အခန်း ၈၇
Vol. 9 Ch. 87
87 01
အပိုင်း (၈၇)
“ဖာ့ခ် တကယ်လား ဆရာသခင်ချန်း ပြောတာ အမှန်ပဲလား။ ငါတို့ ဆရာသခင်ချန်းနဲ့ စားလို့ ရမှာလား”
ပရိုဂရမ်အသင်းမှ လူများကလည်း ဆရာသခင်ချန်း၏ဖိတ်ကြားချက်ကို ကြားပြီး အားလုံးက တအံ့တဩ ဖြစ်သွားကြသည်။
အဓိကအချက်ကမူ လူတိုင်း၏ငါးဖမ်းစွမ်းရည်က ထင်သလောက် မကောင်ပေ။ အားလုံးပေါင်းလိုက်သည့်တိုင်အောင် ဆရာသခင်ချန်း တစ်ယောက်တည်း ဖမ်းအားကို လုံးဝ မယှဉ်နိုင်ပါပေ။
ဘယ်လိုများ စားလို့ လောက်မှာလဲ။
သို့သော် ဆရာသခင်ချန်းကမူ စိတ်အားထက်သန်စွာနှင့် အားလုံးကို အတူစားရန် ဖိတ်ခေါ်ထားသည်။ ဆရာသခင်ချန်း၏ ရတနာများကို ကြည့်ရုံနှင့်တင် ပရိုဂရမ်အသင်းမှ လူများက မျက်ရည်ကျချင်လာကြသည်။
ရင်ထဲ ထိသွားပြီ။
“ဒါဆိုရင် ဆရာသခင်ချန်း ငါတို့ ဒီငါးတွေကို အရင်ထည့်ထားပြီး အတူချက်စားမယ်လေ”
အစ်မကြီးကျစ်ဖုန်းကပင် လက်မအရွယ်အစားခန်းရှိသော မြစ်ငါးကြင်း နှစ်ကောင်ပါသည့် ပုံးကို ပြသည်။ ဘာမှမရှိသည်နှင့်ပင် မခြားနားသော်လည်း တစ်ခုခု ရှိနေသည်ဟုပင် ပြောရပေမည်။
“နောက်ပြီး ငါတို့ကောပဲ”
ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့ကလည်း သူတို့၏ ပုံးများကို ပြကြသည်။ ထိုထဲတွင် အရိုးရှည်ငါးတစ်ကောင်ရှိသည်။ သို့သော် တော်တော်လေး သေး၏။
“အင်း ငါကတော့ ထားလိုက်ပါလို့ပဲ ပြောချင်တယ်”
ဒါရိုက်တာကိုယ်တိုင်ကပင် ဝင်မျှားသော်လည်း ဘာကိုမှ မရလိုက်ပေ။ အားလုံးက ငါးနည်းနည်းစီရကြောင်း မြင်လိုက်သောအခါ သူသည်ပင် နည်းနည်း ရှက်သွားသည်။ ထို့ကြောင့် သူသည် ရေကန်နားသို့ပင် ဆင်းပြီး ကမာနည်းနည်းကိုပင် သွားကောက်လာသည်။
“မင်းတို့တွေ”
ချန်းရန်ကလည်း အားလုံးအတူတကွ စုစည်းထားသည့် ငါးများက တစ်ကိုက်စာပင် မပြည့်ကြောင်း မြင်လိုက်ပြီး ဆွံ့အသွားသည်။
သွားကြားတောင် မညှပ်လောက်ဘူးသူတို့ ဘယ်လိုစားမှာလဲ။
“ဒီလို ဆိုရင် ဘယ်လိုလဲ ဒါတွေအားလုံးကို မန်ထုံကို ကျွေးလိုက်လေ”
ချန်းရန်က မန်ထုံကို ညွှန်ပြသည်။ ထိုအကောင်က အမြှီးကို ယမ်းနေပြီး ချန်းရန်၏ ကျောက်ပုဇွန်များကိုသာ ကြည့်နေခြင်း ဖြစ်သည်။ ထိုကောင်လေးက အတော်ကို လောဘကြီးသည်။
