အခန်း ၇၈
Vol. 8 Ch. 78
78 01
အပိုင်း (၇၈)
နောက်တစ်နေ့ မနက်ခင်းတွင် ထောင်ယွမ်ရွာအတွင်း ကျေးငှက်အော်သံများက ထွက်ပေါ်လာပြီး ပရိုဂရမ်အသင်းမှ လူတိုင်းကမူ နှစ်ခြိုက်စွာ အိပ်မောကျနေသည်။
ဝုတ် ဝုတ်
အာဝု
မနက်ခင်းစောစောစီးစီး ထိုခွေးဟောင်သံကြီးက ရုတ်တရပ် ထွက်ပေါ်လာသည်။ မန်ထုံက သူ၏ကိုယ်ပိုင်အခန်းထဲတွင် ကြမ်းတမ်းစွာ အော်ဟစ်နေပြီး ပရိုဂရမ်အသင်းမှလူများ အားလုံးကို ဦးခေါင်းခွံများ ကြိမ်းကိုက်လာစေကာ ဒေါသတကြီး ထွက်လာစေသည်။
“သေစမ်း ဘာဖြစ်တာလဲ”
“ဘာဖြစ်တာလဲ မနေ့ညကလည်း ဟောင်နေသလိုပဲ”
“အာ ငါတော့ ပြိုလဲတော့မယ်လို့ ခံစားနေရတယ်။ တကယ်ကို တစ်ညလုံး ကောင်းကောင်း မအိပ်ထားရဘူး”
ပရိုဂရမ်အသင်းမှ လူတိုင်း၏ မျက်လုံးများက ညိုမဲနေသည်။ သူတို့သည် တော်တော်လေးကို စိတ်ဓာတ်ကျနေကြသည်။ မန်ထုံက မနေ့ညက တောက်လျှောက် ဟောင်နေသည်။ ည၏ ဒုတိယတစ်ပိုင်းလုံးလုံး နားချိန်ယူသွားသော်လည်း မနက်စောစောစီးစီး တက်ကြွနေပြန်သည်။ ပရိုဂရမ်အသင်းက အလွန်အမင်း ခက်ခဲသည်ဟု ခံစားလိုက်ရသည်။
“အာ..ဒေါသဖြစ်လိုက်တာ”
မနက်ခင်းအစောပိုင်း စံအိမ်ကြီးထဲတွင် ချန်းရန်က အပျင်းကြောဆန့်ရင်း တော်တော်လေးကို ကျေနပ်နေသည်။
မနေ့ညက ထိုကောင်မလေး၏ နှောက်ယှက်ခံရပြီးနောက်တွင် သူသည် မမျှော်လင့်ထားစွာပင် ကောင်းကောင်းပင် အိပ်ပျော်ခဲ့ပြီး အိပ်မက်ပင် မက်ခဲ့သေးသည်။ ထိုအိပ်မက်ထဲတွင် သူနှင့် ထိုကောင်မလေးတို့က အမြွှာကလေးနှစ်ယောက်နှင့်အတူ သူဖန်တီးထားသည့် သုခဘုံအိမ်တွင် မိသားစုလိုက်နေကြပြီး ပျော်ရွှင်ကာ အေးဆေးသက်သာပြီး ပူပန်းခြင်းမှ ကင်းဝေးသည့် ဘဝမျိုးတွင် နေထိုင်နေသည်။
သူ အိပ်ယာနိုးလာသောအခါတွင်လည်း သူ၏မျက်စိရှေ့မှ အရာအားလုံးက လှပနေသလို ခံစားလိုက်ရသည်။
အင်း တော်တော်လေးကို အင်အားအပြည့်နဲ့ နေ့ကောင်းတစ်ရက်ပဲ။
“ငါ မနေ့ညက မန်ထုံကို သင်ခန်းစာပေးထားတာ။ သူ ညက ဘယ်များ သွားပါလိမ့်။ ဘာလို့ အရိပ်အယောင် မမြင်ရတာလဲ”
ချန်းရန်က ဆေးကြောသန့်ရှင်းပြီးသည့်တိုင်အောင် မန်ထုံကို ရှာမတွေ့သေးချေ။ ထိုကောင်လေးသည် ပုံမှန်အားဖြင့် မနက်စောစောစီးစီး အမြှီးနှံ့ကာ လာနေကျ ဖြစ်သည်။ ခေါင်းခါပြီးလည်း အစာတောင်းတတ်သည်။
ဒါပေမဲ့ ဒီနေ့ ဘာလို့ မလာတာလဲ။
ဝုတ် ဝုတ် ဝုတ်
ထိုအချိန်တွင်ပင် ချန်းရန်၏ အတွေးမဆုံးလိုက်သေးခင် သိပ်မဝေးသော တစ်နေရာမှ ရင်းနှီးကျွမ်းဝင်သော မန်ထုံ၏အသံကို ကြားလိုက်သည်။
