← Chapters

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အပိုင်း (၄၁၉)

ကျုံးရှန်သည် ဝင်္ကပါခင်းကျင်းပြီးနောက် အားလုံး၏ရှေ့တွင်ထွက်ပေါ်လာသည်။ ထိုအခါသူ့ကိုမြင်သည်နှင့် ထျန်းဂိုဏ်းအင်ပါယာမှ ကျုံးချီထျန်းနှင့် ကျုံးချီမင် ညီအစ်ကိုနှစ်ယောက်အပါအဝင် တပည့်များနှင့် မှူးမတ်များ အားလုံး ဒူးထောက်ချလိုက်ကြကာ ကျုံးရှန်ကို ရိုသေကိုင်းရှိုင်းစွာ ဒူးအရိုအသေပြုလိုက်ကြ၏။

"ဘိုးဘေးကို ဂါရဝပြုပါတယ်"

"ဘိုးဘေး..အထွတ်အထိပ်ကို ရောက်ရှိပြီး စကြာဝဠာတစ်ခုလုံးကို တုန်လှုပ်နိုင်ပါစေ"

"ဧကရာဇ်မင်းကို ဂါရဝပြုပါတယ်.. ဧကရာဇ်မင်းက ထာဝရ မသေမျိုးဖြစ်ပြီး စကြာဝဠာရဲ့ အလင်းရောင်ပါ"

ကျုံးရှန် ခေါင်းတစ်ချက်ညိတ်လိုက်ပြီးမှ မတ်တပ်ရပ်ရန် လက်ယမ်းအချက်ပြလိုက်သည်။

"ရပြီ..မတ်တတ်ရပ်ကြပါ.."

ကျုံးရှန်သည် ထုံးတန်းအစဥ်အလာများကို မကြိုက်သော်လည်း မျိုးဆက်သစ်များအတွက် မရှိမဖြစ် လိုအပ်သည့် ယဉ်ကျေးမှုများကိုမူလျှော့ပေါ့ခြင်းမရှိချေ။

ယဉ်ကျေးမှုများ ပျက်စီးသွားခြင်းသည် အစစ်အမှန် ဝမ်းနည်းစရာ ဖြစ်ကာ မရှိမဖြစ် လိုအပ်သည့် ယဉ်ကျေးမှုဆိုသည်မှာ ယဉ်ကျေးမှု အဆင့်အတန်း၏ အနှစ်သာရပင် ဖြစ်သည်။

"ငါ ကြယ်တာရာ မဟာကမ္ဘာမြို့တော်ကို ဒီနေရာမှာချထားလိုက်တဲ့အတွက်.... ထျန်းဂိုဏ်းစီရင်စု တစ်ခုလုံး ဝင်္ကပါနဲ့ ဖုံးလွှမ်းသွားပြီ"

"မဟာကမ္ဘာ မပျက်စီးသရွေ့... ထျန်းအင်ပါယာလည်း မပျက်စီးဘူး"

ကျုံးရှန် ဖြည်းညှင်းစွာ ပြောလိုက်လျှင် သူ၏အသံသည် နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လူတိုင်း ရွှင်မြူးစွာ သြဘာပေးလိုက်ကြသည်။

"မဟာကမ္ဘာ မပျက်စီးသရွေ့ ထျန်းအင်ပါယာလည်း မပျက်စီးဘူး"

"မဟာကမ္ဘာ မပျက်စီးသရွေ့ ထျန်းအင်ပါယာလည်း မပျက်စီးဘူး"

"မဟာကမ္ဘာ မပျက်စီးသရွေ့ ထျန်းအင်ပါယာလည်း မပျက်စီးဘူး"

"မဟာကမ္ဘာ မပျက်စီးသရွေ့ ထျန်းအင်ပါယာလည်း မပျက်စီးဘူး"

"မဟာကမ္ဘာ မပျက်စီးသရွေ့ ထျန်းအင်ပါယာလည်း မပျက်စီးဘူး"

သို့ဖြင့်သြဘာပေးသံများ တစ်ဟုန်ထိုး ကျယ်လောင်လာကာ လူတိုင်းသည် မိမိတို့၏ စိတ်ထဲမှ ကိုးကွယ်ယုံကြည်မှုများကို ပြသနေကြသည်။ ထိုအသံများသည် တဖြည်းဖြည်း လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

