← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

90 01

အပိုင်း (၉၀) ငါတို့ အခြားလုပ်လို့ရလား

“ယောက်ျား နာနေသေးလား”

မုရှောင်းနွမ်က အလွန်နီးကပ်စွာနှင့် ညင်သာစွာ လေမှုတ်ထုတ်ပေးနေသည်။ ထိုမျှနီးကပ်လွန်းသော အကွာအဝေးမျိုးတွင် ချန်းရန်၏နှလုံးသားအတွင်းမှ အပူကလည်း လှုံ့ဆော်ခံရသည်။

“မင်း…”

ချန်းရန်ကလည်း လျှင်မြန်စွာ အသက်ရှူသည်။

ဒီကောင်မလေးက ဘာလုပ်နေမှန်း မသိဘူးလား။

ချန်းရန်က ချက်ချင်းဆိုသလိုပင် တစ်ချက်လှိမ့်လိုက်ပြီး မုရှောင်းနွမ်၏ခန္ဓာကိုယ်ကို လျှင်မြန်စွာ ပြန်ဖိလိုက်သည်။

ချန်းရန်သည် တက်ကြွစွာ တိုက်ခိုက်သော ပုံစံမျိုး ပြန်ဖြစ်သွားသည်။

“အာ”

မုရှောင်းနွမ်က တအံ့တဩထအော်သည်။ သူမက အဖိခံထားရသည်။ သူမက ညအိပ်ဝတ်စုံကိုသာ ဝတ်ထားသည်။ ရေချိုးပြီးကာစလည်း ဖြစ်သည်။ရေချိုးပြီးနောက် မွှေးရနံ့ကလည်း ရှိနေသေးသည်။ အရသာရှိသော စားပွဲနှင့်တူသည်။ ချန်းရန်က ငွေရောင်အပ်များကို ဆွဲထုတ်လိုက်သည်။ ငွေရောင်အပ်နှင့် ကုသမှုပြီးနောက် နှုတ်ခမ်းမှ အရောင်ကပင် အများကြီး လျော့ကျသွားပြီ ဖြစ်သည်။ ထို့ကြောင့် ပုံမှန်အတိုင်း စကားပြောရန် ပြဿနာ မရှိတော့ပေ။

ထိုအချိန်တွင် ချန်းရန်သည် ထိုကောင်မလေးအား တောင့်တသော မျက်လုံးမျိုးဖြင့် ကြည့်သည်။

“နင်….နင်….နင် ဘာလုပ်မလို့လဲ”

မုရှောင်းနွမ်က အကြောင်းပြချက်မရှိ ထိတ်လန့်လာသည်။ သူမကလည်း ရုတ်တရပ် စိတ်ရှုပ်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။

“ဘယ်လိုထင်လဲ”

“ငါ…ငါ…ငါ မသိဘူးလေ”

မုရှောင်းနွမ်က အရှေ့ဖက်တွင် လက်ကို ကာထားပြီးနောက် ခေါင်းကို ဘေးသို့စောင်းကာ နီရဲသော မျက်နှာနှင့် ခပ်တိုးတိုးပြောသည်။

သူမက ရုတ်တရပ် ထူးဆန်းသလို ခံစားရသည်။

“ဘာလို့ ရုတ်တရပ် တစ်ကိုယ်လုံးက ပူလာတာလဲ”

သူမ၏နှလုံးသားက နည်းနည်း အရှိန်နှုန်းမြန်လာသည်မှာလည်း သေချာသည်။ သူမက ယခုလို အခြေအနေမျိုးကို ကြုံတွေ့ရသောအခါ မုရှောင်းနွမ်သည်လည်း နည်းနည်း ထိတ်လန့်လာသည်။ သူမ၏ ခန္ဓာကိုယ် ထိုနေရာကပင် တောင့်တင်းနေပြီး မည်သို့မည်ပုံ လှုပ်ရှားရမည်မှန်းမသိတော့ပေ။

