အခန်း ၈၅
Vol. 9 Ch. 85
85 01
အပိုင်း (၈၅) အာ ယောက်ျားငါ…ငါ ထောင်ချောက်မိသွားပြီ။
“ဆိုတော့ ဝိုင်ချက်ရင်တောင်မှ ဝိုင်အရသာကို မြည်းစမ်းဖို့ နှစ်ပတ်၊သုံးပတ်လောက် စောင့်ရမှာ”
ချန်းရန်က စံအိမ်အနောက်ဖက်သို့ သွားလိုက်ပြီး စံအိမ်၏အောက်ဖက် ဝိုင်သိုလှောင်ခန်းအတွင်းတွင် ကြိုချက်ပြီးသားဝိုင်များကို စည်ပိုင်းလိုက် သွားဝှက်လိုက်သည်။ ထိုနေရာတွင် ပညာရှင်အဆင့် ပစ္စည်းများစွာ ရှိလေရာ ထိုချက်ထားသော ဝိုင်၏ အပူချိန်ကို အချိန်နှင့် တပြေးညီ စောင်ကြည့်ပေးနိုင်မည် ဖြစ်ပြီး အပူချိန်ကို ချိန်ညှိပေးပေလိမ့်မည်။
အရသာကလည်း အကောင်းဆုံးသို့ ရောက်ရှိမည်မှာ သေချာလေသည်။
“ဝိုး ဒီမှာ ငါတို့ ဝိုင်တစ်စည်ကိုတောင် အောင်အောင်မြင်မြင်နဲ့ ချက်လိုက်နိုင်မယ်လို့ မထင်ထားဘူး”
“ဆရာသခင်ချန်းရဲ့ ကျွမ်းကျင်မှုက တကယ်ကောင်းတယ်။ ဆရာသခင်ချန်းရဲ့ နည်းပညာအဆင့်ကလည်း ပညာရှင် ဝိုင်ချက်လုပ်သူ အဆင့်မှာဆိုတာ သေချာတယ်”
“ဒီစံအိမ်ရဲ့ပစ္စည်းကိရိယာတွေက တကယ်ကို စုံတာနော်။ ဒီဝိုင်သိုလှောင်ခန်းကတောင် လုံးဝကို ခေတ်မှီတယ်”
“ဟားဟား ငါကတော့ ဒီဝိုင်ရဲ့ အရသာရှိပုံကို မျှော်လင့် စောင့်စားနေပြီ”
ခူးပြီးသား ထိုစပျစ်သီးများ အားလုံးကို ချေပြီး စည်ပိုင်းထဲသို့ ထည့်သည်။ ထိပ်ပိတ်ပြီးနောက် ပရိုဂရမ်အသင်းမှ လူများကလည်း ပြီးမြောက်အောင်မြင်မှုကို ခံစားလိုက်ရသည့် မျက်နှာထားမျိုး ဖြစ်သွားကြသည်။
“ဒါက ဆရာသခင်ချန်းက သူတို့ကို ဦးဆောင်ပြီး ဝိုင်တစ်စည်ကို အောင်အောင်မြင်မြင် လုပ်ပေးနိုင်ခဲ့တာလေ”
ပြောရမည်ဆိုလျှင် ချန်းရန်အတွက်က ဝိုင်ချက်လုပ်ရခြင်းက မခက်ခဲပါပေ။ ဒါဟာ စပျစ်သီး၏အရည်အသွေးကို မူတည်သည်။ သိသာစွာပင် စံအိမ်အတွင်းမှ ထုတ်သော ထိုစပျစ်သီးများအားလုံးက လူများကို စိတ်အေးစေပြီးသား ဖြစ်သည်။ သိပ်မကြာခင်မှာတင် ဝိုင်၏ သင့်ပျံ့သော ရနံ့က ပျံ့နှံ့လာသည်။
“ဆရာသခင်ချန်း ငါ တစ်ပုလင်းလောက် ကြိုမှာထားလို့ရမလား”
“ဘုရားရေ ဒီဝိုင်စည်က တအားကို ဖြားယောင်းနိုင်တာနော်။ ငါလည်း လိုချင်တယ်”