တစ်ချိန်တည်း၌ပင် အလယ်ပိုင်းသူတော်စင်ပြည်နယ်အတွင်းရှိ မူလ ရှန့်ကျိုးနန်းတော်အတွင်း၌ လူအချို့ စုဝေးနေကြသည်။ ထိုသူများသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှကာ သူတို့၏ ကိုယ်ပေါ်မှ အရှိန်အဝါများ အနည်းငယ်မျှ ထွက်ပေါ်နေခြင်း မရှိဘဲ တစ်ယောက်ချင်းစီ၏ ရုပ်ရည်သည်လည်း အလွန် သာမန်ဆန်လှသည်။ သို့သော် ထိုသူများသည် အမှန်စင်စစ်တွင် ဝမ်ရှန့်လူသားမျိုးနွယ်၏ မဏ္ဍိုင်ကြီးများ ဖြစ်ကြပြီး မိသားစုကြီးသုံးခု၏ အဓိက အဖွဲ့ဝင်များဖြစ်ကာ မိသားစုတစ်ခုစီ၏ အဓိက အ ရေးကြီးကိစ္စများတွင် ဆုံးဖြတ်ချက်ချတာဝန်ယူသူများပင်။ ထိုမိသားစုကြီးသုံးခုမှာ ကျိရွှီမိသားစု၊ ဟွမ်မန်မိသားစု၊ လင်းထျန်းမိသားစုတို့ ဖြစ်ကြသည်။

မိသားစုကြီးသုံးခုသည် ကံတရားသားတော်များကို နှစ်ပေါင်းများစွာ ရှာဖွေစုဆောင်းထားသဖြင့် မျိုးနွယ်စုအတွင်း၌ ထောင်သောင်းချီသည့် ကျွမ်းကျင်သူများ ပုန်းအောင်းနေကာ ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများစွာ ပါဝင်နေသည်။

"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ ဘိုးဘေးက သေချာပေါက် ကမ္ဘာပြင်ပက ဧည့်သည်ပဲ...ပြီးတော့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကမဟုတ်တဲ့ နည်းစနစ်တွေ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပြင်ပ ဧည့်သည်တစ်ယောက်ပေါ့"

"ဒါမှမဟုတ်ရင် နှစ်တစ်သန်းဆိုတဲ့ အချိန်တိုအတွင်းမှာ ဒီလောက် မြန်မြန် တိုးတက်လာမှာ မဟုတ်ဘူး"

ကျိရွှီမိသားစုမှ ဆုံးဖြတ်ချက်ချသူတစ်ဦးသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒီအကြောင်းကို ငါတို့ အားလုံး သိပါတယ်"

" ကမ္ဘာပြင်ပ ဧည့်သည်တွေက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှာ အများကြီး ရှိတာပဲ.. ဒီလူတွေရဲ့ ကိုယ်ပေါ်မှာ ငါတို့မသိတဲ့ ထူးဆန်းတဲ့နည်းစနစ်တွေရှိနေတတ်ပြီး အဲ့ဒါတွေကို ရွှေလက်ချောင်းလို့ ခေါ်ကြတာလေ"

"ရွှေလက်ချောင်းတွေကို အားကိုးလို့သာ... ကမ္ဘာပြင်ပ ဧည့်သည်တွေက... လျင်မြန်စွာ တိုးတက်နိုင်ကြတာပေါ့"

ဟွမ်မန်မိသားစုမှ အခြားလူတစ်ဦးက စကားဖြတ်လိုက်သည်။

"မဟုတ်ဘူး လောင်မို... ဒီကောင်က တခြား ကမ္ဘာပြင်ပ ဧည့်သည်တွေနဲ့ လုံးဝ မတူဘူး"

"ဒီကောင်က လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရဲ့ ကမ္ဘာ့အူတိုင်ကို ခိုးယူရဲလို့ ကံတရားကျိန်စာသင့်ခံရတဲ့သူပဲ..."

"သူက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို တဖြည်းဖြည်း နစ်မြုပ်သွားစေတဲ့ တရားခံလည်းဖြစ်တယ်"

"ပြီးတော့.. သူ့မှာ တခြား ကံကြမ္မာ အခွင့်အရေးတွေလည်း ရှိပုံရပြီး ...ပြင်ပကမ္ဘာကလာတဲ့ အမွေအနှစ်ကြီးတချို့ကို ရထားတယ်"

လင်းထျန်းမိသားစုမှ လူတစ်ဦးက ခက်ထန်စွာ ပြောလိုက်သည်။

ထိုအခါ ကျိရွှီမိသားစုမှ ကျွမ်းကျင်သူက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ မိသားစုကြီးသုံးခုက... ရှေးခေတ်တုန်းကတည်းက... နိမိတ်လက္ခဏာတွေ ရလို့ ကံတရားသားတော် အများအပြားကို စုဆောင်းခဲ့ပြီးပြီ... ကုန်းမြေတိုက်ကြီး ဘယ်လိုပဲ ပြောင်းလဲသွားပါစေ ထွက်မလာတာက ဒီနေ့ရဲ့ အန္တရာယ်ကို ဖြေရှင်းဖို့ပဲ"

