← Chapters

အခန်း ၉၈

Vol. 5 Ch. 98

အခန်း ၉၈

Vol. 5 Ch. 98

အပိုင်း(၉၈) သဘာဝလွန်ပစ္စည်းများ ခွဲဝေခြင်း

ဤ အချစ်ရူး မီးခြစ်က မူလက မိုဟိုင်ရမ်၏ ပစ္စည်း ဖြစ်သည်။

မိုဟိုင်ရမ်က ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် ဤသဘာဝလွန်ပစ္စည်းကို အကြိမ်ကြိမ် ထုတ်သုံးခဲ့ပြီး တစ်ဖက်လူကို အငိုက်မိစေခဲ့သည်။

ဤပစ္စည်းအကြောင်းကို ပြောလိုက်ချိန်တွင် ရွှီနန်၏ မျက်နှာထက်၌ ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ရှိနေဆဲပင်။

ထိုအဘိုးအို သေဆုံးသွားပုံက အရမ်းကို ရုတ်တရက်ဆန်လွန်းလှသဖြင့် တိုက်ပွဲတွင် ဤမီးခြစ်ကို ထုတ်သုံးရန် အချိန်ပင်မရလိုက်ဘဲ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

မကောင်းဆိုးဝါး လမ်းစဉ်မှ လူငယ်လေးနည်းတူ သူတို့တွင် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သည့် နည်းလမ်းများစွာ ရှိနေခဲ့သည်မှာ သေချာလှ၏။

သို့သော် ချန်းရီနှင့် တွေ့ဆုံချိန်တွင်မူ သူတို့၏ အစွမ်းများကို ထုတ်သုံးရန် အခွင့်အရေး လုံးဝမရလိုက်ပေ။

ချန်းရီက မိုဟိုင်ရမ်ကို သတ်ဖြတ်ပြီးနောက် သူ၏ အာရုံစိုက်မှု အားလုံးသည် မကောင်းဆိုးဝါး လမ်းစဉ် လူငယ်လေးထံသို့သာ ရောက်ရှိသွားခဲ့ရာ မိုဟိုင်ရမ်၏ ကိုယ်ပေါ်တွင် အခြားထူးခြားသည့် ပစ္စည်းများ ရှိမရှိဆိုသည်ကို သတိမထားမိခဲ့ချေ။

ထို့ကြောင့်သာ ဤသဘာဝလွန်ပစ္စည်းက ခေါင်းဆောင်ချူချယ်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်သည်။

ချန်းရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ သူကိုယ်တိုင် သတ်ဖြတ်ခဲ့သော ထိုမကောင်းဆိုးဝါး လမ်းစဉ် လူငယ်လေး၏ ကိုယ်ပေါ်တွင်ရော တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုမှ မရှိဘူးလား။

ချန်းရီ၏ အတွေးများကို ဖောက်ထွင်းမြင်နေရသည့်အလား ချူချယ်က ပြောလိုက်၏။

"အဲဒီကောင်လေးက မွဲတေနေတဲ့ ကောင်ပဲ... သဘာဝလွန်ပစ္စည်း ဖန်တီးစရာ ကုန်ကြမ်းတောင် မကျန်ခဲ့ဘူး"

ချန်းရီမှာ ဆွံ့အသွားသည်။

ရွှီနန်က ဤမီးခြစ်ကို မည်သို့ အသုံးပြုရမည်ဆိုသည့် နည်းလမ်းအား တစ်ခေါက် ရှင်းပြပြီးဖြစ်၏။

ဘေးပတ်ဝန်းကျင်မှ လူများအားလုံးမှာလည်း နားထောင်ရင်း အံ့သြချီးကျူးနေကြသည်။

ကောင်မလေးက မီးခြစ်၏ အဖုံးကို ဖွင့်ကာ မီးခတ်ကျောက်ကို ပွတ်ဆွဲလိုက်ရာ သေးငယ်သော လိမ္မော်ရောင် မီးတောက်လေးတစ်ခုက မျက်စိရှေ့တွင် ခုန်ပေါက် ထွက်ပေါ်လာသည်။

