုပ်ရမလဲ။

ငါ…ငါ့ရဲ့ နှလုံးသားက မွန်းကြပ်ပြီး သေတော့မယ်ထင်တယ်။

စိုးရိမ်ထိန်လန့်လွန်းလို့ စိတ်တောင် ဗလာဖြစ်သွားသလိုပဲ။

“ချန်း….ချန်းကောကောက ဘာလို့ ငါ့ကို စားချင်တာလဲ။ ငါက ထန်ဘုန်းကြီးရဲ့ အသားလည်း မဟုတ်ဘူးလေ”

နှင်းကဲ့သို့ ဖြူဖွေးသော လည်ပင်းတွင် အနီရောင်အကွက်များပင် ပေါ်လာပြီ ဖြစ်သည်။ ထိုကောင်မလေး၏အသံက ယုံကြည်မှု ရှိပုံမရချေ။ နူးညံ့သော အသံလေးက တုန်နေသည်။ သူမက နည်းနည်း ကြောက်နေပုံပေါ်သည်။

“မင်းက ပိုဖြူပြီး ပိုမွှေးတယ်လေ။ မနေနိုင်ဘဲ လူကို ကိုက်ချင်စိတ် ပေါ်စေတယ်”

ချန်းရန်၏ အသက်ရှူနှုန်းကပင် လေးလံလာသည်။ သူသည် စိတ်ရှည်သည်းခံမှု၏ အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည်။ မုရှောင်းနွမ်၏ လှပသော မျက်လုံးက ရှက်ရွံ့မှုနှင့် တင်းကြပ်မှုအပြည့် ရောက်နေသည်။ ချန်းရန်က ထိုမျှအထိ ပြောထားလျှင် ထိုကောင်မလေးက နားမလည်ဘဲ မနေပေ။

“ဟူး”

77 03

မုရှောင်းနွမ်က ချန်းရန်၏ ကြမ်းတမ်းသော မျက်လုံးကို ကြည့်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူမသည်လည်း ဒီည ဒီဝံပုလွေဆိုးကြီး၏ လက်သည်းထဲမှ သိုးလေးဖြစ်တော့မည်ဟု သိလိုက်သည်။ ထိုဝံပုလွေဆိုးကြီးကလည်း သူမ၏ အရသာရှိသော သိုးဖြူအသားကို အလွယ်တကူ လက်လျော့လိမ့်မည် မဟုတ်ပေ။

“ဒါ…ဒါဆိုရင်လည်း…”

မုရှောင်းနွမ်က ရုန်းကန်နေရင်းမှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ရုတ်တရပ် အကြံရလိုက်သည်။

“ဒါဆိုရင်လည်း ကောင်းကောင်း စားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”

ထိုအသံထွက်ပြီးသည်နှင့် ထိုကောင်မလေးက လှပသော မျက်နှာကို တိုက်ရိုက်ပင် တိုးလာသည်။

…

နှစ်ယောက်လုံးက လုံးဝကို စိတ်ကို နှစ်မြုတ်လိုက်ကြသည်။ ဒီတစ်ကြိမ်တွင် သူတို့သည် အလွန်အမင်း ပြင်းထန်ကြမ်းတမ်းသလို အလွန်အမင်းလည်း ပြင်းပြခဲ့သည်။

အစောပိုင်းက အရသာခံသည့် အခြေအနေများနှင့် နှိုင်းယှဉ်ကြည့်သော် ဒီတစ်ကြိမ်ကမူ တဖြည်းဖြည်းချင်း မြည်းစမ်းကြည့်ခြင်း ဖြစ်သည်။ အရသာ၏ အချိုဓာတ်နူးညံ့မှုကိုပင် ဦးစွာ ခံစားပြီးနောက် အချိန်တန်ကြာသည်အထိ မလွှတ်နိုင်တော့ပေ။

ထိုအချိန်တွင် အပေါ်ယံမှ စစ်မှန်လွန်းသော ခံစားချက်ကို ရရှိကာ ဖော်ပြပြီး ထိုနှစ်ယောက်၏ စိတ်အားထက်သန်လွန်းသော ခံစားချက်များက ရောနှောကာ ပေါင်းစည်းသွားကာ တစ်ယောက်ကိုတစ်ယောက်ပင် ရောနှောချင်လာကြသည်။

