အခန်း ၈၁
Vol. 9 Ch. 81
81 01
အပိုင်း (၈၁) မင်း ဘယ်နေရာမဆို ကိုက်လို့ရတယ်။
“အိုး ဘုရားရေ ယောက်ျားကလည်း ဆွဲတော့မှာလား”
မုရှောင်းနွမ်က ချန်းရန်၏ ပြောစကားကို ကြားပြီး မနေနိုင်ဘဲ ထအော်သည်။ သူမ၏ တောက်ပသော မျက်ဝန်းထဲတွင် ကြယ်ရောင်များပင် ရှိနေသည်။ သူမသည်လည်း ချန်းရန်၏ ပန်းချီစွမ်းရည်ကို သိသည်။ သူသာဆွဲခဲ့လျှင် သေချာပေါက် မှန်ကန်ပေလိမ့်မည်။
“ယောက်ျား ယောက်ျား ယောကျ်ား တကယ် ဝင်ပါချင်တာ သေချာလား”
“အင်း ငါ ပုံဆွဲချင်တာ ကြာပြီဆိုတော့ နည်းနည်းလောက်ဆွဲပေးမယ်”
ချန်းရန်က ထိုသို့ ပြောလိုက်ပြီး ပရိုဂရမ်အသင်းထံမှ စာရွက်နှင့် ဘောပင်ကို လှမ်းယူလိုက်သည်။ ထို့နောက် အသစ်စက်စက် စိုက်ပြီးကာစ စိုက်ခင်း မြေကို တစ်ချက် ပြန်ကြည့်ကာ နှုတ်ခမ်းထောင့်က နည်းနည်း ကော့တက်သွားသည်။
“ဖာ့ခ် ဆရာသခင်ချန်းကလည်း လုပ်တော့မလို့လား။ စိတ်ဝင်စားစရာကောင်းတော့မှာပဲ”
“ဆရာသခင်ချန်း ပန်းချီပုံဆွဲတဲ့ ဖြစ်စဉ်ကို ငါတစ်ခါမှ မမြင်ဖူးဘူးဆိုတော့ ငါ မျှော်လင့် စောင့်စားနေပြီ”
“ကျွတ် ကျွတ် မင်းရဲ့ယောက်ျားက ကမ္ဘာအဆင့် ပန်းချီဆရာကို မင်းအတွက် စားစရာကို ရေးဆွဲခိုင်းလိုက်ပါ။ ရှောင်းနွမ်က မင်းက တကယ် တော်တာပဲ”
ကြည့်ရှုသူများသည်လည်း ဆရာသခင်ချန်းက ကိုယ်တိုင်ဆွဲတော့မည်ဟု ကြားသည်နှင့် အားလုံးက ပေါက်ကွဲသည်။ သူ၏ပန်းချီက သန်းတစ်ရာ သို့မဟုတ် နှစ်ရာအထိ ရောင်းချ၍ရသည်။ သူက သစ်သီးအနည်းငယ်ကို ဆွဲလိုက်သောအခါ မှင်သက်ဖွယ် ကောင်းလောက်သည်။
“ဆရာသခင်ချန်းက နိုင်ငံတကာအဆင့် ပန်းချီဆရာလို့ ငါကြားထားတယ်။ သူ ဘာပုံများ ဆွဲများပါလိမ့်”
“ဘယ်လောက်ပဲ ကောင်းကောင်းပါ။ အချိန်တိုအတွင်းမှာတော့ မပြီးလောက်ဘူး ဟုတ်တယ်မလား”
ပရိုဂရမ်အသင်းမှ လူများကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ သူတို့သည် အံ့အားသင့်သွားသော်လည်း ချန်းရန်က လုပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး ထင်သလောက် ထင်မြင်ချက် မကြီးကြပေ။ ပြင်းထန်သော ပန်းချီစွမ်းရည်က ကိစ္စတစ်ရပ် ဖြစ်သည်။ သို့သော် အချိန်တိုအတွင်းတွင် ဆွဲရန်လည်း မလွယ်ကူနိုင်ပေ။