အင်း ဗိုက်ဆာတာတော့ မကောင်းဘူး။ ဒီငါးသေးသေးလေးတွေက မန်ထုံအတွက်တော့ အဆာပြေမုန့်အတွက် အဆင်ပြေလောက်တယ်။
“ဖာ့ခါ ဆရာသခင်ချန်းက အရမ်းနှလုံးသားမဲ့တာပဲ။ အားလုံးရဲ့ငါးတွေကို မန်ထုံကို ကျွေးမှာတဲ့။ ဟားဟား ဆရာသခင်ချန်းက ငါတို့ကို အလုပ်ပေးထားတာ ကြည့်အုံး မန်ထုံက တကယ်ကို ကြွားတတ်တာပဲ”
“ဖူး…ငါတော့ ရယ်ရလို့သေတော့မယ်။ ဆရာသခင်ချန်းက အားလုံးရဲ့အကျိုးအမြတ်ကို ဘယ်လောက်တောင် ရှုံ့ချလိုက်သလဲ”
“ပရိုဂရမ်အသင်းရဲ့အခြေအနေက ဆိုးလိုက်တာ။ သူတို့က ဒီလောက် ပြင်းပြင်းထန်ထန် ကြိုးစားထားတာတောင်မှ ဆရာသခင်ချန်းရဲ့ စားပွဲပေါ်က ဟင်းတစ်ပွဲဖြစ်ဖို့တောင် အရည်အချင်း မမှီဘူး”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက အသားကုန် ရယ်နေကြသည်။ အဓိကအားဖြင့် ပရိုဂရမ်အသင်း၏ စိတ်ရှုပ်ထွေးသွားသော အမူအရာနှင့် မန်ထုံ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်၍ဖြစ်သည်။အားလုံးကလျို့ လျို့ လျို့ ဟု မန့်ကြသည်။
87 02
“ဆရာသခင်ချန်း မင်း ကျေးဇူးပြုပြီး ငါတို့ရဲ့ မျက်နှာလေး ထိန်းပေးပါအုံး”
ဟယ်လောင်ရှီးတို့ကလည်း ငိုချင်နေသည်။ သို့သော် မျက်ရည်က မထွက်ပေ။ ရေကန်နားတွင်ပင် သတိလစ်ချင်သွားသည်။
အာ တကယ်ကို မျက်နှာ ပူစရာကောင်းလိုက်တာ။
ကံကောင်းစွာနဲ့ ကံကောင်းစွာနဲ့….
ဒါရိုက်တာ စိတ်အေးစွာ သက်ပြင်းချသည်။
ကံကောင်းသည်မှာ သူကောက်ထားသော ထိုကမာများက စား၍ရသည်။
“ကြည့်အုံး မင်းတို့ ဆရာသခင်ချန်းကို တစ်ခုခုလုပ်ဖို့ ကူညီပေးနိုင်တာပဲ မဟုတ်ဘူးလား။ မင်းတို့က ဘာမှတောင် မကူညီထားဘူးလေ ဆိုတော့ အလကားစားလို့ ဘယ်ဖြစ်ပါ့မလဲ”
ဒါရိုက်တာက အလွန်ယုံကြည်မှုရှိသည်။ သူ၏စကားကို နားထောင်ပြီးနောက် ပရိုဂရမ်အသင်းမှ လူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။ ထို့နောက် ဒါရိုက်တာကို ပြန်ကြည့်သည်။
“အရင် ဒါရိုက်တာ ဘယ်ရောက်သွားလဲ ပြန်ခေါ်ပေးပါ”
“ဟေး ဒီလို လုပ်ရအောင် ဟွမ်လောင်ရှီး ခင်ဗျားက ဒီပါဝင်ပစ္စည်းတွေကို သန့်ရှင်းဖို့ တာဝန်ယူလိုက်”