လက်စသတ်တော့ ပရိုဂရမ်အသင်းက လူတွေက မန်ထုံ…ဘိုးဘေးလေးကို လာပို့တာကိုး။
“ဆရာသခင်ချန်း မင်္ဂလာနံနက်ခင်းပါ”
ပရိုဂရမ်အသင်းမှ လူများက ချန်းရန်ကို နှုတ်ဆက်သည်။
“မင်္ဂလာနံနက်ခင်းပါ”
ချန်းရန်ကလည်း အပြုံးနှင့် ပြန်ဖြေသည်။ သို့သော် အားလုံး၏ အားနည်းပြီး အသက်မဲ့နေသော ပုံစံကို မြင်ကာ မနေနိုင်ဘဲ မေးလိုက်သည်။
“ဘာ..ဘာဖြစ်ကြတာလဲ။ အသက်မဲ့နေသလိုပဲ”
“မပြောပါနဲ့တော့”
ဟယ်လောင်ရှီး၏ နီရဲနေသော ပန်ဒါမျက်လုံးက မန်ထုံအား ယူကြုံးမရ ဖြစ်သလိုမျိုး ညွှန်ပြရင်းပြောသည်။
78 02
“ဒီကောင်လေး မနေ့ညက ဘာလုပ်မှန်းမသိပါဘူး။ ညသန်းခေါင်ကြီး အသားကုန် ဟောင်နေတာပဲ။ အဲဒါကြောင့် ငါလည်း ထပြီး သူ့ကို အစာကျွေးတာလေ။ အဲဒီနောက် မနက်စောစောစီးစီးလည်း ဟောင်ပြန်ရော”
အာဝု ဝုတ် ဝုတ်
မန်ထုံက နားလည်ပုံရသည်။ သူသည် မြေပြင်တွင် လဲနေပြီး ချန်းရန်ဘက်သို့ လိမ့်လာကာ သူမဟုတ်ကြောင်း ပြောပြီး တဝု ဝု အော်ပြန်သည်။ သူသည်လည်း သူ၏ မတရားစွပ်စွဲခံရမှုကို အထွန့်တက်နေပုံရသည်။
“ဖာ့ခ်…ဒီ…ဒီကောင်က တာဝန်မယူတတ်တာပဲ”
“ဒီ…ဒီခွေးက တအားကို တော်လွန်းတယ်။ သရုပ်ဆောင် တော်လိုက်တာ”
“ဆရာသခင်ချန်း မွေးထားတဲ့ ခွေးဆိုတဲ့အတိုင်းပဲ ဉာဏ်ကောင်းလိုက်တာ”
ပရိုဂရမ်အသင်းမှ လူများကလည်း မနေနိုင်ဘဲ သက်ပြင်းချကြသည်။ သူတို့သည် ချန်းရန်ကို လေးစားသော မျက်လုံးများဖြင့် ကြည့်သည်။
“ခင်ဗျားတို့ အတွေးလွန်နေပြီ။ သူက တမင်တကာ ဟန်ဆောင်တတ်တာ”
ချန်းရန်ကပင် ဆွံအသွားသည်။ မန်ထုံက ဟန်ဆောင်ရာတွင် အမှန်တကယ် တော်သည်။ ချန်းရန်က သူ၏ ခြေထောက်ဖြင့် တုံ့ဆိုင်းမနေဘဲ လှမ်းတို့လိုက်သည်။
မန်ထုံက ချက်ချင်းဆိုသလို ပြန်ထရပ်ကာ ဘေးဖက်သို့ နာနာခံခံလေး ပြန်သွားရပ်ပြီး စောင့်နေသည်။ မြေပြင်တွင် လိမ့်မနေတော့ပေ။
“ဝိုး ဆရာသခင်ချန်းက ဒီခွေးကို တစ်ချက် တို့ရုံနဲ့ လိမ္မာအောင် လုပ်နိုင်တာပဲ”
“ဒီခွေးက ဉာဏ်ကောင်းတယ်။ ဆရာသခင်ချန်းရဲ့အရှေ့မှာတော့ ဝန်ခံရမှာပဲ။ ဆရာသခင်ချန်းက အမှန်တကယ် တော်တာ”
ပရိုဂရမ်အသင်းမှ လူများက ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ရုတ်တရပ် ထိုခွေးက ထိုမျှအထိ ဉာဏ်ကောင်းနေသည်မှာ ဆရာသခင်ချန်း၏ လေ့ကျင့်သင်ကြားပေးမှုကြောင့်ဟု သိလိုက်သည်။
သေချာပေါက်ကိုပဲ ဆရာသခင်ချန်းက သာမာန်လူမှ မဟုတ်တာ။
“ဆရာသခင်ချန်း ဒီမနက် ဘာစားချင်လဲ”
