← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

84 01

အပိုင်း (၈၄)

ထိုသို့ထည့်ပြီးသည်နှင့် ချန်းရန်၏ မှင်သက်နေသော မျက်လုံးအောက်တွင်ပင် သူမ၏နှုတ်ခမ်းကို စုကာ အနားသို့ အပြေးလာသည်။

“အင်း”

“ရှလွတ်”

ဝိုး လက်စသတ်တော့ ဒါလည်း တင်ပို့လာတဲ့ စပျစ်သီးပဲ။

ချန်းရန်၏ ပါးစပ်က ချိုမြိန်သွားသလို ခံစားရပြီး ပူပြင်းသော စီးကြောင်းတစ်ခုက နှလုံးသားသို့ တိုက်ရိုက်ဆောင့်တိုးကာ ပူလောင်ပြီး နွေးထွေးသွားကာ ချစ်စိတ်ပြင်းပြမှုများ ပြည့်နှက်သွားသည်။

“ဟာ့”

တစ်ခဏခန့် ကြာမှသာ နှစ်ယောက်က လူစုခွဲသည်။ သူတို့၏နှုတ်ခမ်းမှ သလင်းရောင် အလင်းတန်းလေးကပင် တောက်ပသွားပြီး နှစ်ယောက်လုံးက နည်းနည်း မကျေနပ်သေးသလို ဖြစ်နေသည်။

“ဟန်နီ ဟန်နီ ပြည်ပက တင်ပို့တဲ့ စပျစ်သီးမျိုး မစားဖူးဘူးမလား”

မုရှောင်းနွမ်က ခြေတစ်လှမ်းခန့်နောက်ဆုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြန်မေးသည်။

“ဘယ်လိုနေလဲ ချိုလား”

“အင်း အရမ်းချိုတယ်”

ချန်းရန်က အသိပြန်ဝင်သွားပြီး နှုတ်ခမ်းတစ်ချက်သပ်ကာ ခေါင်းညိတ်သည်။

“မင်းမှာ ရှိသေးတယ်မလား။ ငါ စားချင်သေးတယ်”

“နင်”

ထိုစကား ကြားပြီးနောက် မုရှောင်းနွမ်က ပို၍ပင် အံ့အားသင့်သွားသည်။ သူမက ရှက်ရွံ့စွာဖြင့် နှာခေါင်းရှုံ့ကာ ပြောသည်။

“နင် ငါ့ရဲ့ တောင်းဆိုချက်ကို သဘောမတူရသေးဘူးလေ”

“ကောင်းပြီလေ”

ချန်းရန်က ပြုံးလိုက်ပြီး လုံခြုံစွာနှင့် ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ မုရှောင်းနွမ်က တခစ်ခစ်ရယ်ပြီး ချန်းရန်၏ ကျောပေါ်တက်သည်။ ချန်းရန်က သူမကို ကျောပေါ်သို့ သယ်ပို့လိုက်သည်။

“မုရှောင်းနွမ် မင်း အခုတလော စားတာ တအားများနေလို့လား။ ဘာလို့ အရမ်းလေးလာတာလဲ”

ချန်းရန်က မျက်မှောင်ကြုတ်ပြီး‌ လေးနက်သောအသံနှင့် ပြောသည်။

“နင်သာ စားတာ များတာ”

မုရှောင်းနွမ်၏ လှပသော မျက်နှာက မဲမှောင်သွားသည်။

“ငါက နတ်မိမယ်လေးပါ ဟုတ်ပြီလား ဘယ်လောက်စားစား မဝဘူး”

“ဒါဆိုရင် ဘာလို့ ပိုကြီးလာပြန်တာလဲ”

ချန်းရန်သည်လည်း ထိုကောင်မလေး၏ ရင်ဘတ်က ပိုကြီးပြီး ပိုလေးလာသလို ခံစားရသည်။ လက်စသတ်တော့ ဒီကောင်မလေးက မျိုးရိုးဗီဇတအားကောင်းတာကို အသားတွေအားလုံးက ကြီးသင့်တဲ့ နေရာပဲ ကြီးတော့တာ။

84 02

“နင်…နင် တအား စိတ်ရှုပ်ဖို့ ကောင်းတာပဲ”

မုရှောင်းနွမ်က ရှက်သွားပြီး ချန်းရန်ကို ညင်သာစွာ ထုလိုက်သေးသည်။

သူမရဲ့ယောက်ျားက တအားလွန်တာပဲ။ အမြဲတမ်းပဲ စနေတာပဲ ဟွန့် အပြစ်ပေးချင်လာပြီ။

ထိုသို့တွေးပြီးနောက် မုရှောင်းနွမ်က စပျစ်သီးနည်းနည်းကို ခူးလိုက်ကာ ချန်းရန်၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးသည်။