“ယောက်ျား အရမ်းတွန်းအား မပေးပါနဲ့”
မုရှောင်းနွမ်ကပင် ချန်းရန်၏ အနားသို့ လာကာ အလွန်စဉ်းစားဆင်ခြင်မှုအပြည့်ဖြင့် ခပ်တိုးတိုး ကပ်ပြောသည်။
“ငါ ဒီမနက် ဗိုက်သိပ်ဆာတာ မဟုတ်ဘူး။ လိုချင်တာကိုပဲ ဆွဲလိုက်လေ ကိစ္စမရှိဘူး”
သိသိသာသာကိုပင် မုရှောင်းနွမ်သည်လည်း ချန်းရန်က အရှက်ကွဲမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
“မစိုးရိမ်ပါနဲ့ ငါက မင်းစားချင်တာ ဆွဲပေးမယ်”
ချန်းရန်က တခဏခန့် တွေးတောပြီးနောက် သူသည်လည်း မည်သည့် သစ်သီးကို ဆွဲဆွဲ ပြဿနာ မရှိကြောင့် သိလိုက်သည်။ သူ၏ စိုက်ခင်းမြေတစ်ခုလုံးရှိ မည်သည့်အရာကိုမဆို အကောင်းဆုံး သိနေသည်။
စွတ်…
ချန်းရန်က အလွန်အမင်း လျှင်မြန်စွာ ဆွဲသည်။ စုတ်ချက်များက အသစ်စက်စက် ဖြူဖွေးသော အဖြူရောင် စက္ကူပေါ်တွင်ရပ်တန့်ခြင်းပင် မရှိဘဲ ပျံသန်းသွားသည်။ အရှိန်က မှင်သက်ဖွယ်ကောင်းသည်။ ချန်းရန်၏ လက်ဆစ်များကလည်း အလွန်အမင်း ဖြတ်လတ်ကာ မြန်ဆန်သေးပြီး ဟယ်လောင်ရှီးက ဆွဲချင်သော သခွားသီးထက်ပင် အများကြီး သာသေးသည်။
“အချိန်ပြည့်ပြီး ဆရာသခင်ချန်းက ဘယ်လို လက်ရာမျိုးကို ဆွဲထားလဲ ဆိုတာကို ကြည့်ရအောင်”
ဟယ်လောင်ရှီးက နာရီကို တစ်ချက် ကြည့်သည်။ ထို့နောက် တစ်မိနစ်က ကုန်လွန်သွားသည်နှင့် အားလုံးက အတင်းလာဝိုင်းကြည့်ကြသည်။
81 02
“ဆရာသခင်ချန်း ဘာဆွဲထားတာလဲ”
ဟယ်လောင်ရှီးက အရင်လာသည်။ သူ၏ မျက်လုံးက ချန်းရန်၏ လက်ထဲမှ စာရွက်ပေါ်သို့ ရောက်ပြီး တစ်ခဏခန့် မှင်သက်သွားကာ ကြောက်လန့်တကြား အော်သည်။
“ဖာ့ခ် ဒါ…ဒါက တကယ်လား”
“ကြည့်…ကြည့်အုံး”
အခြားသော ပရိုဂရမ်အသင်းဝင်များက ထိုစကားကို ကြားပြီးနောက် ချက်ချင်းဆိုသလို စိတ်ဝင်စားလာကာ အနီးကပ်လာကြည့်သည်။
“ဘုရားရေ မဖြစ်နိုင်တာ လူ…လူတစ်ယောက်က ဒါ…ဒါကို တကယ်ပဲ ဆွဲနိုင်တာလား”
“ဘုရားရေ ဒါ..ဒါက အရမ်းကို အားကျချင်စရာကောင်းလိုက်တာ ငါ အမျိုးသမီးမုကိုတောင် မနာလိုဖြစ်သွားတယ်”
မုရှောင်းနွမ်ကလည်း အားလုံး၏ အသံများကို ကြားပြီး မနေနိုင်ဘဲ သိချင်သွားကာ အနားသို့ သွားကြည့်သည်။
