အခန်း ၈၂
Vol. 9 Ch. 82
82 01
အပိုင်း (၈၂)
မုရှောင်းနွမ်၏ စကားကို ကြားပြီး ချန်းရန်၏အသက်ရှူနှုန်းကပင် ရုတ်တရပ် မြန်ချင်သွားသည်။ သူဟာ မုရှောင်းနွမ်ကို မယုံနိုင်သလို ကြည့်သည်။
“မဖြစ်နိုင်တာ တကယ် ဘယ်နေရာမဆို အဆင်ပြေတာလား”
သူ၏ မျက်လုံးက အလိုလျောက်ပင် မုရှောင်းနွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားပြီး အပေါ်အောက်ကို သေချာပြန်ကြည့်သည်။ သူကြည့်သော နေရာကလည်း ပန်းရောင်အသန်းဆုံးနှင့် ချစ်စရာအကောင်းဆုံးဖြစ်သည်။
အခြားနေရာတွေကလည်း တူညီတဲ့အရောင်ရှိလား။
ချန်းရန်၏မျက်လုံးက ထိုကောင်မလေး၏ အဝတ်အိတ်နှစ်အိတ်ရှေ့တွင် ရပ်တန့်သွားသည်။ သူက အောက်သို့ ဆက်ပြီး အကြည့်ရွေ့လိုက်သောအခါ လှပသော တောင်ကြား အကြားမှ နေရာသုံးနေရာသာ ကျန်တော့သည်။
ဆိုတော့ ဒီသုံးနေရာထဲက တစ်နေရာ ရွေးရမယ်။
“ဟင် ဘာ…ဘာ….ဘာကြည့်တာလဲ”
မုရှောင်းနွမ်ကလည်း ချန်းရန်က သူမကို စိုက်ကြည့်နေကြောင်း တွေ့လိုက်သည်။ ထိုကောင်မလေးက ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်သည်။ သူမ၏ နှလုံးသား သေးသေးလေးက တဒုန်းဒုန်း ခုန်လာသည်။
ဘယ်လိုလုပ်ရမလဲ။
ရုတ်တရပ် ငါ့ယောက်ျားရဲ့ မျက်လုံးက တအား ပူပြင်းပြီး အရည်ပျော်စေတော့မယ်လို့ ခံစားရတယ်။ သူမ သည်းမခံနိုင်လောက်ဘူး။
“ငါက ဘယ်လိုသိမှာလဲ။ မင်းက ငါ့ကို ဒီအတိုင်း ပြောလိုက်ပြီး လိမ်ရင် ဘယ်လို လုပ်မလဲ”
ချန်းရန်က ပြုံးလိုက်ပြီး မျက်လုံးကို မှေးကျဉ်းလိုက်သည်။ ရုတ်တရပ် လက်ကို ဆန့်ထုတ်၍ ထိုကောင်မလေးက မေးစေ့ကို လှမ်းဆိတ်လိုက်ကာ ပြုံး၍ ပြောသည်။
“အာ…အာ နင်….”
