← Chapters

အခန်း ၈၂

Vol. 5 Ch. 82

အခန်း ၈၂

Vol. 5 Ch. 82

အပိုင်း(၈၂) ဘယ်တော့စကြမလဲ

ချန်းရီ၏ စိတ်ထဲတွင် အတွေးမျိုးစုံ တွေးတောနေချိန်ပင် ဖြစ်သည်။

လူအုပ်ထဲမှ အလွန်လှပဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

ထိုသူကို ပထမဆုံး မြင်လိုက်ရသည့် အချိန်တွင် ချန်းရီ ခံစားလိုက်ရသည်မှာ ထူးဆန်းနေခြင်းပင် ဖြစ်သည်။

အလွန် ထူးဆန်းသော ခံစားချက်ကြီးပင်။

ဤ ပရိတ်သတ် သန်းချီရှိသော အင်တာနက်ဆယ်လီက မလှပ၍တော့ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အလွန်လှပသည်။ အရပ်က ငါးပေ ကိုးလက်မခန့် ရှိပြီး ခန္ဓာကိုယ် အချိုးအစားကလည်း ကျစ်လစ်လှပနေသည်။

လမ်းလျှောက်သည့်အခါ ခါးလှုပ်ရှားမှုက အလွန် သိသာလွန်းလှသဖြင့် လူတိုင်း၏ အကြည့်များက မကြည့်သင့်သော နေရာများသို့ အလိုအလျောက် ရောက်သွားစေသည်။

ပရိတ်သတ် သန်းချီရှိသော အင်တာနက်ဆယ်လီကြီး ဖြစ်လာသည်မှာလည်း မဆန်းတော့ပေ။

တကယ်ကို ဆွဲဆောင်မှု ရှိလှသည်။

သို့သော် ချန်းရီကမူ တစ်စုံတစ်ခု အဆင်မပြေသကဲ့သို့ ထူးဆန်းသော ခံစားချက်ကြီးကို ခံစားနေရဆဲ ဖြစ်၏။

ကမ္ဘာပျက်ကပ် မတိုင်မီက ပရိတ်သတ် သန်းချီရှိသော အင်တာနက်ဆယ်လီ တစ်ယောက်၏ ဝင်ငွေသည် တတိယတန်းစား သရုပ်ဆောင် တစ်ယောက်ထက် မနည်းလှပေ။

အချို့သော အပိုင်းများတွင် ပထမတန်းစား သရုပ်ဆောင်များထက်ပင် နောက်မကျပေ။

သို့သော် ယခုအခါတွင်မူ အဘိုးအို တစ်ယောက်၏ ဇနီးငယ်လေး အဖြစ်သာ နေထိုင်ရတော့သည်။

ဤသို့ ဆိုရလျှင် ထိုအဘိုးအိုတွင် ဇနီး တစ်ယောက်တည်း ရှိမည် မဟုတ်ပေ။

ချန်းရီက အမှောင်ထုဆီသို့ လှည့်ကြည့်လိုက်ရာ လိုချင်တပ်မက်မှု သို့မဟုတ် ဖိနှိပ်ချုပ်တည်းထားမှုများ ပြည့်နှက်နေသော မျက်လုံးများကိုသာ မြင်တွေ့လိုက်ရသည်။

ထိုသူက ခါးကိုလှုပ်ခါလျက် မိုအဘိုးအို အနီးသို့ လျှောက်လာပြီး ရှည်လျားသော ခြေတံများကို မြှောက်ကာ အဘိုးအို၏ ဘေးတွင် ထိုင်လိုက်ရင်း ချွဲနွဲ့သော အသံဖြင့် ပြောလိုက်သည်။

"ယောကျ်ား... ချစ်ကို ဘာလို့ခေါ်တာလဲ"

ထိုအဘိုးအိုကလည်း အရှက်မရှိပေ။ ထိုသူ၏ အသက်အရွယ်မှာ သူ၏ မြေးအရွယ်ခန့်ပင် ရှိနေပြီ ဖြစ်သည်။

"ဟီးဟီး... ချစ်လေး... ဒါက ခေါင်းဆောင်ချူတဲ့... ဒီည ပျော်စရာကောင်းလို့ အားလုံးအတွက် သီချင်းတစ်ပုဒ်လောက် ကပြပါလား"

"ယောကျ်ားကလည်း... ချစ်က ပင်ပန်းနေပြီ... ထမင်းတောင် မစားရသေးဘူး"

"ဟားဟားဟား... လိမ္မာပါတယ် ချစ်လေးရယ်... ကတာသာ ကောင်းမယ်ဆိုရင် ဒီည ချစ်ကို ဝနေအောင် ကျွေးမှာပါ"

"လူဆိုးကြီး..."