အပေါ်ယံကြည့်ရသလောက်တော့ အခြားသော သာမန်မီးခြစ်များနှင့် ဘာမှ ကွာခြားမှု မရှိပေ။

ကောင်မလေးက ရွှီနန် ပြောပြသည့်အတိုင်း ပါးစပ်ကို ဖောင်းကာ မျက်စိရှေ့ရှိ မီးတောက်လေးဆီသို့ မှုတ်ထုတ်လိုက်သည်။

"ဖူးးးး"

အလျား (၂၅) ပေခန့် ရှည်လျားသော လိမ္မော်ရောင် မီးတောက်တန်းကြီး တစ်ခုက တိုက်ရိုက် ပန်းထွက်လာပြီး ပြင်းထန်သော အပူလှိုင်းများနှင့်အတူ ဘေးပတ်ဝန်းကျင်ရှိ နေရာလွတ်ကြီး တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ဘေးနားရှိ အသက်ရှင်ကျန်ရစ်သူများမှာ ထိတ်လန့်ကြောက်ရွံ့သွားသည့် ဟန်အမူအရာများ အသီးသီး ပေါ်လွင်သွားကြသည်။

အနီးအနားတွင် ရှိနေသူအချို့မှာမူ ပူပြင်းလောင်ကျွမ်းလှသော အပူလှိုင်းကြီးကို ခံစားလိုက်ရသဖြင့် အလန့်တကြား အော်ဟစ်ရင်း အဝေးသို့ ပြေးထွက်သွားကြတော့သည်။

ဤသေးငယ်သော မီးခြစ်လေးသည် ယခုအချိန်တွင်မူ မီးတောက် ပန်းထုတ်သည့် လက်နက်ကြီး တစ်ခုနှင့်တူနေပေသည်။

ချန်းရီ၏ မျက်ဝန်းများထဲတွင်လည်း အံ့သြမှုများ အရိပ်ဟပ်သွားပြီး သည်းခံနိုင်စွမ်းမရှိလောက်အောင် ပူပြင်းသည့် အပူလှိုင်းကြီး သူ့ဆီသို့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ လေမှုတ်ထုတ်နေသည့် လုပ်ရပ်ကို အမြန် ရပ်တန့်လိုက်သည်။

ထိုအခါမှသာ ဘေးပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများက ရင်တထိတ်ထိတ်ဖြင့် ထွက်ပြေးနေခြင်းကို ရပ်တန့်လိုက်ကြသော်လည်း သူတို့၏ မျက်နှာပေါ်မှ ကြောက်ရွံ့နေသည့် အမူအရာများကား ပျောက်ကွယ်မသွားသေးချေ။

ခုနက မီးတောက် ပန်းထွက်သွားခဲ့သော နေရာရှိ သဲများမှာမူ ရဲရဲနီနေခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့သော စွမ်းအားကို မြင်လိုက်ရသဖြင့် ချန်းရီပင် တိတ်တဆိတ် အံ့သြမှင်သက်သွားမိသည်။

အချိန်ခဏလေးအတွင်းမှာပင် သဲများကို ရဲရဲနီသွားသည်အထိ လောင်ကျွမ်းစေနိုင်ရာ လူတစ်ယောက်ကိုသာ ပန်းထုတ်လိုက်မည်ဆိုလျှင်...

"တကယ့် ပစ္စည်းကောင်းပဲ"

ခေါင်းဆောင်ချူက စကားဆိုလိုက်၏။ ယခုအချိန်တွင် သူက ထိုမီးခြစ်လေးကို စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းများထဲတွင် လောဘရမ္မက်များဖြင့် ပြည့်နှက်နေသည်။

စဉ်းစားကြည့်လိုက်ရုံဖြင့် အကြောင်းရင်းကို နားလည်နိုင်ပေသည်။

လမ်းပြသူ လမ်းစဉ်သည် များသောအားဖြင့် တိုက်ခိုက်ရေးစွမ်းရည် မရှိကြဘဲ အချိန်အများစုတွင် အဖွဲ့ဝင်များ၏ အကာအကွယ်ပေးမှုကိုသာ အားကိုးကြရသည်။

ထို့ကြောင့် သူတို့သည် တိုက်ခိုက်ရေးစွမ်းရည်ရှိသော ထူးဆန်းသည့် ပစ္စည်းများကို အလွန်အမင်း လိုလားတောင့်တတတ်ကြ၏။