မုရှောင်းနွမ်က ကြောင်အသွားသည်။ သူမ၏ နှလုံးသားက ရုတ်တရပ် အလန့်တကြား ထခုန်တော့မည့် ယုန်သေးသေးလေးနှင့်ပင် တူသည်။ သူမက ချန်းရန်ကို မျက်လုံးပြူးကာ မယုံနိုင်သလို ကြည့်သည်။
ဘုရားရေ။
သူမယောက်ျားက ဘာလို့ စတာ အရမ်းတော်တာလဲ။
မုရှောင်းနွမ်၏စိတ်က ဗလာဖြစ်သွားသည်။ ချန်းရန်ကသာ အားလုံးကို သိမ်းကြုံးယူကာ သိမ်းပိုက်သွားသည်။ အများရှေ့တွင် သူမယောက်ျားက သူမကို ကြူနေသည်။
ဟင်…
သူမက ရှက်ရွံ့ပြီး စိုးရိမ်ထိတ်လန့်နေသော်လည်း အကြောင်းပြချက်မရှိ နည်းနည်း စိတ်လှုပ်ရှားလာသလို ခံစားရသည်။
“ငါက နင့်ကို ဘယ်လိုကြောင့် လိမ်ရမှာလဲ”
မုရှောင်းနွမ်၏ လှပသော မျက်နှာက ပူလာသည်။ လှပသော မျက်လုံးကြီးများက ရှက်ရွံ့မှုကို မဖုံးကွယ်နိုင်တော့ပေ။ သူမ၏ ခေါင်းကလည်း ပူတက်လာသလို ခံစားရပြီး မုရှောင်းနွမ်၏ နူးညံ့ကာ ချိုမြိန်သော အသံက ထွက်လာသည်။
“နင် ငါပြောတာကို မယုံဘူးဆိုရင်လည်း နင်လာပြီး စစ်ကြည့်လေ”
82 02
ထိုကောင်မလေးက မျက်လုံးကို ထိတ်လန့်စွာ မှိတ်လိုက်သည်။ အသက်ရှူကိုပင် အောင့်ထားပြီး နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ထားသည်။ သူမကလည်း သူမ အများဆုံးမှ အကိုက်ခံရရုံဟုသာ စိတ်ထဲတွင် တွေးထားသည်။
တောင့်ခံနိုင်ပါတယ်။
စစ်ရမယ်။
ချန်းရန်က ထိုစကားကို ကြားပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
စစ်ရမယ်။
အဓိက အချက်ကမူ ထိုကောင်မလေးက ထိုမျှကောင်းသော အခွင့်အရေးကို အများရှေ့တွင် ပြောနေခြင်း ဖြစ်သည်။ ထို့အပြင် သူမ၏ အဓိက ရည်ရွယ်ချက်က နှုတ်ခမ်းဖြစ်နိုင်သည်။
အာ ဒါကတော့ နည်းနည်း အဆင်မပြေနိုင်ဘူး။
ချန်းရန်၏ ပန်းတိုင်က ထိုထက်ပို၍ ကြီးမားကာ ထိုထက်ပို၍ နက်ရှိုင်းသည်။ ဒါကို ဘယ်လိုများ သူ့ရဲ့သိသာထင်ရှားတဲ့ပန်းတိုင်ကို ထုတ်ပြောရမှာလဲ။
“ညကျမှ ပြောမယ်”
ချန်းရန်က လျှို့ဝှက်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။
ဒီည ဟွန့် သူသေချာပေါက် ဒီကောင်မလေးကို စစ်ကြည့်ရမယ်။
အဲဒီလိုမှ မဟုတ်ရင် ဒီလောက် လူအများကြီးရဲ့အရှေ့မှာ ဆရာသခင်ချန်းရဲ့ ပုံရိပ်က ပျက်ဆီးသွားတော့မှာပေါ့။
နှမြောစရာကောင်းသည်မှာ ပါးစပ်ထဲမှ အခွင့်အရေးက ထိုသို့ဖြင့် ပျောက်သွားသည်။ ပန်းရောင်သန်းကာနုနယ်သည့် နေရောင်လေးက အရသာရှိမည့် ပုံပေါ်သည်။
“ဟင်”
မုရှောင်းနွမ်၏ လှပသော မျက်တောင်က နည်းနည်းတုန်သွားသည်။ သူမ၏ လှပသော မျက်လုံးက ချန်းရန်ကို သံသယအပြည့်နှင့် ကြည့်သည်။