သူတို့နှစ်ဦးက ဘေးနားရှိ လူများကို ဂရုမစိုက်ဘဲ ပရောပရည် လုပ်နေကြတော့သည်။

ချန်းရီက ကြည့်လေလေ ပို၍ ထူးဆန်းလာလေလေ ဖြစ်နေသည်။

ဤ ပရိတ်သတ် သန်းချီရှိသော ဆယ်လီကို သူ မသိသည်ကို အသာထားဦး။ သူတို့ နှစ်ဦးကြားရှိ အပြုအမူများက...

ဖော်ပြရန် ခက်ခဲသော ခံစားချက်မျိုးကို အမြဲတမ်း ဖြစ်ပေါ်စေသည်။

မိန်းမကိစ္စများကို စိတ်မဝင်စားတတ်သော ခေါင်းဆောင်ချူကပင် သူ၏ ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ် ရွှေ့လိုက်သည်။

သေချာပေါက် ဤဆယ်လီကို တံတွေးမျိုချမတတ် ကြည့်နေကြသူများလည်း ရှိပေသည်။

လှောင်ပြောင်နေသော အကြည့်တစ်ချက်ကို ခံစားလိုက်ရသဖြင့် မော့ကြည့်လိုက်သောအခါ စွန်းချန်းချန်း ခေါ် ပန်းရောင်ဆံပင်နှင့် ကောင်မလေး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ထိုကောင်မလေးက သူ့အား နောက်ပြောင်ချင်သော အကြည့်များဖြင့် ကြည့်နေခြင်း ဖြစ်သည်။

ချန်းရီက အနည်းငယ် ကြောင်အမ်းသွားပြီး အကြောင်းရင်းကို နားမလည်နိုင် ဖြစ်သွားသည်။

ထိုအချိန်မှာပင် အဘိုးအို၏ ဇနီးငယ်လေးက ခါးကိုလှုပ်ခါလျက် ကွင်းပြင်အလယ်သို့ လျှောက်လာခဲ့သည်။

ဝတ်ဆင်ထားမှုက အလွန်တရာ ခမ်းနားလှသည် မဟုတ်သော်လည်း အခြားသော အသက်ရှင်ကျန်ရစ်သူများနှင့် နှိုင်းယှဉ်လျှင် သူမ၏ ခန္ဓာကိုယ်က အနည်းဆုံးတော့ သန့်ရှင်းသပ်ရပ်နေသည်။

ရိုးရှင်းသော အလှတရားတစ်မျိုးပင် ရှိနေသေး၏။

ကြည့်ရသည်မှာ ထိုအဘိုးအိုက သူမအပေါ် အတော်လေး ကောင်းမွန်ပုံရသည်။

ဤ "ချစ်လေး" က ချန်းရီကိုပင် မျက်စိတစ်ချက် မှိတ်ပြလိုက်သေးရာ တစ်စုံတစ်ခုကို အရိပ်အမြွက် ပြနေသကဲ့သို့ ရှိသည်။

ဘာကြောင့်မှန်း မသိပေ။

ချန်းရီ ရုတ်တရက် ကြက်သီးထသွားသည်။

လူတစ်ယောက်က ဖုန်းတစ်လုံးကို ယူလာပြီး သီချင်း ဖွင့်လိုက်သည်။

အင်တာနက် လိုင်းများ ပြတ်တောက်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ဖုန်းကို သီချင်းဖွင့်စက် အဖြစ် အသုံးပြု၍ ရနေသေး၏။

