အခန်း ၇၉
Vol. 8 Ch. 79
79 01
အပိုင်း (၇၉) ပြန်ကိုက်
“အာ…အာ မရှိတော့ဘူး”
အိပ်မက်က ရုတ်တရပ် ပျောက်သွားသောကြောင့် ဖြစ်လောက်သည်။ မုရှောင်းနွမ်ကလည်း အော်သံတစ်ချက်နဲ့ပင် နိုးလာပြီး နဖူးမှ ချွေးပြိုက်ပြိုက် ကျနေသည်။ သူမက တိမ်စိုင်ထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပုံရပြီး ပြင်းထန်သော ဆုံးရှုံးမှုကို ခံစားနေခဲ့ရသည်။
“ဟေ့ ဘယ်…ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ”
မုရှောင်းနွမ်သည်လည်း နည်းနည်း စိတ်လွှင့်နေကာ ချက်ချင်း မတုန့်ပြန်လိုက်နိုင်ပေ။
“အိပ်မက်ထဲမှာ အဆင်ပြေရဲ့လား”
ရုတ်တရပ် အေးစက်သော နှာခေါင်းရှုံ့သံ ထွက်လာသည်။ ထို့နောက် ချန်းရန်၏ ဒေါသထွက်နေသော မျက်လုံးကို မြင်ရသည်။
သို့ရာတွင် သူ၏အသံကို နားထောင်ပုံအရ အသံက ခပ်အုပ်အုပ်ဖြစ်နေကာ မကြည်လင်ပေ။
“အာ”
မုရှောင်းနွမ်က ရုတ်တရပ် ထအော်သည်။ ထို့နောက် ချန်းရန်ကို ကြည့်သည်။ သူမက အံ့အားသင့်သွားကာ စောင်ကို ဆွဲယူကာ ကိုယ့်ကိုယ်ကိုယ် ခြုံလိုက်သည်။
“ယောက်…ယောက်…ယောက်ျား ရောက်လာတာ ဘာလို့ မပြောတာလဲ”
“အိပ်မက်ထဲမှာ သွားပြောရမှာလား”
ချန်းရန်က တစ်ချက်ညီးညူလိုက်ပြီးသည်နှင့် လေအေးများကို ရှိုက်သွင်းလိုက်ရသည်။ အခုအခါ စကားပြောနေရင်းပင် နာကျင်မှုကို ခံစားနေရသည်။ ဒီကောင်မလေး အရမ်းရက်စက်တာပဲ။
“အာ…ယောက်…ယောက်ျား နင်အားလုံးကို မြင်လိုက်တယ်”
မုရှောင်းနွမ်က ပို၍သာ ရှက်ရွံ့သွားပြီး သူမ၏ မျက်နှာက ပို၍သာ ရဲတက်သွားသည်။ ဒီ…ဒီလောက် ရှက်စရာကောင်းတာကို တွေ့သွားတယ်။
ဟင် သူမ ယောက်ျားက သူမကို မသန့်စင်ဘူးလို့များ ထင်သွားလောက်မလား။
“တွေ့ရုံတင်မကဘူး။ မင်းက ငါ့ကို တိုက်ခိုက်သေးတယ်”
ချန်းရန်က ပါးစပ်ကို အုပ်ထားရင်း ခပ်တိုးတိုးပြောသည်။ မုရှောင်းနွမ်ကလည်း ယောက်ျားဖြစ်သူ၏ ပါးစပ်က ကွဲသွားကြောင်း မြင်လိုက်သည်။
“ငါ…ငါ ဒီ..ဒီအတိုင်း”
မုရှောင်းနွမ်၏ လှပသော မျက်နှာက ပျက်ယွင်းသွားသည်။ သူမက ချန်းရန်ကို ကြည့်ပြီး သုံးစက္ကန့်ခန့် မှင်သက်သွားကာ ထအော်သည်။
“အား”
သူမက ချက်ချင်းလှဲချပြီး မျက်နှာကို အုပ်ကာ ရှက်နေသည်။
“အာ…ငါ…ငါတောင်းပန်ပါတယ် မရည်ရွယ်ပါဘူး”
မုရှောင်းနွမ်က မျက်နှာပူသွားပြီး လိမ်လိမ်မာမာလေး ပြန်ထသည်။ ထို့နောက် ချန်းရန်ကို ကြည့်ကာ လှပသော မျက်လုံးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များ ပြည့်နှက်သွားပြီး စိုးရိမ်တကြီး ပြောသည်။
