လင်းရှန် (၂)
Vol. 70 Ch. 1119
“လက်ခံရရှိပြီ” လုဇ်နှင့် စုန့်ဝေတို့ နှစ်ဦးစလုံးက ခေါင်းငြိမ့်လိုက်ကြသည်။
“ပြဿနာမရှိဘူး” ကျိုးပဲ့သွားသော လက်မောင်းကို ပတ်တီးစီးထားပြီးဖြစ်သည့် အားလွန်က မတ်တတ်ထရပ်ကာ သူ၏ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
“ဒါဆိုရင် ငါတို့ နောက်ထပ်ဗျူဟာတစ်ခုပြောင်းဖို့လိုပြီ” ရေမွန်က ချက်ချင်းပင် ပြောလိုက်သည်၊၊
“အချိန်သိပ်မရှိဘူး။ တိတ်တဆိတ်လုပ်လို့မရမှတော့ ငါတို့ မြန်မြန်ဆန်ဆန်ပဲ လုပ်ရတော့မယ်။ ဒီတစ်ခေါက်တော့ အာရုံလွှဲမယ့်သူ မရှိဘူး။ အထူးအဆင့် အမဲလိုက်သတ္တဝါနဲ့ မတွေ့ဖို့ပဲ ငါတို့ ဆုတောင်းရတော့မယ်”
“ကံကောင်းတာက စောစောက S-Class က အမှတ်အသားမပါဘူး”
စုန့်ဝေက ခေါင်းညိတ်သည်၊၊
“ကီကီနဲ့ ငါက လမ်းတစ်လျှောက်က စစ်သင်္ဘောတွေအားလုံးကို ရှာမယ်။ နင်တို့သုံးယောက်ကတော့ အကာအကွယ်ပေးထား။ ဒါဆိုရင် ငါတို့ ပိုမြန်လိမ့်မယ်”
“ကောင်းပြီ”
“စကြစို့”
ဘုန်း ဘုန်း ဘုန်း၊၊
အေးခဲနေသည့် သွေးပင်လယ်ကဲ့သို့ နီရဲသောကောင်းကင်ကြီးက ဦးခေါင်းထက်တွင် လွင့်မျောနေပြီး စိတ်စွမ်းအင်နှင့် ပေါက်ကွဲမှုများကြောင့် အဝါရောင်သဲပြင်ကြီးမှာ လေထုထဲသို့ ပျံတက်သွားပြီးနောက် ထူထပ်သည့် နောက်ကျိကျိအနီရင့်ရောင်ဖုန်မှုန့်များနှင့်ရောနှောကာ ပြန်လည်ကျဆင်းလာသည်။
ဟတ်ကိုတောင်ဘက်ကမ်းခြေတစ်ခုလုံးမှာ ဆူပွက်နေသည့် သဲအိုးကြီးတစ်ခုကဲ့သို့ဖြစ်နေပြီး ပေါက်ကွဲနေသော မီးလုံးကြီးများမှာ တစ်လုံးပြီးတစ်လုံးမြင့်တက်နေသည်။ ထိုနှင့်အတူ စနိုက်ပါရိုင်ဖယ်များ၏ တုန်ခါသံများနှင့် လေဆာလက်နက်များ၏ စူးရှသော မြည်ဟီးသံများလည်း ထွက်ပေါ်နေသည်။ ရေမွန်၊ လုဇ်နှင့် အားလွန်တို့သည် တြိဂံပုံစံ စစ်ကြောင်းဖွဲ့ကာ ပတ်ဝန်းကျင်ရှိ အဝါရောင်သဲပြင်ထဲမှ ထွက်ပေါ်လာသော သတ္တဝါဆန်းများကို အဆက်မပြတ် သတ်ဖြတ်နေကြသည်။
အနီရောင်တီကောင်များအပြင် တောက်ပသောအမျှင်တန်းများကို ထွေးထုတ်နေသည့် ထူးဆန်းသော သတ္တဝါများလည်း ရှိနေသည်။ ၎င်းတို့သည် အမှောင်အမှတ်အသားကြောင့်မဟုတ်ပဲ အသံများနှင့် သွေးညှီနံ့များနောက်သို့ ဆွဲဆောင်ခံရကာ အနားသို့ အဆက်မပြတ်တိုးကပ်လာကြခြင်း ဖြစ်သည်။ အစောပိုင်းက မြင့်မြတ်မြို့တော်က ဖန်တီးခဲ့သည့် အတိုင်းအတာကြီးမားသော အမှောင်စွမ်းအင်လှိုင်းထန်မှုမျိုးမရှိသော်လည်း တိုက်ခိုက်မှုအတိုင်းအတာမှာ ပိုမိုကျယ်ပြန့်မလာသေးပေ။ သို့သော် ၎င်းတို့၏ ပစ်ခတ်မှုစွမ်းအားသက်သက်ဖြင့်တင် ဤအဖွဲ့ငယ်လေးမှာ ဖိအားများ ပိုမိုကြီးမားလာရသည်။