သီချင်းသံ ထွက်ပေါ်လာသည်။

မိုအဘိုးအို၏ "ချစ်လေး" က ခန္ဓာကိုယ်ကို စတင် လှုပ်ရှားလာတော့သည်။

ဝန်ခံရမည်ဆိုလျှင် ဤအမျိုးသမီး၏ အကအခုန်က မဆိုးလှပေ။ အခြေခံကောင်းများ ရှိထားကြောင်း သိသာလှသည်။

ကမ္ဘာပျက်ကပ်ကြီးသာ မကျရောက်ခဲ့လျှင် မိုအဘိုးအိုကဲ့သို့ လူမျိုးက ဘဝဆက်တိုင်း ဤကဲ့သို့သော အလှရှင်မျိုးနှင့် ပတ်သက်ခွင့် ရမည်မဟုတ်ပေ။

ကပြနေရင်းဖြင့် ချန်းရီက ပိုပိုပြီး ထူးဆန်းသလို ခံစားလာရသည်။

ဤမိန်းမ၏ လက်များနှင့် ခြေထောက်များက ထူးထူးခြားခြား ကြီးမားနေပြီး ခန္ဓာကိုယ် အရိုးအဆစ်များကပင် သာမန် အမျိုးသမီးများထက် ပိုမို ကြီးမားနေသည်။

လည်ဇလုပ်ကို မြင်လိုက်ရသောအခါ ချန်းရီ သဘောပေါက်သွားတော့၏။

သောက်ကျိုးနည်း... ဒါက ယောကျ်ားကြီးပဲ။

သေလိုက်ပါတော့...

ခုနက ဒီလူက ငါ့ကိုတောင် မျက်စိမှိတ်ပြသွားသေးတာ။

ချန်းရီမှာ စကားပင် မပြောနိုင်တော့ပေ။

ချန်းရီ ကိုယ်တိုင်က ထိုကဲ့သို့သော လူများကို ခွဲခြားဆက်ဆံလိုစိတ် မရှိပေ။ လူတိုင်းတွင် ကိုယ်ပိုင် ရွေးချယ်ခွင့် လွတ်လပ်ခွင့် ရှိသည်ဟုပင် ယူဆထားသူ ဖြစ်သည်။

သို့သော် ဤမျှ အဆင့်မြင့်လှသော ပုံစံမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

တကယ်ကို ကြောင်အမ်းသွားစေခဲ့၏။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ကိုလည်း နောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။

ထယ်ရှီး၊ ခေါင်းဆောင်ချူနှင့် ချန်းရီတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ အားလုံး ဆင်တူနေကြသည်။

ကုလားအုတ် ယာဉ်တန်းဘက်မှ လူအတော်များများကမူ မျက်နှာပေါ်တွင် သာယာယစ်မူးနေသော အမူအရာများ ရှိနေကြသည်။

ရုပ်ရည် သာမန်သာရှိသော အမျိုးသမီးတစ်ဦး၏ မျက်နှာပေါ်တွင်သာ သိသာထင်ရှားသော ရွံရှာမှု အမူအရာကို တွေ့ရသည်။

ထိုအမျိုးသမီး၏ မျက်နှာသွင်ပြင်က ခက်ထန်တင်းမာနေပြီး ခွက်ထဲရှိ အရက်ဖြူကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ အခြားသူများကို ဂရုမစိုက်ဘဲ ထရပ်၍ ထွက်ခွာသွားလေသည်။

မိုအဘိုးအိုကမူ ထိုအမျိုးသမီး ထွက်သွားသည်ကို လုံးဝ မမြင်လိုက်သကဲ့သို့ပင်။

"ဟီးဟီး... ဘယ်လိုလဲ... ရင်ခုန်သွားလားဟင်"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဆံပင်များက ချန်းရီ၏ နှာခေါင်းထိပ်ကို လာပွတ်တိုက်သွားသည်။

ချန်းရီက မျက်လုံးပြူးကြည့်လိုက်ပြီး ဘာမှ မပြောတော့ပေ။

"ခေါင်းဆောင်မို... ဒီလမ်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ကလွဲပြီး တခြား အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းတွေနဲ့ တွေ့ခဲ့သေးလား"