“ဒါက…”
မုရှောင်းနွမ်က တစ်ချက် ကြည့်ပြီးနောက် အသက်ရှူပင် ရပ်မိသွားသည်။ သူမ ဘာမြင်လိုက်ရတာလဲ။
ဘုရားရေ။
“လက်စသတ်တော့ လတ်ဆတ်တဲ့ သစ်သီးစိတ်လေးတွေနဲ့ ရောင်စုံ ခွက်တစ်ခွက်ပဲ သူမရဲ့ ယောက်ျားက လတ်ဆတ်တဲ့ သစ်သီးစိတ်ထည့်ထားတဲ့ ခွက်ပြင်ပေးထားတာပဲ”
“ဘုရားရေ ဆရာသခင်ချန်းရဲ့ တွေးတောနိုင်စွမ်းကတော့ တကယ်ကို ကြီးမြတ်တာပဲ”
“ရုတ်တရပ် ငါ လက်ထဲက ငှက်ပျောသီးက အရသာမရှိတော့သလို ခံစားရတယ်”
“ဟေး အခြားသူတွေက သစ်သီးဆွဲဖို့တောင် ဒုက္ခရောက်နေတာ။ ဆရာသခင်ချန်းကတော့ သစ်သီးစိတ်တွေပါတဲ့ ခွက်တစ်ခွက်ကို ခပ်အေးအေးဆွဲလိုက်တာပဲ”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ချက်ချင်းပေါက်ကွဲသွားသည်။ ကွန်မန့်များကလည်း လှုပ်ခါကုန်သည်။ လျှို့ လျှို့ လျှို့များက ပြည့်နှက်သွား၏။ မနက်အစောပိုင်းမှ ကြည့်ရှုသူ အရေအတွက်က ဆယ်သန်းသို့ ရောက်သွားသည်။
“ယောက်….ယောက်ျား ငါက တကယ်ကို ရင်ထဲထိသွားပြီ”
မုရှောင်းနွမ်ကလည်း စိတ်လှုပ်ရှားလွန်းသဖြင့် လှပသော မျက်လုံးက အရည်လဲ့သွားသည်။ သူဟာ ချန်းရန်ကို စိတ်အားထက်သန်စွာ ကြည့်သည်။ သူမ၏ မျက်လုံးကတဆင့် သူ့ကို မြင်ရပြီး နှလုံးသားထဲတွင်လည်း သူ့အကြောင်းကို တွေးမိသည်။ သူဟာ သူမ၏ စိတ်တစ်ခုလုံးကို သိမ်းပိုက်ထားသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ချန်းရန်ဆွဲထားသော ပန်းချီက ရိုးရှင်းသည်။ သို့သော် ခြားနားချက်များလည်း ရှိသည်။ သူသည်ပင် လူပေါင်းများစွာ၏ အရှေ့တွင် ထိုမျှအထိ အများအရှေ့တွင် မြင့်မားသော ပုံစံမျိုးဖြင့် ဖွင့်ဟဝန်ခံမှုကို မည်သည့် မိန်းကလေးကမဆို စိတ်မလှုပ်ရှားပဲ မနေနိုင်ပေ။
“အရမ်းချိုပြီး ရူးကြောင်ကြောင်နဲ့”
ချန်းရန်က ရယ်သည်။ ထိုကောင်မလေးကို ကြည့်သည်။ ထိုကောင်မလေးက ကျေနပ်လွယ်သည်။ စိတ်လှုပ်ရှားလည်း လွယ်သည်။ သူက စိတ်ထဲတွင် တွေးတောလိုက်သည်။
ဒီကောင်မလေးက ပိုပိုပြီး ချစ်စရာကောင်းလာသလိုပဲ။
ဘယ်သူမှသာ မရှိရင် သူ သေချာပေါက် ဘယ်လောက်ထိ စိတ်လှုပ်ရှားသွားလဲလို့ မေးလိုက်မှာ။