“ယောက်ျား ယောက်ျား နာ…နာနေလား ငါဘယ်လို ကူညီပေးရမလဲ”
79 02
“အရမ်းရိုးရှင်းပါတယ်။ ဒီကိုလာ”
ချန်းရန်က နံဘေးရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး တစ်ရှူးဖြင့် ဂရုတစိုက်သုတ်နေရင်းမှ မုရှောင်းနွမ်ကို အမိန့်လှမ်းပေးသည်။
“အာ”
မုရှောင်းနွမ်က အလွန်လိမ္မာသည်။ သူမက ခပ်မြန်မြန်ထရပ်ပြီးနောက် ချန်းရန်၏ အနားသို့ တဖြည်းဖြည်းချင်းစီ လာသည်။
“ယောက်ျား ငါ့ကို ဘာလုပ်စေချင်တာလဲ”
မုရှောင်းနွမ်က ခပ်တိုးတိုးမေးသည်။ သူမက ခေါင်းကို ငုံ့ထားပြီး ချန်းရန်ကို မကြည့်ရဲပေ။
“မစိုးရိမ်နဲ့။ ငါမင်းကို ဘာမှ မလုပ်ခိုင်းဘူး”
ချန်းရန်က နှာခေါင်းရှုံ့သည်။
“ဒီအတိုင်း ငါ့ကို ပြန်ကိုက်ခိုင်း”
“အာ မရဘူးနော်…”
မုရှောင်းနွမ်၏ လှပသော မျက်နှာက ဖြူစုတ်သွားသည်။ သူမက လက်ရောခြေပါ ယမ်းသည်။
“ဟင်….မရဘူး မရဘူး။ ငါက နာမှာ ကြောက်တယ်။ ယောက်…ယောက်ျား ယောက်ျားငါ့ကို ကိုက်ရက်လို့လား ဟင် ငါ…ငါ..ငါကလေ အခြားနေရာ ကိုက်လို့မရဘူးလား”
“ရတယ်”
ချန်းရန်က မျက်ခုံးပင့်လိုက်ပြီး စနောက်သလိုလေသံမျိုးနှင့်ပြောသည်။
“မင်းမှာ ပါးစပ်နှစ်ပေါက်ရှိတာ မဟုတ်ဘူးလား။ အခြားတစ်ပေါက်နဲ့ ငါ့ကို ကိုက်ပေး”
“အာ”
မုရှောင်းနွမ်က အစပိုင်းတွင် မှင်သက်သွားသေးသည်။
“ဘယ်…ဘယ်ကနှစ်ပေါက်လဲ”
ထို့နောက် သူမက ဂရုတစိုက်တွေးတောကြည့်ပြီးနောက် လှပသော မျက်နှာက အနီရောင်ခရမ်းချဉ်သီးကဲသို့ ဖြစ်သွားသည်။ လှပသော မျက်လုံးကပင် ကျဉ်းမြောင်းသွားပြီး ချန်းရန်ကို ကြည့်လိုက်လေရာ ချန်းရန်က ပြုံးနေကြောင်း မြင်လိုက်သည်။ ရုတ်တရပ် ထိုကောင်မလေးက အရာအားလုံး နားလည်သွားသည်။
ဟွန့် ငါ့ကိုလာစနေတာကိုး။
“ယောက်…ယောက်…ယောက်ျား အရမ်းဆိုးတာပဲ။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ဟင်”
မုရှောင်းနွမ်က အလွန်ရှက်နေပြီး ပန်းရောင်လက်သီးဆုပ်လေးကို မြောက်ကာ ချန်းရန်၏ရင်ဘတ်ကို လာထုသည်။ ဟွန့် သူမရဲ့ ယောက်ျားက အရမ်းဆိုးတာပဲ အလကားနေရင်း စနေတယ်။
“အဟမ်း ကောင်းပြီ ကောင်းပြီ…”
ချန်းရန်ကလည်း လှုပ်လှုပ်ရှားရှား သိပ်မလုပ်ရဲချေ။ သူက အရသာရှိသော ထိုကောင်မလေးကို တစ်ချက်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းကသာ ဒဏ်ရာမရနေပါက သေချာပေါက် ပိတ်ဆို့လောက်သည်။
