အခန်း ၈၀
Vol. 8 Ch. 80
80 01
အပိုင်း (၈၀) လှပတဲ့ နေ့ရက်တွေက မုရှောင်းနွမ်ကို ကျွေးတာက စတယ်။
“တင် သက်သာဘဝစနစ်က စတင်ပါပြီ”
“တင် သက်သာတာဝန်အသစ်ကို ထုတ်လွှတ်လိုက်ပါပြီ : နေ့ရက်ကောင်းတွေက မုရှောင်းနွမ်ကို ကျွေးတာက စတယ်။ ကျေးဇူးပြုပြီး ပရိုဂရမ်အသင်းအဖွဲ့က လုပ်ဆောင်မှုတွေနဲ့ ပူးပေါင်းလို့ ပရိုဂရမ်အသင်းကို ချေမွပစ်လိုက်ပါ”
စနစ်က တာဝန်အသစ်ထုတ်ပေးသည်။ သို့သော် ထိုတာဝန်အသစ်ကမူ နည်းနည်းလေး ခြားနားနေသလို ခံစားရသည်။ ချန်းရန်က တိတ်သွားသည်။ ထို့နောက် ပရိုဂရမ်အသင်းကို ကြည့်သည်။
“အားလုံးပဲ ဒါရိုက်တာ ပေးထားတဲ့ တာဝန်ကို လက်ခံရရှိထားကြတာလား”
ဟယ်လောင်ရှီးက အရင်ဦးဆောင်ကာ အားလုံးကို ထူးဆန်းသော မျက်နှာမျိုးဖြင့် ကြည့်သည်။
“ငါ ရရှိထားတာကတော့ မင်းတို့ဆွဲ ငါက ခန့်မှန်းမယ်. နှစ်ယောက်ကို တစ်ဖွဲ့ နောက်ပြီး ဒီစိုက်ခင်းမြေက အနှစ်သက်ဆုံးအရာတစ်ခုကို ရွေးချယ်ပြီး ပုံဆွဲတဲ့။ အဲဒီနောက် အပေါင်းအဖော်ကို ခန့်မှန်းခိုင်းရမယ်။ အပေါင်းအဖော်က မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ရင် စားလို့ရတယ်”
“ငါလည်း ဟယ်လောင်ရှီးနဲ့တူတူပဲ။ ဒါပေမဲ့ ငါက သူ့ရဲ့ အပေါင်းအဖော်”
ဟွမ်လောင်ရှီးက လက်မြောက်ပြီး ဖြေသည်။
“ဆိုတော့ ငါလည်း နင်တို့နဲ့တူတူပဲလေ။ ငါက ဖုန်းဖုန်းနဲ့ တစ်ဖွဲ့”
အစ်မကြီး ကျစ်ဖုန်းက လက်မြောက်ပြီးပြောသည်။
“ဒါဆိုရင် ငါတို့ရဲ့ အချင်းချင်း နားလည်စွမ်းရည်နဲ့ ပန်းချီစွမ်းရည်ကို စမ်းသပ်တာ ထင်တယ်”
ဖုန်းဖုန်းက ပြုံးသည်။
“ငါကတော့ ဒီ…ဒီနယ်ပယ်မှာ ငါက အတော်ဆုံးပဲ အစ်မကြီးကျစ်ဖုန်းနဲ့ ငါက အနိုင်ရမှာ သေချာတယ်”
“ဟားဟား မင်းတို့လား”
ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့က အလွန်အမင်း ပူးပေါင်းကာ ပြန်လှောင်ပေးကြသည်။ ထိုသို့ဖြင့် နှစ်ဖက်က ဂိမ်းပွဲကို စတင်သည်။
“ဟီးဟီး ငါလည်း ပရိုဂရမ်အသင်းက မနက်စောစောစီးစီး လှည့်ကွက်တွေ လာမယ်လို့ ထင်ထားတာ စိတ်ဝင်စားစရာပဲ”
“မင်းဆွဲ ငါခန့်မှန်းတဲ့လား။ လူတိုင်းကတော့ ယုံကြည်နိုင်ကြမှာ မဟုတ်ဘူး။ ငါဆွဲတာကို သူတို့ကို ခန့်မှန်းနိုင်မှာလား”
“ဒါက သောက်ကျိုးနည်းကို လွန်တာပဲ။ ငါသာ ငရုပ်သီးကို ဆွဲလိုက်ရင်း ငရုတ်သီးကို စားရမှာလား”