ထိုမျက်လုံးထဲတွင် မကျေနပ်မှုနှင့် စိတ်ပျက်လက်ပျက်ဖြစ်သော ခံစားချက်များကိုလည်း မြင်နိုင်၏။
သူမက ပါးစပ်နားထိ ကပ်ပေးတာကို ယောက်ျားဖြစ်သူက ဂရုမစိုက်ဘူးလား။
ဖြစ်နိုင်တာက သူမယောကျ်ားက သူမကို နာကျင်အောင် မလုပ်ရက်လို့များလား။
မည်သို့ပင်ဆိုစေ အမျိုးသမီးတိုင်းက ရေဖြင့် လုပ်ထားသည်။ တစ်ခါတစ်ရံတွင် လက်ချောင်းဖြင့် ကုတ်လျှင်ပင် ရေထွက်နိုင်သည်။ မထိန်းချုပ်နိုင်ပေ။
အကိုက်ခံရမယ်ဆိုရင် သေချာပေါက် အရမ်းနာမှာ ဟုတ်တယ်မလား။
မုရှောင်းနွမ်က ထိုသို့ တွေးတောနေပြီး အလွန်အမင်းကို စိတ်လှုပ်ရှားသွားသည်။ သူမရဲ့ ယောက်ျားက ဒီလောက်ထိ စဉ်းစားဆင်ခြင်ပေးတတ်ပြီး ဂရုစိုက်မယ်လို့ မထင်ထားဘူး။
“ယောက်ျား ယောက်ျား ငါ့ရဲ့ ခံစားချက်ကို အရမ်းစဉ်းစားပေးစရာ မလိုပါဘူး”
မုရှောင်းနွမ်၏ လှပသော မျက်လုံးက ညင်သာမှုများ ပြည့်သွားသည်။
“ယောက်ျား နည်းနည်း ကြမ်းလို့ရပါတယ်။ ငါ သည်းခံနိုင်တယ်”
ချန်းရန်က မုရှောင်းနွမ်ကို သံသယအပြည့်နှင့် ကြည့်သည်။
82 03
ဒီကောင်မလေးက ဘာကို ဆိုလိုတာလဲ။ ဒီကောင်မလေးမှာ ဒီလို အကျင့်ရှိနေတာလား။
“မစိုးရိမ်နဲ့ မင်းရဲ့ ဆန္ဒအတိုင်းပဲ”
ချန်းရန်က အများကြီး မတွေးတော့ပေ။ မည်သို့ပင်ဆိုစေ သူသည် ဒီည အခွင့်အရေးကို ရအောင် ဖမ်းရပေမည်။ ထိုကောင်မလေးက ထိုမျှအထိ အတင့်ရဲကတည်းက ထိုအတိုင်း ဖြည့်ဆည်းပေးရပေမည်။
“ဒါပေမဲ့ အခုတော့ အလျှင်လိုစရာ မလိုဘူး ညကျမှ ပြောမယ်”
ချန်းရန် ချက်ချင်း ထပ်ပြောသည်။
“အင်း”
မုရှောင်းနွမ်က ခပ်အေးအေးသာ ပြန်ဖြေသည်။ ချန်းရန်က ဒီအတိုင်း အကြောင်းပြချက် တစ်ခုပေးကာ ရှောင်လွှဲနေသည်ဟုသာ ထင်လိုက်၏။ ပြောရမယ်ဆိုရင် သူက ဒီကိစ္စကို ဒီအတိုင်း ကျော်သွားချင်တာ ဖြစ်မယ်။
ကောင်မလေးက ထိုသို့တွေးလေလေ ထိုသို့ ဖြစ်လောက်သည်ဟု ခံစားလာရသည်။ ချန်းရန်ကသာ သိပါက သေချာပေါက် မျက်ရည်ထွက်လောက်သည်။
ဒီကောင်မလေးရဲ့ အတွင်းပိုင်း စိတ်ဒရမ်မာက ကြွယ်ဝလိုက်တာ။
“ပြီးတော့မယ် သူတို့ ဘယ်လို လုပ်နေလဲဆိုတာ သွားပြီး စစ်ကြည့်ရအောင်”
ချန်းရန်က သွားပြီး စစ်ကြည့်ရန် ပြင်လိုက်သည်။
“နေပါအုံး”
ချန်းရန်က သူမ၏ မေးစေ့ကို ရုတ်တရပ် ဆိတ်လိုက်သောအခါ မုရှောင်းနွမ်က ရုတ်တရပ် ချန်းရန်ကို လှမ်းခေါ်သည်။ ထို့နောက် ချန်းရန်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ချန်းရန်၏ ပါးကို လာနမ်းသည်။
အလွန်ပြင်းထန်သော အနမ်းမျိုးဖြစ်ပြီး အသံပင်ထွက်လာသည်။ မုရှောင်းနွမ်က တစ်ဖက်သို့ လှည့်ကာ ပြေးသည်။