"ဒီလူကို မဖယ်ရှားရင် ငါတို့လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနဲ့အတူ သေရလိမ့်မယ်"

"မင်းပြောတာ အမှန်ပဲ..အခုကြည့်ရသလောက်ဆိုရင်.. အရာအားလုံးက အရင်နှစ်တွေက နိမိတ်လက္ခဏာတွေနဲ့ ဘာမှမကွာဘူး"

"အဖြစ်ဆိုးက အချိန်မရွေး ဖြစ်လာနိုင်တယ်"

"ငါတို့ နောက်ဆုံး အကြိတ်အနယ် တိုက်ခိုက်ရတော့မယ်...နှစ်ထောင်ပေါင်းများစွာ စုဆောင်းစောင့်ဆိုင်းရတာက ဒီအချိန်လေးအတွက်ပဲ..."

"အရာအားလုံးရဲ့ ရလဒ်အတွက်.. ငါတို့ အဖြေတစ်ခု လိုချင်တယ်"

သူ၏ စကားအဆုံး၌ လူတိုင်း ခေတ္တ တိတ်ဆိတ်သွားကြပြီးနောက် တစ်စုံတစ်ဦးထံမှ အသံထွက်လာသည်။

"သဘောတူတယ်"

"ကံတရားသားတော်တွေ၊ စစ်မှန်တဲ့ နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ၊ ရှေးဟောင်းသူတော်စင် တာအိုအရှင်တွေ အားလုံးကို ပြန်ခေါ်လိုက်"

"သဘောတူတယ်"

"နောက်ဆုံးတိုက်ပွဲအတွက် ချက်ချင်း ပြင်ဆင်ကြ"

"ထျန်းဂိုဏ်း မင်းဆက်ကို လုံးဝ တည်ထောင်ခွင့် မပေးနိုင်ဘူး"

"ငါတို့ ပူးပေါင်းထားတဲ့ အင်အားက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကိုတောင် ကျော်လွန်ဖို့ လုံလောက်နေပြီ"

"ငါတို့ ရှုံးမယ်လို့ မယုံဘူး"

မိသားစုသုံးစုလုံးမှ အဆုံးဖြတ်ပေးသူများ အားလုံး ညီညွတ်စွာထောက်ခံလိုက်ကြကာ သူတို့၏ သဘောထားများသည် အံ့ဩဖွယ်ကောင်းလောက်အောင် တစ်ထပ်တည်း ကျသွားလေသည်။

သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း သန်းဆယ်ချီကတည်းက နိမိတ်လက္ခဏာနှင့် ညွှန်ကြားချက်အချို့ ရရှိထားပုံရ၏။ ကျုံးရှန်ကို တိုက်ခိုက်ရန် နှစ်ပေါင်း သန်းဆယ်ချီ ကြိုတင်၍ စုဆောင်းပြင်ဆင်နေကြခြင်း ဖြစ်ကာ ထိုလျှို့ဝှက်ဆန်းကြယ်သည့် နိမိတ်လက္ခဏာ မည်သည့်နေရာမှ လာသည်ကို မည်သူမှ မသိကြပေ။ သို့သော် သူတို့အားလုံး ထိုအရာကို အခိုင်အမာ ယုံကြည်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် နိမိတ်လက္ခဏာများသည် အလွန် တိကျနေသောကြောင့်ဖြစ်သည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် သမိုင်း၏ အချိန်ကာလတိုင်းရှိ အဖြစ်အပျက် အကြီးအသေး အားလုံးသည် နိမိတ်လက္ခဏာများအတိုင်း အမြဲတစေ လွဲမှားခြင်းမရှိဘဲမှန်ကန်လေ့ရှိသည်။ ထို့ကြောင့် လူတိုင်းသည် နိမိတ်လက္ခဏာများကို အပြည့်အဝ ယုံကြည်ထားကြကာ နိမိတ်လက္ခဏာထဲမှ ကမ္ဘာကြီးကို ဖျက်ဆီးမည့် ကပ်ဘေးသည် ကျုံးရှန်ဖြစ်သည်ဟူ၍ပင်။ သူသည် ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီးရှိအရာအားလုံးကို ဖျက်ဆီးမည့် အရင်းအမြစ် ဖြစ်ပေသည်။

