← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

86 01

အပိုင်း (၈၆)

“ယောက်ျား…သူ…သူ ငါ့ကို ညှပ်ထားတယ် အား”

မုရှောင်းနွမ်က နာကျင်စွာ အော်ဟစ်လေသည်။ ချန်းရန်ကလည်း ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ပြီး ထိုကျောက်ပုဇွန်၏လက်သည်းကို ချိုးလိုက်ကာ မုရှောင်းနွမ်ကို ကယ်ဆယ်သည်။

“ဝူး ယောက်ျား ကြည့်အုံး သွေးထွက်နေပြီ”

မုရှောင်းနွမ်က သူမ၏လက်လေးအား ချန်းရန်ကို ပြသည်။ နဂိုက နုနယ်သော လက်လေးက ယခုအခါ သွေးထွက်နေသည်။ ထိုကွဲထွက်နေသော အရာလေးက သွေးများပင် ထွက်လာသည်။

ကျောက်ပုဇွန်၏ လက်သည်းများက အမှန်တကယ် အင်အားကြီးသည်ဟု ပြောရပေမည်။ မုရှောင်းနွမ်၏ လက်ကိုပင် ခပ်ကြမ်းကြမ်း ညှပ်ပစ်လိုက်သည်။

“မစိုးရိမ်နဲ့”

ဒါကိုမြင်သောအခါ ချန်းရန်ကလည်း မုရှောင်းနွမ်၏ လက်လေးကို လှမ်းကိုင်ပေးပြီး ပါးစပ်ထဲထည့်သည်။

“ဟစ်”

မုရှောင်းနွမ်က မလှုပ်ရဲတော့ချေ။ ချန်းရန်က ထိုသွေးများကို စုတ်ထုတ်လိုက်သည်။

ချန်းရန်သည် သူမ၏လက်ကို ပါးစပ်ထဲ ထည့်လိုက်ကြောင်း မြင်သောအခါ သူမ၏ လှပသော မျက်နှာလေးက ပူပြင်းကာ နီရဲသွားသည်။

ယောက်…ယောက်ျား သူ….သူ…လက်ကို ပါးစပ်ထဲ ထည့်လိုက်တယ်။

ထိုအပြုအမူ၏ သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်စွမ်းရည်က သိသိသာသာပင် ကြီးမားလွန်းသည်။ လက်ချောင်းက သွေးကြောပေါင်းများစွာနှင့် ဆက်နေသည်။ ဆိုရိုးစကားတစ်ခုအတိုင်း လက်ဆယ်ချောင်းက နှလုံးသားနှင့် ဆက်သွယ်နေသည်ဟု ဆိုသည်။ ချန်းရန်၏ အပြုအမူက မုရှောင်းနွမ်၏ နှလုံးသားကို အခုန်နှုန်း မြန်ဆန်စေသည်။ သူမ၏ လှပသော မျက်နှာကလည်း နီရဲသော ပန်းသီးကဲ့သို့ပင် ရဲတက်သွားသည်။ သူမက အလွန်ရှက်နေသည်။

“အင်း ပတ်တီးစည်းပြီး အရင်သွေးတိတ်အောင် လုပ်ရမယ်။ ပြီးရင်တော့ ဆေးလိမ်းလို့ ရပြီ”

ချန်းရန်၏ နည်းလမ်းက အလွန်သက်ရောက်မှုရှိသည်မှာ သိသာလေသည်။ မုရှောင်းနွမ်၏ လက်ချောင်းက သွေးတိတ်သွားသည်။ ရိုးရှင်းစွာ ပတ်တီးစည်းပြီးနောက် တော်တော်လေးကို တည်ငြိမ်သွားပြီ ဖြစ်သည်။

ချန်းရန်ကလည်း ထိုကောင်မလေးက ကျောက်ပုဇွန် အညှပ်ခံရမည်ဟု မထင်ထားမိပေ။ သူမ၏ မျက်နှာတွင် ချွေးစေးများ ကျနေသည်။ သူကပင် ရင်နာသွားရသည်။

“နာနေသေးလား”