ချူချယ်၏ လက်ထဲတွင် အဆင့် (၁၀၀၀) ကျော်ရှိသော ထူးဆန်းသည့် ပစ္စည်းတစ်ခု ရှိနေသော်လည်း ဤမီးခြစ်ကို အလွန်အမင်း လိုချင်တပ်မက်နေဆဲပင်။

ချန်းရီသည် ခေါင်းဆောင်ချူ တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ခေါင်းဆောင်ချူတွင် အခြား လျှို့ဝှက်ချက် နည်းလမ်းများ ဖွက်ထားခြင်း ရှိမရှိ ဆိုသည်ကိုတော့ အနည်းဆုံး အပေါ်ယံကြည့်ရုံဖြင့် မသိနိုင်ပေ။

ချူချယ်က ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ လက်ထဲမှ မီးခြစ်ကို အမြန် လှမ်းယူလိုက်ပြီး အလွန်အမင်း မြတ်နိုးနေသည့် ဟန်အမူအရာကို ပြသနေသည်။

လူသားစား ခေါင်းနှစ်လုံးနွား၏ အရိုးနှင့် အချစ်ရူးမီးခြစ်တို့သည် ဤအကြိမ် လူဆိုးအချင်းချင်း ပြန်လည်လုယက်မှုမှ ရရှိခဲ့သော အမြတ်အစွန်းများပင် ဖြစ်သည်။

မိုဟိုင်ရမ် အမြဲတမ်း လက်ထဲတွင် ကိုင်ထားတတ်သော ဆေးတံကတော့ သာမန် ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်။

အခြားအရာများကတော့ ရိက္ခာပစ္စည်း အချို့ပင်။

ဥပမာအားဖြင့် လီတာဝက်ဝင် ရေသန့်ဘူး အများအပြား၊ ဆန်၊ ဂျုံမှုန့်၊ ခေါက်ဆွဲခြောက်၊ ခေါက်ဆွဲထုပ်နှင့် သရေစာ မုန့်အမျိုးမျိုးတို့ ဖြစ်ကြသည်။

ဆေးလိပ်အချို့လည်း ပါဝင်သော်လည်း သိပ်မများလှကြောင်း သိသာနေသည်။

ထို့အပြင် အဝတ်အစား အချို့လည်း ပါဝင်သေး၏။

ထိုနေရာလေးသည် သေးငယ်သော ဈေးတစ်ခုအလား ဖြစ်နေပေသည်။

ရှုပ်ယှက်ခတ်နေသော ပစ္စည်းများက တောင်ကုန်းငယ်လေး တစ်ခုအလား စုပုံနေသည်။

ယာဉ်တန်း၏ စည်းမျဉ်းများအရ တစ်ဦးတည်း လှုပ်ရှားမှုမှ ရရှိသော ရိက္ခာများကိုသာ တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရှိပြီး အခြားအချိန်များတွင် ရရှိသမျှ ရိက္ခာများကို တန်းတူ ခွဲဝေရမည် ဖြစ်သည်။

သေချာပေါက် ဤကဲ့သို့ တန်းတူခွဲဝေခြင်း ဆိုသည်မှာ အစွမ်းပိုင်ရှင်များ ကြားတွင်သာ ဖြစ်၏။

သာမန်လူများအတွက်ကတော့ ရိက္ခာ အနည်းအကျဉ်းသာ ရရှိနိုင်မည်မှာ သေချာနေသည်။

အစွမ်းပိုင်ရှင်များက ထိုပစ္စည်းများကို မျက်စိကျစရာ အကြောင်းမရှိပေ။

ဤစည်းမျဉ်းကို ယာဉ်တန်း စတင်ဖွဲ့စည်းချိန်ကတည်းက သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

မတရားဘူးဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဤစည်းမျဉ်းကသာ အမျှတဆုံး ဖြစ်ပေသည်။

အနည်းဆုံးတော့ ယခုအချိန်အထိ ယာဉ်တန်းအတွင်း ဖြေရှင်းမရနိုင်သော ပြဿနာမျိုး မဖြစ်ပွားခဲ့သေးချေ။