ကျုံးရှန်ကို မဖျက်ဆီးနိုင်ပါက အရာအားလုံးကို ကျုံးရှန်က ဖျက်ဆီးသွားမည် ဖြစ်သဖြင့် ထိုအရာကို မိသားစုကြီးသုံးခု လက်သင့်မခံနိုင်ချေ။ အခြားတစ်နည်းပြောရလျှင် သူတို့ တည်ရှိနေရခြင်း၏ အဓိပ္ပာယ်သည် ထိုကျုံးရှန်၏တည်ရှိမှုကို ဖျက်ဆီးပစ်ရန်ဖြစ်ပြီး နှစ်သန်းပေါင်း ဆယ်ချီ စောင့်ဆိုင်းခဲ့ရသည့် သူတို့၏ရည်မှန်းချက်လည်း ဖြစ်သည်။ အနာဂတ်ဟောပြောချက်အရ နောက်ထပ် ဆယ်နှစ်ကြာလျှင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး လုံးဝ ပျက်စီးသွားမည့် နေ့ရက်ကို ရောက်ရှိလာမည် ဖြစ်သည်။

ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို အဆုံးမရှိသည့် တွင်းနက်ကြီးထဲသို့ ဆွဲခေါ်သွားမည် ဖြစ်ကာ ငြိမ်းချမ်းမှုရှိ တော့မည်မဟုတ်ချေ။ ထိုနေ့ရောက်လာသည်နှင့် သူတို့အားလုံး ကျုံးရှန်ကြောင့် အတူတကွ သေဆုံးရပေလိမ့်မည်။ ထို့ကြောင့် မိသားစုကြီးသုံးခုသည် ထိုကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်လာရန် လုံးဝ ခွင့်မပြုနိုင်ပေ။ လက်ရှိအခြေအနေသည် အနာဂတ်ဟောပြောချက်၌ ပြောထားသည့် ကိစ္စအားလုံးနှင့် တူညီသော နိမိတ်လက္ခဏာများ ရှိနေပြီ ဖြစ်သည်။

မူလက သူတို့သည် ကျုံးရှန် ကြီးပြင်းမလာခင် အချိန်ကို အခွင့်ကောင်းယူကာ လှုပ်ရှားချင်ကြ၏။ သို့သော် ကျုံးရှန်သည် လွန်ခဲ့သည့် နှစ်တစ်သန်းက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စိတ်ဆန္ဒကို လက်တည့်စမ်းရန် ရည်ရွယ်မည်ဟု မထင်ထားခဲ့ကြချေ။ ထိုအကြောင်းကြောင့် သူသည် နှစ်သန်းချီ ကံတရားကျိန်စာသင့်သွားပြီး ပုန်းအောင်းနေရန် ရွေးချယ်ခဲ့သည်။ ထိုအချက်သည် အနာဂတ်ဟောပြောချက်ထဲ၌ မှတ်တမ်းတင်ထားခြင်း မရှိသော အရာဖြစ်ကာ လက်ရှိအချိန်ဖြစ်ပျက်နေသည့်အကြောင်းတရားများ၏ တစ်ခုတည်းသော အပြောင်းအလဲ အခြေအနေလည်း ဖြစ်သည်။

ထိုအချိန်က ကျုံးရှန်၏ စွမ်းရည်သည် ယခုလောက် မကောင်းသော်လည်း ပုန်းအောင်းသည့် စွမ်းရည်ကမူ ကြောက်ခမန်းလိလိ မြင့်မားလှသဖြင့် သူ၏ တမင်တကာ ပုန်းအောင်းမှုအောက်၌ မိသားစုကြီးသုံးစုရှိ မည်သူမှ မ ရှာနိုင်ခဲ့ပေ။ ကျုံးရှန်၏ ချင်ထျန်းတောင်ထွတ်သည် နတ်ဘုရား အရင်းအမြစ် သလင်းကျောက်များဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး တောင်အောက်ခြေ၌ နတ်ဘုရားစက်ယန္တရား ရွှေ့ပြောင်းခြင်း အစီအရင်ပြားလည်း ရှိနေသဖြင့် ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်၏။ ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများပင်လျှင် သေချာ ဂရုတစိုက် မကြည့်ရှုပါက အရိပ်အယောင်ကို မြင်တွေ့နိုင်မည် မဟုတ်ချေ။ မျက်စိတစ်မှိတ်အတွင်း၌ နှစ်တစ်သန်း ကုန်လွန်သွားလေပြီ။

ထိုနှစ်တစ်သန်းအတွင်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကံကြမ္မာသည် အောက်ခြေအထိ ကျဆင်းသွားခဲ့ကာ ကံတရားသားတော်များလည်း ပို၍ နည်းပါးလာ၏။ မိသားစုကြီးသုံးခုသည် ကုန်လွန်ခဲ့သည့် နှစ်ထောင်သောင်းပေါင်းများစွာအတွင်း ကံတရားသားတော် တစ်ယောက်ကိုမှ မရှာဖွေနိုင်ခဲ့ကြပေ။ ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံသူများ၏