မနက်အစောပိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော လူအနည်းစုလည်း ရှိသေးသည်။ သို့သော် အားလုံးကမူ ဒီရာသီ၏ ပရိုဂရမ်က လှည့်ကွက်များလွန်းသည်ဟု ထင်နေသည်။
ဒီမနက်ခင်းမှာ လူဘယ်လောက်များ ရှင်သန်နိုင်မှာလဲ။
စားသောက်ခြင်းက လွယ်ကူသည်။ သို့သော် ဆွဲရန်ခက်သည်။
“ဒါဆိုရင်လည်း ဆရာသခင်ချန်းနဲ့ အမျိုးသမီးမုတို့ကို ဒိုင်လူကြီး လုပ်ခိုင်းကြမလား”
ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့က ချန်းရန်နှင့် မုရှောင်းနွမ်ကို ကြည့်သည်။
80 02
ချန်းရန်က နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ထားပြီး မုရှောင်းနွမ်ကိုသာ မျက်လုံးဖြင့် ခေါင်းညိတ်ခိုင်းလိုက်သည်။
“အိုး ကောင်းပြီလေ”
မုရှောင်းနွမ်ကလည်း အလွန်အမင်း သစ်လွှင်သည်ဟု ခံစားရသည်။ ယောက်ျားက သဘောတူနေမှတော့လည်း စိတ်ဝင်စားလိုက်ပါမယ်။
“ဟားဟား ဆရာသခင်ချန်းက ဝင်ပါတော့ ဒီရှိုးက စိတ်ဝင်စားဖို့ ကောင်းသွားပြီ”
“ဆရာသခင်ချန်းက ပန်းချီဆရာသခင်နော်။ သူရောင်းထားတဲ့ ပန်းချီတွေဆိုရင် သန်းရာကျော် တန်ကြေးရှိတာ။ ဒီလို ပညာရှင်တစ်ယောက်က ဒိုင်လူကြီးအဖြစ် လုပ်သင့်တယ်”
ပရိုဂရမ်အသင်းမှ ကြည့်ရှုသူများကပင် လက်မထောင်ကြသည်။ သို့သော် အချို့သော ကြည့်ရှုသူများကမူ တစ်စုံတစ်ရာက မှားယွင်းနေသလို ခံစားရပြီး နည်းနည်း အံ့ဩသွားသည်။
“ဟင် မင်းတို့ သတိထားမိကြလား။ ဒီနေ့ အစကနေ အခုထိ ဆရာသခင်ချန်းက စကားနည်းနည်းပဲ ပြောသေးတာနော်”
“ငါလည်း ထူးဆန်းတယ်လို့ ထင်တယ်။ ရှောင်းနွမ်က ကိုယ်စားပြောပေးနေတာလားလို့”
အချို့သော သူများက သိချင်နေကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က စကာ ပြောသည်။
“ဟီးဟီး မင်းတို့ နားမလည်ပါဘူး။ ဟုတ်တယ်မလား ဒါကတင် မိသားစု အဆင့်အတန်းကို ဖော်ပြတယ်။ ရှောင်းနွမ်က သိသိသာသာကိုပဲ ဆရာသခင်ချန်းကို ဂရုစိုက်တာလေ ဟီးဟီးဟီး”
“သိသိသာသာကို ဂရုစိုက်တယ် ဟုတ်လား။ ငါကတော့ မနေ့ညက ရှောင်းနွမ် ဘယ်လောက်ထိ တက်ကြွနေလဲဆိုတာကို သိချင်တာ။ သူမက အရင်စပြီး တက်စီးတာလား”
ချန်းရန်ကပင် ကူကယ်ရာ မဲ့နေသည်။ သူက စကားမပြောချင်ဟန် ဆောင်နေခြင်း မဟုတ်ဘဲ ပါးစပ်က ဒဏ်ရာရထား၍ ဖြစ်သည်။ ကံကောင်းသည်မှာ ထိုကောင်မလေးက တစ်ချိန်လုံး သူ့ကို မျက်စိတောက်ထောက် ကြည့်နေတတ်သည်။ ထို့ကြောင့် သူမသည်လည်း ချန်းရန်အစား ထုတ်ပြောပေးရန် နားလည်နေသည်။
“စရအောင် စရအောင် အရင်စမယ်”
