အခန်း ၈၈
Vol. 9 Ch. 88
88 01
အပိုင်း (၈၈)
“အိုး… ငါ အဲဒီလောက် မနုပါဘူး။ ငါထနိုင်တယ်”
မုရှောင်းနွမ်က ပြောပြီး ချန်းရန်၏ လက်မောင်းကို ကိုင်ကာထသည်။
“တကယ်လား”
ချန်းရန်က ရယ်သည်။
“မင်း ဒီကို စရောက်ခဲ့တဲ့အချိန်ကို မှတ်မိသေးလား”
မုရှောင်းနွမ်က မှင်သက်သွားသည်။ လှပသော မျက်လုံးက တစ်ချက်ရွေ့သွားပြီး ထိအချိန်က မှတ်ဉာဏ်ကို ပြန်လည်တွေးတောသည်။ ထိုအချိန်က သူမသည် ခြေထောက် ဒဏ်ရာရထားပုံရပြီး အင်း….
သူမသည် မျက်နှာကိုပင် အုပ်လိုက်သည်။ အနည်းနှင့်အများဆိုသလို အတိတ်ကိုပင် ပြန်မကြည့်ရဲတော့ချေ။ သူမသည် ထိုအချိန်က ယောက်ျားဖြစ်သူ၏အရှေ့တွင် ဒူးထောက်နေခဲ့ပုံရသည်။
“အာ ရှက်ဖို့ကောင်းလိုက်တာ”
“ဟားဟား”
ချန်းရန်က ထိုကလေးမ၏ ရှက်သွားသော ပုံစံကို ကြည့်ပြီး မနေနိုင်ဘဲ လက်ကို ဆန့်ထုတ်ကာ လှပသော မျက်နှာလေးကို အသာဆွဲဆိတ်လိုက်ပြန်သည်။
အင်း နူးညံ့ပြီးတော့ ကိုင်လို့ ကောင်းတယ်။
စွဲလမ်းစေလောက်တဲ့ အထိအတွေ့မျိုးပဲ။
“ယောက်ျား အားလုံး ကြည့်နေတာနော်”
မုရှောင်းနွမ်၏ မျက်နှာက ရဲသွားသည်။ သူမက ခေါင်းကို ငုံ့လိုက်ပြီး ရှက်ရွံ့စွာနှင့် တွန့်ဆုတ်စွာ ပြောလိုက်သည်။
“သူတို့က အားကျဖို့ မစောင့်နိုင်တော့ဘူး”
ချန်းရန်၏အပြုံးက ပို၍သာ ပြင်းထန်လာသည်။ ထိုကောင်မလေးက အရသာရှိပြီး ဆွဲဆောင်မှု ပြင်းထန်သော ကိတ်လေးနှင့် တူသည်။ သူသည်လည်း အမှန်တကယ် တစ်ကိုက်ကိုက်ချင်နေသည်။ ထိုမျှအထိ နီးကပ်လွန်းသော အပြုအမူက ပရိုဂရမ်အသင်းမှ လူများကိုပင် ရှက်သွားစေသည်။ အားလုံးကလည်း အလိုလျောက်ပင် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
အာ…ဒီနေ့ ရာသီဥတုက တကယ်ကောင်းတာပဲ။
မုန်းလိုက်တာ ငါ့ကို အနိုင်ကျင့်ဖို့ပဲသိတယ်။
မုရှောင်းနွမ်ကလည်း တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ခံစားရသည်။ သူမက ခြေနှစ်လှမ်းခန့် ခပ်မြန်မြန် ဆုတ်လိုက်ပြီးနောက် အသက်ရှူနှုန်းက နည်းနည်း မြန်နေသည်။ သူမက ရှက်ရွံ့စွာ ပြောသည်။
“မ…မလုပ်နဲ့တော့ ငါ ညကျမှ နင့်ကို အနိုင်ကျင့်ခိုင်းမယ် ဟုတ်ပြီလား”
“တကယ်နော်”
ချန်းရန်က အသက်ပြင်းပြင်းရှူပြီး ရှက်ရွံ့နေသာ ကောင်မလေးအား ချစ်စိတ်ပြင်းပြသည့် မျက်လုံးမျိုးဖြင့် ကြည့်လိုက်သည်။ သူ၏နှလုံးသားက ပူပြင်းလာသည်။ သူဟာ အေးမြသည့်လေများကို ရှိုက်သွင်းပြီး အငြိမ်းမရနိုင်သည့် စိတ်အခြေအနေကို တည်ငြိမ်အောင် ထိန်းရသည်။
88 02
“အတူစားရအောင်”
ချန်းရန်က အားလုံးကို လှမ်းခေါ်ပြီးသည်နှင့် ထိုပင်လယ်စာကို စားကြသည်။ အထူးသဖြင့် ကျောက်ပုဇွန်ဖြစ်သည်။ အားလုံးအတွက်ပင် လုံလောက်အောင် ဗိုက်ပြည့်အောင် စားနိုင်သည်။
