အခန်း ၈၉
Vol. 9 Ch. 89
89 01
အပိုင်း (၈၉) ကယ်ကြပါ
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က တာဝန်ပြီးမြောက်သွားပါပြီ”
“ပိုင်ရှင်ရဲ့ ဆုတွေကို လွဲပြောင်းပေးနေပါတယ်”
ဒီတစ်ခေါက် စနစ်၏ဆုများက အတော်လေးကို ပုံမှန်ဆန်သည်။ သို့သော် အကောင်းတကာ အကောင်းဆုံးဖြစ်ပြန်သည်။
ဒဏ္ဍာရီလာ စားကျက်မြေဆိုသည်မှာ စံအိမ်နှင့် သိပ်မဝေးသော တစ်နေရာမှ မြေကွက်လက် ကွင်းပြင်လေးဖြစ်ပြီး စံအိမ်၏ စိုက်ခင်းမြေနှင့် ကပ်လျှက်လည်း ဖြစ်သည်။ ထိပ်တန်းအဆင့် အသင်းက တည်ဆောက်ထားသော နေရာလည်းဖြစ်သည်။
စားကျက်မြေကြီးတစ်ခုလုံးက စတင်သည်နှင့် ပြီးမြောက်သွားမည်ဖြစ်သည်။ ထို့အပြင် လောကတွင် ရှိသမျှသော အမျိုးအစား အစုံရှိနေမည်ဖြစ်ပြီး ချန်းရန်ကပင် မှင်သက်ရလောက်အောင် အမျိုးအစားများသည်။
ပရိုဂရမ်အသင်းက ရိုက်ကူးမှု စလုပ်သည့် ပထမတစ်ရက်က အဆုံးသတ်သွားပြီး ညအချိန်ရောက်သွားသည်။ အားလုံးကလည်း မန်ထုံနေသော နေရာသို့ ပြန်သွားကာ အနားယူကြသည်။ ချန်းရန်နှင့် မုရှောင်းနွမ်တို့ကမူ စံအိမ်သို့ ပြန်သည်။
လှလှပပ ရေချိုးပြီးသော မုရှောင်းနွမ်က ခပ်ပွပွ ညအိပ်ဝတ်စုံကို ပြောင်းဝတ်ပြီး ဧည့်ခန်းထဲ ထိုင်ကာ သစ်သီးစားနေသည်။
“အင်း ဒီနေ့ တော်တော်လေးကို ပင်ပန်းတာပဲ။ တစ်နေ့လုံး လျှောက်လုပ်နေရတာ လှုပ်တောင် မလှုပ်ချင်တော့ဘူး”
မုရှောင်းနွမ်က ပါးစပ်ထဲတွင် အရသာရှိသော စပျစ်သီးကို ကိုက်ကာ စားနေရင်း အသက်ပြင်းပြင်းရှူသည်။
ဒီလို လဲချရတာ သက်တောင့်သက်သာရှိလိုက်တာ။
“မင်း နေလို့ ကောင်းပေမယ့် ငါကတော့ စကားပြောလို့ မကောင်းသေးဘူး”
ချန်းရန်က ကူကယ်ရာ မဲ့နေသည်။ သူသည် တစ်ရက်တည်းနှင့်တင် ကောင်မလေး၏ နှစ်ကြိမ်အကိုက်ခံထားရသည်။ သူမက သူ့ကို အတွင်းရော အပြင်ကိုပါ ရောကာ ကိုက်ပေးသည်။ ထို့ကြောင့် သူ၏ပါးစပ်တစ်ခုလုံးက ယောင်ကိုင်းနေသလို ခံစားရသည်။ သူသည် တရုတ်တိုင်းရင်းဆေးကို သုံးကာ ကိုယ့်ကိုယ်ကိုယ်ပင် အပ်စိုက်ရတော့ပေမည်။
သို့သော် ….