“မြန်မြန် မြန်မြန် မြန်မြန်”
ကီကီသည် မြေပြင်အနိမ့်ပိုင်းတွင် ပျံဝဲနေပြီး ခရမ်းရောင်ဆံပင်များမှာ နီရဲသော မုန်တိုင်းထဲတွင် ရူးသွပ်စွာ ဝေ့ဝဲနေကာ မျက်ဝန်းများထဲတွင် ကြယ်တာရာကဲ့သို့ ခရမ်းရင့်ရောင်အလင်းများ စီးဆင်းနေသည်။ စိတ်စွမ်းအင်မှာ မမြင်နိုင်သော ဧရာမလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သဲထဲတွင် တစ်ဝက်ခန့်နစ်မြုပ်နေသော အခြားကုန်တင်သင်္ဘောတစ်စင်းကို ပြတ်သားစွာဆွဲထုတ်လိုက်သည်။
သတ္တုများလိမ်ကောက်သွားသည့်အသံက နားကွဲလုမတတ်ထွက်ပေါ်လာပြီး သဲရေတံခွန်ကြီးတစ်ခုအောက်သို့ ပြိုကျသွားကာ အတွင်းပိုင်းရှိ ညိုညစ်နေသော အရိုးစုများနှင့် ပြန့်ကျဲနေသည့် ခြောက်သွေ့နေသော အလောင်းကောင်များကို ဖော်ပြလိုက်သည်။
စုန့်ဝေက နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သက်ရှိပဲ့တင်လှိုင်းများမှာ တိကျသောစုံစမ်းစစ်ဆေးရေးကိရိယာများကဲ့သို့ မီးခိုးများနှင့် အပျက်အစီးများကြားတွင် လျင်မြန်စွာ စကင်ဖတ်နေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ သွက်လက်သော ခန္ဓာကိုယ်သည် ပြိုလဲနေသော ကုန်းပတ်များနှင့် ပျက်စီးနေသော နံရံများကြားတွင် ခုန်ကူးလှုပ်ရှားနေသည်။ စွမ်းအားဝတ်စုံ၏ ထောက်လှမ်းရေးကိရိယာများမှာ အပြည့်အဝလည်ပတ်နေပြီး ကီကီနှင့်အတူ ပစ်မှတ်များကို ရှာဖွေနေကြသည်။
“စစ်သင်္ဘောတွေထဲမှာ ဘာမှမရှိဘူး။ နောက်သင်္ဘောတစ်စင်း” စုန့်ဝေက သူမ၏ အသံကို စိတ်ရှုပ်ထွေးစွာဖြင့် ဆက်သွယ်ရေးလိုင်းထဲသို့ လှမ်းပြောလိုက်သည်။
“သုံးနာရီအရပ်မှာ တစ္ဆေနီတွေ အများကြီးပဲ။ သတိထားကြ”
“ဘော့စ် မကောင်းတော့ဘူး။ မြင်ကွင်းက ပိုပြီး ဝါးလာပြီ” လုဇ်က အနားသို့ လျင်မြန်စွာ ချဉ်းကပ်လာသော ထူးဆန်းသည့် ပင့်ကူတစ်ကောင်ကို သေနတ်တစ်ချက်ဖြင့် ပစ်ခွဲလိုက်သည်။ ထွက်ပေါ်လာသည့် သွေးမြူများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပို၍ပင် နီရဲလာရသည်။