“ဒီလို အရသာရှိတဲ့ အရသာမျိုးက တကယ်ကို မှင်သက်ဖို့ ကောင်းတာနော်။ ကြည့်အုံး ကြည့်အုံး ကြည့်အုံး ဒီပုဇွန်အမြှီးကကို အသားတွေ အပြည့်ပဲ”
“အာ…အရသာရှိလိုက်တာ ဒီရှာလကာရည်လေးနဲ့ ဒီဂဏန်းကို တွဲစားလိုက်တော့ အာ…လုံးဝကို ကျေနပ်စေလောက်တဲ့ ဂဏန်းအသားပဲ”
“ဒီလောက် ဂဏန်းအဆီတွေ ဂဏန်အသားတွေ အပြည့်ပဲ တော်တော်လေးကို လတ်ဆတ်နေတာပဲ”
“ဒါရိုက်တာကိုယ်တိုင် ကောက်ထားတဲ့ ဒီကမာတွေကလည်းအရသာရှိတာပဲ”
အားလုံးက အောက်ဖက်တွင် ပျော်ပွဲစားထွက်သည့် အခင်းများကို ချခင်း၍ မြေပြင်ပေါ်တွင်သာ ထိုင်နေကြသည်။ သူတို့၏ခေါင်းအထက်တွင် သစ်ပင်ကြီးက ရှိပြီး သူတို့ကို အရိပ်ဖြင့် ကာပေးထား၏။ နေရောင်ရှိသည့်တိုင်အောင် အားလုံးက သက်တောင့်သက်သာရှိပြီး အေးမြနေကြသည်။ ထို့အပြင် လူတိုင်းသည်လည်း လက်ထဲတွင် ရေခဲစိမ်ထားသည့် ဘီယာအေးများကို ကိုင်ထားကြသေးသည်။ ထိုဘီယာအေးကို သောက်ရခြင်းကလည်း အလွန်အမင်း အေးမြစေပြန်သည်။
“ဖာ့ခ် ငါ တကယ် မနာလိုဖြစ်သွားပြီ။ ငါလည်း ဒီလို အေးဆေးပေါ့ပါးတဲ့ ဘဝမျိုးကို တွေ့ကြုံချင်တယ်လေ”
“ဒါက အိပ်မက်မက်ရတဲ့ ဘဝမဟုတ်ဘူးလား။ ငါအခု ဘာတွေ အိပ်မက်မက်နေတာလဲ”
“ဆရာသခင်ချန်း ငါလည်း တောင့်တမှုအတွက် စာရင်းသွင်းချင်တယ်လေ။ အခုလိုမျိုး အပြင်ဘက်မှ အသားကင်စားချင်တာ။ ငါ လောဘကြီးလွန်းလို့ သားရည်တောင် ကျလာပြီ”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ကြည့်ရှုသူများကလည်း မနာလိုကြီးပြီး အားကျသွားကြသည်။ ထိုမျှအေးဆေးသက်သာသောဘဝနှင့် ကောင်းမွန်စွာ နေထိုင်နိုင်ခြင်းကပင် လူတိုင်းအတွက် ဒီကမ္ဘာမြေပေါ်မှ သုခဘုံဖြစ်သည်။
“အာ…ပါးစပ်ဟပါအုံး”
ချန်းရန်ကလည်း မုရှောင်းနွမ်၏လက်ချောင်းက ဒဏ်ရာရထားသည်မှန်း သိသဖြင့် အခွံခွာရန် ခက်ခဲမှန်းလည်းသိသည်။ ထို့ကြောင့် ကျောက်ပုဇွန်ကို အခွံခွာပေးပြီး ထိုကလေးမကို အသားပေးသည်။
“အာ…”
မုရှောင်းနွမ်က ပါးစပ်ကို ခပ်ကျယ်ကျယ်ဟပြီး ချန်းရန်၏ လက်ချောင်းထိပ်မှ အသားကို ကိုက်ကာစားလိုက်သည်။ သူမက နှုတ်ခမ်းကိုပင် တစ်ချက် လျှက်သေးသည်။ မျက်လုံးကလည်း လခြမ်းကွေးလေးအလား ကွေးသွားကာ ကြည်လင်တောက်ပသည်။
“တင် သက်သာဘဝစနစ်က စတင်ပါပြီ”
“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ သက်သာတာဝန်အသစ်ဖြစ်တဲ့: စိတ်ဝင်စားစရာကောင်းတဲ့ ဘဝကလည်း ဟင်းခပ်ပစ္စည်းတွေ လိုတယ်။ တင်ဆက်သူကျွေးတဲ့ပုံစံကို ကျေးဇူးပြုပြီး ပြောင်းပါကို ထုတ်ပြန်လိုက်ပါတယ်”
“ဒါ…ဒါ…ဒါ..”