ကိုယ့်ကိုယ်ကိုယ် အပ်စိုက်ရသည်မှာလည်း ရွံစရာကောင်းသည်။ ပြောရမည် ဆိုလျှင် ဒါက တားမြစ်ချက်ဖြစ်သည်။ ချန်းရန်ကလည်း ကူကယ်ရာမဲ့နေသည်။
“ယောက်ျား ငါ့ကို ဘယ်လို ကူညီစေချင်တာလဲ”
မုရှောင်းနွမ်ကလည်း နည်းနည်း စိတ်မကောင်းဖြစ်သွားသည်။ ချန်းရန်၏ဒဏ်ရာက သူမ၏ သတိပေါ့လျော့မှုကြောင့် ဖြစ်သည်။
“ရတယ် ရတယ်”
ချန်းရန်က ရှက်သွားသည်။ ဒီကောင်မလေးက ဘယ်လို ကူညီမှာလဲ။ သူ အသက်ရှင်ရတာ လုံလောက်ပြီလို့များ ထင်နေလို့များလား။
ချန်းရန်ကလည်း သူမက သူ့ကို အပ်စိုက်ပေးမည်ကို အမှန်တကယ် ကြောက်နေရသည်။
“ယောက်ျား ငါ့ကို မယုံဘူးလား”
မုရှောင်းနွမ်က နည်းနည်း မပျော်မရွှင် ဖြစ်သွားသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါက ယောက်ျား ခဏခဏကုတာကို ခံနေကျပါနော်။ ဒါကြောင့် ထိုးရမယ့် နေရာကို ပြတာနဲ့ ဘယ်လောက် အားစိုက်ထုတ်ရမယ်ဆိုတာကို သိထားရင် ရပြီလေ”
ထိုကောင်မလေးက ဉာဏ်ပညာရှိစွာ ပြုံးသည်။
“မင်းကလား အဆင်ပြေပါ့မလား”
89 02
ချန်းရန်ကမူ သံသယကို ဖော်ပြပြီး တစ်ချက် ကြည့်သည်။ သိသိသာသာကိုပင် သူသည် ထိုကောင်မလေးကို မယုံပေ။ ပို၍ပင် သိသိသာသာ ပြောရသော် မုရှောင်းနွမ်က သူ၏ ဒဏ်ရာကို ပိုဆိုးအောင် လုပ်မည်ကို ကြောက်သည်။
“ယောက်ျားက ကိုယ့်ဇနီးကိုတောင် မယုံဘူးလား”
မုရှောင်းနွမ်ကလည်း ချန်းရန်၏ အမူအရာနှင့် မျက်လုံးများကို ကြည့်ပြီး ရုတ်တရပ် မပျော်မရွှင် ဖြစ်သွားသည်။
“အင်း ငါယုံတာ မယုံတာ မဟုတ်ဘဲနဲ့ မင်းအနေနဲ့ မင်းရဲ့ အဲဒီကြွက်ဖြူလေးကိုပဲ အရင်ထိုးတာ ကောင်းမယ်ထင်တယ်”
ချန်းရန်၏ မျက်နှာတွင် ဆိုးသွမ်းသော အကြည့်မျိုးက ပေါ်လာသည်။ သူက ထိုကောင်မလေးကို စချင်စိတ် ရှိလာပြန်သည်။
“ယောက်ျား လွန်လာပြန်ပြီ”
မုရှောင်းနွမ်၏ ပါးက ဖောင်းတက်လာသည်။ သို့သော် လက်သီးထိုးအိတ်လေးနှင့် တူသည်။ ဖောင်းဖောင်းလုံးလုံးလေးနှင့် ချစ်စရာလေးဖြစ်သည်။ သူမက ဆိုဖာပေါ်မှ ကုန်ထလာပြီး ချန်းရန်ရှိရာဆီသို့ အပြေးလာသည်။
“ဘာလုပ်မလို့လဲ”
ချန်းရန်ကလည်း မှင်သက်သွားသည်။ ရုတ်တရပ် ထိတ်လန့်သွားသည်။
“ဒါ…ဒါ…ဒါမဟုတ်သေးဘူးနော်”
“ဒါပေါ့ ယောက်ျားကို ကူညီမလို့လေ”
မုရှောင်းနွမ်က ချန်းရန်၏အရှေ့သို့ အပြေးလာပြီးနောက်တွင် ချန်းရန်၏ လက်ထဲမှ ငွေရောင်အပ်များကို သေချာကြည့်သည်။ ဆိုးသွမ်းသော အမူအရာမျိုးက ပေါ်လာသည်။
“မရဘူး”
ချန်းရန်က ချက်ချင်းငြင်းပြီး အပ်ကို အလျှင်အမြန်သိမ်းသည်။သူက အခန်းထဲသို့ ပြန်ပြီး မှန်ရှေ့တွင်သာ ကိုယ့်ကိုယ်ကိုယ် အပ်စိုက်ရန် ဆုံးဖြတ်လိုက်သည်။
“မလှုပ်နဲ့ နင်ကအခု လူနာနော် ငါက အခု သူနာပြုဖြစ်သွားပြီ။ နင်သာ လျှောက်လှုပ်နေမယ်ဆိုရင် သူနာပြုက ဒေါသထွက်သွားတဲ့ အကျိုးဆက်က ပြင်းထန်သွားလိမ့်မယ်”