“လာ လာလာ သစ်သီး အရင်သွားခူးကြမယ်”
ချန်းရန်က ပြုံးလိုက်သည်။ မုရှောင်းနွမ်အတွက် ထိုစိုက်ခင်းမြေမှ လတ်ဆတ်သော သစ်သီးအချို့ကို ခူးပေးလိုက်ပြီး သူမ သောက်နိုင်ရန် ရောင်စုံ သစ်သီး ဖျော်ရည်ခွက်ကို ပြင်ဆင်ပေးလိုက်သည်။
81 03
ဒါက ရိုးရှင်းစွာသာ ဖျော်စပ်ထားခြင်း ဖြစ်သော်လည်း အရောင်ပေါင်းစပ်မှုက အလွန်အမင်း လှပသည်။ ဖျော့တော့သော သစ်သီးရနံ့ကလည်း လွင့်နေပြီး ပရိုဂရမ်ထဲမှ လူတိုင်းကို သားရေကျစေသည်။ သူတို့သည်လည်း မုရှောင်းနွမ်က စားသောက်နေသည်ကိုသာ ကြည့်ပြီး မနာလိုဖြစ်လာသည်။
“ဆရာသခင်ချန်း ငါတို့”
ဟယ်လောင်ရှီးတို့ကလည်း တံတွေးမြိုချနေရပြီး မနာလိုကြီးစွာ ပြောသည်။
“ပ…ပရိုဂရမ်အသင်းက တာဝန်အသစ်ရှိတာ။ ငါတို့ ဆရာသခင်ချန်းဆီကနေ ချိုမြိန်တဲ့ မနက်စာကို အလဲအလှယ်လုပ်ဖို့ သဘောတူညီပေးနိုင်မလား။ ဆရာသခင်ချန်း ဘယ်လိုထင်လဲ”
“အင်း ဒါဆိုရင် ဘယ်လိုလဲ”
ချန်းရန်က တစ်ခဏခန့် တွေးတောပြီးမှ ပြောလိုက်သည်။
“ခင်ဗျားတို့ အားလုံး ဒီစိုက်ခင်းမြေကို ကူညီပြီး ပေါင်းနှုတ်ပေးကြ လူတစ်ယောက်ကို ဒီလို သစ်သီးစိတ် တစ်ခွက်စီရမယ်”
စိုက်ခင်းမြေက ဉာဏ်ရည်မြင့် စက်ပေါင်းများစွာ ပြည့်နှက်နေသေးသော်လည်း ပေါင်းပင် အနည်းငယ်ရှိသည်။ သစ်သီးအများစုကလည်း မှည့်နေကြပြီ ဖြစ်သည်။ မစားပါက ပုတ်သွားပေလိမ့်မည် နှမြောစရာပင်။
“ကောင်းပြီလေ”
ပရိုဂရမ်အသင်းက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ကြသည်။ သူတို့အားလုံးကလည်း ဆက်ပြီး အလုပ်များသွားကြသည်။ သို့သော် ပရိုဂရမ်အသင်းမှ ကင်မရာတစ်ခုကမူ ချန်းရန်၏ နံဘေးတွင် ကျန်ရစ်ခဲ့ပြီး ချန်းရန်ကို အဓိက နေရာတွင် ထားကာ ရိုက်ကူးနေသည်။
“အိုး ငါ ဗိုက်ပြည့်သွားပြီ”
မုရှောင်းနွမ်၏ စားသောက်နိုင်စွမ်းအားက နည်းပါးသည်။ ထိုသစ်သီးဖျော်ရည်ခွက်တဝက်ကို စားသောက်ပြီးသည်နှင့် သူမက ဆက်မစားနိုင်တော့ပေ။
သို့သော် မျက်ခုံးနှင့် မျက်လုံးများက လခြမ်းကွေးကဲ့သို့ ကွေးနေသည်။ မျက်လုံး၏ ကျဉ်းမြောင်းမှုနှင့် ထိုချွဲနေသော အခိုက်အတန့်တွင်ပင် နှုတ်ခမ်းမှ ညင်သာမှုများက ကျေနပ်နေပုံရသည်။