အားလွန်၏ အသံက အေးစက်နေပြီး “အမဲလိုက်သတ္တဝါတွေကို သတိထား။ အဲဒီအကောင်တွေက အန္တရာယ်ပိုများတယ်”
“ခုနစ်နာရီအရပ်မှာ ပျံလွှားငါးအဆင့် သင်္ဘောအပျက်အစီးတွေ့တယ်၊၊ အနက်က ၁၅မီတာလောက်ရှိတယ်”
ရေမွန်၏ အော်သံမှာ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခုကြောင့် နစ်မြုပ်သွားသည်။ သူသည် လက်သီးနှစ်ဖက်ကို ရိုက်ခတ်လိုက်ရာ တောက်ပသော အပြာရောင်သံလိုက်မုန်တိုင်းတုန်ခါလှိုင်းတစ်ခုထွက်ပေါ်လာပြီး သတ္တုလက်သည်းများဖြင့် တိုးကပ်လာသည့် သဲသတ္တဝါသုံးကောင်ကို အပိုင်းအစများနှင့် အနီရင့်ရောင်အရည်များအဖြစ် ချေမှုန်းပစ်လိုက်သည်။
သူ၏နောက်တွင် အားလွန်က လေဆာစွမ်းအင်သုံး shotgun ကို လက်တစ်ဖက်တည်းဖြင့် ကိုင်နေပြီး အုန်းခနဲမြည်သွားသည့် သေနတ်သံတိုင်းက အနားသို့ ကပ်လာသော သတ္တဝါဆန်းများကို လွင့်စင်သွားစေသည်။ ပျက်စီးနေသော ယန္တရားလက်မောင်းမှ အဆစ်များမှာလည်း မီးပွားများ တဖျတ်ဖျတ်ထွက်နေသည်။
“အင်းဆက်တွေ ပိုများလာပြီ ဘော့စ်။ ဒါက မရိုးရှင်းဘူး”
လုဇ်၏အသံက လိမ်ကောက်နေသော စစ်သင်္ဘောကျောရိုးပေါ်မှ ထွက်ပေါ်လာသည်။ သူသည် ထိုနေရာတွင် ဧရာမစနိုက်ပါရိုင်ဖယ်ဖြင့် နေရာယူထားခြင်းဖြစ်သည်။ အပြာဖြူရောင်လျှပ်စီးကြောင်းတစ်ခုစီက တိကျစွာ ပေါက်ကွဲထွက်သွားပြီး အနီရောင်တီကောင်များကို ဆုတ်ဖြဲပစ်လိုက်သည်။ သို့မဟုတ် သဲခုံများနောက်ကွယ်မှ ထွက်လာသော အနီရင့်ရောင်အခွံမာများဖြင့် ဖုံးလွှမ်းနေသည့် ဧရာမလက်သည်းကြီးများကို နောက်သို့ ဆုတ်သွားစေသည်။
“ငါတို့ရဲ့ လှုပ်ရှားမှုတွေက ပိုပြီးသိသာလာပြီ”
သူ၏စကားကို သက်သေပြနေသည့်အလား ဝေးလံသောနေရာတွင် နီရဲသော သွေးမြူများမှာ သက်ရှိအရာတစ်ခုကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်နေပြီး အရိုးပေါင်းများစွာ ပွတ်တိုက်မိနေသကဲ့သို့ ခြောက်ခြားဖွယ်အက်ကွဲသံများ ထွက်ပေါ်လာသည်။
“အဲဒါ ဘာတွေလဲ”
