← Chapters

လင်းရှန် (၁)

Vol. 70 Ch. 1118

လင်းရှန် (၁)

Vol. 70 Ch. 1118

ဝူး... သတ္တဝါ၏ ပတ်လည်ရှိ လေထုသည် စိတ်စွမ်းအားကြောင့် ထိတွေ့ကိုင်တွယ်၍ရလုနီးပါးဖြစ်သော လှောင်အိမ်တစ်ခုအဖြစ် ချက်ချင်းဖိသိိပ်ခံလိုက်ရသည်။ ၎င်းက ခဏတာမျှသာခံသော်လည်း လုစ်အတွက်မူ လုံလောက်လှပြီဖြစ်သည်။

ဘန်း...

Gauss စနိုက်ပါရိုင်ဖယ်သည် မိုးခြိမ်းသံအလား ဟိန်းဟောက်သွားသည်။ တောက်ပသော အပြာနုရောင်အလင်းတန်းတစ်ခုသည် သွေးနီရောင်ကို ဆွဲဖြဲကာ သတ္တဝါ၏ ဒြပ်မဲ့နီးပါးဖြစ်နေသော ဦးခေါင်းအလယ်ဗဟိုသို့ တိတိကျကျဖောက်ဝင်သွားခဲ့သည်။ သတ္တဝါ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အသံမထွက်သော စူးရှစွာအော်ဟစ်သံနှင့်အတူ သွေးနီရောင်စွမ်းအင်များသည် ဖောက်ဝင်သွားသောနေရာမှနေ၍ ရူးသွပ်စွာ ပျံ့နှံ့သွားကာ နောက်ဆုံးတွင် မီးခိုးထွက်နေသော စေးကပ်သည့် အနက်ရောင်အရည်များအဖြစ် အရည်ပျော်သွားပြီး သဲပြင်နှင့်အတူ ပေါင်းစပ်လျက် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

အသက်ရှူမဝသေးခင်မှာပင် ရုတ်တရက် နောက်ထပ်အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာပြန်သည်။

အားလုံးပူးပေါင်း၍ အလွန်ဒုက္ခပေးသော သွေးနီရောင်အမဲလိုက်သတ္တဝါကို ရှင်းလင်းပြီးခါစတွင်ပင် နောဧပိတ်မိနေသော နေရာဘက်မှနေ၍ စူးရှသောမြည်ဟီးသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ သွေးနီရောင်မီးခိုးတန်းများထွက်နေသော ပဲ့ထိန်းဒုံးကျည်အချို့သည် ကောင်းကင်ယံကို ဆွဲဖြဲကာ သူတို့ပတ်လည်ရှိ အဝါရောင်သဲပြင်ထဲသို့ တိကျစွာကျရောက်လာတော့သည်။

ဝုန်း...ဝုန်း ... ဝုန်း...

ပေါက်ကွဲမှုများသည် ပြင်းထန်ခြင်းမရှိသော်လည်း ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ ရေအေးတစ်စက်ချလိုက်သကဲ့သို့ဖြစ်သွားသည်။ လွင့်ပျံသွားသော အမှောင်စွမ်းအင်လှိုင်းတစ်ခုသည် ချက်ချင်းပျံ့နှံ့သွားပြီး သွေးနီရောင်မြူခိုးများကို ဖြတ်သန်းလျက် မုန်တိုင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့သည်။

“သေစမ်း... အဲဒါတွေက သွေးဆောင်ဖြားယောင်းဒုံးကျည်တွေပဲ။ မြင့်မြတ်မြို့တော်က အဲဒီအမှိုက်တွေ ဒီမှာပုန်းနေတုန်းပဲ”

ရေမွန် ဒေါသတကြီးဖြင့် မျက်လုံးပြူးငျယ်သွားကာ ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“ဆုတ်မယ်... ဘီပွိုင့်ကမ်းခြေကို သွားကြမယ်။ မြန်မြန်...”

ဝုန်း...