ချန်းရန်က မုရှောင်းနွမ်၏ လက်ကို စိတ်မကောင်းဖြစ်သလိုမျိုး ကိုင်ထားသည်။ နဖူးမှ ချွေးကိုလည်း တစ်ရှူးဖြင့် သုတ်ပေးရင်း စိုးရိမ်တကြီးမေးသည်။

“နာတာပေါ့”

မုရှောင်းနွမ်က နှုတ်ခမ်းကို ဆူပြီး စိတ်မကောင်းဖြစ်သလို ပြောသည်။

“ပထမဦးဆုံး အကြိမ်ဆိုရင် အရမ်းနာတာပဲလား”

“ရပါတယ် ခဏနေရင် မနာတော့ဘူး”

ချန်းရန်က ထိုကောင်မလေးကို နှစ်သိမ့်ပေးရင်း ပြောသည်။

“ခဏလောက် သည်းခံလိုက်နော်။ သိပ်မကြာခင် ကောင်းသွားမှာ”

“အင်း ငါ ငါ့ကို လေမှုတ်ပေးလေ”

ထိုကောင်မလေးက ပတ်တီးစည်းထားသော လက်လေးကို မြောက်ကာ ချန်းရန်၏ပါးစပ်နား ကပ်ပေးသည်။ သူမက မှီခိုမှု အပြည့်နှင့် ကြည့်သည်။

“ငါ တကယ် မင်းကို ဘာမှ မလုပ်နိုင်ဘူးပဲ”

86 02

ချန်းရန်ကပင် ပြုံးသည်။ ထိုကောင်မလေးက ယခုလိုမျိုး ချွဲနေသောအခါ အလွန်ချစ်စရာကောင်းသည်။ အထူးသဖြင့် အခုလို တက်ကြွနေတဲ့ အခြေအနေမျိုးမှာပေါ့။

“ဖူး”

ချန်းရန်က မုရှောင်းနွမ်၏ လက်သန်းလေးကို ယူကာ ညင်သာစွာ လေမှုတ်ပေးသည်။ အနည်းငယ် အေးမြသော ဝင်သက်က အေးမြသည့် လေပြေတိုက်ခတ်နေသည်နှင့် တူသည်။ မုရှောင်းနွမ်ကပင် သူမ၏နှလုံးခုန်သံက ကြမ်းတမ်းရိုင်းစိုင်းလာသည်ဟု ခံစားလိုက်ရသည်။

ဘာလို့ အခု မနာတော့တာလဲ သိသိသာသာကိုပဲ ရှက်လွန်းအားကြီးလို့ အာရုံပြောင်းသွားတာပဲ။

ယောက်….ယောက်ျား သူက ကူညီပြီး မှုတ်ပေးနေတယ်။

မုရှောင်းနွမ်ကလည်း အလိုလိုက်ခံရခြင်းက အမှန်တကယ် ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။

“ဝုတ် ဝုတ်”

ထိုအချိန်တွင် နံဘေးရှိ မန်ထုံက ခပ်စူးစူးအော်သည်။ ချန်းရန်နှင့် မုရှောင်းနွမ်တို့ကပင် လန့်သွားသည်။ သူတို့သည်လည်း မန်ထုံက သူ၏လက်သည်းကို သုံးကာ ထို ကျောက်ပုဇွန် လက်သည်းနှင့် ကစားချင်နေမှန်း သိလိုက်သည်။ သို့သော် သူက လက်သည်းကို သုံးကာ ဆွဲလိုက်ပြီးနောက် ကျောက်ပုဇွန်လက်သည်းကြားတွင် ညှပ်သွားသည်။ မန်ထုံက မရပ်မနားအော်သည်။ ထို့ကြောင့် စူးရှသော အသံက ထွက်ပေါ်လာသည်။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားကာ ဗိုက်ကပင် လန်ထွက်သွားသည်။ ရှေ့လက်သည်းကလည်း အညှပ်ခံလိုက်ရ၍ တွန့်လိမ်နေသည်။ သူသည် ခပ်ကြမ်းကြမ်းပင် လှုပ်ခါနေကာ တုန်ယင်နေပြီး ယမ်းခါနေသည်။

“ဒရမ်မာကွင်းပဲ”