ကီကီက ပျက်စီးနေသော သင်္ဘောအပိုင်းအစတစ်ခုကို အောက်သို့ချကာ ဝေးကွာသော သွေးမြူများဆီသို့ အာရုံစိုက်လိုက်သည်။ လှည့်ပတ်နေသော မြူထုထဲမှ လိမ်ကောက်နေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ လူသားနှင့်လည်းတူသလို ဖုတ်ကောင်နှင့်လည်း တူသော်လည်း ဖုတ်ကောင်တော့ လုံးဝမဟုတ်ပေ။ ထိုပုံသဏ္ဌာန်မှာ လူသားပုံစံအတိုင်း မထင်မရှားရှိနေသော်လည်း ခြေလက်များမှာ ဆွဲဆန့်လိမ်ကောက်နေကာ အဆစ်များမှာ နောက်ပြန်ကွေးနေသည်။ အရေပြားပေါ်တွင် အနီရင့်ရောင်အလွှာများနှင့် ပုပ်ပွနေသောအသားစများက ထူးဆန်းစွာ ရောနှောနေပြီး ဦးခေါင်းများမှာ ထက်ရှသောသွားများဖြင့် ပြည့်နှက်နေသည့် မေးရိုးများအဖြစ် ကွဲအက်နေသည်။ သို့မဟုတ် လှုပ်ရှားနေသော နီရဲသည့် အကျိတ်နာကြီးများဖြင့် အစားထိုးခံထားရသဖြင့် အရိုးထဲအထိစိမ့်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။
အော်ဟစ်သံများမရှိဘဲ ဖန်သားပြင်ပေါ်တွင် သဲစက္ကူဖြင့် ပွတ်တိုက်နေသကဲ့သို့ အသည်းယားဖွယ်အသက်ရှူသံများသာ ဒီရေကဲ့သို့ စုဝေးရောက်ရှိလာပြီး အဝါရောင်သဲပြင်ကို နင်းဖြတ်ကာ မြေမျက်နှာပြင်အနေအထားကို ဂရုမစိုက်ဘဲ သာမန်ဖုတ်ကောင်များထက် ပိုမိုမြန်ဆန်စွာဖြင့် အရပ်မျက်နှာအနှံ့မှ ဝိုင်းရံလာကြသည်။ ၎င်းမှာ သွေးနီရောင်သန္ဓေပြောင်းလူသားများဖြစ်သည်။
စစ်မှန်သော အလောင်းကောင်ဒီရေကြီးပင်၊၊
“သောက်ဂွပဲ…. သန္ဓေပြောင်းလူသားတွေဟ”
ရေမွန်၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး သံလိုက်တုန်ခါလှိုင်းကို အပြည့်အဝထုတ်ဖော်ကာ သဲပြင်ပေါ်တွင် ကျုံးတစ်ခုကို တူးဆွပစ်လိုက်သည်။ ငါးယောက်ပါဝင်သော အဖွဲ့ငယ်လေးမှာ ချက်ချင်းပင် တစ်ဦးနှင့်တစ်ဦး ကျောချင်းကပ်လျက် စက်ဝိုင်းအသေးလေးတစ်ခုအဖြစ် စုစည်းလိုက်ကြသည်။ ကီကီက လေထုထဲမှ ဆင်းသက်လာပြီး စိတ်စွမ်းအင်အကာအကွယ်အတားအဆီးဖြင့် လူတိုင်းကို ကာကွယ်ပေးထားသည့် ဧရာမ ခရမ်းရောင်အမိုးခုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် အနားသို့ တိုးကပ်လာသော သန္ဓေပြောင်းသတ္တဝါများနှင့် ၎င်းတို့ထွေးထုတ်လိုက်သည့် အက်ဆစ်များကို ဖယ်ရှားပစ်လိုက်သည်။
“ဒီလူသားတွေမှာ စွမ်းအားတွေ အမျိုးမျိုးရှိနိုင်တယ်၊၊ ငါတို့ မပေါ့ဆသင့်ဘူး”