စင့်တီတုံးပေါ် တင်ထားသော ငါးသေးသေးလေးနှင့် တူသည်။ ချန်းရန်ကို စိတ်ကြိုက် သတ်ခွင့်ပြုထားသည်။

“မင်းမသိဘူးလား။ ဒါမှမဟုတ် တမင်တကာ မေးနေတာလား”

ချန်းရန်၏ မျက်လုံးမှ ဖိအားက တင်းကြပ်သထက် တင်းကြပ်လာသည်။ နီးကပ်လွန်းနေသော ဝင်သက်က မုရှောင်းနွမ်၏ နှင်းကဲ့သို့ ဖြူဖွေးသော လည်တိုင်ကို ရိုက်ခတ်လာပြီး ထိုကောင်မလေးကို ပို၍ပင် တုန်ယင်ကာ နည်းနည်း ယားယံလာစေသည်။

“ဒီနေ့ မင်းငါ့ကို နှစ်ကြိမ်တောင် ကိုက်တယ်။ ငါမင်းကို ပြန်ကိုက်မယ်လို့ ပြောထားပြီးသား ဒါကို မေ့သွားပြီလား”

ချန်းရန်၏ အသက်ရှူပုံက နည်းနည်း မြန်ဆန်လာသည်။ မူလကမူ သူသည် ထိုကိစ္စကို ဒီအတိုင်း လွှတ်ထားပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုကောင်မလေးက တကယ်ကို နားမလည်ပုံရသည်။ ထိုသို့ဖြင့် သူမက သူ့ကို ဆက်တိုက်စနေသည်။

ချန်းရန်က အလွယ်တကူ အစခံမယ့်လူလား။

90 02

“ယောက် ယောက်ျား ယောက်ျားက မှတ်မိသေးတာလား”

မုရှောင်းနွမ်က ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်သည်။ သူမက ခပ်တိုးတိုးပြောပြီး လှပသောမျက်လုံးကို ပုတ်ခတ် ပုတ်ခတ်လုပ်ပြသည်။ ရှည်လျားကာ လှပသည့် မျက်တောင်များက တုန်သွားသည်။ သူမက ခပ်တိုတိုးတောင်းပန်သည်။

“ယောက်…ယောက်ျား ငါ့ကို လွှတ်ပေးလို့မရဘူးလား။ ငါမှားမှန်း သိပါပြီ”

“မင်းရဲ့ အမှားဝန်ခံတဲ့အပြုအမူက ဒါလား”

ချန်းရန်က ထိုကောင်မလေးကို အလွယ်တကူ လွှတ်ပေးရန် မစဉ်းစားထားပေ။ သူသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် မုရှောင်းနွမ်ကို ခါးမှနေ၍ တိုက်ရိုက်ကောက်ပွေ့လိုက်သည်။

“အား”

မုရှောင်းနွမ်က အလန့်တကြား ထအော်သည်။ လှပသော မျက်လုံးက ပြူးကျယ်သွားသည်။ သူမက အလိုလျောက်ပင် ရုန်းကန်ချင်သေးသည်။ သို့သော် ထို့နောက် တစ်ခဏတွင်ပင် ချန်းရန်က သူမကို အခန်းထဲမှ ကုတင်ကြီးပေါ်သို့ ပစ်တင်လိုက်သည်။

“ဟင်”

ရုတ်တရပ် အပြောင်းအလဲက မုရှောင်းနွမ်အား မျက်လုံးကို မှိတ်ကာ ထအော်မိစေသည်။ အိပ်ယာပေါ်သို့ ကျသွားသောအခါ ထိုကောင်မလေး၏ အော်သံက တုန်နေ၏။ အစောပိုင်း ကြောက်လန့်မှုနှင့် နည်းနည်းမသက်မသာဖြစ်မှုအပြင် တင်းကြပ်မှုနှင့် စိတ်လှုပ်ရှားမှုများကလည်း ပါသေးသည်။