သက်တမ်းမှာ ရှည်လျားလှသဖြင့်

သူတို့စိတ်အေးလက်အေးစောင့်ဆိုင်းနိုင်ရန် အချိန်အလုံအလောက် ရှိနေသေးခြင်းဖြစ်သည်။

သို့ဖြင့် နှစ်တစ်သန်းကြာပြီးနောက် ကုန်းမြေတိုက်ကြီး၌ ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ အကြီးမားဆုံး အပြောင်းအလဲမှာ ကံကြမ္မာများ ရုတ်တရက် ပြန်လည်ကောင်းမွန်လာပြီး ကောင်းကင်နှင့် မြေကြီး၏ အခွင့်အရေးများ စတင် ပေါက်ကွဲထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ကမ္ဘာလောကကြီး တစ်ခုလုံး၌ ကျွမ်းကျင်သူများ အများအပြား ထွက်ပေါ်လာပြီး ကံတရားသားတော်များမှာ မြစ်ကိုဖြတ်ကူးသော ငါးများကဲ့သို့ ပေါများလာကာ ရှေးဟောင်း အမွေအနှစ်များနှင့် တာအိုအမွေအနှစ် အမျိုးမျိုး စတင် ထွက်ပေါ်လာသည်။

ထိုအခါ ရှေးဟောင်း ကျွမ်းကျင်သူများလည်း လူတိုင်း၏ အမြင်အာရုံထဲသို့ ပြန်လည် ဝင်ရောက်လာကြလေသည်။ တစ်ချိန်တည်း၌ပင် သူတို့ အနီးကပ် စောင့်ကြည့်နေသည့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ရုတ်တရက် စတင် အရှိန်ယူကြီးထွားလာ၏။ ကျုံးရှန်သည် မိစ္ဆာသားရဲတစ်သိန်းကို ဦးဆောင်ကာ တောင်ပေါ်မှ ဆင်းလာခြင်းပင်။

ထိုအချိန်က သူတို့သည် ကျုံးရှန်ကို တိုက်ခိုက်ချင်ကြသော်လည်း ရလဒ်အနေဖြင့် ကျုံးရှန်တစ်ယောက် ငရဲပြည်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။ သို့ဖြင့် ဆယ်စုနှစ်များအတွင်း သူတို့သည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ဒုက္ခပေးရန် စတင်ကြတော့သည်။

အပိုင်း (၄၂၀)

ထိုသည်မှာ ထိပ်သီးဂိုဏ်းကြီးဆယ်ဂိုဏ်းကိုအသုံးပြုခြင်းပင်။ ဂိုဏ်းကြီးဆယ်ခု၏ အမွေအနှစ်များအားလုံးသည် မိသားစုကြီးသုံးခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူတို့သည် ယခင်နှစ်များအတွင်း မိသားစုကြီးသုံးစုမှ ပြုစုပျိုးထောင်ပေးခဲ့သော ကံတရားသားတော်ဟောင်းများ ဖြစ်ကြကာ အပြင် လောကသို့ထွက်၍ အကိုင်းအခက်များ ဖြာထွက်စေသဖြင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း ဖြစ်တည်လာခြင်းဖြစ်သည်။ အတိအကျဆိုရသော် ဂိုဏ်းကြီး ၇၂ ခုထဲမှ တစ်ဝက်မှာ မိသားစုကြီးသုံးခုနှင့် ဆက်စပ်မှု ရှိနေကြ၏။

သို့ဖြင့် မိသားစုကြီးသုံးခုသည်ဂိုဏ်းကြီးဆယ်ဂိုဏ်းကို မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်းကာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို တိုက်ခိုက်ရန် စတင် ညွှန်ကြားခဲ့သည်။ မထင်မှတ်ထားသည့်ကိစ္စမှာ ထိုအချိန်၌ ကျုံးရှန် ပြန်ရောက်လာကာ သူ၏ စွမ်းရည်ဖြင့် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေခြင်းဖြစ်သည်။ ကျုံးရှန်သည် နှစ်တစ်သန်းတိုင်တိုင် ကျင့်ကြံမှုရပ်တန့်နေခဲ့ကြောင်းကိုသိထားရပေမည်။