မိန်းမကိစ္စများကို စိတ်မဝင်စားသော ခေါင်းဆောင်ချူက မိန်းမလျာ၏ အကအခုန်ကိုလည်း စိတ်မဝင်စားလှသဖြင့် ခေါင်းဆောင်မိုနှင့် အခြား ကိစ္စများကို စကားစမြည် ပြောဆိုလိုက်သည်။

ဤအဘိုးအိုကြီး၏ မျက်နှာပေါ်တွင်မူ အလွန် သာယာယစ်မူးနေသော အမူအရာများ ပေါ်လွင်နေ၏။

ထိုစကားကို ကြားသောအခါ ခေါင်းဆောင်ချူနှင့် စကားပြောရန် မလွဲမသွေ ဖြစ်လာတော့သည်။

"တွေ့ခဲ့ဖူးတယ်... မင်းတို့အပါအဝင်ဆိုရင် အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်း နှစ်ခုခွဲလောက် တွေ့ခဲ့ဖူးတယ်"

"အော်..."

အဘိုးအိုက ခွက်ကိုမကာ တစ်ကျိုက် သောက်လိုက်ပြီး ပါးစပ်မှ "အား... " ဟူသော ကျေနပ်သည့် အသံကို ပြုလိုက်ရာ ခွက်ထဲရှိ အရက်က ကမ္ဘာပေါ်တွင် အကောင်းဆုံး အရက်တစ်ခွက် ဖြစ်နေသကဲ့သို့ပင်။

"အရင်က တွေ့ခဲ့တဲ့ ယာဉ်တန်းတစ်ခုကတော့ အကုန်လုံး ဆိုင်ကယ်တွေစီးပြီး ရွှေ့ပြောင်းလာကြတာ... သူတို့က တောင်ဘက်ကို သွားပြီး ပင်လယ်ပြင်မှာ အန္တရာယ်ကင်းအောင် ရှောင်နေဖို့ ရည်ရွယ်ထားကြတယ်"

"ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာ ပင်လယ်ပြင်ကလည်း လုံခြုံမယ် မထင်ဘူး"

ချန်းရီတို့ကလည်း သေချာ ဂရုတစိုက် နားထောင်နေကြသည်။

ဤကဲ့သို့သော အကြောင်းအရာများသည် ကမ္ဘာပျက်ကပ်ထဲတွင် အလွန်တန်ဖိုးရှိသော ဗဟုသုတများ ဖြစ်ပြီး တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်ပေသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက သတင်းအချက်အလက် အများအပြားကို အင်တာနက်မှ ရယူနိုင်ခဲ့သည်။

ယခု အင်တာနက် မရှိတော့သည့်အခါ သတင်းအချက်အလက် အများစုကို လူအချင်းချင်း နှုတ်ဆင့်ကမ်း ပြောဆိုမှုများမှသာ ရယူနိုင်တော့သည်။

"ဒါဆို ကျန်တဲ့ ယာဉ်တန်း တစ်ဝက်ကကော..."

ထယ်ရှီးကလည်း စပ်စုချင်စိတ်ဖြင့် အသံဩဩကြီးဖြင့် မေးလိုက်သည်။

"ကျန်တဲ့ ယာဉ်တန်း တစ်ဝက်ကိုတော့ ငါလည်း သိပ်မသေချာဘူး"

"ငါ သူတို့ကို အဝေးကနေ တစ်ချက်ပဲ လှမ်းမြင်လိုက်ရတာ"

"အဲဒီ ယာဉ်တန်းက အလွန် ကြီးမားတဲ့ ဧရာမဆင်ကြီးတစ်ကောင်ရဲ့ ကျောပေါ်မှာ တည်ဆောက်ထားတဲ့... အင်း... ရဲတိုက်ကြီး တစ်ခုလိုပဲ"

ဤစကားကို ပြောနေစဉ် မိုအဘိုးအိုက မယုံကြည်နိုင်စရာ အကြောင်းအရာ တစ်ခုခုကို ပြန်လည် စဉ်းစားနေသကဲ့သို့ ရှိသည်။

ဤစကားကို ပြောထွက်လာချိန်တွင် သူကိုယ်တိုင်ပင် အနည်းငယ် တွေဝေနေခဲ့၏။

"ဆင်တစ်ကောင်ရဲ့ ကျောပေါ်မှာ တည်ဆောက်ထားတဲ့ ရဲတိုက် ဟုတ်လား"