“ဆရာသခင်ချန်းရဲ့ ဗီဒီယိုကို ကြည့်ပြီးတဲ့ နောက်မှာ ငါလည်း ငါ့ဘာသာငါ ဝိုင်ချက်ချင်တာ။ ဆရာသခင်ချန်းရဲ့ ဝိုင်ချက်နည်းက ဖတ်စာအုပ်အဆင့်ပဲ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူ သန်းပေါင်းများစွာကလည်း ဝိုင်ကို မေးမြန်းနေကြသည်။ ဈေးက မြင့်သထက် မြင့်လာသည်။ သိသိသာသာကိုပင် ဝိုင်တစ်ပုလင်း၏ ဈေးက တစ်ပုလင်းလျှင် တစ်သောင်းကျော်သွားသည်။
နာမည်ကျော် ဝိုင်လည်းမဟုတ်သလို အချိန်ကလည်း တိုတောင်းသည့် တိုင်အောင် လူတိုင်းက သဘောကျကြသည်။
“ပရိုဂရမ်အသင်းက လူတွေကို တစ်ပုလင်းပေးမယ်လို့ သဘောတူထားပြီးသားလေ။ ပရိုဂရမ်အသင်းက တရားဝင် အဆုံးသတ်သွားတဲ့အချိန်မှာ ငါက လူတိုင်းကိုလည်း ဝိုင်းမြည်းစမ်းဖို့အတွက် ဖိတ်ခေါ်မှာပါ”
ချန်းရန်က ပြုံးလိုက်သည်။ သူသည်လည်း ပရိုဂရမ်အသင်းက ထွက်သွားသည့် နေ့အထိ စောင့်ပြီးမှသာ အသစ်စက်စက် ဖောက်ထားသော ဝိုင်ကို သုံးကာ အားလုံးကို မြည်းစမ်းခိုင်းမည် ဖြစ်သည်။
“ဝိုး ပရိုဂရမ်အသင်းကို မနာလိုဖြစ်လိုက်တာ”
“ဖန်သားပြင်ကနေတဆင့်တောင် မနာလိုဖြစ်နေပြီ”
ကြည့်ရှုသူများကလည်း မနာလိုဖြစ်သလို ခံစားလိုက်ရသည်။ သို့သော် ဝိုင်က တစ်စည်တည်းသာ ရှိလေသည်။ သိပ်လည်း မများချေ။ ချန်းရန်ကလည်း ပထမတစ်သုတ်ကို အရင်ဦးဆုံး မြည်းစမ်းကြည့်ရပေမည်။ ဒုတိယတစ်သုတ် တတိယတစ်သုတ်သို့ ရောက်ရှိလာသောအခါမှသာ ပြည်သူများကို မဲနှိုက်ခြင်းအားဖြင့် ရောင်းချပေး၍ ရသည်။
“ဆရာသခင်ချန်း ဝိုင်က ပြီးသွားပြီဆိုတော့ ငါတို့ဘာဆက်လုပ်ကြမလဲ”
ပရိုဂရမ်အသင်းမှ ဒါရိုက်တာ ချန်းရန်ကို တက်ကြွစွာကြသည်။ သေချာစွာပင် ဆရာသခင်ချန်း၏အနောက်သို့ လိုက်ခြင်းအားဖြင့် ပရိုဂရမ်အသင်းက ပိုပို၍ပင် သဘာဝကျလာသည်။
“အာ ငါဗိုက်ဆာပြီလေ။ ဝိုင်ချက်တာလဲ တော်တော်အချိန်ကြာသွားပြီမလား”
85 02
“ဟုတ်တယ် ဟုတ်တယ်။ နေ့လည် တစ်နာရီတောင် ကျော်နေပြီ။ တစ်ခုခုပဲ စားဖို့ ရှာရအောင်”
“စားစရာအတွက်ကတော့ ဆရာသခင်ချန်းအပေါ် မူတည်တယ်”
ပရိုဂရမ်အသင်းမှလူများက အလွန်ဗိုက်ဆာနေကြသည်။ ထို့ကြောင့် ချန်းရန်ကို ကြည့်သည်။ ချန်းရန်ကလည်း မုရှောင်းနွမ်ကို ပြန်ကြည့်သည်။
“ရှောင်းနွမ် ဗိုက်ဆာပြီလား”
“ငါ မနက်က စားတာ များသွားလို့ အစာတောင် မကျေသေးဘူး”