“နင် အခု ဘယ်လိုပြောနိုင်မလဲ ကြည့်မယ်”

“ဟင်”

ချန်းရန်ကလည်း သူ၏ပါးစပ်က အပြည့်ထိုးသိပ်ထည့်သလို ခံစားလိုက်ရသည်။ ထိုကောင်မလေး၏ ကလဲ့စားချေနည်းက အမှန်တကယ် အလုပ်ဖြစ်သည်။

ရက်စက်လိုက်တာ။

ဘယ်လိုများ သူ့ပါးစပ်ကို ပိတ်ရတာလဲ။

ဟွန့် အမှန်တကယ် ပိတ်နိုင်တဲ့ နည်းလမ်းကို နောက်မှ ပြပေးအုံးမယ်။

“ဟေးဟေး ဟေး အရမ်းချဉ်တာပဲ”

ဟွမ်လောင်ရှီးက ထိုမြင်ကွင်းကို မြင်ပြီး ဟယ်လောင်ရှီးကို ပြောသည်။

“ဟယ်လောင်ရှီး မင်းဘာလို့ ငါ့ကို ကျောမပိုးတာလဲ။ ငါလည်း အပေါ်က စပျစ်သီးကို မမှီဘူးလေ”

“ဖွီ စိတ်ကူးယဉ်လေ”

ဟယ်လောင်ရှီးကို သူ့ကို ကြည့်သည်။

“မင်းက ငါ့ဇနီးမှ မဟုတ်တာ ဘာလို့ ကျောပိုးရမှာလဲ”

“ကျွတ် ကျွတ် ကျွတ် ငါက မင်းငါ့ကို မပိုးနိုင်ဘူးဆိုတာ သိသားပဲ”

ဟွမ်လောင်ရှီးက သူ့ကို အထင်တသေးကြည့်သည်။

“ဆရာသခင်ချန်းရဲ့ ကြွက်သားတွေကို ကြည့် အမျိုးသမီးမုကို ကျောမှ ပိုးဖို့အတွက် ခက်ခဲတာမျိုးမဟုတ်ဘူး ဒါကမှ အစစ်အမှန် အမျိုးသား နတ်ဘုရား”

ပရိုဂရမ်အသင်းမှ လူများကလည်း အားကျနေကြသည်။ သူတို့ စပျစ်သီး လာခူးတာပါနော်။ ဘယ်လိုဖြစ်ပြီး ဒီနှစ်ယောက်က သူတို့ ချစ်ကြောင်းကို ပြနေကြပြန်တာလဲ။

“ယောက်ျား ပင်ပန်းနေပြီလား”

မုရှောင်းနွမ်က ချန်းရန်၏ ကျောကို မှီထားပြီး ချန်းရန်ကို မကြာခဏဆိုသလို မေးတတ်သည်။ ထို့အပြင် နဖူးမှ ချွေးများကိုလည်း သုတ်ပေးတတ်သည်။

“မဆိုးပါဘူး”

ချန်းရန်က သဘောတူသည်။ ရိုးရိုးသားသားပြောရသော် ထိုကောင်မလေးက အရင်ကထက် အမှန်တကယ် လေးလာသည်။ ထိုလေးလာသောကြောင့် အချိန်တန်ကြာအောင် သယ်ထားရန် ခက်သည်။

“ဒါဆိုရင် နေရာပြောင်းမလား”

“အင်း ကောင်း…ကောင်းပြီလေ”

84 03

ချန်းရန်ကလည်း မုရှောင်းနွမ်ကို အောက်ကို ဆင်းခိုင်းသည်။ မုရှောင်းနွမ်နှင့် ချန်းရန်တို့က မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ ချန်းရန်က မုရှောင်းနွမ်၏ ပေါင်ကို ကိုင်ပြီး ရုတ်တရပ် မတင်လိုက်သည်။ မုရှောင်းနွမ်ကမူ ချန်းရန်အား သူမ၏ ဒူးကို ထိန်းစေခြင်းအားဖြင့် တည်ငြိမ်စွာ ပင့်မြောက်စေသည်။ ထိုပုံစံက ပို၍တည်ငြိမ်စေသည်။ သို့ရာတွင်…

ချန်းရန်သည်လည်း သူ၏ခေါင်းက ညင်သာသော နယ်မြေထဲသို့ ကွက်တိမြုတ်သွားပြီး မြင်ကွင်းကပင် ပိတ်သွားမည်ဟု မထင်ထားပေ။