ခေါင်းဆောင်ချူက အလျင်အမြန် ထပ်မေးလိုက်သည်။ သူ၏ မျက်လုံးများက အရောင်တလက်လက် တောက်လောင်နေပြီး ဤစကားအပေါ် အခြေခံ၍ တစ်စုံတစ်ခုကို စဉ်းစားမိသွားကြောင်း သိသာလှသည်။

ချန်းရီ၊ စွန်းချန်းချန်းနှင့် ထယ်ရှီးတို့လည်း တစ်ယောက်ကိုတစ်ယောက် အံ့သြစွာ ကြည့်လိုက်မိကြသည်။

"တကယ်ကို ဆင်ကြီး တစ်ကောင်ပဲ... အရမ်းကို ကြီးမားတဲ့ ဆင်ကြီး... သူ့ကျောပေါ်မှာ ရဲတိုက်ကြီး ရှိတယ်"

"ဒါမှမဟုတ် ဆင်နဲ့တူတဲ့ သတ္တဝါကြီး တစ်ကောင်လို့ ပြောရမလားပဲ"

"အဲဒီဆင်ကြီး ကျောပေါ်က ရဲတိုက်ကိုတော့ ငါ အထင်းသား ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်"

"တကယ့် ရဲတိုက်ကြီးပဲ... ကြည့်ရတာ အပေါ်မှာ လူအများကြီး ရှိမယ်... အနည်းဆုံး ရာနဲ့ချီ ရှိမယ်"

"အဲဒီအချိန်က နှစ်ဖက်ကြားက အကွာအဝေးက အရမ်းဝေးနေတော့ ငါလည်း ရပ်ပြီး သူတို့နဲ့ အဆက်အသွယ် မလုပ်ဖြစ်ခဲ့ဘူး"

ချန်းရီတို့ မယုံကြည်သည်ကို မြင်လိုက်ရသကဲ့သို့...

မိုအဘိုးအိုက တဟားဟား ရယ်မောလိုက်ပြီး ပြောသည်။ "ဒါက ဘာဆန်းလို့လဲ... တချို့ယာဉ်တန်းတွေဆိုရင် ကောင်းကင်ပေါ်မှာ တည်ဆောက်ထားတဲ့ ကောင်းကင်မြို့တော်တွေတောင် ရှိတယ်လို့ ကြားဖူးသေးတယ်"

"အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီလေ... လမ်းစဉ် အစွမ်းပိုင်ရှင်တွေတောင် ရှိနေမှတော့ ဘာတွေက မဖြစ်နိုင်စရာ ရှိတော့မှာလဲ"

"အခု ပြောနေကြတာ တစ်ခုရှိတယ်... ထူးဆန်းတဲ့ အရာတွေ ပေါက်ကွဲဖြစ်ပေါ်လာရတာက ကမ္ဘာနှစ်ခုရဲ့ ဟင်းလင်းပြင်တွေ ထပ်တူကျသွားလို့တဲ့"

"နောက်ဆိုရင် မယုံကြည်နိုင်စရာ ကိစ္စတွေ အများကြီး ထပ်ဖြစ်လာဦးမှာ... သိပ်ပြီး အံ့သြမနေကြနဲ့"

"အရင်က ဒီလောက် ပြင်းထန်တဲ့ ရာသီဥတုမျိုး ရှိမယ်လို့ မင်းတို့ တွေးဖူးလား... နေ့ဘက်ဆိုရင် သေမတတ် ပူပြီး ညဘက်ဆိုရင် လူသေလောက်အောင် ချမ်းအေးနေတာမျိုးလေ"

"အရင်က တစ်ခါမှ မပေါ်ပေါက်ဖူးတဲ့ ကမ္ဘာတွေကိုတောင် တချို့လူတွေ တွေ့ခဲ့ရတယ်လို့ ကြားတယ်"

"ဒါတွေက ဘာမှ မဟုတ်သေးဘူး"