မုရှောင်းနွမ်က ချိုမြိန်စွာ ပြောသည်။
“ယောက်ျား ယောက်ျားပဲ ဆုံးဖြတ်”
“အင်း ဒီလိုဆိုရင် ဘယ်လိုလဲ ချန်းရန်က ပြုံး၍ ပြောသည်။
“ငါဒီမှာ ငါးကန်ကြီး တည်ဆောက်ဖို့ ရှိတယ်။ အာ ခင်ဗျားတို့ကို အဲဒါကို ကြည့်ဖို့ အရင်ခေါ်သွားပေးမယ်။ ဒါပေမဲ့ ဘာစားမလဲဆိုတာက ခင်ဗျားတို့ ဘာသာ ဆုံးဖြတ် ငါတို့ စားဖို့ ဘာရနိုင်မလဲဆိုတာကို ကြည့်ရအောင်”
ချန်းရန်က အရသာရှိသော မြစ်ငါးအချို့ကို ဖမ်းပြီး မြစ်ငါးဟင်းပွဲများကို ဖန်တီးရန် စဉ်းစားထားသည်။
“ဝိုး ဆရာသခင်ချန်းကလည်း ဒီနေရာမှာ ငါးကန်ဆောက်မယ်လို့ ပြောတာလား”
“ဘုရားရေ ဒါက အထက်တောင်ကြားကနေ စီးဆင်းလာတဲ့ ရေမဟုတ်လား သဘာဝရေဖြစ်ရမယ်။ နှိုင်းယှဉ်ကြည့်ရရင် ဆရာသခင်ချန်းရဲ့ အဲဒီငါးကန်ထဲက ရေက ခုန်ဆင်းပြီး ရေချိုးလို့တောင် ရလောက်အောင် ကြည်လင်နေတာနော်”
ပရိုဂရမ်အသင်းက ပထမဦးဆုံးအကြိမ်အဖြစ် ထိုမျှသဘာဝကျသော ငါးကန်မျိုးကို မြင်ဖူးခြင်းဖြစ်သည်။ ပိုဆိုးသည်မှာ အဆင့်အတန်းပင် မြင့်မားလွန်းလေရာ ထိုတောင်အောက်ခြေမှ သဘာဝကန်ကို ငါးကန်အဖြစ် အသုံးပြုထားခြင်းဖြစ်သည်။ အမှန်ပင် အမြင်ကျယ်စေသည်။
“ဆိုတော့ ဒီနေရာက လှရုံတင် မဟုတ်သေးဘူး”
ချန်းရန်က အားလုံးကို သတိပေးသည်။
“ဒီနေရာက မြစ်ရေက သဘာဝဓာတ် အရမ်းကို ကြွယ်ဝတာ။ ခင်ဗျားတို့တွေ ဒီနေရာမှာ ရှိတဲ့ အရသာ ရှိတဲ့ မြစ်ငါးတွေကို ဖမ်းယူဖို့ နည်းလမ်းတစ်မျိုးမျိုး ရှာကြည့်ပြီး ကိုယ့်ဘာသာကိုယ် ချက်စားလို့ရတယ်”
“အာ ဒါ…ငါတို့ဘာသာ ငါးမြှားခိုင်းမှာတော့ မဟုတ်ပါဘူးနော်”
“ဒါမှမဟုတ် ဝါးတောင်းများ မရှိလောက်ဘူးလား”
“ဟီးဟီး ဆရာသခင်ချန်းရဲ့အကြံပြုချက်က ကောင်းတယ်။ လတ်ဆတ်တော့ ပိုပြီးအရသာရှိမှာပဲ”
ပရိုဂရမ်အသင်းမှ လူများကလည်း လှုပ်ရှားချင်နေကြသည်။ သို့သော် ဟွမ်းလောင်ရှီးက သူတို့ကို ရေအေးများ လောင်းချသည်။
“အားလုံးပဲ အထင်မကြီးကြနဲ့။ ငါးတစ်ကောင်မှ မရရင် မငိုကြနဲ့နော်”
“အာ အဲ့ဒီလောက် ခက်လို့လား။ ပျော်စရာကောင်းမယ့် ပုံပဲ”
“ဆရာသခင်ချန်းကို ကြည့်အုံး သူ စပြီး မြှားနေပြီ”
“အမြန်အမြန် တုတ်ကို သွားယူလိုက်”