“မြန်မြန်လေး အဆင်သင့်ပြင်တော့ ငါတို့ farm အသစ်ကို သွားရမယ်။ အဲဒီမှာ အံ့အားသင့်စရာတွေ ရှိတယ်”
79 03
“ရေး”
မုရှောင်းနွမ်က စိတ်ငြိမ်သွားပြီးနောက် ခပ်မြန်မြန် မျက်နှာသွားသစ်သည်။
“အာ ငါက မနက်အစောကြီး နိုးထကာစ ဆိုပေမယ့်လည်း ဒီလို နိုးထကာစက ပိုပြီးတောင် လှနေသေးတယ်”
ပရိုဂရမ်အသင်းမှ လူများသည် အစပိုင်းက နည်းနည်း မသက်မသာ ဖြစ်နေကြခြင်းဖြစ်သည်။ သို့သော် မနက်စောစောထကာ ထောင်ယွမ်ရွာမှ လတ်ဆတ်သော လေကို ရှိုက်သွင်းလိုက်ရုံနှင့်တင် မြေဆီလွှာ၏ ရနံ့နှင့် ပန်းများ အပင်များ၏ မွှေးရနံကို ရရှိလိုက်ကြပြီး ပို၍ပင် စိတ်ကြည်လင်သွားကြသည်။ လှပသော ဝင်သက်က မည်သည့်အဆင်တန်ဆာမှ မပါသည့်တိုင်အောင် အလွန်အမင်းကို ထူးခြားကာ စိတ်ကို လန်းဆန်းစေသည်။ သူတို့သည်လည်း တစ်ကိုယ်လုံးက မြောက်တက်သွားသလို ခံစားရ၏။ တစ်ကိုယ်လုံးက လန်းဆန်းအေးမြသွားသည့် ခံစားချက်မျိုးဖြစ်သည်။
ယခင် မြို့ကြီးပြကြီးတွင် နေထိုင်စဉ်အခါက ဘယ်သောအခါကမှ မခံစားခဲ့ရသည့် စိတ်အေးချမ်းမှုလည်း ဖြစ်သည်။ ခန္ဓာကိုယ်ပေါ်မှ ဆဲလ်တိုင်းကပင် ပျော်ရွှင်မှုကို ထုတ်လွှတ်နေပုံရသည်။
“ဆရာသခင်ချန်းရဲ့ farm ကို တကယ်ကို မျှော်လင့် စောင့်စားနေပြီ။ ဘယ်လိုပုံစံများ ဖြစ်လောက်မလဲ”
“ဆရာသခင်ချန်းဆီက ကြားထားတာတော့ သူ့ဘာသာသူ ဆောက်ထားတာဆိုပဲ ဟုတ်များ ဟုတ်နေမလား”
“farmက ဘယ်လို ပုံစံလဲ”
ပရိုဂရမ်အသင်းကလည်း ချန်းရန်နှင့် အတူ လမ်းလျှောက်နေရင်း ပြောနေကြသည်။ ချန်းရန်က တစ်ချိန်လုံးပြုံးနေပြီး မကြာခဏဆိုသလို ခေါင်းညိတ်ကာ သဘောတူလိုက် အတည်ပြုပေးလိုက် လုပ်နေသည်။ ကျန်သော အချိန်များတွင်မူ မုရှောင်းနွမ်ကသာ မေးခွန်းအားလုံးကို ကိုယ်စားပြု ဖြေပေးသည်။
“ဒါပေါ့ farm ကို ငါ့ယောက်ျားက ပုံစံ ဆွဲထားတာ သူကိုယ်တိုင် ကြီးကြပ်ထားတာလေ”
“ဟုတ်လား မဟုတ်လား ဆိုတာကတော့ နင်တို့ ရောက်ရင် သိရမှာပေါ့။ နင်တို့ အမြင်ကျယ်သွားမယ်လို့ ငါပြောနိုင်တယ်”
ပရိုဂရမ်အသင်းကပင် ထူးဆန်းသည်ဟု ခံစားရသည်။ သူတို့ဟာ ဆရာသခင်ချန်းကို မေးခွန်းတစ်ခု မေးချိန်တိုင်းလိုလို မုရှောင်းနွမ်ကသာ ဝင်ဖြေပေးနေသည်။ ထို့ကြောင့် ပရိုဂရမ်အသင်းကပင် အလွန်စိတ်ရှုပ်လာ၏။ သူတို့သည်လည်း ဒီအတိုင်း ဒီနေရာမှ အိမ်ရှင်မက အလွန်ပျူငှာလွန်းသည်ဟု ခံစားရသည်။
“ရောက်ပြီ”
သိပ်မကြာခင်မှာတင် ချန်းရန်က ရုတ်တရပ် ပြောသည်။ နှစ်လုံးတည်းသာ ဖြစ်သော်လည်း သူက ထပ်ပြောရန် ပျင်းသွားပုံရပြီး တိတ်သွားသည်။