ထိုနေရာမှ ကြည့်သော်…အင်း အရင်ထက် ပိုကြီးလာတာတော့ အမှန်ပဲ။

ညဖက်မှာ ညင်သာတဲ့ နယ်မြေထဲမှ အိပ်စက်ရရင် ဘယ်လိုများ နေလောက်မလဲ။

ချန်းရန်ကလည်း အခွင့်အရေးကို ရှာပြီး စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သိပ်မကြာခင်မှာတင် စပျစ်သီးများ အားလုံးကို ကုန်အောင် ခူး၍ ပြီးသွားသည်။ တောင်ပို့ သေးသေးလေးကဲ့သို့ပင် ပုံနေ၏။ အရောင်က အလွန်ဖြားယောင်းနိုင်သည်။ လူအများကို ယစ်မူးပြီး ပျော်ရွှင်စေသော ချိုမြိန်မှုလည်း ရှိနေသည်။

“ဆရာသခင်ချန်း ငါတို့ ဘာဆက်လုပ်သင့်လဲ”

ဟယ်လောင်ရှီးက လာမေးသည်။ အားလုံးကလည်း မျှော်လင့် စောင့်စားနေကြ၏။ သူတို့သည် ပထမဦးဆုံးအကြိမ် ဝိုင်လုပ်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်ကို ရိုးရှင်းစွာပင် မရင်းနှီးပါပေ။

“စပျစ်သီးတွေ အရင်ခူးရတယ်”

ချန်းရန်က ပြုံးပြီး ပြောပြသည်။

“ဝိုင်ချက်ဖို့အတွက် သစ်သီးတွေက မပုတ်နေရဘူး။ မစိမ်းနေရဘူး။ သေချာပေါက် မှည့်နေရမယ်။ ကောင်းပြီ စရအောင်”

“ကောင်းပါပြီ”

ပရိုဂရမ်အသင်းက အလွန်စိတ်လှုပ်ရှားနေသည်။ သူတို့သည်လည်း တစ်ရက်တွင် ကိုယ်တိုင် ဝိုင်ချက်ရမည့် ရက်မျိုး ရောက်လာမည်ဟု မထင်ထားမိပေ။ အားလုံးက စိတ်လှုပ်ရှားနေကြသည်။

“ဟားဟား ကြည့်ရတာ ဆရာသခင်ချန်းက တကယ်ကို ကျွမ်းကျင်တာပဲ။ သူက အရင်ဦးဆုံး ရွေးချယ်နေတာ ရွေးချယ်တဲ့ နည်းလမ်းကလည်း အရမ်းကို တင်းကြပ်တယ်”

“အစပိုင်းမှာတော့ ဆရာသခင်ချန်းက နောက်နေတယ်လို့ပဲ ထင်တာ။ ဒါပေမဲ့ တကယ်ဖြစ်နေတာပဲ”

“မြန်မြန် မြန်မြန် ကြည့်လိုက်အုံး ရှောင်းနွမ်က ခူးပြီး စားနေတာ”

ကြည့်ရှုသူများကလည်း ကြည့်နေရင်း လက်ယားလာကြသည်။ သူတို့သည် နေရာတွင်ပင် ကိုယ်တွေ့ ကြုံချင်လာကြသည်။ သို့ရာတွင် မုရှောင်းနွမ်က အခြားတစ်ဖက်တွင် ဆောင့်ကြောင့်လေး ထိုင်ပြီး စပျစ်သီးနည်းနည်း ယူလိုက် ပါးစပ်ထဲ ထိုးထည့်လိုက် လုပ်နေကြောင်း မြင်လိုက်ရသည်။ အရသာက အလွန်ကောင်းသောကြောင့် ဖြစ်လောက်သည်။ ကင်မရာကလည်း မုရှောင်းနွမ်၏ နည်းနည်း ကော့တက်နေသည့် မျက်ခုံးကိုပင် အသေးစိတ် ဖမ်းယူရိုက်ကူးမိသည်။

ချစ်စရာကောင်းလိုက်တာ

ဒီကောင်မလေးကတော့။

ချန်းရန်ကလည်း သတိထားမိသည်။ သူသည်ပင် မုရှောင်းနွမ်၏ ချစ်စရာကောင်းသော မျက်နှာလေးကို လှမ်းဆိတ်ရင်း ပြောလိုက်သည်။

“မင်း ဒီနေ့ ဘာဖြစ်နေတာလဲ ငါကျွေးတာ မလုံလောက်လို့လား”