ချန်းရန် မျက်လုံးလှန်သည်။ ညှပ်ထားပြီးသား ကျောက်ပုဇွန်လက်က ဘာအားရှိမှာလဲ သိသိသာသာကိုပဲ သူ့ဘာသာသူ ညှပ်(ကြားညှပ်)နေတာကို ညှပ်(အားဖြင့်ညှပ်)နေတယ် ဆိုပြီး လုပ်နေတယ်။

“မန်ထုံအစုတ် ဘာကို အော်နေတာလဲ”

မုရှောင်းနွမ်ကပင် ဆွံ့အသွားသည်။ သူမက ဆောင့်ကြောင့် ထိုင်လိုက်ပြီးနောက် ကျောက်ပုဇွန်လက်ကို ဆွဲထုတ်ပေးလိုက်သည်။ ထို့နောက် ထိုလက်ကို လွင့်ပစ်လိုက်သည်။ ထိုအချိန်တွင် မန်ထုံက စိတ်ပြန်ငြိမ်သွားပြီးနောက် ခပ်မြန်မြန် ပြန်ထရပ်သည်။ အမြှီးကိုပင် ယမ်းခါပြီး ခုန်ပေါက်လာသည်။

ထိုကောင်သည် ပုံမှန်အားဖြင့် အလွန်ကြောက်တတ်ကာ ဟန်ဆောင်ကောင်းသည်။ သေချင်ယောင်လည်း ဆောင်တတ်၏။ သူ အမှန်တကယ် မနာကျင်သော်လည်း သိသာစွာ သရုပ်ဆောင်ပြတတ်သည်။

“နာနေသေးလား”

မန်ထုံ၏အပိုင်းကဏ္ဍက ပြည့်စုံသွားပြီးနောက် မုရှောင်းနွမ်၏ အာရုံက ပြန်ပြောင်းသွားသည်။ ထိုအချိန်တွင် သူမသည်လည်း မနာကျင်တော့ပါပေ။

“မနာတော့ဘူး”

မုရှောင်းနွမ်ကပင် အမှန်တကယ် မနာကျင်တော့သည့်အတွက် အံ့ဩသွားရသည်။ သူမ၏ လက်ချောင်းကို အမှန်တကယ် လှုပ်ရှားနိုင်သည်။ သို့သော် သိပ်မချောမွေ့ပေ။

“ယောက်ျား ဆက်လုပ်ရအောင်”

မုရှောင်းနွမ်က တိုက်ခိုက်လိုစိတ်ဆန္ဒက ပြန်လည် ပြင်းထန်လာသည်။

“လက်က အဆင်ပြေရဲ့လား မင်းလုပ်နိုင်ရဲ့လား”

ချန်းရန်က နည်းနည်း စိုးရိမ်နေသေးသည်။

“ဒီလိုဆိုရင် ဘယ်လိုလဲ မင်းသွားပြီး ခဏနားလိုက်လေ။ ငါ တစ်ယောက်တည်း လုပ်လို့ရတယ်”

“ရပါတယ်”

မုရှောင်းနွမ်က ချိုမြိန်စွာ ပြုံးသည်။

86 03

“တကယ်ကို ထပ်အညှပ်ခံရရင်တောင်မှ ယောက်ျားရှိတာပဲ”

“ဒါဆိုရင်လည်း မင်းကို ထပ်ညှပ်ခိုင်းလိုက်မယ်”

ချန်းရန်က ကျောက်ပုဇွန်ကဲသို့ သွားကိုဖြဲ အံကြိတ်ပြီး လက်သည်းနှင့် ညှပ်သည့် ပုံစံကဲ့သို့ လိုက်ဆိတ်သည်။

“အာ…မလုပ်နဲ့”

မုရှောင်းနွမ်က လန့်သွားသည်။ ထို့နောက် ခပ်မြန်မြန် နောက်ဆုတ်၏။ မျက်နှာလေးက ဖြူစုတ်သွားသည်။

“ဟားဟား”

ချန်းရန်က အော်ရယ်သည်။ ထိုကောင်မလေး၏ တုန့်ပြန်မှုက စစ်မှန်ပြီး မန်ထုံထက်ပင် ချဲ့ကားသေးသည်။

“ဟွန့် ယောက်ျားက တအားဆိုးတာပဲ”