“ဒါ…ဒါ…ဒါက farm လား”
“ဘုရားရေ ဒါက ဒဏ္ဍာရီလာ ဥယျာဉ်မဟုတ်ဘူးလား ဒါ…ဒါကို farm တဲ့လား”
“ဒါ…ဒါက ဘာလဲ အလိုလျောက် ပတ်ဖြန်းတဲ့ ဝန်ဆောင်မှုလား”
အစ်မကြီးကျစ်ဖုန်းကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် အနီးကပ်ကြည့်သည်။ ထိုအရာက ခရမ်းချဉ်သီးအပင်ဖြစ်သည်။ တစ်ပင်ချင်းစီတိုင်းက လုံးဝိုင်းပြီး တောက်ပ နီရဲနေသည်။ ခန့်မှန်းရန်မလိုလောက်အောင် အလွန်အရသာရှိပေလိမ့်မည်။ ထိုအပင်ပေါ်တွင်လည်း သေးငယ်သော စက်သေးသေးလေးက အုပ်ထားသည်။ အလွန်အမင်း စိတ်လှုပ်ရှားစရာကောင်းသည်။
“တင် အစိုဓာတ်ပါဝင်မှုနှုန်းက စံချိန်ကို ကျော်လွန်နေပါပြီ။ လေက တိုက်ခတ်ပါတော့မယ်”
မမျှော်လင့်ထားစွာပင် အစ်မကြီးချန်းဖုန်းက ရှေ့တိုးသွားသည်နှင့် သူမသည် သတိပေးသံကို ကြားရသည်။ ထို့နောက် ပြင်းထန်သော လေစီးကြောင်းက သူမဆီ ရောက်ရှိလာကာ မျက်နှာကို ပက်ဖြန်းသည်။
79 04
“ဘုရားရေ ဆိုးလိုက်တာ။ ဒါက ဉာဏ်ရည်မြင့်ပဲ”
“ဆရာသခင်ချန်းက အရမ်းတော်တာပဲ။ ဒီစိုက်ခင်းပြင်ကြီးတစ်ခုလုံးက အဆင့်မြင့် နည်းပညာကို သုံးထားတာကိုး… နောက်ပြီး အစိုဓာတ်၊အလင်း၊ အဟာရ၊ နောက်ပြီး အရာအားလုံးကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေတာနော်”
ပရိုဂရမ်အသင်းမှ လူများကပင် မှင်သက်သွားကြသည်။ ထိုမျှတိကျသော အချိန်ထိန်းချုပ်မှုမျိုးနှင့် ဆိုလျှင် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ၏ ကြီးပြင်းမှုက ထိပ်တန်းအဆင့် ဖြစ်ပေလိမ့်မည်။
“ဒီခရမ်းချဉ်သီးက အနီရောင်နေမင်း ကျနေတာပဲ။ အရောင်က တောက်လိုက်တာ”
“ဖရဲသီးကတော့ ငါ့အကြိုက်ပဲ။ ဒီတစ်လုံးဆိုရင် လုံးဝိုင်းနေတာပဲ။ ပုံမှန်ပုံစံမျိုးဆိုပေမယ့်လည်း သိသိသာသာကိုပဲ ဖရဲသီးကောင်းဖြစ်မယ်”
“ဒီစိုက်ခင်းမြေက ဆက်ဆံခံရမှုက ဒီလောက်ထိ ကောင်းနေမယ်လို့ မထင်ထားဘူး။ ငါ့ရဲ့ နောက်ဘဝမှာတော့ ငါလည်း လူကြီးမင်းချန်းရဲ့စိုက်ခင်းမြေက ပစ္စည်းလေးပဲ ဖြစ်ချင်တော့တယ် ဟားဟား”
ပရိုဂရမ်အသင်းမှ လူများက သဘောကျနေကြသည်။ သူတို့အားလုံးက စိတ်ဝင်တစား ပြောနေကြသည်။
“ဝိုး”
မုရှောင်းနွမ်သည်လည်း ထိုစိုက်ခင်းမြေကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူမ၏ မျက်ဝန်းက တောက်ပနေသည်။ ထိုနေရာက အိပ်မက်ဆန်သည်။
“တင် သက်သာဘဝစနစ်က စတင်ပါပြီ”
“တင် သက်သာတာဝန်အသစ်ကိုလည်း ထုတ်လွှတ်လိုက်ပါပြီ”
******