ထိုသို့ဖြစ်လင့်ကစား တံခါးပိတ်ကျင့်ကြံမှုမှ ထွက်ခွာကာ ငရဲကမ္ဘာသို့ ဝင်ရောက်သွားသည်မှာ နှစ်ပေါင်းသုံးဆယ်သာရှိသေးသော်လည်း ကျုံးရှန်၏တိုးတက်မှုနှုန်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့၏။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများအတွက် နှစ်တစ်သန်းဆိုသည်မှာပင် သိပ်ရှည်လျားသည့် အချိန်ကာလတစ်ခု မဟုတ်ဘဲ လက်ဖျောက်တစ်ချက်တီးချိန်အတွင်းကုန်ဆုံးသွားသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း အနာဂတ် ဟောပြောချက်ထဲမှ ကမ္ဘာဖျက်မိစ္ဆာဘုရင်သည် နှစ်ပေါင်းဆယ်ဂဏန်းမျှသာရှိသည့် အချိန်တိုလေးအတွင်း၌ ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ပေါင်တန်းနိုင်သော စွမ်းအားကို ရရှိလာလေပြီ။

ထိုအချက်တစ်ချက်တည်းနှင့်ပင် လောကကြီးတစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်နေသည်။ ကျုံးရှန်ကဲ့သို့ ရွှေလက်ချောင်း ပါလာသည့် ကူးပြောင်းလာသူများကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ မဟုတ်သည့် ပြင်ပနည်းစနစ်များ ပိုင်ဆိုင်ထားသော ကမ္ဘာ့ပြင်ပဧည့်သည်များဟု ခေါ်ဆိုကြသည်။ ထိုရွှေလက်ချောင်းများသည် အမှန်တကယ်ပင် ကမ္ဘာတစ်ခု၏ ပြင်ပနည်းစနစ်များနှင့် အလားသဏ္ဌာန်တူလှ၏။ ဥပမာအားဖြင့် ကျုံးရှန်၏ ကိုယ်ပေါ်၌ အသုံးမပြုသည်မှာ ကြာမြင့်နေပြီဖြစ်သည့် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်မျိုးဖြစ်သည်။

ထိုအရာသည် ကောင်းကင်ဘုံကို အာခံနိုင်သော ပြင်ပနည်းစနစ်တစ်ခု ဖြစ်ပြီး အကြောင်းပြချက်မရှိဘဲအဖိုးတန် ရတနာများကို ထုတ်ပေးနိုင်စွမ်းရှိကာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသည့် ပြိုင်ဘက်ကင်း ကျင့်စဉ်များနှင့် လက်နက်ပညာရပ်များပင် ပါဝင်နေသေးသည်။ ထို့အပြင် ယခုအခါ ကျုံးရှန်သည် စိတ်နှလုံးကွန်ရက်ကို သူကိုယ်တိုင် ဖော်ထုတ်နိုင်သွားပြီဖြစ်ကာ စိတ်နှလုံးစွမ်းအင်ကို အသုံးပြု၍ ရတနာများကိုလဲလှယ်ရယူနိုင်စွမ်းရှိသွား လေပြီ။

စိတ်နှလုံးကွန်ရက်၏ အဓိကဗဟိုချက်မှာ သူ၏ ကိုယ်ပိုင်စိတ်နှလုံး ဖြစ်ပြီး သူ၏ဆန္ဒသည် စိတ်နှလုံးကွန်ရက်၏ ဆန္ဒပင်။ ထိုအချက်ကြောင့်ပင် စိတ်နှလုံးကွန်ရက်သည် သူ့ကို နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်ထက် လုံလောက်သည့် လုံခြုံမှု ပေးစွမ်းနေခြင်းဖြစ်သည်။ ထိုမျှမက ကျုံးရှန်သည် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်ကို အသုံးမပြုသည်မှာ ကြာမြင့်နေပြီဖြစ်ကာ အခွင့်အရေးရှာ၍ စိတ်နှလုံးကွန်ရက်ဖြင့် ထိုစနစ်ကို တိုက်ရိုက်မျိုချပစ်ရန်ပင် ပြင်ဆင် နေ၏။

နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်သည် အဆိပ်ကောင်မွေးမြူသကဲ့သို့ သူ့ကို တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာစေရန် မွေးမြူနေခြင်း ဖြစ်သဖြင့် ယင်းကို ကျုံးရှန် အလွန် ဆန့်ကျင်တွန်းလှန်လိုလှသည်။ သို့သော် ထိုကိစ္စများကို မိသားစုကြီးသုံးခုမှ လူများ မသိရှိကြချေ။ သူတို့သိသည်မှာ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှ ဒေသခံမဟုတ်ကြောင်း နှင့် ကောင်းကင်ပြင်ပရှိ အခြားကမ္ဘာမှ လာရောက်သူ ဖြစ်သည်ဟူ၍ပင်။ ကျုံးရှန်သည်အလွန်ဆန်းကြယ်သည့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ မဟုတ်သော ပြင်ပနည်းစနစ်များကို ပိုင်ဆိုင်ထားသောကြောင့် သူတို့သည် ကျုံးရှန်၏ တိုးတက်မှုနှုန်း အားလုံးကို ရွှေလက်ချောင်း ပါလာခြင်းကြောင့်ဟုသာ သတ်မှတ်လိုက်ကြသည်။