“မဟုတ်ပါဘူး”

မုရှောင်းနွမ်က ချွဲသည်။

84 04

“ယောက်ျား ကြည့်အုံး ငါက မမှည့်သေးတာပဲ စားတာနော်။ မဟုတ်ရင်လည်း လွင့်ပစ်ရင် နှမြောစရာကြီးကို”

“ဝိုး အမျိုးသမီးမုက ဇနီးကောင်းပဲ မိသားစုကို ကောင်းကောင်း စီမံခန့်ခွဲနိုင်နေပြီ”

ဟယ်လောင်ရှီးကပင် ဝင်စသည်။

“ဟီးဟီး ဟုတ်တယ် ဟုတ်တယ်”

အစ်မကြီး ကျစ်ဖုန်းကလည်း ဝင်စသည်။

“အမျိုးသမီးမု ပြောတာ မှန်တယ် ဆိုတော့ ငါလည်း မမှည့်သေးတာတွေကို အိတ်ကြီး တစ်အိတ်ထဲ ထည့်ထားပြီး ခဏနေအတွက် စုထားမယ်”

“ရိုးရိုးသားသားပြောရရင် ဆရာသခင်ချန်းရဲ့စပျစ်သီးတွေက မမှည့်ရင်တောင် စားလို့ ကောင်းတယ်”

ဟွမ်လောင်ရှီးကလည်း တအံ့တဩပြောသည်။ ထိုစပျစ်သီးများက ချဉ်သောအရသာကပင် အလွန်ပေါ့သည်။ မွှေးရနံ့နှင့် ချိုမြိန်မှုကလည်း အလွန်အမင်း ပြည့်ဝစွာ ပါဝင်နေသေး၏။ အနိမ့်စား စပျစ်သီးများကပင် နောက်ထပ် ဝိုင်တစ်သုတ် ထပ်ချက်ရန် လုံလောက်လောက်သည်။

ချန်းရန်က ပြောသည်။

“အားလုံးပဲ မှတ်ထားကြပါ မကောင်းတာတွေကို သီးသန့်ဖယ်ထားနော်”

“အရမ်းတင်းကြပ်တာပဲ”

မုရှောင်းနွမ်က နှုတ်ခမ်းဆူသည်။ ထို့နောက် ချန်းရန်ကိုပင် တစ်လုံး လာကျွေးသည်။

“ဒါက နင့်အတွက် နင်က ပျော်ပျော်ရွှင်ရွှင်နဲ့ စားနေတာ မဟုတ်ဘူးလား”

ချန်းရန်က မျက်လုံးလှန်သည်။

“ငါ့ဗိုက်ကို ကြည့်အုံး”

မုရှောင်းနွမ်က ချန်းရန်၏လက်ကို ကိုင်ပြီး ဗိုက်ကို စမ်းခိုင်းသည်။

“အရမ်းစားတာ များပြီး ဗိုက်ပြည့်နေပြီ”

“ကိစ္စမရှိဘူး ငါ တာဝန်ယူပေးမယ်”

ချန်းရန်ကလည်း တရုတ်တိုင်းရင်းဆေးကို သိသည်။

ထိုကောင်မလေး၏ သွေးကြောမှတ်ကို ဖိနှိပ်ကာ နှိပ်နယ်ပေးလိုက်၏။ ထိုအဝတ်ကတဆင့် နှိပ်နယ်ပေးခြင်းအားဖြင့် မုရှောင်းနွမ်က ချွေးပြိုက်ပြိုက် ကျလာသည်။

“…”

ပရိုဂရမ်အသင်းက လူများက မှင်သက်သွားသည်။ ထို့နောက် နည်းနည်း ဝေးဝေးသို့ ရပ်လိုက်ကြသည်။

ကြည့်ရတာ ဆရာသခင်ချန်းနဲ့ အမျိုးသမီးမုတို့နားကို ကပ်ရပ် မနေသင့်ဘူးထင်တယ် အဲ့ဒီလိုမှ မဟုတ်ရင် သူတို့ ခွေးစာတွေပဲ ကျွေးခံနေရမှာ။

“ဟားဟား ကြည့်အုံး ကြည့်အုံး ပရိုဂရမ်အသင်းက လူတွေက ရှင်သန်ချင်စိတ် ပြင်းထန်နေကြတယ်”

“ဟူး ဒါက ဝိုင်ချက်တာမှ မဟုတ်တာ သိသိသာသာကိုပဲ ချိုမြိန်တဲ့ ချစ်ခြင်းတွေ ချက်နေတဲ့ဟာကို”

******

All Chapters