မုရှောင်းနွမ်က တိုက်ရိုက်ပင် အနားကပ်လာကာ ပြုံးရယ်ရင်း ပြောသည်။
ချန်းရန်က ဆက်ပြီး သွားနေကြောင်း မြင်သောအခါ ထိုကောင်မလေးက ရိုးရှင်းစွာပင် ချန်းရန်၏ အရှေ့သို့ အပြေးသွားကာ ပေါင်ပေါ်တက်ထိုင်သည်။
ချန်းရန်က လန့်သွားပြီး လက်များကို စတင်ကာ ရုန်းကန်သည်။ မမျှော်လင့်ထားစွာပင် ထိုကောင်မလေးက လက်နှစ်ဖက်လုံးဖြင့် သူ၏ လက်ကို ဖိချုပ်ထားသည်။ ထို့နောက် သူ၏ ခေါင်းအထက်မှ ဆိုဖာပေါ်သို့ပင် ဖိချထားလိုက်သေးသည်။
“မလှုပ်နဲ့လို့ ပြောသားပဲ မနာခံဘူးဆိုရင်တော့ ဒေါသထွက်လာမှာနော်”
မုရှောင်းနွမ်က ဆိုးသွမ်းသော အပြုံးမျိုးနှင့် ချန်းရန်ကို ထိန်းထားသည်။ ရုတ်တရပ် သူမက အောင်မြင်သွားသော အမူအရာမျိုးကို လုပ်ပြသည်။ အချို့သော အကြောင်းပြချက်များကြောင့် ယခုလို အခြေအနေမျိုးတွင် သူမသည် အောင်မြင်စွာ သိမ်းပိုက်နိုင်သလို ခံစားရသည်။
လက်စသတ်တော့ အမြဲတမ်းပြိုင်ဘက်ကင်းတဲ့ ဆရာသခင်ချန်းကလည်း ဒီလို အခြေအနေမျိုးကို ကြုံတွေ့ရတာပဲ။
သူမရဲ့ အရှေ့မှာတော့ သူက ကူကယ်ရာမဲ့ပြီး ထိတ်လန့်ရမယ်။ စိတ်ဝင်စားစရာပဲ။
“ကယ်ကြပါအုံး”
ချန်းရန်က စိတ်ထဲတွင် အော်သည်။ သူ၏မျက်နှာက ပျက်သွားသည်။ တကယ်ကို သွားပြီထင်တယ်။ ဒီကောင်မလေး တအားလွန်သွားပြီ။
“အစ်မကြီးက အပ်စိုက်ပေးတော့မယ်နော်”
89 03
မုရှောင်းနွမ်၏ လှပသော မျက်နှာပေါ်မှ အပြုံးက ပိုပို၍ ပြင်းထန်လာသည်။ သူမက အပ်တစ်ချောင်းကို ယူပြီး ချန်းရန်၏ ဒဏ်ရာရနေသော နှုတ်ခမ်းကို ငုံ့ကြည့်သည်။
“နေအုံး ငါပြတဲ့ ဦးတည်ရာဖက်ကို စိုက်နော်”
ချန်းရန်က ကြောက်သွားသည်။
ဒီကောင်မလေးရဲ့ စွမ်းရည်ကို ယုံကြည်လို့ ရပါ့မလား။
“ဒါဆိုရင် မြန်မြန်ပြောလေ ပထမအပ်ကို ဘယ်နေရာမှာ စိုက်ရမှာလဲ”
မုရှောင်းနွမ်ကလည်း နည်းနည်းပင် စိတ်ဓာတ်ကျသွားသည်။
လက်စသတ်တော့ ယောက်ျားက သူမရဲ့ကိုက်ချက်ကြောင့် တော်တော်ကို ဒဏ်ရာပြင်းထန်သွားတာပဲ။ သေချာပေါက် ကူညီပေးရမယ်။
“မင်း ငါ့ရဲ့လက်ကို ပြန်ချလိုက် ငါဘယ်လို ညွှန်ပြပေးရမှာလဲ။”
ချန်းရန်က ဆွံအသွားသည်။ ထိုကောင်မလေးက သူ၏ လက်နှစ်ဖက်လုံးကို သူမ၏ လက်တစ်ဖက်တည်းနှင့် ကိုင်ထားသည်။ အခြားလက်တစ်ဖက်ဖြင့် အပ်ကို ကိုင်ထားသေး၏။ သူသည်သာ သူမကို လျှောက်ရှုပ်ပြီး မတော်တဆ ထိခိုက်အောင် လုပ်လိုက်မိမည်ကို မကြောက်မိလျှင် ချက်ချင်းဆိုသလို မှောက်လှန်ပစ်လိုက်နိုင်သည်။
“အင်း”
မုရှောင်းနွမ်က ခေါင်းညိတ်သည်။ သို့သော် သတိပေးလိုက်သေးသည်။
“ဒါပေမဲ့ လှုပ်ရှားခွင့် မရှိဘူးနော်”
“မစိုးရိမ်ပါနဲ့”
ချန်းရန်က စိတ်ထဲတွင်သက်ပြင်းချသည်။