ဤအကြိမ် ဓားပြအချင်းချင်း ပြန်လည်လုယက်မှုတွင် ချန်းရီက နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူ ဖြစ်ပြီး မိုဟိုင်ရမ် ဆိုသည့် အဘိုးကြီးကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရိက္ခာ ခွဲဝေချိန်တွင် သူက ပို၍ ရရှိမည် ဖြစ်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ တင်းတုံတို့ကတော့ အကောင်အထည်ဖော်သူများ ဖြစ်ကြသည်။

ထယ်ရှီးမှာမူ သားကောင်ဖြစ်ခဲ့ပြီး အသက်တောင် ပေးလိုက်ရလုနီးပါး ဖြစ်ခဲ့သည်။

သေချာသည်ကတော့ ထယ်ရှီးကသာ ထိုတိရစ္ဆာန်မွေးမြူရေး လမ်းစဉ် အစွမ်းပိုင်ရှင်၏ တိုက်ခိုက်မှုကို ဝင်မကာကွယ်ပေးခဲ့လျှင် ဒဏ်ရာရမည့်သူမှာ ချန်းရီ သို့မဟုတ် အခြားတစ်ယောက်ယောက် ဖြစ်သွားနိုင်ပေသည်။

ခေါင်းဆောင်ချူချယ်ကတော့ လမ်းပြသူ လမ်းစဉ် ဖြစ်သည်။

သဘာဝကျစွာပင် သူလည်း ဝေစုတစ်စု ရရှိသင့်သည်။

အကြောင်းပြချက် မလိုပေ။ ၎င်းက လမ်းပြသူတစ်ယောက်၏ အခွင့်ထူးပင် ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ မည်သူမျှ ကန့်ကွက်စရာ မရှိကြပေ။

အကယ်၍ လမ်းပြသူ လမ်းစဉ်သာ မရှိခဲ့ပါက ဤလူများအားလုံး ဤနေရာတွင် ရပ်နေနိုင်မည် မဟုတ်ချေ။

နောက်ဆုံးတွင် ချူချယ်က လူအားလုံးကို ခေါ်ဆောင်ကာ နောက်မှလိုက်လာသော ထူးဆန်းသည့် အရာများထံမှ လျင်မြန်စွာ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းမှာလည်း သူ့အတွက် ဂုဏ်ပြုထိုက်သော အချက်တစ်ခု ဖြစ်သည်။

ယခုအချိန်တွင် သဘာဝလွန်ပစ္စည်း နှစ်ခုကို လူငါးယောက် ခွဲဝေရမည်ဖြစ်ရာ အမှန်တကယ်ပင် မလောက်ငပေ။

"ဒီလိုလုပ်ရအောင်... ဒီတစ်ခေါက်တော့ ရိက္ခာတွေကို သေချာလေး ခွဲလိုက်ကြတာပေါ့"

"ငါတို့ သာမန် ရိက္ခာတွေကို အရင်ခွဲကြမယ်... သာမန် ရိက္ခာတွေ ခွဲပြီးမှ သဘာဝလွန် ပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေကို ဆက်ခွဲကြတာပေါ့"

"ပြီးခဲ့တဲ့အကြိမ် လူမျက်နှာ ကင်းမြီးကောက်ဆီက ရခဲ့တဲ့ သဘာဝလွန် ကုန်ကြမ်းတွေကိုပါ တစ်ခါတည်း ခွဲလိုက်ကြမယ်"

တောင်ကုန်းငယ်လေးအလား စုပုံနေသော ရိက္ခာများကို လျင်မြန်စွာပင် စတင်ခွဲဝေကြတော့သည်။

ချန်းရီဘက်တွင်လည်း လီတာဝက်ဝင် ရေသန့်ဘူး ခုနစ်ဖာ၊ ထို့အပြင် အခြားသော ဆန်နှင့် ဂျုံမှုန့် အချို့ကိုပါ ရရှိလိုက်သည်။