စကားပင် မဆုံးသေးမီမှာပင် သဲသောင်ခုံကြီးသည် ရုတ်တရက် ပွက်ပွက်ဆူလာတော့သည်။ ပေါက်ကွဲမှုကြောင့် နိုးသွားသော သွေးနီရောင်သတ္တဝါအကောင်ရေ ထောင်ပေါင်းများစွာသည် နက်မှောင်သော သွေးနီရောင်ဒီရေလှိုင်းများအလား သဲအောက်မှရုန်းထွက်လာကြသည်။ တစ်ချိန်တည်းမှာပင် ခပ်လှမ်းလှမ်းရှိ သွေးနီရောင်မုန်တိုင်းမှာလည်း ပိုမိုပြင်းထန်လာပြီး လေပွေလှိုင်းလုံးကြီးများကြားတွင် အစောပိုင်းက သတ္တဝါနှင့် တစ်ပုံစံတည်းတူသောအရိပ်များ ရုတ်ချည်းပေါ်လာသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ နောဧ၏ အပေါ်ဘက်ရှိ ထူထပ်သော သွေးနီရောင်တိမ်တိုက်ကြီးများက ဆွဲဖြဲခံလိုက်ရပြီး အချင်း၁၀မီတာကျော်ရှိကာ စုပ်ခွက်များနှင့် သွေးနီရောင်မျက်လုံးများ ဖုံးလွှမ်းနေသော သွေးနီရောင်ရေဘဝဲလက်တံကြီးအများအပြားသည် တွင်းနက်ကြီးထဲမှ မြွေနဂါးများအလား အောက်သို့ ဆင်းသက်လာကာ သူတို့ရှိနေသည့် နေရာဆီသို့ အလုံးစုံပျက်စီးခြင်းအငွေ့အသက်များကို သယ်ဆောင်လာတော့သည်။

လုစ်က စနိုက်ပါရိုင်ဖယ်ကို ချက်ချင်းသိမ်းဆည်းလိုက်ပြီး စုန့်ဝေနှင့်အတူ မော်တော်ဆိုင်ကယ်ပျံရှိရာဘက်သို့ ပြေးတော့သည်။ ကီကီသည် မြေပြင်ပေါ်မှ အားလွန်၏ ပြတ်တောက်သွားသော ညာလက်မောင်းကို ကောက်ယူလိုက်ပြီးနောက် သူမ၏ တစ်ကိုယ်လုံးမှ မမြင်နိုင်သော စိတ်စွမ်းအားလှိုင်းများ ထွက်ပေါ်လာကာ မီတာတစ်ရာပတ်လည်အတွင်းရှိ မွန်းစတားဒီရေကို သွေးမြူများအဖြစ်ပေါက်ကွဲပစ်လိုက်သည်။

သို့သော်လည်း မထူးခြားခဲ့ချေ။ သွေးနီရောင်မြူများသည် ပို၍ ကြောက်စရာကောင်းသော အရာများကိုသာ ဆွဲဆောင်လိမ့်မည်ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုက ဟန်ပြမုန်တိုင်းတစ်ခုဖန်တီးလိုက်ခြင်းသာဖြစ်ပြီး ခပ်လှမ်းလှမ်းတွင် ပုန်းအောင်းနေသော ချောင်းမြောင်းတိုက်ခိုက်သူများ ခဏတာပစ်မှတ်ပျောက်သွားစေရန် ဖြစ်သည်။

“မတိုက်နဲ့တော့… S-Class အဆင့်ကို သေချာပေါက် သတိပြုမိသွားစေပြီ။ အရင်ဆုတ်မယ်”

အဖွဲ့သားများသည် လေးညှို့မှ ထွက်သွားသော မြားများအလား သွေးနီရောင်မွန်းစတားဒီရေနှင့် ကောင်းကင်ယံမှ အရိပ်ကြီးများကြားမှနေ၍ အသည်းအသန်ထွက်ပြေးခဲ့ကြလေသည်။