“အိုး ငါဗိုက်က နည်းနည်း မသက်မသာ ဖြစ်လို့လေ ဟန်နီ ငါ ရေချိုးခန်းသွားလိုက်အုံးမယ်”
“ရှောင်းနွမ် မင်း…”
ချန်းရန်က နေရာတွင်ပင် ကြောင်အပြီး ကျန်ခဲ့သည်။ သူက အသိပြန်ဝင်သောအခါ မုရှောင်းနွမ်၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကို သတိရလိုက်သည်။ သူမက သူ့ကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာပေါ့လေ။ သူသည်လည်း ပြေးလိုက်လိုသည်။ သို့သော် ထိုကောင်မလေးက အပြေးမြန်လွန်းသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် စံအိမ်ထဲရောက်သွားသည်။
“ဒီအရူးမလေးကတော့”
ချန်းရန်က ရယ်ပြီး ခေါင်းခါနေသည်။ သို့သော် သူ၏ နှလုံးသားထဲတွင်လည်း မျှော်လင့်ချက်နှင့် ဆိုးသွမ်းမှုများရှိနေသည်။
“ငါ ဒီည သူမကို ကိုက်ရင် ဘယ်လိုများ နေလိမ့်မလဲ”
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က သက်သာတာဝန်ကို ပြီးမြောက်သွားပါပြီ”
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က သက်သာ တာဝန်ကို ပြီးမြောက်သွားလို့ ဆုလာဘ်ဖြစ်တဲ့ : ထိပ်တန်းအဆ့င့် ဝိုင်ချက် နည်းပညာ x1 နဲ့ ထိပ်တန်း ဝိုင်ချက် နည်းပညာသုံးပစ္စည်း x1 ကို ရရှိထားပါတယ်။”
ထိုအချိန်တွင် ချန်းရန်၏ စိတ်အတွင်း စနစ်၏အသံက ထွက်လာသည်။ ကြာရှည်စွာ စောင့်ဆိုင်းနေသော ဆုလာဘ်က ရောက်ရှိလာလေပြီ။ သို့သော် ထိုဆုလာဘ်က စွမ်းရည်တစ်ခု ဖြစ်နေမည်ဟု မထင်ထားမိပေ။
82 04
ဝိုင်ချက်နည်းလား။
ဒါက ချန်းရန်နှင့် မုရှောင်းနွမ်တို့အတွက် အတော်လေး သစ်လွင်သောအရာမျိုးဟု ပြောရပေမည်။ စံအိမ်တွင် မည်သည့်ဝိုင်မှ မရှိပေ။ စိုက်ခင်းမြေကြီးကလည်း အလွန်ကြီးသည်။ ရင့်မှည့်နေသော စပျစ်သီးပေါင်းများစွာကလည်း ရှိပြီး သူတို့ဘာသာ သူတို့ ချက်ရန် သုံး၍ ရနိုင်သည်။ အနာဂတ်အတွက် တွေးတောနေရင်းမှ သူသည်လည်း သူကိုယ်တိုင်လှလှပပ ချက်ထားသည့်ဝိုင်ကို မြည်းစမ်းနိုင်မည့် အကြောင်းကို စိတ်ကူးယဉ်ကြည့်နေရင်း ပျော်ရွှင်စရာ ကောင်းလောက်မည်ဟု တွေးမိသည်။
“အားလုံးပဲ ခဏနားပြီးတစ်ခုခု စားကြပါအုံး”
ချန်းရန်က ပရိုဂရမ်အသင်းထံသို့ အပြုံးနှင့်အတူ ရောက်လာသည်။ ထို့နောက် အားလုံးကို ခေါ်ပြီးနောက် အားလုံး၏ ကြိုးစားအားထုတ်မှုကို နှစ်သိမ်းပေးရန်အလို့ငှာ ချိုမြိန်သော သစ်သီး မနက်စာကို ပြင်ဆင်ပေးလိုက်သည်။
“အာ အရမ်းကို လတ်ဆတ်နေတာပဲ”
“ဒီနို့နှစ်ဖြူရောင်လေးကတောင် တော်တော်လေးကို အရသာရှိတာနော်”