ဟယ်လောင်ရှီနှင့် ဟွမ်ရှောင်ချူးက ကြိုးစားကြည့်ရန် စိတ်လှုပ်ရှားနေသည်။ သူတို့သည် တော်တော်လေးကို စိတ်လှုပ်ရှားနေပုံရသည်။ ဒီတစ်ဖွဲ့တွင် ဟယ်လောင်ရှီးက ဆွဲပြီး ဟွမ်ရှောင်ချူးက ခန့်မှန်းမည် ဖြစ်သည်။
“ဘာဆွဲရမလဲ။ ငါ့ကို စဉ်းစားခိုင်းပါအုံး”
ဟယ်လောင်ရှီးက ပတ်ဝန်းကျင်မှ စိုက်ခင်းမြေကို တစ်ခကျ် ကြည့်ပြီးနောက် အရာအားလုံးကို မြင်လိုက်ပြီး မျက်ဝန်းက တောက်ပသွားသည်။
“အာ ပစ္စည်းကောင်းတွေ အများကြီးပဲ”
မည်သို့ပင်ဆိုစေ ဒီစိုက်ခင်းက အဆင့်မြင့်နည်းပညာကို အသုံးပြုထားသည်။ ပန်းများ သစ်သီးများ အရွက်များအားလုံးက ပထမတန်းစား အမျိုးအစားများ ဖြစ်နေသည်။ ထိပ်တန်းစိုက်ပျိုးရေး နည်းပညာကို အသုံးပြုထားသည့်လျောက် ထိုနည်းအားဖြင့် စိုက်ပျိုးထားသော နည်းပညာများက ဆိုးရွားသွားလိမ့်မည် မဟုတ်ပေ။
အနီရောင်ခရမ်းချဉ်သီး၊ အစိမ်းရောင် ငရုတ်သီး၊ နူးညံ့သော အရွှက်စိမ်းများ…မျက်စိအဖမ်းစားဆုံးက စိုက်ခင်းနယ်မြေအတွင်းမှ သစ်ခွပန်းနယ်မြေဖြစ်သည်။ ထိုနေရာတွင် ချိုမြိန်သော သစ်သီးအများကြီး ရှိနေသေးသည်။ ဒါက ဟယ်လောင်ရှီး၏ ရည်ရွယ်ချက် ဖြစ်သည်။
အရွက်များက အစိမ်းစားသောအခါ အရသာ ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် သစ်သီးကမူ မနက်စာအဖြစ် စားနိုင်သည်။
80 03
“ဒါပဲ”
ဟယ်လောင်ရှီးက တစ်ဖက်ကို လှည့်ပြီးနောက် သူ သဘောကျသော သစ်သီးတစ်မျိုးကို ရွေးလိုက်သည် … မက်မွန်သီး။
ရလဒ်အနေဖြင့် သူဟာ ဆွဲတော့မည့်အချိန်တွင် ရုတ်တရပ် ဒုက္ခများသွားသည်။
“ဖာ့ခ် ဒါက တော်တော်လေး ခက်ခဲတာပဲ ငါမထင်ထားဘူး”
ဟယ်လောင်ရှီးက ပုံဆွဲခဲသည်။ ဆွဲခဲ့ဖူးသော မည်သည့်ပုံကမှ သူဆွဲလိုသော အရာမျိုးနှင့် မတူညီတတ်ပေ။ ထို့ကြောင့် တွေးကြည့်ရုံဖြင့် အန်ချင်လာသည်။
“တင် အချိန်ပြည့်ပြီ”
မုရှောင်းနွမ်က အချိန်ကို ရေတွက်ရန် ကူညီပေးသည်။
“ဟီးဟီး ဟယ်လောင်ရှီး ဘာဆွဲသွားမလဲ ကြည့်ရအောင်”
“အာ…ဒါ ဒါ”
ဟယ်လောင်ရှီးက နည်းနည်း ရှက်သွားပြီး တဖြည်းဖြည်း ဖြန့်ပြသည်။
“ဖူး”
ထိုအရာကို စမြင်လိုက်သည်နှင့် မုရှောင်းနွမ်တို့အားလုံးက အော်ရယ်ကြသည်။
“ဘုရားရေ ဒါ…ဒါက ဘာလဲ ဘာလို့ အဲဒီလောက်ထိ မျက်စိဖမ်းစားတာလဲ”
“ဟယ်လောင်ရှီး ငါ့ကို လှည့်ဖြားဖို့ ကြိုးစားနေတာလား ငါတို့ ဒါကို စားလို့ရလို့လား”