ကီကီသည် အရှေ့ဆုံးမှ ပျံသန်းနေပြီး သူမ၏ စိတ်စွမ်းအားဖြင့် မမြင်နိုင်သော တိုက်ပွဲဝင်ဆလင်ဒါတုံးကြီးများ ဖန်တီးကာ လမ်းပိတ်နေသော မွန်းစတားအုပ်စုကို ရိုက်ခွဲရှင်းလင်းခဲ့သည်။ ကျန်ရှိသော လေးယောက်မှာမူ မော်တော်ဆိုင်ကယ်ပျံများကို အရှိန်ပြင်းစွာ စီးနင်းလိုက်ပါလာကြသည်။ ရေမွန်၏ သံလိုက်မုန်တိုင်းကြောင့် နောက်ကွယ်တွင် သဲနုန်းကျင်းများနှင့် ရိုက်ခတ်လှိုင်းများ အဆက်မပြတ် ဖြစ်ပေါ်နေပြီး ဆုန်ဝေသည် သဲသောင်ခုံများကြားတွင် ကျွမ်းကျင်စွာ မောင်းနှင်ကာ သက်ရှိပဲ့တင်ထပ်လှိုင်းဖြင့် စွမ်းအင်စုစည်းရာနေရာများကို ရှောင်ကွင်းသွားသည်။ လုစ်သည် ဆိုင်ကယ်စီးရင်း နောက်ကွယ်မှ လိုက်လာသော သွေးနီရောင်အကောင်ကြီးများကို စနိုက်ပါဖြင့် အတိအကျပစ်ခတ်ခဲ့ပြီး အားလွန်သည် ပြတ်တောက်နေသော လက်မောင်းမှ အအေးခံရည်များနှင့် သွေးများကို အနံ့ဖျောက်ရန် အဝါရောင်သဲများဖြင့် အုပ်ထားကာ တစ်လမ်းလုံး အံကြိတ်ခံပြီး ဘယ်လက်ဖြင့် Shotgun ကို မောင်းနှင်လျက် လမ်းပိတ်နေသော သတ္တဝါများကို ပစ်ခတ်ရှင်းလင်းနေသည်။

တစ်နာရီအကြာတွင်...

နောဧ၏ သံချေးတက်နေသော တောင်တစ်လုံးမျှကြီးမားသည့် သင်္ဘောကိုယ်ထည်ကြီးအောက်ရှိ လှိုင်းတံပိုးများကြောင့် တိုက်စားခံထားရသော ဂူတစ်ခုအတွင်း၌ အဖွဲ့သားများသည် ကြိမ်နှုန်း‌ပြောင်းကိရိယာကို ဖွင့်လိုက်ရာ အပြင်ဘက်ရှိ ပြင်းထန်သောသဲမုန်တိုင်းနှင့် ချောင်းမြောင်းနေသော သွေးနီရောင်သတ္တဝါများထံမှ ၎င်းတို့ကို သီးခြားခွဲထုတ်ပေးသည့် ခရမ်းနုရောင်စွမ်းအင်အတားအဆီးတစ်ခုဖြစ်ပေါ်လာသည်။ ကြမ်းပြင်ပေါ်တွင်မူ စွမ်းအားဝတ်စုံအနက်ရောင်နှင့် အလောင်းသုံးလောင်းရှိနေပြီး ၎င်းတို့မှာ သူတို့ကို တိုက်ခိုက်ခဲ့သည့် မြင့်မြတ်မြို့တော်အဖွဲ့ဝင်များပင်ဖြစ်သည်။

“ဒီကောင်တွေ စိတ်ရှုပ်စရာပဲ”

“သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့နဲ့ အတူတူပဲ ထင်တယ်”

“တပ်မှူးက ဓားကိုင်ဆောင်သူရဲ့ အရေးပါမှုကို အထူးအလေးပေးထားတယ်၊၊ အကယ်၍...” ရေမွန်က စကားတစ်ဝက်ဖြင့် ရပ်တန့်လိုက်ပြီး ဆက်မပြောတော့ချေ။

ယန္တရားစွမ်းအား သုတေသနအတွက်ဖြစ်စေ၊ သို့မဟုတ် အသက်ရှင်ကျန်ရစ်သူများအပေါ် စိတ်ဓာတ်စစ်ဆင်ရေးအတွက်ဖြစ်စေ တစ်ချိန်က အာရုဏ်ဦးမြို့တော်တိုက်ပွဲမှ ကျော်ကြားခဲ့သော ဓားကိုင်ဆောင်သူ၏ ရုပ်အလောင်းသာ အမှောင်ဂိုဏ်းသားများလက်ထဲသို့ ကျရောက်သွားပါက ကြီးမားသောကပ်ဘေးတစ်ခုဖြစ်လာပေလိမ့်မည်။