ဟယ်လောင်ရှီးက ရုတ်တရပ် မေးသည်။ လူတိုင်းက မနက်စောစောထထားပြီး ဗိုက်ဆာနေကြပြီ ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် ပရိုဂရမ်အသင်းကလည်း ဒီနေ့၏တာဝန်ကို ပို့ထားသည်။ သူတို့အား ကိုယ့်ဝမ်းကိုယ် ကြောင်းခိုင်းထားသည်။
“ဒီမနက်…”
ချန်းရန်က အချိန်ကို ကြည့်သည်။
“အာ… အခုက မနက်ခုနှစ်နာရီတောင် မထိုးသေးဘူး။ ငါ ဘာလို့ ခင်ဗျားတို့ကို ငါ့ရဲ့စိုက်ခင်းမြေတွေကို မပြရမှာလဲ”
“ဆ..ဆရာသခင်ချန်းမှာ စိုက်ခင်းမြေလည်း ရှိတယ်”
“ဘုရားရေ ဆရာသခင်ချန်းရဲ့ စိုက်ခင်းမြေကို ကိုယ်တိုင်ပဲ တည်ဆောက်ထားတာလား”
“ငါ မနာလို ဖြစ်လိုက်တာ။ သူက တစ်ခုခုကို စားချင်ရင်လည်း စိုက်ခင်းထဲကိုသွားပြီး ခူးလိုက်ရုံပဲ။ လုံးဝကို လတ်လတ်ဆတ်ဆတ် စားနိုင်မှာနော်။ ငါတို့လို မဟုတ်ဘူး။ အွန်လိုင်းကနေ ဝယ်ရသေးတယ်။ နောက်ပြီး ဘယ်နှစ်ရက်တောင် ကြာနေမှန်း မသိတဲ့ဟာမျိုး”
ပရိုဂရမ်အသင်းမှ လူတိုင်းက မှင်သက်အံ့ဩကာ သက်ပြင်းချကြသည်။ သူတို့၏ ခက်ခဲကြမ်းတမ်းသော ဘဝကို တွေးမိကာ ဆရာသခင်ချန်း၏ ဒီနေရာမှ ဘဝက အမှန်တကယ်ပင် သုခဘုံဟု ခံစားရသည်။
“အင်း ဒီမှာ ခဏစောင့်လိုက်နော်။ ငါ လူသွားခေါ်လိုက်အုံးမယ်”
ချန်းရန်က တစ်ဖက်သို့ လှည့်ပြီး စံအိမ်ဖက်သို့အ ပြုံးနှင့် ပြန်ဝင်သွားသည်။ ကြည့်ရတာ ဒီကောင်မလေးက အိပ်ပျော်နေတုန်း ထင်တယ်။
သို့ရာတွင် စိုက်ခင်းမြေအသစ်ကို ပထမဦးဆုံး စမြင်ရမည့် အခွင့်အရေးကိုလည်း ထိုကောင်မလေး မရှိ၍ မရပေ။ သို့မဟုတ်ပါက သူမ နိုးလာသည်နှင့် အထွန့်တက်ပေလိမ့်မည်။
စံအိမ်ကြီး၏ မုရှောင်းနွမ်၏ အခန်းထဲတွင်
78 03
သေချာစွာပင် မုရှောင်းနွမ်က အိပ်ပျော်နေသေးသည်။ သို့သော် အိပ်နေသော ပုံစံက အတော်လေးကို အံ့အားသင့်စရာ ကောင်းသည်။ သူမက ခြေလက်လေးဖက်လုံးကို ကားယားကြီး အိပ်နေသည်မှာ ရေဘဝဲကြီးနှင့် တူသည်။ လက်ထဲတွင်လည်း ပန်းချီကားကို ဖက်ထားသေး၏။ ခေါင်းကိုလည်း ပန်းချီကားပေါ်တင်ထားကာ ပန်းချီကားကို နမ်းနေသည့် ပုံစံမျိုးနှင့် ဖြစ်သည်။ နုနယ်သော မျက်တောင်များက နည်းနည်းပင် လှုတ်ခတ်ကာ တုန်ယင်နေသည်။ သိသိသာသာကိုပင် အသက်ရှူနှုန်းကလည်း မညီညာချေ။
ဘာကိုများ အိပ်မက်မက်နေတာလဲ။
“ရှောင်းနွမ် ထတော့ ဘာလုပ်နေတာလဲ”
ချန်းရန်ကပင် မျက်နှာပူသွားသည်။