ဟွမ်ရှောင်းချူ၏ မျက်နှာက မဲမှောင်သွားသည်။ သူက ဘယ်ကြည့်ညာကြည့် လုပ်သည်။ သူသည်လည်း သူထိုအရာကို စားပါက သူ တစ်မနက်လုံး အန်နေရမည်ဟု တွေးမိသည်။
“ဘာလို့ စားလို့မရရမှာလဲ ဒါက သခွားသီး မဟုတ်ဘူးလား”
ဟယ်လောင်ရှီးက အလွန်ဖြောင့်မတ် မှန်ကန်စွာ ပြောသည်။
“သခွားသီးကို မနက်စောစောစားတာက ခန္ဓာကိုယ်အတွက် ကောင်းတယ်လေ”
“ဒါက သခွားသီးလား။ ကြက်ဟင်းခါးသီး မဟုတ်ဘူးလား”
ဟွမ်လောင်ရှီးက အလွန်ဗဟုသုတ ကြွယ်ဝသည်။မည်သို့ပင် ဆိုစေ သူသည် မကြာခဏ ဟင်းချက်နေကျ ဖြစ်သည်။ သူ၏ နာမည်ပြောင်က အလကား မဟုတ်ပေ။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဒါက သခွားသီး မဟုတ်ဘဲ ထိုအပေါ်မှ အတွန့်များအရ ကြက်ဟင်းခါးသီးနှင့်ပင် ပိုတူသည်။
“ဟားဟား ဟယ်လောင်ရှီးက သေအောင် ရယ်ရအောင် လုပ်နေတာပဲ။ ဟွမ်လောင်ရှီးက အဲဒီကြက်ဟင်းခါးသီးကို မနက်စောစောစီးစီး စားရတော့မှာလား ဘယ်လောက်တောင် မုန်းတီးမှုတွေ ပြင်းထန်လိုက်သလဲ”
“ဖွီ ကြက်ဟင်းခါးသီး အရသာက မကောင်းဘူးဆိုပေမယ့်လည်း သခွားသီးကို သုံးတာထက်တော့ ပိုကောင်းမယ်ထင်တယ်”
“အပေါ်က တစ်ယောက် ပြောတာ မဟုတ်သလိုပဲ ဘာကို ဆိုလိုတာလဲ ဒုတိယပါးစပ်နဲ့ စားတာကို ပြောတာလား”
ဟယ်လောင်ရှီး၏ ပန်းချီကားက လူတိုင်းကို ရယ်မောစေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း မနက်စောစောစီးစီး အသားကုန် ရယ်နေရသည်။ ဟွမ်ရှောင်ချူး၏ မျက်နှာက အစိမ်းရောင်သမ်းနေသည်။ ပရိုဂရမ်အသင်း၏ စည်းမျည်းများကြောင့် သူသည် အနည်းဆုံး တစ်ကိုက်တော့ ကိုက်ပြီး မြိုချရပေမည်။ သို့မဟုတ်ပါက ပရိုဂရမ်ကို ဆက်၍ မရပေ။
“ငါ အန်ပြီ”
80 04
ဟွမ်ရှောင်ချူးက တစ်ကိုက်ကိုက်ပြီးရုံဖြင့် ဆိုးဆိုးရွားရွားနာကျင်သွားကာ သွားပြန်အန်သည်။ သူသည် အလွန်အမင်းကို စိတ်ပျက်သွားပြီး မျက်ရည်ပင် ကျသည်။
“ဟားဟား ကြည့်ကြအုံး”
အစ်မကြီးကျစ်ဖုန်းနှင့် ဖုန်းဖုန်းတို့က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်သည်။ ဒီတစ်ခေါက်တွင် အစ်မကြီးကျစ်ဖုန်းက ဆွဲမည်ဖြစ်ပြီး ဖုန်းဖုန်းက ခန့်မှန်းရမည် ဖြစ်သည်။
“အားလုံးက လှလိုက်တာ”
အစ်မကြီးကျစ်ဖုန်းက မှင်သက်နေသည်။ ဟယ်လောင်ရှီးနှင့် အလားတူစွာပင် သူမသည်လည်း ထိုသစ်သီးခြံနားသို့ ရောက်သွားသောအခါ မည်သည့်အရာကို စဆွဲရမှန်း မသိဖြစ်နေသည်။ အားလုံးက ကောင်းမွန်သည်ဟု ခံစားနေရသည်။