ထိုကောင်မလေးက ဒီကဏ္ဍထဲသို့ ပို၍နက်ရှိုင်းစွာ ဝင်ရောက်နေပုံရသည်။ သို့သော် သူသည် စိတ်ထဲတွင်လည်း လှုပ်ရှားမိနေသေးသည်။
“အင်း နောက်တစ်ကြိမ်ဆိုရင် သူနာပြုလေးအဖြစ်လည်း ရတာပဲ။ နောက်ပြီး ပါဝင်ပစ္စည်းတွေ အဝတ်အစားတွေနဲ့ဆိုရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာ”
မုရှောင်းနွမ်က ချန်းရန်၏လက်ကို ထိန်းထားသော လက်ကို လွှတ်ပေးလိုက်သည်။ ချန်းရန်ကလည်း ချက်ချင်းဆိုသလို လက်တစ်ဖက် လွှတ်ပေးလိုက်သည်။ သူသည် မုရှောင်းနွမ်အား အပ်စိုက်ရမည့် နေရာကို ပြသည်။ သို့သော် ကောင်မလေးက လွဲချော်သွားမည်ကို ကြောက်သည်။ ထို့ကြောင့် ချန်းရန်ကလည်း ပို၍ကောင်းမွန်သော အကြံကို ရလာသည်။ သူသည် မုရှောင်းနွမ်၏ လက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး မည်သို့ အပ်စိုက်ကုသရမည်ကို လက်ချင်းထပ်ကာ သင်ပြပေးသည်။ မည်သည့် ရှုထောင့်ကို ကြည့်ရမည် အားမည်မျှ သုံးရမည် စသဖြင့် ပြောပြသည်။
“အပ်စိုက်တာက ဒီလောက် အသေးစိတ် ကျတဲ့အရာကိုး”
ပထမအပ်ပြီးနောက် မုရှောင်းနွမ်၏ထိတ်လန့်နေသော နှလုံးသားက နည်းနည်း စိတ်အေးသွားသည်။ သူမကလည်း နည်းနည်း ပေါက်ကရပြောတတ်သည့်တိုင်အောင် ချန်းရန်၏ဒဏ်ရာကို အမှန်တကယ် စိုးရိမ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ချန်းရန်၏ အကူအညီကတဆင့် သူမသည် အလွန်သတိအပြည့် ကပ်ထားသည်။ ချန်းရန်ကို ထိခိုက်သွားမည်ကိုလည်း ကြောက်သည်။
“ဒါပေါ့”
ချန်းရန်ကလည်း စကားပြောရာတွင် သိပ်မတော်ချေ။ ထို့ကြောင့် နှုတ်ခမ်းကို ညင်သာစွာသာ လှုပ်သည်။
“အပ်စိုက်တာက အရမ်းကို နက်နဲတဲ့ ဗဟုသုတမျိုးပဲ။ ဒါပေမဲ့ ကောင်းကောင်းသုံးနိုင်သမျှ အသေးစား ဒဏ်ရာတွေလောက်ကို အလွယ်တကူ ကုလို့ရတယ်”
“ဒါဆိုရင် ယောက်ျား ငါ့ကို စနစ်တကျ သင်ပေးပါလား”
ထိုကောင်မလေး၏ မျက်လုံးက တောက်ပနေသည်။
“နောက်မှ မအော်နဲ့”
ချန်းရန်ကလည်း ကောင်းကောင်းပင် မပြောနိုင်ခင် နာသွားသည်။
ကြည့်ရတာ အပ်စိုက်နေရင်းစကားမပြောရင် ကောင်းမယ်ထင်တယ်။
“ယောက်ျား ယောက်ျား စကားမပြောနဲ့ နာသွားလို့လား”
မုရှောင်းနွမ်က အလွန်စိတ်မကောင်းဖြစ်သွားသည်။ ချန်းရန်က ထိုသို့ နာကျင်နေပုံရကြောင်း မြင်သောအခါ သူမက အပြေးအလွှားသွားပြီး အပ်စိုက်ထားသော နေရာလေးကို ညင်သာစွာ မှုတ်ပေးသည်။ အေးမြပြီး ချိုမြိန်သော ဝင်သက်က အလွန်အမင်း နီးကပ်စွာ ထွက်ပေါ်လာသည်။ ချန်းရန်ကပင် မျက်လုံးပြူးသွားပြီး နီးကပ်လွန်းနေသော နှုတ်ခမ်းကို မြင်လိုက်သည်။ ထိုနှုတ်ခမ်းက နုနယ်ကာ ဆွဲဆောင်မှု ပြင်းထန်သည့် မက်မွန်သီးလေးနှင့် တူသည်။ သူသည် အမှန်တကယ်ပင် တစ်ကိုက်ကိုက်ချင်လာသည်။
******