သရေစာ မုန့်များပင် အများအပြား ပါဝင်သေးသည်။

တင်းတုံ၏ ပြောစကားအရ သူတို့သည် ယခင်က မြို့ငယ်လေး တစ်မြို့ကို အမှန်တကယ် ရှာတွေ့ခဲ့ပြီး ထိုနေရာမှ ရိက္ခာများစွာ စုဆောင်းနိုင်ခဲ့ကြသည်။ ထိုအတွက်ကြောင့် ကုလားအုတ် ယာဉ်တန်းမှ အစွမ်းပိုင်ရှင် တစ်ယောက်ပင် အသက်ပေးလိုက်ရသည်ဟု ဆို၏။

သို့သော် ထိုရိက္ခာများ အားလုံးက နောက်ဆုံးတွင် ယာဉ်တန်းအတွက် အချောင်ရသွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ချန်းရီ၏ ဘေးတွင်လည်း ရိက္ခာအပုံငယ်လေး တစ်ပုံ လျင်မြန်စွာ စုပုံလာခဲ့သည်။

ဘေးပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများမှာ မြင်ပြီး မက်မောနေကြတော့သည်။

ထိုအထဲတွင် အများဆုံး ရရှိသူများမှာ ထယ်ရှီးနှင့် တင်းတုံတို့ နှစ်ယောက်ပင် ဖြစ်သည်။

ယခုအချိန်တွင် တင်းတုံက ထယ်ရှီး၏ ကားပေါ်၌ ရှိနေသည်။

ထို့ကြောင့် တင်းတုံ ရရှိသော ရိက္ခာများသည် ထယ်ရှီး၏ ရိက္ခာများနှင့် အတူတူပင် ဖြစ်ရာ သူတို့နှစ်ယောက်၏ ပစ္စည်းများ စုပုံနေမှုမှာ တော်တော်လေး ကြီးမားလှသည်။

အမှန်တကယ်တော့ ဤအကြိမ် ရိက္ခာများထဲတွင် ကုလားအုတ်များကိုပါ ထည့်တွက်ရမည် ဖြစ်သည်။

ကုလားအုတ် အကောင် (၄၀) ကျော် ဆိုသည်မှာ အမှန်တကယ်ကို ကြီးမားသော ဝင်ငွေတစ်ခုပင်။

တိရစ္ဆာန်မွေးမြူရေး လမ်းစဉ် အစွမ်းပိုင်ရှင် မရှိသည့် အခြေအနေမျိုးတွင် ယာဉ်တန်းအနေဖြင့် ဤကုလားအုတ်များကို မွေးမြူထားနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဤကုလားအုတ်များကို အမြန်ဆုံး သတ်ဖြတ်ကာ အသားအဖြစ် သိမ်းဆည်းထားရမည် ဖြစ်သည်။

ယနေ့နံနက်ကတည်းက ဤကုလားအုတ်များ ဘာမှ မစားရသေးရာ ညဘက်ရောက်ချိန်တွင် ကုလားအုတ် အများအပြားမှာ အလွန် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။

ခန့်မှန်းရသလောက်တော့ မနက်ဖြန်တွင်လည်း အစာ မစားရပါက သေဆုံးမှုများ ရှိလာနိုင်ပေသည်။

ထိုအရာများကို ကုလားအုတ်အသားများ အဖြစ် ပြောင်းလဲပြီးမှသာ ခွဲဝေကြရမည် ဖြစ်သည်။

ယခုအချိန်တွင် လူတိုင်းက စုပေါင်းချက်ပြုတ် စားသောက်နေကြပြီ ဖြစ်သောကြောင့် ဤအစားအသောက်များကို ခွဲဝေရန် မလိုအပ်လှပေ။

သို့သော် ဤအချိန်တွင် အစားအသောက် ဆိုသည်မှာ သာမန် အစားအသောက် မဟုတ်တော့ဘဲ ရိက္ခာနှင့် ငွေကြေးအဖြစ် ကိုယ်စားပြုနေပြီ ဖြစ်သည်။

ချူချယ်က ဤဆုံးဖြတ်ချက်ကို ကြေညာပြီးနောက် အသက်ရှင်ကျန်ရစ်သူ အချို့၏ မျက်နှာပေါ်တွင် မကျေနပ်မှုများနှင့် နှမြောတသဖြစ်မှုများ သိသိသာသာ ပေါ်လွင်လာကြသည်။

အချို့သော အသက်ရှင်ကျန်ရစ်သူများမှာ ကုလားအုတ်များကို စီးနင်းကာ ခရီးသွားနေကြခြင်း ဖြစ်သည်။