အရက်မူးသွား၍ ဖြစ်မည်၊ မိုအဘိုးအိုက ပါးစပ်မှ အသံမစဲဘဲ တတွတ်တွတ် ပြောနေတော့သည်။

ခေါင်းဆောင်ချူက အနည်းငယ် စကားစလိုက်သည်နှင့် ဤအဘိုးအိုက တတွတ်တွတ်ဖြင့် မရပ်မနား ပြောဆိုနေတော့၏။

ထို့ကြောင့် သူတို့အဖွဲ့မှာလည်း အပြင်လောကမှ သတင်းအချက်အလက် အများအပြားကို သိရှိခဲ့ရသည်။

သို့သော် သူတို့အဖွဲ့၏ လမ်းစဉ် ကိစ္စများကို မေးမြန်းလိုက်သည်နှင့် ဤအဘိုးအိုက ရှောင်လွှဲကာ မပြောဘဲ နေတတ်သည်။

ကြည့်ရသည်မှာ သူ၏ အသိစိတ် အနည်းငယ် ကြည်လင်နေဆဲ ဖြစ်ပုံရ၏။

မူလက ညဘက်တွင် အရောင်းအဝယ် စတင်ရန် ဖြစ်သည်။

သို့သော် အချိန် အလွန် နောက်ကျနေပြီ ဖြစ်သဖြင့် အရောင်းအဝယ်ကို မနက်ဖြန်သို့ ရွှေ့ဆိုင်းလိုက်ရသည်။

ညစာစားပွဲ ပြီးဆုံးသွားသောအခါ လူအားလုံးက ထရပ်ကာ မိမိတို့၏ ကားများ သို့မဟုတ် တဲများအတွင်းသို့ ပြန်လည် အနားယူရန် ပြင်ဆင်လိုက်ကြသည်။

ထိုစဉ် အမှောင်ထဲတွင် ဆောင့်ကြောင့်ထိုင်နေခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများက စားကြွင်းစားကျန်များ ရှိနေသော အိုးကြီးဆီသို့ အုံနှင့်ကျင်းနှင့် ပြေးဝင်သွားကြသည်ကို မြင်လိုက်ရသည်။

ထိုသူများသည် အိုးထဲတွင် ပွက်ပွက်ဆူနေသေးသော ဟင်းရည်ပူများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပစ္စည်းများကို လုယက်ယူငင်ကာ ပါးစပ်ထဲသို့ အတင်း ထိုးထည့်နေကြသည်။

အချို့သော ပိန်လှီအားနည်းသူများမှာ အထဲသို့ မတိုးဝင်နိုင်သဖြင့် စောစောက လွှင့်ပစ်ထားသော အရိုးများကို ကောက်ယူကာ တကျွတ်ကျွတ် မြည်အောင် ကိုက်ခဲနေကြသည်။

မိုအဘိုးအိုက နောက်လှည့်ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဟားတိုက် ရယ်မောလိုက်သည်။

"ကမ္ဘာပျက်ကပ်က ကောင်းလိုက်တာ... တကယ်ကို ကောင်းတာပဲ... ဥက္ကဋ္ဌကျန်း... ဖြည်းဖြည်းစားပါ... အရိုးတွေ ရှိပါသေးတယ်"

"နောက်ပြီး ဟို ဥက္ကဋ္ဌဝမ်... ဟားဟားဟား... စိတ်ဝင်စားစရာပဲ"

"ချစ်လေး... တို့တွေ ပြန်ရအောင်... ပြန်ကြမယ်"

ဤအရိုးလုနေသူများ အားလုံးမှာ ကုလားအုတ် ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြပြီး မိုအဘိုးအိုတို့က သူတို့ကို ကျွန်များအဖြစ် ခေါ်ဆိုကြသည်။

အချိန်တိုအတွင်း ထိတွေ့ဆက်ဆံပြီးနောက် ကုလားအုတ် ယာဉ်တန်း၏ အခြေအနေနှင့် တရားမျှတမှု ယာဉ်တန်း၏ အခြေအနေမှာ လုံးဝ မတူညီကြောင်း ချန်းရီ နားလည်သွားခဲ့သည်။