“ငါ့ကို ပြောပါအုံး။ ငါဘယ်နေရာက စစားသင့်လဲ”

ချန်းရန်က ကုတင်အစွန်းနားသို့ ကပ်သွားသည်။ သူ၏နှုတ်ခမ်းက ကော့တက်နေရင်း မုရှောင်းနွမ်ကို ကြည့်နေပုံက အသတ်ခံရတော့မည့် သိုးကို ကြည့်သကဲ့သို့ ကြည့်သည်။ သူဟာ ဆိုးယုတ်သည့် ဝံပုလွေဆိုးကြီးနှင့်တူသည်။

သူမကို အရသာရှိသော စားစရာအဖြစ်သတ်မှတ်ထားပုံရသော ချန်းရန်ကို ကြည့်ပြီး မုရှောင်းနွမ်၏ ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုများက ပိုပို၍သာ ပြင်းထန်လာသည်။ ထိုကောင်မလေးက ပက်လက်လေးလှန်ကာ လဲနေရင်း လှပသော မျက်နှာလေးက ရဲတက်လာသည်။ သူမက ရှက်ရွံ့စွာနှင့် မျက်နှာကို အုပ်သည်။

“မလုပ်…မလုပ် ငါ့ကို မစားပါနဲ့ ငါက…ထန်ဘုန်းကြီးရဲ့ အသားလည်း မဟုတ်ဘူးလေ အရသာ မရှိပါဘူး”

ချန်းရန်ကမူ ထိုကောင်မလေးကို နှစ်ကြိမ်ကိုက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဘယ်လိုဖြစ်ပြီး စားတာ ဖြစ်သွားတာလဲ။

ဒီကောင်မလေးက ဘာတွေ တွေးနေတာလဲ။ ဦးနှောက်က အပေါက်က တော်တော်ကြီးနေတာပဲ။

တွေးတော စဉ်းစားနိုင်စွမ်းရည်က တော်တော်ထူးခြားတာပဲ။

“ဒါဆိုရင်ငါ စားရမှာပေါ့”

ထိုကောင်မလေးက နားလည်မှုလွဲနေကတည်းက ချန်းရန်ကလည်း ထိုအမှားကိုပဲ အခွင့်ကောင်းယူလိုက်ရင်း မုရှောင်းနွမ်ကို ဆိုးသွမ်းသော အကြည့်မျိုးဖြင့် ကြည့်သည်။ ထို့နောက် မုရှောင်းနွမ်၏ ထိတ်လန့်နေသော နှလုံးသား အရှေ့တွင်ပင်သူက တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ ချန်းရန်က အိပ်ယာပေါ် ဖြည်းဖြည်းချင်း ကုန်းတက်သည်။ လက်နှစ်ဖက်လုံးဖြင့် ထိန်းကာ မုရှောင်းနွမ်ကို မျက်နှာချင်းဆိုင်လိုက်သည်။

“နင်…နင့်ရဲ့ ပါးစပ်က မသက်သာသေးဘူးလား”

မုရှောင်းနွမ်က ထပ်မကြည့်နိုင်လောက်အောင် ရှက်သွားသည်။ သူမက ပါးကိုသာ တင်းတင်းကြပ်ကြပ် အုပ်ထားရ၏။ နားသံသီးများကလည်း ရဲနေသည်။ ထိုအချိန်တွင် သူမ၏နှလုံးသားက လည်မြိုတွင် တစ်လာသည်။ သူမက နောက်ဆုံးခေါင်းမာမှုကို ဖော်ပြရန် ခပ်တိုးတိုးပြောလိုက်သည်။

“ဒါက…နင်…နင့်ရဲ့အရသာခံတဲ့ အတွေ့အကြုံကို သက်ရောက်သွားလိမ့်မယ် နောက်တစ်ကြိမ်မှပေါ့ ဟုတ်ပြီလား”