ကုလားအုတ်များ မရှိတော့ပါက သူတို့သည် ယာဉ်တန်းနှင့်အတူ ကိုယ့်ခြေထောက်ကိုယ်အားကိုးကာ လမ်းလျှောက်ရတော့မည် ဖြစ်သည်။

သို့မဟုတ်ပါက ကားရှိသော အခြားသူများထံတွင် အသနားခံ တောင်းဆိုရမည် ဖြစ်သည်။

ဥပမာအားဖြင့် ကျိုးရှောင်ရှောင် ဆိုလျှင် ဤမိန်းကလေးက ယခုအခါ ကားတစ်စီးကို တစ်ယောက်တည်း ပိုင်ဆိုင်ထားရာ ယာဉ်တန်းထဲမှ လူအများအပြားက သူမကို မျက်စိကျနေကြပြီ ဖြစ်သည်။

ယာဉ်တန်းထဲတွင်သာ မဟုတ်ပါက ဤမိန်းကလေးမှာ အရိုးပင် မကျန်အောင် အဝါးခံလိုက်ရလောက်ပြီ ဖြစ်သည်။

နောက်တစ်ပုဂ္ဂိုလ်မှာ ကျောက် ညီအစ်ကိုများပင်။ ကျောက် ညီအစ်ကိုများသည် ယခင်က လုမြို့မှ ထွက်ပြေးလွတ်မြောက်လာသော အဖွဲ့ထဲမှ ဖြစ်သည်။

ညီအစ်ကို လေးယောက်က အိမ်စီးကားတစ်စီးကို ပိုင်ဆိုင်ထားကြသည်။

ချန်းရီကလည်း ပစ်ကပ်ကား တစ်စီးကို တစ်ယောက်တည်း ပိုင်ဆိုင်ထားသည့် ကိစ္စနှင့် ပတ်သက်၍မူ...

အသက်ရှင်ကျန်ရစ်သူ အားလုံးက တမင်တကာ မေ့ထားလိုက်ကြပြီ ဖြစ်သည်။

သို့သော် မည်မျှပင် မကျေနပ်စေကာမူ မည်သူကမျှ အစွမ်းပိုင်ရှင်များကို မဆန့်ကျင်ရဲကြပေ။

ဤယာဉ်တန်းတွင် ချန်းရီတို့ လူစုက ဆုံးဖြတ်လိုက်သည့် ကိစ္စများကို မည်သူမျှ ကန့်ကွက်ခွင့် မရှိပေ။

"ကဲ... လက်ရှိ ရိက္ခာတွေကိုတော့ ဒီလိုပဲ ခွဲလိုက်ကြမယ်... နောက်ထပ် သဘာဝလွန် ပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေကို ဆက်ခွဲကြတာပေါ့"

"အရင်တုန်းက လူမျက်နှာ ကင်းမြီးကောက်ဆီက ရခဲ့တဲ့ သဘာဝလွန် ကုန်ကြမ်း နှစ်ခုကိုလည်း ဒီတစ်ခေါက် ထုတ်ပြီး ခွဲလိုက်ကြမယ်"

"လူမျက်နှာ ကင်းမြီးကောက်ရဲ့ ပစ္စည်းနှစ်ခုကိုတော့... အဲဒီအချိန်တုန်းက တင်းတုံ ယာဉ်တန်းထဲ မရောက်သေးတဲ့အတွက် ခွဲတမ်းထဲမှာ မပါဘူး"

"ဘယ်သူက ဒီပစ္စည်းနှစ်ခုကို လိုချင်လဲဆိုရင် အဲဒီပစ္စည်းတွေနဲ့ တန်ဖိုးညီမျှတဲ့ ရိက္ခာတွေကို ထုတ်ပြီး ကျန်တဲ့ သုံးယောက်နဲ့ လဲလှယ်ရမယ်"

"ဒီနွားအရိုးနဲ့ မီးခြစ်ကိုလည်း အဲဒီစည်းမျဉ်းအတိုင်းပဲ ခွဲဝေကြမယ်"

"အားလုံးပဲ... ကန့်ကွက်စရာ ရှိသေးလား"

ဆက်ရန်...

All Chapters