ထို့ကြောင့်ပင် ညလမ်းလျှောက်သူအဖွဲ့သည် အသက်အန္တရာယ်ရှိသော ဤသွေးနီရောင်တွင်းနက်ဇုန်အတွင်းသို့ ကင်းထောက်အဖွဲ့များစွာကို ဆက်တိုက်စေလွှတ်ကာ ရှာဖွေခိုင်းနေခြင်းဖြစ်သည်။

လုစ်က မြင့်မြတ်မြို့တော်အဖွဲ့ဝင်တစ်ဦး၏ အလောင်းကို ကန်ထုတ်လိုက်ပြီး ထိုင်ကာ ၎င်းပေါ်ရှိ သွေးနီရောင်တိုက်စားခံထားရသော လက်သည်းရာများကို ကြည့်ရင်း မျက်ဝန်းများ စူးရှသွားသည်။

“အမှောင်ဂိုဏ်းသားတွေက မွန်းစတားတွေကို မကြောက်ဘူးထင်တာ။ သူတို့က သစ္စာဖောက်ပြီး ဘက်ပြောင်းသွားတာတောင် ဘာလို့အကိုက်ခံနေရသေးတာလဲ”

“ဘယ်သူသိမှာလဲ။ အမှောင်ယဉ်ကျေးမှုက အဲဒီအင်းဆက်သတ္တဝါတွေကို သူတို့ကို မတိုက်ခိုက်ဖို့ အထူးအမိန့်ပေးထားမယ်လို့ ထင်နေတာလား” စုန့်ဝေက လက်ပိုက်ရင်း အေးစက်စွာ ပြောသည်။

“အဲဒါက သူတော်ကောင်းယောင်ဆောင်တဲ့ လူအုပ်စုရဲ့ ကိုယ့်ကိုယ်ကိုယ်လှည့်စားမှုသက်သက်ပါပဲ”

“တော်ပြီ”

ရေးမွန်သည် အားလွန်၏ ညာလက်မောင်းကို ပတ်တီးစည်းပေးပြီးနောက် ကီကီဘက်သို့ လှည့်လိုက်သည်။

“ဒီနယ်မြေကတော့ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီ၊၊ ငါတို့မှာ အချိန်အများကြီး ရှိတော့ဘူး။ ကီကီ... မင်း ဘယ်လိုထင်လဲ… ငါတို့ တခြားနယ်မြေကို ပြောင်းပြီး ရှာမလား… ဒါမှမဟုတ် သတိထားတဲ့အနေနဲ့ ခိုလှုံနေရာကိုပဲ ပြန်ဆုတ်မလား”

“မဖြစ်ဘူး… ဒီနယ်မြေကို အကုန်မရှာရသေးဘူး၊၊ ဘယ်ထောင့်စွန်းကိုမှ မကျန်ခဲ့စေရဘူး”

ကီကီက အပြင်ဘက်ရှိ သွေးနီရောင်ဝဲဂယက်ကို ကြည့်လိုက်ပြီး သူမ၏ ခရမ်းရောင်မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

“ကျွန်မတို့ သူ့ကို မြန်မြန်ရှာဖို့လိုတယ်”

“တကယ်တော့ မင်း မနိုးခင်တုန်းက ငါတို့တပ်ဖွဲ့က အဖွဲ့တော်တော်များများ ဒီနေရာကို အကြိမ်ကြိမ်ရှာဖွေခဲ့ပြီးသားပါ” ရေးမွန်၏ လေသံမှာ တည်ငြိမ်နေပြီး သူ၏အကြည့်မှာ အနည်းငယ် အတွေးနက်နေပုံရသည်။

“ဒီလိုအခြေအနေမျိုးမှာ အကယ်၍ အမှောင်ဂိုဏ်းသားတွေက သူ့ကို ခေါ်သွားခဲ့ရင်တောင် ရှုထောင့်တစ်ခုကနေကြည့်ရင် သတင်းကောင်းဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ ဒီကောင်တွေက အခုထိ ဒီမှာရှိနေတုန်းပဲဆိုတော့...”