ဟယ်လောင်ရှီးနှင့် ဟွမ်လောင်ရှီးတို့ကလည်း တော်တော်လေးကို တက်ကြွသွားကြပြန်သည်။ သူတို့နှစ်ယောက်က အခက်အခဲဆုံး သန့်ရှင်းသည့် တာဝန်ကို ယူပေးသည်။ မည်သို့ပင်ဆိုစေ ထိုကျောက်ပုဇွန်များ ဂဏန်းများက သန့်ရှင်းရန် အလွန်ခက်လေသည်။ အထူးသဖြင့် ထိုကျောက်ပုဇွန်များ ဂဏန်းများက တော်တော်လေးကို ပြည့်ဖောင်းပြီး အားကြီးမည့်ပုံစံရှိလေသည်။ ထို့ကြောင့် မတော်တဆမိသွားခဲ့သော ကြောက်စရာကောင်းလေသည်။
မည်သို့ပင်ဆိုစေ မုရှောင်းနွမ်ကပင် မထိရဲခဲ့ပေ။
“ဒါဆိုရင်လည်း ငါတို့က မီးမွှေးပြီး ချက်တာကို စားဖို့ တာဝန်ယူမယ်”
ဖုန်းဖုန်းနှင့် အစ်မကြီး ကျစ်ဖုန်းတို့ကလည်း ချန်ယွမ်တောင်ခြေနားသို့ သွားကာ ထင်းသွားကောက်ကြသည်။ ဒီအနီးအနား တောင်တန်းများမှ ထင်းအရည်အသွေးကလည်း ကောင်းမွန်သည်။ ရာသီဥတုကလည်း ယခုတလော ခြောက်သွေ့ကာ မိုးလည်း မရွာတော့ချေ။ ထို့ကြောင့် ကောက်ပြီးသည်နှင့် တန်းသုံး၍ ရသည်။
အားလုံးကလည်း ဆွေးနွေး၍ ပြီးသွားပုံရသည်။ နောက်ဆုံးစကားအရ ဒါရိုက်တာက ချက်ရမည်ဖြစ်သည်။ သို့သော် ဒါရိုက်တာ၏ မျက်နှာက ချက်ချင်း ပြောင်းသွားသည်။
“အာ…ငါ…ငါ သွားပြီး ကူကောက်ရင် ကောင်းမယ်ထင်တယ်။ ငါ မချက်တတ်ဘူး”
ဒါရိုက်တာက တော်တော်လေးကို ရှက်ရွံ့သည်။ နဖူးတွင် ချွေးစေးများပင် သီးလာသည်။
“ငါ…ငါသွားပြီး သန့်ရှင်းတာလဲ အဆင်ပြေတယ်နော်။ ချက်တာကတော့ ပညာရှင်တွေ လုပ်သင့်တာ”
“ဖူး ဒါရိုက်တာရဲ့ ပုံစံကိုကြည့်အုံး ရှင်သန်လိုစိတ် အပြည့်နဲ့”
“ဟားဟား ဒါရိုက်တာမှာလည်း ဒီလို နေ့ရက်မျိုး ရှိမယ်လို မထင်ထားဘူး။ ပရိုဂရမ်အသင်းက လူတွေက ရန်ငြိုးကြီးတာပဲ”
“ရိုးရိုးသားသား ပြောရရင် ဒါရိုက်တာက ဆရာသခင်ချန်း ရှိနေသမျှ အတင့်မရဲရဲဘူးလို့ ခံစားရတယ်”
ထိုအခြေအနေက ကြည့်ရှုသူများက ရယ်မောစေပြန်သည်။ ဆရာသခင်ချန်း၏ အရှေ့တွင် ဒါရိုက်တာကပင် တုန်ယင်နေသည်။ စားစရာက မရှိလျှင် သူက ဝေဖန်ခံရပေမည်။ အထူးသဖြင့် ဆရာသခင်ချန်း၏ နမူနာကြောင့် ဖြစ်သည်။ မနေ့ညက သူသည် ဆရာသခင်ချန်း၏ ပြိုင်ဖက်ကင်း ဟင်းချက်စွမ်းရည်ကိုတွေ့ကြုံပြီးသား ဖြစ်သည်။