ဝုတ် ဝုတ်

ထိုအခိုက်အတန့်တွင် စံအိမ်၏ အပြင်ဘက်မှ ရူးကြောင်ကြောင် ခွေးဟောင်သံကို ကြားရသည်။ သိသိသာသာကိုပင် မန်ထုံက ဟောင်နေခြင်း ဖြစ်သည်။ သူသည်ပင် အေးဆေးပေါ့ပါးစွာနှင့် စံအိမ်ထဲသို့ ဝင်ရောက်လာပြီးချန်းရန်၏ အခန်းသို့ လာကာ မန်ထုံ၏ အိမ်အသစ်ကို ရိုက်ကူးရေးအသင်းက သိမ်းဆည်းသွားသောကြောင့် သူက အိမ်ခြေရာမဲ့ ဖြစ်နေသည်။

သူတို့က သူ့ကို အဲဒီ သူစိမ်းတွေနဲ့ နေစေချင်တာလား။

မန်ထုံက သေချာပေါက် ပျော်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည်လည်း အပြေးလာပြီး ဖော်ပြခြင်း ဖြစ်သည်။

“ဟာ့”

ထိုအခိုက်အတန့်တွင် လူနှစ်ယောက်က လူစုခွဲလိုက်သည်။ လေကပင် ပူပြင်းကြိမ်းတောက်သော လေထုဖြင့် ပြည့်နှက်နေပုံရသည်။ မုရှောင်းနွမ်ကလည်း နည်းနည်း အသက်မရှူနိုင်အောင် ဖြစ်နေသည်။ သူမ၏ နီရဲသော နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ထား၏။ အစောပိုင်းက အလွန်အမင်း ပြင်းထန်လွန်းခဲ့ကာ သူမသည်ပင် နည်းနည်း ခရမ်းရောင်သမ်းပြီး ရဲနေသလို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူမက ချန်းရန်ကို ချစ်စိတ်ပြင်းပြစွာ ကြည့်သည်။

“ယောက်…ယောက်ျား ညလယ်စာက အရသာရှိရဲ့လား”

“ဘယ်လိုထင်လဲ”

ချန်းရန်က ကျေနပ်နေသည်။ သို့သော် တစ်ချိန်တည်းတွင်ပင် နည်းနည်းလည်း မကျေနပ်သေးသလို ခံစားရသည်။ သူက ရှေ့ဆက်တိုးတော့မည့်အချိန်တွင် မုရှောင်းနွမ်၏ သွယ်လျှသော လက်ချောင်းများဖြင့် တားသည်။

“ည…ညလယ်စာက အရသာရှိတယ် ဆိုပေမယ့်လည်း အရမ်းမစားသင့်ဘူးလေ ယောက်ျား အရမ်းလောဘမကြီးနဲ့”

77 04

သူမ၏ လှပသောမျက်လုံးထဲတွင် ကောက်ကျစ်စဉ်းလဲမှုက ဖြတ်ပြေးသွားသည်။ ထိုကောင်မလေးက အခွင့်အရေးကို အရယူကာ ကုန်းထသည်။

“ပြီး…ပြီးတော့မယ်ဆိုတော့ ငါလည်း ပြန်ပြီး အိပ်တော့မယ်”

“မင်းက မနေချင်ဘူးလား”

ချန်းရန်က မုရှောင်းနွမ်၏ လက်မောင်းကို လှမ်းဆွဲသည်။

“ငါဆက်နေမယ်ဆိုရင် တစ်စုံတစ်ယောက်က ငါ့ကို လုံးဝစားလိုက်လိမ့်မယ်လို့ ခံစားမိနေတယ်”

မုရှောင်းနွမ်ကလည်း နီရဲသော နှုတ်ခမ်းပါးကို ဆူပုတ်သည်။ လှပသော မျက်နှာလေးကလည်း ရဲသွားသည်။

“ဒါ..ဒါက အစပဲရှိသေးတာလေ။ ငါ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးဘူး”