စကားအဆုံးတွင် အဖွဲ့သားအားလုံး တိတ်ဆိတ်သွားကြသည်။ အားလုံးက ရေမွန်၏ စကားနောက်ကွယ်မှ ဆိုလိုရင်းကို နားလည်ကြသည်။ ကီကီအနေဖြင့် လင်းရှန် အသက်ရှင်နေဦးမည်ဟူသော မျှော်လင့်ချက်ကို အလွန်အကျွံမထားရန် သူတို့ မျှော်လင့်နေကြသည်။ ယခု သူတို့၏ တာဝန်မှာ ဓားကိုင်ဆောင်သူ၏ ရုပ်အလောင်းကို ရှာဖွေရန်သာဖြစ်နိုင်ခြေပိုများနေသည်။

အကြောင်းမှာ မည်သည့်ကာကွယ်မှုမျှမရှိဘဲ သွေးနီရောင်သတ္တဝါများနေရာအနှံ့ရှိနေသည့် သွေးနီရောင်စစ်မြေပြင်ထဲသို့ အေးခဲအိပ်စက်အခန်းတစ်ခုက ပျက်ကျသွားခဲ့ရာ ထိုအထဲတွင် အိပ်စက်နေသူတစ်ဦးက မည်သို့အသက်ရှင်ကျန်ရစ်နိုင်မည်နည်းဆိုသည်ကို စိတ်ကူးရန်ပင် ခက်ခဲလှသောကြောင့် ဖြစ်သည်။

ဤစကားကို ကြားသောအခါ ကီကီ၏ ခန္ဓာကိုယ်မှာ မသိမသာတုန်ယင်သွားပြီး တိတ်ဆိတ်စွာ မတ်တတ်ရပ်နေမိသည်။

အဖွဲ့သားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နှစ်သိမ့်စကား ာပြောရန် ပြင်ဆင်နေစဉ် ကီကီ၏ အသံက လေထုထဲ၌ ပျံ့လွင့်လာသည်။

“သူ မသေဘူး”

ထိုအသံမှာ တိုးညှင်းသော်လည်း ထူးခြားသော ပြတ်သားမှု ပါဝင်နေသည်။

“ယူပေ၊ စီလန်မြို့တော်၊ အာရုဏ်ဦးမြို့တော်... အဲဒါတွေအားလုံးကို သူ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ကို အနန္တရထားပေါ် ခေါ်သွားပြီး တိမ်တိုက်တွေပေါ် ပျံတက်ပြီး အဝေးက ကြယ်စင်တန်းဆီ သွားဖို့ပဲ။ သူက ဆင့်ကဲပြောင်းလဲမှုကြောင့် အေးခဲအိပ်စက်ခြင်းအခန်းထဲမှာ ဘယ်လိုလုပ် ရုတ်တရက်သေသွားနိုင်မှာလဲ”

သူမ၏ စကားလုံးများတွင် သရော်မှုများပါဝင်နေပြီးနောက် ကီကီက အားလုံးကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မကို ယုံကြည်စမ်းပါ၊၊ သူ သေချာပေါက်အသက်ရှင်နေသေးတယ်”

ရေမွန် ခဏတာ တုံ့ဆိုင်းသွားသည်။ သေခြင်းတရားနှင့် အမြဲရင်ဆိုင်နေရသော သူပင်လျှင် ဤအချိန်၌ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဖွဲ့သားများကို ကြည့်လိုက်သည်။

“ငါတို့က ဘယ်လိုပဲဖြစ်ဖြစ် ဓားကိုင်ဆောင်သူကို ရှာဖို့ပဲ။ အဲဒါက အသက်ပေးရရင်တောင် ငါတို့ရဲ့တာဝန်ပဲ”

ပြောပြီးနောက် သူက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။

“ကောင်းကင်က မွန်းစတားအရိပ်ကြီးဖြတ်မသွားခင် တစ်နာရီတောင် မလိုတော့ဘူး။ ဆက်သွားပြီး ဒီဇုန်ကို အကုန်ရှင်းလင်းကြစို့”

All Chapters