“ဒါပဲ”
အစ်မကြီး ကျစ်ဖုန်းကလည်း အဆင့်မြင့်သစ်သီးတစ်လုံးကို ရွေးချယ်လိုက်ပြီး ခေါင်းငုံ့ကာ ဆွဲသည်။
ထိုအချိန်တွင်
“အချိန်ပြည့်ပြီ အစ်မကြီးကျစ်ဖုန်း ဘာဆွဲထားလဲ ကြည့်ရအောင်”
မုရှောင်းနွမ်က အရင်ဦးဆုံးသွားကြည့်သည်။ ဂရုတစိုက်ခွဲခြားပြီးနောက် မျက်ခုံးများက ပြေလျော့သွားသည်။ သူမက အကြံတစ်ခု ရလိုက်သည်။ ဖုန်းဖုန်းက ခန့်မှန်းရမည့် အလှည့်ဖြစ်သည်။
“ဝါး…လုံး ဒါ…ဒါက အရမ်းတော့ မလုံးသလိုပဲ ပန်းသီးနဲ့ တူတယ်။ ဒါပေမဲ့ ပိုပြီးလည်း သေးတယ်ဆိုတော့ ချယ်ရီလား”
ဖုန်းဖုန်းက တစ်ခဏခန့် စဉ်းစားပြီးနောက် ပြောသည်။
“ဟုတ်တယ် တစ်ခါတည်း မှန်ကန်အောင် ခန့်မှန်းလိုက်တာပဲ”
အစ်မကြီးကျစ်ဖုန်းက လက်သီးများကို ဆုပ်သည်။
“ဒါပေမဲ့…”
ဖုန်းဖုန်းက သူခူးထားသော သေးငယ်သော ချယ်ရီကို ကြည့်ပြီးနောက် ခါးသီးစွာ ပြောသည်။
“မင်းက တစ်ခုတည်း ဆွဲထားတာ ဆိုတော့ သွားကြားထဲတောင် မညှပ်ဘူး”
“ဟားဟား ငါရယ်ရလို့ သေတော့မယ် ဖုန်းဖုန်းရဲ့အဖြေက အံ့ဩဖို့ ကောင်းတယ်”
“သွားကြားတောင် မညှပ်ဘူးဟုတ်လား။ မင်းမှာသာ စွမ်းရည်ရှိရင် တစ်ခြင်းလုံး ဆွဲကြည့်လေ”
“အတည်ပြုပြီးသွားပြီ ငါတောင့်တတဲ့ ဘဝက လုံလောက်အောင် စားဖို့ မဟုတ်ဘဲ မနက်စာတောင် မတတ်နိုင်တဲ့ ဘဝပဲ ဟားဟား ဟား”
“ငါ့အမေက ငါ့ကို မေးတယ်။ ငါဘာလို့ မနက်စောစောစီးစီး ရူးကြောင်ကြောင် ရယ်နေတာလဲတဲ့။ ငါက ပြောလိုက်တယ်။ ချယ်ရီကို ပါးစပ်ထဲ ထည့်လိုက်ပြီး သွားကြား မညှပ်လို့တဲ့လေ”
ထိုသို့ဖြင့် အခန်းကဏ္ဍက ရယ်သံများဖြင့် ပြည့်နှက်သွားသည်။ ဘယ်လောက်တောင်ပါရမီ ကြီးလိုက်တဲ့ ဒါရိုက်တာလဲ။
ပရိုဂရမ်အသင်းမှ လူတိုင်းကလည်း အလွန်အမင်း ရယ်နေရသည်ဟု အထွန့်တက်နေကြသည်။
“ဒါက ငါတို့ အမှားမဟုတ်ဘူးလေ ခက်ခဲတာကိုး”
ပရိုဂရမ်အသင်းမှ လူတိုင်းကလည်း ကူကယ်ရာမဲ့နေကြသည်။ သူတို့သည် မနက်စာပင် မစားနိုင်ကြပေ။ ထိုသစ်သီးခြံကို ကြည့်ရင်း သားရေများက ထွက်ကျတော့ပေမည်။
“ဘယ်လိုကြောင့် မနက်စာတောင် မတတ်နိုင်တာလဲ”
ထိုအချိန်တွင် တစ်ချိန်လုံး တိတ်နေသော ချန်းရန်က ရုတ်တရပ် ပြောသည်။ သူသည်လည်း သည်းမခံနိုင်တော့ချေ။ ပရိုဂရမ်အသင်းမှ လူများကို ဆွံအသလို ကြည့်ပြီး ခေါင်းခါသည်။ ထို့နောက် မုရှောင်းနွမ်ကို ကြည့်ကာ ပြုံးလိုက်သည်။
“ဗိုက်ဆာပြီလား။ ငါလည်း မင်းအတွက် နည်းနည်း ဆွဲပေးမယ်လေနော်”
******