ထိုစကားဆုံးသည်နှင့်အမျှ ကျောဘက်တွင် ထူးဆန်းသော အတောင်ပံများ ပါရှိသည့် နီရဲသော သန္ဓေပြောင်းလူသားတစ်ကောင်က မြေပြင်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ထူးဆန်းသော ပုံစံဖြင့် ကီကီ၏ စိတ်စွမ်းအင်အတားအဆီးကို ဝင်တိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုတွင် အမှောင်စွမ်းအင်များပါဝင်နေသဖြင့် ကီကီက မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်း၏စွမ်းအားမှာ အမြောက်ဆန်တစ်ခုနှင့် တူညီနေပြီး အဝါရောင်သဲပြင်ကို လွင့်စင်သွားစေသည့် တုန်ခါမှုလှိုင်းတစ်ခုကိုပင် ထွက်ပေါ်စေခဲ့သည်။
ဝေခွဲမနေဘဲ ကီကီက သူမ၏လက်ချောင်းများကို ဆုပ်လိုက်ပြီး ထိုသွေးနီရောင်သန္ဓေပြောင်းလူသားကို တိုက်ရိုက် ချေမှုန်းပစ်လိုက်သည်။ ၎င်းသည် စွမ်းအင်ခန္ဓာကိုယ်တစ်ခုအဖြစ် ပေါက်ကွဲသွားပြီး ရှုပ်ထွေးလှသော အမှောင်စွမ်းအင်များနှင့် နီရဲသော သွေးမြူများမှာ လေကြောင်းဗုံးအသေးစားတစ်ခုကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။
ဘုန်း၊၊
“သတိထားကြ… ဒီလူသားတွေက ကိုင်တွယ်ရ အတော်ခက်တယ်… သတ်လေ ပိုများလာလေပဲ။ သူတို့ပေါက်ကွဲသွားတဲ့ အရာတွေကို တစ်ကောင်နဲ့တစ်ကောင်ပြန်ပြီး ဝါးမျိုနိုင်ကြတယ်၊၊ ပြီးတော့ ထူးဆန်းတဲ့ ပုံသဏ္ဌာန်တွေအဖြစ် ကြီးထွားလာကြတာပဲ။ ငါတို့အရင်က ကြုံဖူးတဲ့ လူသားဆန်းတွေနဲ့ လုံးဝမတူဘူး”
ဖုန်မှုန့်များကြားတွင် ရေမွန်က ကီကီကို လှမ်းအော်ပြောလိုက်သည်၊၊
“ငါတို့ အခု ဆုတ်ခွာမှရမယ်။ သူတို့ရဲ့ အပြည့်အဝဝိုင်းရံတာကို ခံလိုက်ရရင် သတ်လေပိုများလာလေဖြစ်မှာပဲ၊၊ ပြီးရင် အမဲလိုက်သတ္တဝါတွေကို သေချာပေါက်ဆွဲဆောင်မိလိမ့်မယ်”
“ကောင်းပြီ”
ကီကီသည်လည်း လက်ရှိအခြေအနေကို နားလည်သဖြင့် သန္ဓေပြောင်းလူသားဒီရေလှိုင်းကို စိတ်စွမ်းအားဖြင့် ဦးစွာတိုက်ခိုက်ခွဲထုတ်ပြီးနောက် မဆုတ်ခွာသေးချင်သော်လည်း အခြေနေကမကောင်းတော့ပေ၊၊
သို့သော်လည်း ပိုမိုကြီးမားသော ထိတ်လန့်ခြောက်ခြားဖွယ်ရာတစ်ခုက ရုတ်တရက် ကျရောက်လာခဲ့သည်။
“သေစမ်း… ဘော့စ် ဟိုဘက်ကို မြန်မြန်ကြည့်ဦး”
အားလွန်၏ အော်သံတွင် မျှော်လင့်ချက်မဲ့စွာ တုန်ရင်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။ သူသည် အဖွဲ့၏နောက်ရှိ သွေးနီရောင်များအထူထပ်ဆုံးဖြစ်နေသည့် အရပ်မျက်နှာဆီသို့ ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။