မုရှောင်းနွမ်က နည်းနည်း ဒေါသထွက်သွားသည်။ သူသည် အမြဲတစေ စနောက်ရသည်ကို သဘောကျသည်။ သူမ၏လ က်လေးက ဒဏ်ရာရထားခဲ့၍သာ မဟုတ်လျှင် ချန်းရန်၏ ရင်ဘတ်ကိုပင် လက်သီးလေးဖြင့် ထိုးပြီးလောက်လေပြီ။

လူဆိုးကောင်ပဲ ဟွန့်…

ချန်းရန်က အချိန်ကိုက် ရပ်လိုက်ပြီး ပြုံး၍ ပြောသည်။

“ကောင်းပြီ ကောင်းပြီ ငါမစတော့ဘူးနော်။ မင်း ကျောက်ပုဇွန်ကို ဆယ်ထုတ်ပြီးတဲ့အခါ ငါမင်းကို ကူညီပြီးတော့ ထုတ်ပေးမယ် ဟုတ်ပြီလား”

ရိတ်သိမ်းမှု အကျိုးအမြတ်က အတော်လေး ကြီးမားသည်။ ချန်းရန်နှင့် မုရှောင်းနွမ်တို့ ကြိုးစားအားထုတ်မှုအောက်တွင် ကြီးမားပြည့်ဖောင်းတုတ်ခိုင်နေသော ကျောက်ပုဇွန်အများကြီး ရလိုက်သည်။

ပိုက်ကွန်အိတ်ကို ဆယ်ထုတ်ပြီးနောက် လတ်ဆတ်သော ဂဏန်စိမ်းများကိုလည်း တွေ့ရသည်။

ဆိုတော့ အကျိုးအမြတ် အပြည့်ပဲ။

“ဆရာသခင်ချန်းနဲ့ အမျိုးသမီးမုတို့က အများကြီးရထားတာပဲ”

ဒါရိုက်တာနှင့် ပရိုဂရမ်အသင်းဝင်များကပင် ချန်းရန်၏ လက်ထဲမှ အပြည့်ပါသည့် ပုံးကြီးကို ကြည့်ပြီးနောက် အံ့အားသင့်ကာ မနာလိုကြီးသွားကြသည်။ သူတို့သည် တစ်နာရီ နှစ်နာရီနီးပါး ကြိုးစား အားထုတ်ပြီးလေပြီ။ သို့သော် သေးငယ်သော ငါးလေးနည်းနည်းနှင့် ခရုကြီး နည်းနည်းသာ ရထားသည်။

ဂဏန်းနှင့် ကျောက်ပုဇွန်ကိုပင် မတွေ့ရပါပေ။

“မင်းတို့တွေ ကြံစည်ထားတာတော့ မဟုတ်ပါဘူးနော်”

ချန်းရန်ကပင် ဆွံအသွားသည်။

“ဒါက သွားကြားတောင် မညှပ်မှာကို စိုးရိမ်ရတယ်။ တကယ်လို့သာ ခင်ဗျားတို့တွေ တောထဲမှာ ထွက်ပြီး ရှင်သန်မယ်ဆိုရင် သုံးရက်မှာ ကိုးနပ်လောက် စားရင်တောင်မှ ဗိုက်ဆာနေမှာ”

“အာ…”

ဒါရိုက်တာနှင့် ပရိုဂရမ်အသင်းက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရှက်သွားသည်။

“ဆရာသခင်ချန်း မင်းဘာလို့ ဒီလောက် အများကြီး ဖမ်းမိလဲ ငါမသိဘူး။ ငါလည်း ငါးဖမ်းပိုက်ခွန်ကို သုံးတာပဲ။ ငါ တစ်နေ့လုံး ဖမ်းယူနိုင်တာကတောင် မင်း တစ်ခဏ ဖမ်းစာကို မယှဉ်နိုင်လောက်ဘူး ထင်တယ်”

“ဒါက ခင်ဗျားတို့မှာ အကူအညီကောင်း မရှိလို့လေ”