ထိုကောင်မလေးက စတင်ကာ တောင်းပန်တတ်လာသည်။

“သွေးလည်ပတ်မှုကို မြင့်တင် သွေးအထုံးတွေကို ဖယ်…အဆင်ပြေသွားပြီလေ။ ငါ ပျောက်တော့မှာ။ မင်းပဲ အခုလေးတင် ကုပေးခဲ့တာ မဟုတ်ဘူးလား”

90 03

ချန်းရန်၏ အပြုံးက ပို၍ပင် ပြင်းထန်လာသည်။ ထိုအချိန်တွင် သူက လက်ကို ဆန့်ထုတ်၍ မုရှောင်းနွမ်၏လက်များကို ဆွဲချကာ ချစ်စရာကောင်းသော မျက်နှာလေးကို ကြည့်လိုက်သည်။

ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုများကြောင့် ဖြစ်လောက်သည်။ ချွေးစေးလေးများကိုပင် တွေ့ရသည်။

“မလုပ်ပါနဲ့”

မုရှောင်းနွမ်က နည်းနည်း တုံ့ဆိုင်းနေပြီး ခန္ဓာကိုယ်ကို တွန့်လိမ်နေသည်။ အားလုံးက ချန်းရန်၏ အကြည့်အောက်တွင် ဖြစ်သည်။ ထိုအခြေအနေက ချန်းရန်၏ အာရုံခံနိုင်စွမ်းအားကို ပို၍သာ လှုံ့ဆော်နေသည်။

“ဂလု”

ချန်းရန်ကပင် တံတွေးမြိုချလိုက်သည်။ မမျှော်လင့်ထားစွာပင် ထိုသို့ အနီးကပ် စိုက်ကြည့်မှုမှတဆင့် ထိုကောင်မလေး၏ ခန္ဓာကိုယ်က အတော်လေးကို ဆွဲဆောင်မှုရှိသည်။ အထူးသဖြင့် လိမ်တွန့်နေချိန်တွင် ဖြစ်သည်။ အထူးသဖြင့် သွယ်လျသော ခါးနှင့် ပြည့်မြောက်နေသော ရင်ဘတ်တို့က ခပ်ပွပွ ညအိပ်ဝတ်စုံ၏ အောက်တွင် အပြည့်အဝ မချုပ်ထိန်းထားနိုင်သည်မှာ သဲများ ယိုဖိတ်နေသော ပြတင်းပေါက်နှင့် တူသည်။ အပြင်ဖက်မှ လောက၏ အံ့အားသင့်ဖွယ်ကောင်းမှုကို လှမ်းမြင်နိုင်လေသည်။

ထိုထောင့်တစ်နေရာကတင် လူအများကို အကြည့်မလွဲနိုင်အောင် ဖြစ်စေသည်။

ပထမဦးဆုံး နှင်းကျသည့် မနက်ခင်းပိုင်းထက်ပင် ပို၍တောက်ပသေးသည်။ မုန်တိုင်းလှိုင်းအများစုထက်ပင် လှုပ်ခတ်သေးသည်။

“ဟူး”

ချန်းရန်က စိတ်ရှည်သည်းခံမှု အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ခုန်အုပ်လိုက်သည်။

“ဟင်”

မုရှောင်းနွမ်၏ ခုခံမှုက ချက်ချင်ကျိုးပျက်သွားသည်။ သူမက ရှက်ရွံ့စွာနှင့် ရုန်းကန်သည်။

သူမက လျှောက်မလှုပ်အောင် တားနိုင်ရန်အလို့ငှာ ချန်းရန်က သူမ၏ပါးကို ကိုင်ထားပြီးနောက် သလင်းသားလို နားရွက်သီးကို ကိုက်သည်။

“ဝူး ဝူး”