“ယောက်ျား ယောက်ျား ထပ်ချက် ရမယ် ထင်တယ်”
မုရှောင်းနွမ်က အနားသို့လာပြီး စိတ်မကောင်းဖြစ်သလို ပြောသည်။
“အာ…ထပ်ပြီး အလုပ်ကြမ်းလုပ်ရအုံးမယ်။ ငါကူညီပေးရင်ရော”
87 03
အားလုံးတွင် လုပ်စရာတစ်ခုစီရှိသည်။ မုရှောင်းနွမ်တွင် ဘာမှ လုပ်စရာ မရှိပေ။ ဒီအတိုင်းထိုင်ကာ အားလုံး၏ လုပ်အားဖြင့် ရလာသောအရာကို မွှေ့လျော်နေ၍ မသင့်ပါပေ။
သူမက ချန်းရန်ကို ကူညီပေးချင်သည်။
“မင်းရဲ့လက်က ဒဏ်ရာရထားတယ် မဟုတ်ဘူးလား”
ချန်းရန်က မုရှောင်းနွမ်၏ လက်သည်းလေးကို ကြည့်သည်။ ပက်တီးလေးကို စည်းထားသေးသည်။ ထိုကောင်မလေး၏လက်များ ထပ်ပြီး ထိခိုက်သွားမည်ကို စိုးရိမ်သည်။
“ရပါတယ် ငါအဲ့ဒီလောက်ထိ မနုဘူး”
မုရှောင်းနွမ်က ချိုမြိန်စွာ ပြောသည်။
“စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်။ ယောက်ျား ဒါပေမဲ့ ငါတကယ် ကူညီချင်တာ”
“ဒါဆိုရင်လည်း ကောင်းပြီလေ”
ချန်းရန်၏ အမူအရာက လှုပ်ရှားသွားသည်။ ထို့နောက် ရုတ်တရပ် အကြံတစ်ခုရလာသည်။
“ဒီလိုဆိုရင် ဘယ်လိုလဲ ငါ ချက်ထားတဲ့ စားစရာတွေက အရမ်းအရသာရှိတယ်မဟုတ်လား ဆိုတော့ မင်းက ဘေးနားမှာပဲ ရပ်ပြီး ငါ့ကို တော်တယ် တော်တယ် တော်တယ်လို့ အော်ပေး”
“အာ”
မုရှောင်းနွမ်ကပင် သက်ပြင်းတိုးတိုးချပြီး လှပသောမျက်နှာကပင် ရဲသွားသည်။
ဟင့် မုန်းလိုက်တာ ယောက်ျားက ထပ်ပြီး စပြန်ပြီ။
သူမက ဘေးနားမှာ ရပ်ပြီး တော်တယ် တော်တယ် တော်တယ်လို့ အော်နေရရင် ဘယ်လောက်ရှက်ဖို့ ကောင်းလိုက်လဲ။ သူများတွေကမသိရင် ငါမုရှောင်းနွမ်ကို အရူးလို့ ထင်မှာပေါ့။
“အင်း ငါက ကောကောကို တော်တယ်။ တော်တယ် တော်တယ်လို့ပဲ အော်ပေးရမှာလား”
မုရှောင်းနွမ်က ဖုန်းကို မြောက်၍ လျှို့ လျှို့ လျှို့ကို ရိုက်သည်။
“အာ ထားလိုက်တော့”
ချန်းရန်က အသာပြုံးသည်။ သူက ဒီအတိုင်း နောက်နေခြင်းသား ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် အားလုံးကလည်း ငါ့ရဲ့ဟင်းချက်စွမ်းရည်ကို သိထားပြီးသားပဲ ဆိုတော့ ငါဘယ်လောက် တော်လဲဆိုတာကို မင်းအခြားသူတွေကို ပြောဖို့ မလိုပါဘူး”