ချန်းရန်ကပင် နည်းနည်း စိတ်ရှုပ်သွားသည်။
88 03
ဒါက ရုတ်တရပ်ကြီးပဲ ကျွေးတဲ့ပုံစံကို ပြောင်းဆိုတာက ဘာကို ဆိုလိုချင်တာလဲ။
ဒီကောင်မလေးကို နည်းလမ်းအမျိုးမျိုးသုံးပြီး ကျွေးရမှာလား။
ချန်းရန်ကပင် နည်းနည်း သဘောကျသွားသည်။ စနစ်က တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။
သူဟာ ပျင်းလွန်းနေသဖြင့် ကိုးရိုးကားရားအလုပ်များကိုပင် လာပေးသည်။
ဒါပေမဲ့…
သူ၏နံဘေးမှ လိမ်လိမ်မာမာလေးနှင့် ထိုင်နေကာ မျက်နှာ တည်တည်နှင့် စားနေသော ထိုကောင်မလေးကို ကြည့်ပြီး ချန်းရန်ကလည်း ထိုတာဝန်က စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
“အရသာရှိလား”
ချန်းရန်က အပြုံးနှင့်မေးသည်။
“ပြောရမည်ဆိုလျှင် ထိုအခိုက်အတန့်တွင် ထိုကောင်မလေး၏နှုတ်ခမ်းက သူ၏လက်ချောင်းကို လာထိသောအခါ နူးညံ့သွားသည့် အခိုက်အတန့်ကပင် နှလုံးသားကို လှုပ်ခတ်သွားစေသည်။ အထူးသဖြင့် ထိုကလေးမ၏ အနည်းငယ် ကော့တက်လာသည့် အပြုံးကို မြင်လိုက်ချိန်တွင် ဖြစ်သည်။ချန်းရန်ကလည်း ထိုကလေးမလေးက တမင်တကာ လုပ်မှန်း သိလိုက်သည်။
“ငါ သေချာမစားရသေးဘူးလေ။ ယောက်ျားရဲ့ထပ်ကျွေးပါအုံး”
မုရှောင်းနွမ်က နှုတ်ခမ်းကို တစ်ချက် လျှက်သည်။ ပါးကလည်း နည်းနည်း ရဲနေသော်လည်း ထိုသို့ဆိုးသွမ်းစွာ ပြောလိုက်သေးသည်။ ထိုကလေးမ၏စိတ်အခြေအနေက ယခင်အတိုင်းပါပေ။ ဆိုးသွမ်းပြီး ချစ်စရာလေး ဖြစ်သည်။
“သေချာတာပေါ့”
ချန်းရန်၏ မျက်ခုံးကပင် ပင့်တက်သွားသည်။ သူသည် ရုတ်တရပ် အကြံတစ်ခု ရလာသည်။
“နေအုံး ….နေအုံး နေအုံး ခဏနေအုံးလေ”
မုရှောင်းနွမ်က နည်းနည်း စိုးရိမ်သွားပြီး လက်မောင်းကို လှုပ်ခါသည်။
“ယောက်….ယောက်…ယောက်ျား ငါဗိုက်မပြည့်သေးဘူးနော် စားချင်သေးတယ်”
“တကယ်စားချင်တာလား”
“အင်း”
“ကောင်းပြီ ခဏပဲစောင့်”
မမျှော်လင့်ထားစွာပင် ယောက်ျားဖြစ်သူက သဘောတူလိုက်သည်။
မုရှောင်းနွမ်ကလည်း နည်းနည်း မယုံနိုင်သေးပေ။
ဘာလို့ ရုတ်တရပ်ကြီး ကတိပေးလိုက်တာလဲ။
အခုလေးတင် သရုပ်မဆောင်ချင်တော့တာ မဟုတ်ဘူးလား။
“ကောင်းပြီလေ”
88 04
ချန်းရန်၏ လှုပ်ရှားမှုက အလွန်မြန်သည်။ အသားအပြည့်နှင့် ကျောက်ပုဇွန်အမြှီးကို အခွံနွာ၍ ပြီးသွားသည်။
“ကျေးဇူးတင်ပါတယ် ယောက်ျား”
မုရှောင်းနွမ်၏ မျက်လုံးက တစ်ဖြောင့်တည်း ဖြစ်မတတ်ပင် ကွေးသွားသည်။ သူမက မျက်နှာကို အနီးကပ်လာသည့်အချိန်တွင် ချန်းရန်၏လက်ထဲမှ ကျောက်ပုဇွန်က တစ်ဖက်သို့ လှည့်သွားပြီးနောက် ထိုကောင်မလေးက မမှီလိုက်ပေ။ သူမက ချန်းရန်ကိုသာ စိုက်ကြည့်သည်။