“ယောက်ျား ငါ့ကို အချိန်နည်းနည်း ပိုပေးပါနော်… ဘာပဲဖြစ်ဖြစ် ယောက်ျားရဲ့ ပါးစပ်ထဲက အဲဒီ ချက်ပြီးသား ဘဲသားက ထွက်ပြေးမှာမှ မဟုတ်တာ ဟုတ်တယ်မလား”

မုရှောင်းနွမ်က ချန်းရန်ကို အသနားခံသော မျက်လုံးမျိုးဖြင့် ကြည့်သည်။ အခြေအနေက ရုတ်တရပ်ကြီးဆန်လွန်းလေရာ သူမကလည်း ကျင့်သားမရသေးပေ။

ထို့အပြင် သူမသည်လည်း ပထမဦးဆုံးအကြိမ်တွင် သဘာဝကျကျနှင့် ချောမွေ့စေလိုသည်။ ဒါမှ ပိုပြီး ပြီးပြည့်စုံမှာပေါ့ ဒီလို တောင့်တင်းပြီး ရုတ်တရပ်ကြီးတော့ မကောင်းဘူးထင်တယ်။

ချန်းရန်၏ ခံစားချက်များက နည်းနည်း တည်ငြိမ်သွားပြီ ဖြစ်သည်။ အသနားခံနေသော မုရှောင်းနွမ်ကို မြင်သောအခါ သူ၏နှလုံးသားက နူးညံ့သွားပြီး မည်သို့ပင်ဆိုစေ ထိုကောင်မလေးက မိန်းမငယ်လေးသာ ဖြစ်သည်။ သူမ၏ စိုးရိမ်ပူပန်မှုကိုလည်း သူသည် နားလည်နိုင်သည်။ ထိုအတွက်ကြောင့်လည်း ချန်းရန်က သူမကိုပို၍သာ တန်ဖိုးထားမိသည်။ ဒါကသူရဲ့ လရောင်ဖြူ (အချစ်ဦး)။

“ဘဲသားက အသင့်စားလို့ရမရ ဘယ်လို ပြောနိုင်မှာလဲ”

မုရှောင်းနွမ်၏ စိုးရိမ်နေသော အမူအရာကို မြင်သောအခါ ချန်းရန်က စနောက်ချင်လာပြန်သည်။ သူ၏ နှုတ်ခမ်းပါးက ကော့တက်သွားသည်။

“ဒါက ဒီအတိုင်း နူးညံ့ပြီး အရသာရှိတဲ့ခပ်ဝဝ သိုးသားလေးဟာကို”

“နင်…နင် နင်သာ ဝ”

မုရှောင်းနွမ်က နှုတ်ခမ်းဆူသည်။ သူမက ဒေါသထွက်ချင်ဟန် ဆောင်သောအခါ အမှန်တကယ် ချစ်စရာကောင်းသည်။ အထူးသဖြင့် ချန်းရန်၏အကြည့်က သူမ၏ နှုတ်ခမ်းနှင့် ရင်ဘတ်ထံသို့ ကျရောက်လာချိန်တွင်ဖြစ်သည်။ ထိုကောင်မလေး၏ လှပသော မျက်နှာက ရုတ်တရပ် ရဲသွားပြန်သည်။

အာ…တကယ် ဝတယ်လို့လဲ ပြောလို့ရတယ်။

“ဟေး မန်ထုံ ဘာဖြစ်နေလဲ ငါသွားကြည့်လိုက်အုံးမယ်။ သူက ဘာလို့ ညသန်းခေါင်ကြီး လျှောက်အော်နေတာလဲ”

မုရှောင်းနွမ်က အလွန်အမင်းရှက်နေသည်။ သူမက အကြောင်းပြချက် တစ်ခုကို ရှာကာ ခပ်မြန်မြန် ထပြီး ဖိနပ်ပါးကို ကောက်စီးသည်။ သူမက ထပြီး သိပ်မကြာခင်မှာတင် ပြန်လာခဲ့သေးသည်။ ထို့နောက် မှင်သက်သွားသော ချန်းရန်ကို တစ်ချက် ကြည့်ကာ ခေါင်းကို ငိုက်စိုက်ချ၍ ခပ်မြန်မြန် ထွက်သွားသည်။

******

All Chapters