ဒီ..ဒီကောင်မလေးက အိပ်နေရင်းနဲ့တောင် ပန်းချီကားကို အကောင်းဆုံး ထိဖို့ ကြိုးစားနေတာပဲ။ ကံကောင်းသည်မှာ ပန်းချီဘောင်ဖြစ်နေသည်။ သို့မဟုတ်ပါက ပန်းချီကားက ပျက်စီးသွားလောက်သည်။
“ဟင်”
မုရှောင်းနွမ်က ချန်းရန်၏ အခေါ်ခံရပြီး နည်းနည်း စိတ်ရှုပ်သွားသည်။ သူမက အိပ်မက်မက်နေသေးပုံရသည်။
“ယောက်…ယောက်ျား ယောက်ျားက ဘယ်လို ဖြစ်ပြီး ရုတ်တရပ် မြိုချဖို့အတွက် မာကြောနေတာလဲ”
ထိုကောင်မလေးက မာကြောသောအရာကို ထိတွေ့နေသေးသည်။ အိပ်မက်ထဲတွင် မွေ့လျော်နေပုံရသည်။
“တကယ်ကို ရူးကြောင်ကြောင်နဲ့ ချစ်ဖို့ ကောင်းတာပဲ”
ချန်းရန်ကပင် ထိုမြင်ကွင်းကြောင့် ရယ်လိုက်သည်။ ထိုကောင်မလေး၏ ပုံစံကိုကြည့်ပြီး မနေနိုင်ဘဲ စချင်လာသည်။ ထို့ကြောင့် သူ၏ ကိုယ်ကို တစ်ဖက်သို့ စောင်းလိုက်ပြီး မုရှောင်းနွမ်၏ နံဘေးတွင် လဲလိုက်သည်။
“ပန်းချီကားက ဘယ်မှာလဲ”
ချန်းရန်၏ မျက်လုံးက စနောက်ချင်စိတ်ဖြင့် ပြည့်နှက်လာပြီးနောက် မုရှောင်းနွမ်၏ရင်ခွင်ထဲမှ ပန်းချီကားကို ဆွဲထုတ်ယူသည်။
“အင်း မသွားနဲ့”
မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်က လက်ကို ဆန့်ထုတ်ကာ ဆွဲသည်။ သို့သော် ချန်းရန်က ပန်းချီကားကို ယူသွားပြီဖြစ်သည်။ မုရှောင်းနွမ်က ဘာကိုမှ မမိလိုက်ပေ။ သို့သော် ချန်းရန်ကို လှမ်းဖက်မိသွားသည်။
“ဟင်”
ချန်းရန်ကပင် မှင်သက်သွားသည်။ သူက ပန်းချီကားကို ခေါင်းအုံးဖြင့် အစားထိုးရန်က ကြံစည်ထားခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်က ခပ်မြန်မြန် တုံ့ပြန်လိုက်သည်။ အထူးသဖြင့် ချန်းရန်ကို အငိုက်ဖမ်းလိုက်သည်။
“ရှောင်းနွမ် မင်း”
ချန်းရန်က မျက်လုံးပြူးသွားသည်။ သူက ဘာကိုမှ မပြောနိုင်သေးခင် မုရှောင်းနွမ်က ရုတ်တရပ် ဝင်တိုးလိုက်သည်။
“ဟင်”
ချန်းရန်ကလည်း ရုတ်တရပ် တိုက်ခိုက်ခံလိုက်ရသည်။ သူက အော်တော့မည့်အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် နွေးထွေးကာ နူးညံ့မှုအကြားမှ နာကျင်မှုက ရောက်ရှိလာသည်။
“ဟစ်”
ချန်းရန်က လေအေးများကိုပင် ရှိုက်သွင်းလိုက်ရပြီး မုရှောင်းနွမ်အား ချက်ချင်းဆွဲဖယ်ကာ ပါးစပ်ကို အုပ်သည်။ သူ၏ပါးစပ်အတွင်းမှ သွေးအရသာကိုပင် ရလိုက်သည်။
သူကပင် မှင်သက်သွားရသည်။
ဒီကောင်မလေးက ခွေးနှစ်မှာ မွေးတာလား။
“ဟင်”
မုရှောင်းနွမ်က ကျေနပ်သွားပုံရသည်။ သူမက အရသာရှိသော စားစရာကို စားလိုက်ရ၍ ကျေနပ်သွားပုံရ၏။
“ဒီအချိန်ကမှ အရသာက ဟုတ်သေးတယ် ကောင်းလိုက်တာ”
******