မုရှောင်းနွမ်က ဗိုက်ကို ညင်သာစွာ ပုတ်လိုက်ပြီးနောက် သူမ စားခဲ့ရသမျှ မနက်စာထဲတွင် ဒါက ဗိုက်အပြည့်ဆုံးဟု ခံစားနေရသည်။
“ယောက်ျား ယောက်ျား စားချင်လား”
မုရှောင်းနွမ်ကလည်း ချန်းရန်က မနက်စာ မစားရသေးကြောင်း မမေ့ပေ။ ထို့ကြောင့် သူမ၏ လက်ထဲမှ သစ်သီးစိတ်ခွက်ကို ချန်းရန်ကို ပေးလိုက်သည်။
“မစားတော့ဘူး”
ချန်းရန်၏အသံက ငြင်းပယ်မှုများနှင့် ပြည့်နှက်နေသည်။ သူသည်လည်း မနက်စာကို သစ်သီးစားတတ်သည့် အလေ့အကျင့် မရှိပေ။ ပိုဆိုးသည်မှာ ချန်းရန်က ငြင်းလေလေ မုရှောင်းနွမ်က အတင်းကျွေးချင်လေလေ ဖြစ်လေသည်။
“ကောင်းပြီလေ”
ချန်းရန်ကလည်း နည်းနည်း ကူကယ်ရာမဲ့သွားသည်။ သူသည် အနားသို့ တိုးလာသော်လည်း နည်းနည်း တုံ့ဆိုင်းသွားသည်။ အကြောင်းမူကား မုရှောင်းနွမ်က ကိုယ်တိုင်ကိုယ်ကျ သူမ၏လက်သည်းလေးဖြင့် စတော်ဘယ်ရီသီးတစ်လုံးကို ကောက်ယူပေးကာ ချန်းရန်၏ ပါးစပ်နား ကပ်ပေးသည်။
“ဟင်”
ချန်းရန်၏ နှုတ်ခမ်းက တွန့်သွားသည်။ သူက လေအေးများကို ရှိုင်းသွင်းလိုက်ပြီး ဒဏ်ရာကို ထိသွားလေပြီ။
“ဘာဖြစ်တာလဲ”
ထိုကောင်မလေးက ရုတ်တရပ် စိုးရိမ်သွားသည်။
“မင်းကြောင့် မဟုတ်ဘူးလား”
ချန်းရန်က မပျော်မရွှင်ဖြစ်သလို ပြောသည်။
81 04
“မင်းက ဒီမနက် ငါ့ကို ကိုက်သွားပြီးကတည်းက ငါ ဒီရက်အတွင်း တစ်ရက်ကို သုံးနပ်လုံးလုံး ခေါက်ဆွဲပြုတ်ပဲ စားရတော့မယ် ထင်တယ်”
“အာ ငါ မှားပါတယ်”
ချန်းရန်က နည်းနည်းဒေါသထွက်နေကြောင်း မြင်လိုက်သည်နှင့် မုရှောင်းနွမ်၏ နှလုံးသားက နူးညံ့သွားသည်။ ချန်းရန်က သူမကို စိတ်ဆိုးသွားမည်ကို စိုးရိမ်ပြီး လက်ကို ခပ်မြန်မြန်ဆွဲကာ လှုပ်ခါသည်။
“ယောက်ျား ငါ့ကို စိတ်မဆိုးပါနဲ့ အများဆုံးမှ ငါ…ငါ နင့်ကို ကိုက်ထားတဲ့ အတွက် ငါ့ကို ပြန်ကိုက်လေ”
“ဘယ်နေရာကို ပြန်ကိုက်ရမလဲ”
ချန်းရန်ကလည်း ထိုကောင်မလေး၏ အဖြေကြောင့် အော်ရယ်လုနီးပါးဖြစ်သွားပြီး နောက်လိုက်သည်။
“အင်း မသိဘူး။ ဘယ်နေရာမဆို ရတယ်”
မုရှောင်းနွမ်က စိတ်ကို ဆုံးဖြတ်ချက် ချပြီး ဝန်ခံလိုက်သည်။
******