ချန်းရန်ကပင် ငါးမြှားတံကို စချနေကြောင်း မြင်သောအခါ အစ်မကြီးကျစ်ဖုန်းနှင့် ဖုန်းဖုန်းတို့ကပင် မစောင့်နိုင်တော့ဘဲ အသင်းဖွဲ့ကာ ငါးအတူ မြှားသည်။
“ဟွမ်လောင်ရှီး ငါတို့ ငါးတစ်ခြင်းလောက် ဖမ်းမိပြီး မကုန်ခဲ့ရင် ဘယ်လိုလုပ်မလဲ”
ဟယ်လောင်ရှီးက ပြုံး၍ ပြောသည်။
“လာစမ်းပါ ငါတို့ကသာ ဆရာသခင်ချန်းနဲ့ တစ်ဖွဲ့တည်းဆိုရင် မျှော်လင့်ချက် ရှိလိမ့်မယ်။ ကြည့် ဒါရိုက်တာတောင်မှ တစ်ယောက်တည်း မြှားနေတာ”
“ရှူး ရှူး အသံတိုးထား ဒါရိုက်တာရဲ့ ဦးတည်ရာဖက်ကို လိုက်သွားရအောင် ဒီကောင်က ဆရာသခင်ချန်းနဲ့ ကပ်လျှက်ကို သွားမြှားနေတာ တကယ်ကို ကောက်ကျစ်တာပဲ”
ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့က ဒါရိုက်တာ ရှိရာဖက်သို့ ခိုးသွားကြသည်။
85 03
ချန်းရန်၏ ဖက်ခြမ်းတွင် သူဟာ မြစ်ငါးကို ဖမ်းရန် အသင့်ပြင်ထားသည်။ သူ၏ နံဘေးတွင် မုရှောင်းနွမ်ရှိသည်။ မုရှောင်းနွမ် စကားလုံးများအရ ခင်ပွန်းနှင့် ဇနီးဖြစ်သူတို့က အတူနားချိန်ယူသင့်သည်။
“ယောက်ျား ယောက်ျား အဲဒီ ငါးမြှားတံကို မတော့မယ့်အချိန်မှာ ငါကို သေချာပေါက် ကြိုပြောရမယ်နော်။ အရမ်းရှည်နေရင် ငါ မကိုင်နိုင်မှာ စိုးလို့”
မုရှောင်းနွမ်က ရှည်လျှားသော ပိုက်ကွန်ကြိုးကြီးကို လက်ထဲတွင် ကိုင်ထားသည်။ ချန်းရန်ကမူ ငါးမြှားတံကိုသာ ကိုင်ထားသည်။ ထိုအချိန်တွင် သူဟာ ကျောက်ပုဇွန်များကိုပင် ဖမ်းနိုင်ရန် ပြင်ဆင်နေသည်။
ထိုသို့ဖမ်းရန်အလို့ငှာ လူနှစ်ယောက်၏ ပူးပေါင်းမှုကို လိုအပ်သည်။
“လုံလောက်အောင် မရှည်ဘူးဆိုရင် မြက်ခင်းထဲအထိ ရောက်နိုင်ပါ့မလား”
ချန်းရန်၏ မျက်နှာက တင်းမာသွားသည်။
“လာပြီ လာပြီ အဆင်သင့်ပြင်”
“ဝိုး”
ချန်းရန်က ဝါးတံကို ဖြည်းညှင်းသော်လည်း ညင်သာစွာ မတင်လိုက်သည်။ သူက ပိုက်ကွန်အိတ်နားသို့ ချဉ်းကပ်သွားပြီးနောက်တွင် ပြင်းထန်သော အားဖြင့် ချိတ်ကောက်ကို ဆက်ကနဲ မတင်သည်။
“ဝိုး ရောက်လာပြီ”
မုရှောင်းနွမ်၏ မျက်လုံးက တင်းကြပ်သွားသည်။ သူမသည်လည်း ပထမဦးဆုံးအကြိမ်အဖြစ် အလွန်ထိတ်လန့်နေသည်။ သို့သော် လက်သေးသေးလေးကပင် တုန်ယင်နေရင်း ထိုပိုက်ကွန်အိတ်ကို ကိုင်ထားကာ ချန်းရန်၏ အနောက်မှ လိုက်သည်။