“ဟင် ဘာလုပ်တာလဲ”
“ဒီမှာ မဟုတ်ဘူးလား”
ချန်းရန်၏မျက်လုံးထဲမှ အပြုံးက ပိုပို၍ပြင်းထန်လာသည်။ ကျောက်ပုဇွန်အမြှီးကို လက်ထဲတွင် ခါပြသည်။
“အာ…”
မုရှောင်းနွမ်က ဒီတစ်ကြိမ်တွင် ပို၍ မြန်ဆန်သည်။ သူမက ချက်ချင်းပင် ခုန်အုပ်သည်။ သို့သော် ချန်းရန်က ထိုကျောက်ပုဇွန်အမြှီးကို သူ၏ပါးစပ်ထဲသို့သာ ထိုးထည့်သည်။
“အင်း”
ထိုအခိုက်အတန့်တွင် မုရှောင်းနွမ်၏ မျက်လုံးက ပြူးသွားသည်။ သူမအတွက် နောက်ကျသွားပြီ ဖြစ်သည်။
အာ…ငါ…ငါ…ငါ သူ့ကို နမ်းဖို့ ရည်ရွယ်တာမှ မဟုတ်တာ။
“ဟင်”
ပို၍ ဆိုးသည်မှာ ထို့နောက် တစ်ခဏတွင် သူမ၏နှုတ်ခမ်းက အလိုလျောက်ပင် အနည်းငယ်ဟသွားသည်။ ပါးစပ်နာသို့ ရောက်လာသည်ကို ခံစားမိုလိုက်သည်။
အရသာရှိတယ်။ ကျောက်ပုဇွန်ပဲ။
“အဟမ်း”
ထိုအချိန်တွင် ချန်းရန်က ထိုကောင်မလေးက ပြန်လွှတ်ပေးလိုက်သည်။ ထိုကောင်မလေးက လျှင်မြန်စွာ အသက်ရှူနေပြီး နည်းနည်း မွန်းကြပ်သွားသည်။ သို့သော် သူမက နေရာတွင်ပင် မှင်သက်နေကာ ချန်းရန်ကို မျက်လုံး ပြူးပြီး ကြည့်လိုက်သည်။
ဘုရားရေ…ငါ..ငါ…ငါ့ကို ကျောက်ပုဇွန်အသားကို ဒီလိုခွံ့တာလား။
သူမကလည်း သူမ၏ နှလုံးသားလေးက ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည်ဟု ခံစားရသည်။
ထိုအခိုက်အတန့်တွင် ပါးစပ်ထဲမှ ကျောက်ပုဇွန်အသားက အလွန်ချိုနေသည်။
“ဟစ်”
ချန်းရန်ကမူ နှုတ်ခမ်းကို အုပ်ထားပြီး လေအေးကို ရှိုက်သွင်းနေရသည်။ ထိုကောင်မလေးသည် ယခုအခါ ကျောက်ပုဇွန်ကို စားစဉ်က အားအများကြီး သုံးထားသေးသည်။ သူသည် မနက်မှ ဒဏ်ရာဟောင်း ပြန်ပွင့်သွားပြီထင်သည်။
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က တာဝန်ပြီးမြောက်သွားပါပြီ”
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က ဆုလာဘ်ဖြစ်တဲ့ : ဒဏ္ဍာရီလား စားကျက်မြေ ဝန်ဆောင်မှု x1 အပြင် မွေးမြူရေးခြံ တိရစ္ဆာန်အရှင် အပြည့်အစုံနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ x1 ကို ရရှိထားပါတယ်”
ထိုအချိန်တွင် စနစ်၏အသံကလည်း ထွက်လာသည် ချန်းရန်က တော်တော်လေး စိတ်လှုပ်ရှားနေသည်။ ထိုစနစ်၏ တာဝန်အတွက်ကြောင့်နှင့် သူက အကိုက်ခံရပြန်သည်။
နာလိုက်တာ။
ဒီကောင်မလေးက ညဖက် ဘာမှ မပါဘဲ အိပ်တတ်တာအပြင် လူတွေ ကိုက်ရတာကိုလည်း သဘောကျတာများလား။ အထူးသဖြင့် သည်းမခံနိုင်ဆုံးနေရာကိုတောင် နှစ်ခါလောက် ကိုက်ပြီးသွားပြီ။
******