“အင်း ဒီလိုဆိုရင်ရော ငါ ခုနတုန်းက တော်တော်လေးကို ပင်ပန်းတာ မင်း နောက်မှ ငါ့ရဲ့ခြေထောက်ကို ကူနှိပ်ပေးလေ”
“ကောင်းပြီ”
မုရှောင်းနွမ်က ပျော်ရွှင်စွာ သဘောတူသည်။ သို့သော် သူမက စတင်ကာ လုပ်ဆောင်သည်။
မုရှောင်းနွမ်က ချက်ချင်းဆိုသလို ဆောင့်ကြောင့် ထိုင်လိုက်ကာ ချန်းရန်၏ အရှေ့နားသို့ ကပ်လာသည်။
ချန်းရန်က ထိုတောထဲတွင် ဒီအတိုင်းဟင်းချက်နေချိန်တွင် မုရှောင်းနွမ်က ခြေထောက်၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ကြည့်ရှုသူများက သူမ၏ကျောပြင်ကိုသာ မြင်နိုင်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပေါက်ကွဲသည်။
“ဘုရားရေ ရှောင်း…ရှောင်းနွမ် ဘာလုပ်မလို့လဲ”
“ကျွတ်ကျွတ် ကျွတ် ဒီအခြေအနေက ငါ့ကိုတောင် မှားပြီး တွေးစေတယ်”
“ရှောင်းနွမ် ကြိုးစားထား ဆရာသခင်ချန်းရဲ့ စိတ်မကောင်းဖြစ်နေတဲ့ ညီငယ်လေးကို ငိုအောင် လုပ်လိုက်”
87 04
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများက အော်ကြသည်။ ကွန်မန့်များကလည်း နှင်းမှုန်းများ လွှင့်နေသကဲ့သို့ပင် ဝေဆာနေပြီး ဖန်သားပြင်က မသန့်ရှင်းတော့ချေ။
“ဟင်”
ချန်းရန်က ဟင်းချက်နေရင်းမှ မုရှောင်းနွမ်၏ဝန်ဆောင်မှုကို ခံစားရင်း အသာပင် ငြီးလိုက်သေးသည်။ သူသည်လည်း ထိုကောင်မလေး၏လက်က ပေါက်မည်ဟု မထင်ထားပေ။
“ဟန်နီ သက်တောင့်သက်သာရှိရဲ့လား”
မုရှောင်းနွမ်က နည်းနည်းပင် မောလာသည်။ သူမက ဆောင့်ကြောင့်ထိုင်နေရင်းနှင့်သာ ခေါင်လေးကို မော့လိုက်ပြီး နူးညံ့သော မျက်နှာလေးနှင့် မေးသည်။
“အာ…အရမ်းပင်ပန်းတာပဲ ငါခဏနားလို့ရလား”
“လာ…ငါမင်းကို ကူညီပေးမယ်”
ချန်းရန်၏ နံဘေးနားတွင် သန်မဏိအိုးပင်လယ်စာနှပ်က အဆင်သင့် ဖြစ်တော့ပေမည်။ သူက အသာပြုံးလိုက်ရင်း မုရှောင်းနွမ်ကို နံဘေးတွင် ထိုင်စေသည်။ ထိုကလေးမ၏ ခြေထောက်များကပင် ထုံထိုင်းနေပြီ ဖြစ်သည်။ ထိုကောင်မလေးက အမှန်တကယ် လက်ပေါက်သည်။ မည်သို့ပင်ဆိုစေ သူမသည်လည်း ချန်းရန်ကို ကူညီပေးထားရသေးလေသည်။ ထို့ကြောင့် လက်သည်လည်း ညောင်းနေလောက်လေသည်။
******