မိသားစုကြီးသုံးခု အရေးပေါ် အစည်းအဝေးလုပ်နေချိန်၌ ခြံဝင်းငယ်ထဲသို့ လူတစ်ယောက် ရုတ်တရက် ဝင်ရောက်လာကာ အလောတကြီး အစီရင်ခံလိုက်သည်။

"နောက်ဆုံးရ သတင်း..ဝမ်ဖော်ဂိုဏ်းကြီး ပျက်စီးသွားပါပြီ"

"သုန်ပုပြည်နယ် ၅၆ ခုလုံး တစ်ကွဲတစ်ပြားဖြစ်သွားပြီး.. ကျွန်း ၅၆ ကျွန်းအဖြစ် ပြောင်းလဲသွားကာ အရှေ့ဘက်ပင်လယ်ပြင်ပေါ်မှာ မျောနေပါတယ်"

"တုန်းကျီပြည်နယ်နဲ့ ဝမ်ဖော်ဂိုဏ်းကတော့ အပြီးတိုင် ပျက်စီးသွားပါပြီ"

"ဗုဒ္ဓ စေတီကြီးလည်း ဘယ်ရောက်သွားမှန်း မသိရတော့ပါဘူး"

ရရှိလိုက်သောသတင်း ကြောင့် လူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြကာ မိသားစုခေါင်းဆောင်တစ်ဦးဆိုလျှင် အလွန်အမင်း အံ့အားသင့်သွား၏။

"ဘာ... ဝမ်ဖော်ဂိုဏ်း အဖျက်ဆီးခံလိုက်ရပြီ ဟုတ်လား"

"အရှေ့ဘက်ဂိုဏ်းခွဲမှာ... ဘယ်သူလုပ်သွားလဲဆိုတာ သိတဲ့သူ ရှိလား"

သတင်းလာပို့သူသည်လည်း သာမန်လူမဟုတ်ဘဲ ကောင်းကင်အရှင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူသည် မိသားစု ခေါင်းဆောင်၏အမေးစကားကိုကြားလျှင် ခေါင်းညိတ်လိုက်ကာ ရုပ်လုံးပေါ် ပုလဲတစ်လုံးကို ထုတ်ယူလိုက်၏။ ပုလဲအတွင်းမှ ပုံရိပ်များ ထွက်ပေါ်လာလျှင် တုန်းကျီပြည်နယ်၏ ဗုဒ္ဓရောင်ခြည် အကာအကွယ်လွှာကို ကျုံးရှန် ဖျက်ဆီးလိုက်ပြီး ကောင်းကင်တစ်ခုလုံးရှိ နတ်ဘုရားများ၊ ဗုဒ္ဓများနှင့် တစ်ယောက်တည်း ထိပ်တိုက်ရင်ဆိုင်နေသည့် မြင်ကွင်းများကို မြင်တွေ့လိုက်ရသည်။

ထို့အပြင် ကျုံးရှန်တစ်ယောက် ဗုဒ္ဓဘုရားသုံးထောင်ကို လက်ညိုးတစ်ချက်ထဲဖြင့် ချေမွဖျက်ဆီးလိုက်ကာ ဗောဓိဓာတ်တော်ရွှေစေတီ၏ ဖိနှိပ်မှုကို တွန်းလှန်နေသည့် မြင်ကွင်းများလည်း ပါဝင်သည်။ ရှီကျား ဗုဒ္ဓအရှင် ထွက်ပြေးသွားရသည်ကို မြင်သောအခါ အစည်းအဝေးခန်းအတွင်းရှိ လူအားလုံး အံ့အားသင့်သွားကြလေပြီ။ ရှီကျား ဗုဒ္ဓအရှင်သည် ထိုဆန်းကြယ်လှသည့် ရွှေစေတီကို အသုံးပြုကာ ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများကိုပင် အပြည့်အဝ ဖိနှိပ်နိုင်စွမ်းရှိသော်လည်း ကျုံးရှန်ကမူ အလွယ်တကူပင် ရင်ဆိုင်သွားကာ ဗောဓိဓာတ်တော်ရွှေစေတီကိုပါ သိမ်းယူသွားသေးသည်။