ငါးမြှားတံက ရေထဲမှ ဆွဲထုတ်ခံရပြီးနောက် ရုတ်တရပ် အနီအမဲ ရောနေသော အကောင်ကြီးတစ်ကောင်က ပေါ်ထွက်လာသည်။
ပွက်
မုရှောင်းနွမ်သည် ထိတ်လန့်သည်းဖိုဆန်သလို ခံစားရသည်။ ထိုကျောက်ပုဇွန်ကြီးက လက်သည်းကို ထုတ်လွှတ်တော့မည့်အချိန်တွင် …
“ဝိုး ကြည့်အုံး ကြည့်အုံး ယောက်ျား မိသွားပြီ မိသွားပြီ”
မုရှောင်းနွမ်၏ မျက်နှာက စိတ်လှုပ်ရှားမှုများပြည့်နှက်နေသည်။
သူမကလည်း ပိုက်ကွန်အိတ်ကို ခပ်မြန်မြန် ပြန်ဆွဲယူလိုက်ရင်း အတွင်းတွင် လက်ဖဝါးအရွယ်အစားခန့်ရှိသော ကျောက်ပုဇွန်က တိတ်တဆိတ်လှဲနေသည်။
“ဝုတ် ဝုတ် ဝုတ်”
မန်ထုံကလည်း စိတ်လှုပ်ရှားစွာ လှမ်းဟောင်သည်။ အမြှီးကိုပင် နှံ့နေပြီးစိတ်လှုပ်ရှားနေပုံရသည်။
“အွန်း မဆိုးပါဘူး”
ချန်းရန်က ပြုံးပြီးချီးကျူးသည်။
“ထုတ်ထားလိုက်ပြီး ဒီရေပုံးထဲထည့်ထားပြီးရင် ဆက်လုပ်လိုက်အုံး”
“အာ…ဒါ…ငါမလုပ်ရဲဘူးလေ”
မုရှောင်းနွမ်က ကြောက်နေသည်။ သူမက ခါးသီးသော မျက်နှာနှင့် ပြောသည်။
“သူက အရမ်းအင်အားကြီးမယ့် ပုံနော် ကြောက်တယ်”
“မြန်မြန်လေး ဂရုစိုက် မချော်ထွက်သွားစေနဲ့”
ချန်းရန်ကပင် ချက်ချင်းဆိုသလို မှင်သက်သွားရသည်။ အကြောင်းမူကား ထိုကြောက်ပုဇွန်က တက်ကြွလွန်းသည်။ သူသည် ပိုက်ကွန်အိတ်ထဲမှပင် မတော်တဆရုန်းထွက်ရန် ရုန်းကန်နေသည်။
“အာ မပြေးနဲ့”
ထိုအခြေအနေကို မြင်သောအခါ မုရှောင်းနွမ်က စိုးရိမ်သွားသည်။ သူမက အလိုလျောက်ပင် လက်ဖြင့် လှမ်းဆွဲသည်။ အလျှင်လိုသောကြောင့် ကျောက်ပုဇွန်၏ မုတ်ဆိတ်မွှေးကြီးကို တိုက်ရိုက်မတင်လိုက်မိသည်။
“ဟီး ဟီး ယောက်ျား ကြည့်အုံး ငါအရမ်းတော်တာပဲ”
မုရှောင်းနွမ်က ကျောက်ပုဇွန်၏ မုတ်ဆိတ်မွှေးကို ဆွဲထားပြီး ချန်းရန်ကို ဂုဏ်ယူစွာ ကြည့်သည်။
“အင်း…သတိထားအုံး လှမ်းညှပ်လိမ့်မယ်”
“အာ မဖြစ်နိုင်တာ”
မုရှောင်းနွမ်က မယုံကြည်ပေ။ ထို့နောက် တစ်ခဏတွင် လှပသော မျက်နှာက ပြောင်းသွားသည်။ လက်ချောင်းထိပ်မှ လာသော စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ထအော်သည်။
“အား”
“ယောက်ျား ယောက်ျား ငါ အညှပ်ခံလိုက်ရပြီ”(စာစစ်_ဟီးဟီးဟီး ပျော်လိုက်တာ)
******