မုရှောင်းနွမ်ကလည်း သူမ၏ခန္ဓာကိုယ်တွင် အင်အားလုံးဝ မရှိတော့သလို ခံစားလိုက်ရသည်။

သေစမ်း ဒါက မုရှောင်းနွမ်ရဲ့ အသက်သွေးကြော တစ်နေရာပဲ။

အကိုက်ခံရပြီးသည်နှင့် မုရှောင်းနွမ်ကလည်း ရုန်းကန်မှုများအားလုံး ပျောက်ဆုံးသွားသည်။

ထိုကောင်မလေးက ရုန်းကန်မှု ရပ်တန့်သွားလေသည်။

ချန်းရန်က စိတ်လွတ်သွားပုံရသော မုရှောင်းနွမ်ကို ကြည့်ကာ ညင်သာသော ချယ်ရီသီးလေးကို အသာထိလိုက်သည်။

“ဟစ်”

ထို့နောက်တွင် ချန်းရန်က မုရှောင်းနွမ်၏ ချယ်ရီလို ညင်သာသည့် နှုတ်ခမ်းကို အသာဖွင့်လိုက်သည့်အချိန်တွင် ရုတ်တရပ် နာကျင် စူးရှလာသလို ခံစားလိုက်ရသည်။ ချန်းရန်၏ မျက်လုံးမှ အပူက အများကြီး လျော့သွားသည်။

“ဘာဖြစ်တာလဲ”

သိပ်မနာသော်လည်း ညင်သာစွာ ပွတ်တိုက်ခြင်းဖြစ်သည့်တိုင်အောင် ချန်းရန်က ထိုကောင်မလေး၏ တွန်းလှန်မှုကို ခံစားမိသည်။

“ငါ…ငါ…ငါ”

မုရှောင်းနွမ်က အမောတကော အသက်ရှူသည်။ သူမ၏ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး လှပသော ကောင်းကြောင်းက ပေါ်လာကာ နောက်ဆုံးတွင် ဝန်ခံသည်။

90 04

“ယောက်…ယောက်ျား ငါ ဒီရက်တွေအတွင်း အဆင်မပြေလောက်ဘူး အင်း…ငါဒီည လာနေတာ”

ချန်းရန်က မျက်မှောင်ကြုတ်သည်။ ထိုကောင်မလေး၏ စုစည်းထားသော ခြေထောက်ကို ကြည့်လိုက်ပြီးနောက် ဝိုင်ခွက်ကို တစ်ချက်ပြန်ကြည့်ကာ နားလည်သွားသည်။

“အိုး အချိန်ကိုက်မဟုတ်ဘူးပဲ”

“ဟူး”

ချန်းရန်က အသက်ကို ပြင်းပြင်းရှူသည်။ သူက ထရင်းပြောသည်။

“ငါ ရေသွားချိုးလိုက်အုံးမယ်”

မမျှော်လင့်ထားစွာပင် ထိုကောင်မလေးက ချန်းရန်၏လည်ပင်းကို သိုင်းဖက်ထားပြီး မလွှတ်ပေးတော့ပေ။

“ဟင် မင်းက မရ….”

ချန်းရန်က သံသယဝင်သွားသည်။

ဒီကောင်မလေးက ဒီနေ့လည်း လုပ်လို့မရဘူး။ အခု ဘာလုပ်ချင်တာလဲ။

မုရှောင်းနွမ်သည်လည်း ချန်းရန်၏ တက်ကြွမှုများကြောင့် စနောက်ချင်သွားသည်။ သူမကလည်း အလျှင်စလို အဆုံးမသတ်ချင်သေးပေ။ သူမက ချိတ်ထားသော လက်ကို မလွှတ်ပေးဘဲ ခေါင်းကို နည်းနည်း စောင်း၍ လေသံ တိုးတိုးနှင့် ပြောသည်။

“ငါတို့ အခြား…အခြားဟာ လုပ်မယ်လေ”

******

All Chapters