လက်နှင့် ခြေထောက်များတွင် သံကြိုးများ ခတ်ခံထားရသော ဤအသက်ရှင်ကျန်ရစ်သူများသည် မိုအဘိုးအိုတို့ကဲ့သို့ သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင် အချို့၏ ကိုယ်ပိုင် ပစ္စည်းများ ဖြစ်ကြသည်။

ကုလားအုတ် ယာဉ်တန်း၏ ကျွန်စနစ်နှင့် နှိုင်းယှဉ်လျှင် တရားမျှတမှု ယာဉ်တန်း အမြဲတမ်း စောင့်ထိန်းခဲ့သော "တရားမျှတမှု" မှာ နတ်ပြည်နှင့်ပင် တူနေတော့သည်။

တရားမျှတမှု ယာဉ်တန်းတွင် အရာအားလုံးကို တရားမျှတမှု မူဝါဒဖြင့် ကိုင်တွယ်ဖြေရှင်းကြသည်။

သင်က အလုပ်လုပ်ရန် ဆန္ဒရှိပါက ဗိုက်ဝအောင် စားနိုင်ပေမည်။

အနည်းငယ်မျှ လုံ့လဝီရိယ ရှိလျှင်ပင် ငတ်မသေနိုင်ပေ။

အသက်ရှင်ကျန်ရစ်သူ အများအပြား၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာကြသည်။

သူတို့အဖွဲ့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး မည်သည့်စကားမှ မဆိုဘဲ ခေါင်းဆောင်ချူ၏ တဲထဲသို့သာ ဝင်သွားကြသည်။

သဲမုန်တိုင်းက ခေါင်းဆောင်ချူ၏ တဲကို လွင့်စင်သွားအောင် မလုပ်နိုင်ခဲ့ပေ။

တစ်ယောက်လျှင် ခုံတစ်လုံးစီ ရှာ၍ ထိုင်လိုက်ကြသည်။

"ခေါင်းဆောင်... ကျွန်တော်တို့ ဘယ်တော့ စကြမလဲ"

ထိုင်လိုက်သည်နှင့် ချန်းရီက တိုက်ရိုက် မေးလိုက်သည်။

အစောပိုင်းက ကုလားအုတ် ယာဉ်တန်းဘက်ကို သူ ကြည့်ခဲ့ရာ သူတို့တွင် ပစ္စည်းကောင်း အများအပြား ရှိနေသည်ကို တွေ့ခဲ့ရသည်။

သဘာဝလွန်ပစ္စည်းများပင် ရှိနေနိုင်သေးသည်။

ချန်းရီ၏ ဤစကားကို ကြားသောအခါ အနီးရှိ လူအားလုံးက သူ့ကို ဝိုင်းကြည့်လိုက်ကြ၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်လုံးများတွင် အထင်သေးမှုများ ရှိနေပြီး လေသံကလည်း ပို၍ အထင်သေးဟန် ပေါက်နေသည်။ "အစ်ကိုချန်းရီ... ရှင်က တကယ်ကို မွေးရာပါ လူဆိုးလေးပဲနော်... ရှင်က သူခိုးဆီကနေ ပြန်လုမလို့ တွေးနေတာလားဟင်"

ထယ်ရှီးက အသံဩဩကြီးဖြင့် ဝင်ပြောသည်။ "ညီလေးချန်းရီ... အဲဒီလို မလုပ်သင့်ဘူးလေ... အားလုံးက အသက်ရှင်ကျန်ရစ်သူတွေချည်းပဲ... မျှမျှတတ အရောင်းအဝယ် လုပ်တာက အားလုံးအတွက် အကျိုးရှိစေတယ်"

ခေါင်းဆောင်ချူ၏ မျက်လုံးများကလည်း ရွံရှာနေဟန် ပေါက်နေသည်။ "ကျွတ်ကျွတ်ကျွတ်... ချန်းရီ... မင်းက လူကောင်းမဟုတ်ဘူးဆိုတာ ငါ စောစောကတည်းက ရိပ်မိပြီးသားပါကွာ"

ချန်းရီက "သောက်ကျိုးနည်း... ခင်ဗျားတို့ရော အဲ့ဒီလို မတွေးမိဘူးလို့ ပြောရဲလား"

ဆက်ရန်...

All Chapters