“ဝိုး ဝိုး ငါနောက်ဆုံးတော့ ဆရာသခင်ချန်းရဲ့ စိုက်ခင်းမြေက သစ်သီးကို မြည်းနိုင်ပြီ”
ပရိုဂရမ်အသင်းမှ လူများကလည်း အလွန်အမင်း စိတ်လှုပ်ရှားသွားကြကာ ငိုချင်လာကြသည်။ ဒီမနက်စာက အမှန်တကယ် မလွယ်ကူခဲ့ပါပေ။
“အချိန်ယူကြပါ အလျှင်မလိုကြပါနဲ့”
ချန်းရန်၏ အမူအရာက ကောက်ကျစ်မှုအပြည့်နှင့် ဖြစ်သည်။ သူသည် အကြံအစည်တစ်ခုကို ချထားပြီးသား ဖြစ်သည်။
“သစ်သီးတွေက အများကြီးပဲရှိတာ အားလုံးပဲ စားလို့ ကုန်သွားပြီးရင် စပျစ်သီးတွေ ကူခူးပေးပြီး ဝိုင်ချက်ပေးကြပါလား။ အဲဒီနောက် ခင်ဗျားတို့ထဲက ကံကြမ္မာပါတဲ့ တစ်ယောက်ကို ဝိုင်တစ်ပုလင်းပေးမယ်”
“ဖူး ငါ…ငါရယ်ချင်သွားပြီး ဆရာသခင်ချန်းက ပရိုဂရမ်အသင်းကို အလုပ်သမားတွေလို့ သဘောထားနေတာလား”
“ဟားဟား အဲ့ဒီလို ခံစားချက်ပဲ ဒါရိုက်တာတောင်မှ တာဝန်တွေ စီစဉ်ပေးစရာမလိုတော့ဘူး။ ဆရာသခင်ချန်းက အရင်စပြီး စီစဉ်ပေးနေပြီ”
“ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့ဘဝလဲ။ ဆရာသခင်ချန်းက ဘယ်နေရာမှာ ရှိရှိ ဘဝက ဒါရိုက်တာတောင် မလိုတော့ဘူး။ ဆရာသခင်ချန်းက ဒါရိုက်တာပဲ”
“အာ…အဲဒီ ချက်ထားတဲ့ဝိုင်ကို အလကားပေးပေးမှာတဲ့ ဆရာသခင်ချန်း ငါ့ကို ရွေးလေ ငါ့ကို ရွေး ငါ စပျစ်သီး ခူးပေးနိုင်တယ်”
ပရိုဂရမ်အသင်းမှ သူများကပင် မဖြေရသေးခင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများက အရင်စိတ်လှုပ်ရှားလာကြသည်။ ကွန်မန့်များက ပျံသန်းလာသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ အရေအတွက်ကလည်း တိုးမြင့်လာသည်။ ကြည့်ရှုသူ အရေအတွက်ကလည်း မနေ့က၏ အထွတ်အထိပ်ကို မှီသွားသည်။
“ဘာ ဝိုင်ချက်မယ် နောက်ပရိုဂရမ်နဲ့ ရှုပ်ထွေးသွားလောက်မလား”
ပရိုဂရမ်အသင်းမှ လူများက တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ကြပြီး ဒါရိုက်တာကို ပြန်ကြည့်သည်။ မမျှော်လင့်ထားစွာပင် ဒါရိုက်တာက ဖရဲသီးကို သဘောတကျ စားနေသည်။ အားလုံးက သူ့ကို ကြည့်လာသောအခါ သူသည် မျက်လုံးလှန်ပြီး ခပ်မြန်မြန် စားသည်။
“မင်းတို့ ငါ့ကို ဘာလာကြည့်တာလဲ။ ငါက ခဏနေရင်း ဆရာသခင်ချန်းကို ကူညီပြီး ဝိုင်ချက်ပေးရအုံးမှာ မင်းတို့ကို တာဝန်ပေးဖို့ အချိန်မရှိဘူး”
ထိုသို့ပြောပြီးသည်နှင့် ဒါရိုက်တာက ချန်းရန်ကို စိတ်လှုပ်ရှားစွာကြည့်သည်။
“ဆရာသခင်ချန်း ငါ့ကို ထည့်တွက်နော်။ ငါအမြန်ဆုံး အလုပ်လုပ်နိုင်တယ်။ ပြီးရင် ငါ့ကို တစ်ပုလင်းလောက် ပေးပါလား”
******