ချန်းရန်က ပြောလိုက်ပြီး မုရှောင်းနွမ်ကိုညွှန်ပြသည်။

“ကြည့် ငါတို့ ရှောင်းနွမ်ရဲ့ လက်ကတောင် ဒဏ်ရာရထားတာ။ သူမသာ မရှိရင် ငါ ဒီဂဏန်းတွေ အများကြီးကို ဖမ်းနိုင်ပါ့မလား”

“ယောက်ျား”

86 04

ထိုစကားကို ကြားပြီးနောက် မုရှောင်းနွမ်၏လှပသော မျက်နှာလေးက ရဲသွားကာ အလွန်ရှက်သွားပုံရသည်။ သူမက ဘာကူညီခဲ့လို့လဲ ဒီအတိုင်း မဆွဲထားရင်တောင် တော်တော်လေး ကောင်းနေပြီ။

သိသိသာသာကိုပဲ ဒါ ယောက်ျား လုပ်ထားတဲ့ဟာကို။

သို့ရာတွင် ချန်းရန်၏ ပြောစကားတွင် မုရှောင်းနွမ်၏ နှလုံးသားလေးက ချိုမြိန်သွားသလို ခံစားရသည်။ ထိုအချိန်တွင် သူမ၏ ယောက်ျားက တုံ့ဆိုင်းမနေဘဲ သူမကိုပါ ဆွဲခေါ်သည်။

ဟွန့် ဘယ်လောက်တောင် ဂရုစိုက်လိုက်သလဲ။

ထိုအချိန်တွင် မုရှောင်းနွမ်ကလည်း ကျောက်ပုဇွန်ဖြင့် အကြိမ်အနည်းငယ်လောက် အညှပ်ခံရမည်ဆိုလျှင်ပင် တန်သည်ဟု တွေးလိုက်သည်။

“ဒါက… ကြည့်အုံး ငါ့ရဲ့လက်ကို ကျောက်ပုဇွန်ညှပ်သွားတာလေ။ ကံကောင်းစွာနဲ့ ယောက်ျားက အချိန်မှီ ပတ်တီးစည်းပေးလိုက်တယ်”

မုရှောင်းနွမ်က ဂုဏ်ယူစွာဖြင့် ဒဏ်ရာရထားသော လက်သန်းကို ပြသည်။ ဖုန်းဖုန်းနှင့် ကျစ်ဖုန်းတို့အပြင် ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့အားလုံးကိုလည်း မနာလို အားကျသလို ဖြစ်သွားကြ၏။ မမျှော်လင့်ထားစွာပင် ဆရာသခင်ချန်းနှင့် အမျိုးသမီးမုတို့ကလည်း သူတို့ကို ခွေးစာတစ်သုတ် ကျွေးသောကြောင့် ဗိုက်မဆာတော့ပေ။

“များလိုက်တာ ဒီလောက် အများကြီး ရထားတာဆိုတော့ ဘာလို့ ခင်ဗျားတို့ကို အတူစားဖို့ မဖိတ်ခေါ်ရမှာလဲ”

ချန်းရန်က အများကြီး ဖမ်းမိထားသည်။ သူသည်လည်း မကုန်နိုင်ပါပေ။ သို့မဟုတ်လျှင် အလကားဖြစ်ပေလိမ့်မည်။

“ဒါဆိုရင် ငါတို့ သန့်ရှင်းဖို့ တာဝန်ယူပေးမယ်”

“ဟုတ်တယ် ဟုတ်တယ် မီးမွှေးရအောင်”

ပရိုဂရမ်အသင်းကလည်း ခပ်မြန်မြန် စီစဉ်လိုက်ကြသည်။ ချန်းရန်က သူတို့ပြောစကားကို နားထောင်ပြီးနောက် မုရှောင်းနွမ်ကို တစ်ချက် ကြည့်ကာ ပြုံးလိုက်သည်။

“မင်းရဲ့လက်က ဒဏ်ရာရထားတာဆိုတော့ မလှုပ်နဲ့အုံးနော်”

“အာ… ဒါဆိုရင် ငါက ဘာကို တာဝန်ယူရမှာလဲ”

“မင်းက စားဖို့ တာဝန်ယူ”

“နင်ကရော”

“ငါလား ငါက နင့်အတွက် အခွံခွာပေးဖို့ တာဝန်ယူမယ်”

******

All Chapters