ယင်းဗောဓိဓာတ်တော်ရွှေစေတီနှင့် ပတ်သက်၍ သူတို့လည်း အနည်းငယ် သိရှိထားကြ၏။ ထိုအရာသည် အခြားစကြာဝဠာမှ ရောက်ရှိလာသည့် ကမ္ဘာပြင်ပပစ္စည်းတစ်ခု ဖြစ်ကာ ဗုဒ္ဓ စကြာဝဠာတစ်ခုမှ ပြိုင်ဘက်ကင်း ရတနာတစ်ခုဖြစ်နိုင်ခြေ ရှိသည်။ မည်သို့ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးထဲသို့ ရောက်ရှိလာသည်ကိုမူ မည်သူမှ မသိချေ။ ထိုဗုဒ္ဓစေတီ၏ လျှို့ဝှက်ချက်များကို အပြည့်အဝ အသုံးချနိုင်ရန်အတွက် အနည်းဆုံး ထျန်းကျဲအဆင့် သို့မဟုတ် ထျန်းတောက်ကျင်းအဆင့် ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ထိုအခါမှသာ တစ်ကြိမ် အပြည့်အဝ အသုံးချလိုက်ပါက စကြာဝဠာတစ်ခုလုံးကိုပင် ဖိနှိပ်နိုင်စွမ်းရှိသည့် ရတနာတစ်ပါး ဖြစ်လာမည် ဖြစ်သည်။ မဟာကမ္ဘာတစ်ခုဆိုသည်မှာ ထိုစေတီအတွက် ပြောပလောက်စရာ မဟုတ်ချေ။ ရှီကျား ဗုဒ္ဓအရှင် ဗောဓိဓာတ်တော်ရွှေစေတီကို ကိုင်ဆောင်ထားချိန်၌ မိသားစုကြီးသုံးခုမှ ကျွမ်းကျင်သူများပင်လျှင် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲကြပေ။ ထို့ကြောင့် ဗုဒ္ဓဂိုဏ်းသည် နိုးထလာပြီး ဆယ်စုနှစ် အနည်းငယ်အတွင်းပင် ကြီးမားသည့် တိုးတက်မှုများကို ရရှိလာခြင်း ဖြစ်ကာ ဗုဒ္ဓ၏ လျှို့ဝှက်ချက်များကို သုန်ပုပြည်နယ် ၅၆ ခုလုံးသို့ ဖြန့်ဝေနိုင်လုနီးပါး ဖြစ်ခဲ့၏။

သို့ဖြင့် ဗုဒ္ဓဂိုဏ်းများသည် ဗိုင်းရပ်စ်များကဲ့သို့ လျင်မြန်သည့် ချဲ့ထွင်မှုနှုန်းဖြင့် ကြီးထွားလာခဲ့သည်။ သို့သော် သူတို့ ကိုယ်တိုင် ဝင်ရောက်ဖိနှိပ်ရန် မလိုလိုက်ဘဲ ကျုံးရှန်က သွားရောက် ဖျက်ဆီးပစ်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြချေ။

"ဒီလိုဆိုမှတော့ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေရဲ့ စွမ်းအားကို ငါတို့ ပြန်လည်အကဲဖြတ်ဖို့ လိုအပ်သွားပြီ"

"ဟုတ်တယ်... ငါတို့ရဲ့ လှုပ်ရှားမှုတွေကို စတင်လျှော့ချဖို့ ငါ အကြံပြုချင်တယ်"

"ဒီလိုမှ မဟုတ်ရင် အလောတကြီး လုပ်ဆောင်မှုအောက်မှာ ဘေးဒုက္ခတွေ အလွယ်တကူ ဖြစ်လာနိုင်တယ်"

"ထောက်ခံတယ်"

"အဆင့်မြင့်တပည့်တွေကို ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေထဲ ချက်ချင်း စိမ့်ဝင်ခိုင်းပြီး...အခွင့်အရေး ရှာခိုင်းလိုက်ပါ"

"ငါတို့ အင်အားတွေကို စုစည်းပြီး...ပေါင်းစည်းနိုင်အောင်အရင်လုပ်ဆောင်ရမယ်"

မိသားစုကြီးသုံးခုသည် ကျုံးရှန်၏တိုက်ပွဲများကိုမြင်တွေ့လိုက်ရသဖြင့် သူတို့၏ နည်းဗျူဟာများကို ချက်ချင်း ပြောင်းလဲလိုက်ကြသည်။

လက်ရှိ ကျုံးရှန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခြင်းသည် အလွန် ဉာဏ်မဲ့ရာကျပေလိမ့်မည်။ အဆုံးသတ်တွင် အနိုင်ရခဲ့လျှင်ပင် နှစ်ဦးနှစ်ဖက် ပြင်းထန်စွာ ဒဏ်ရာရမည့် အခြေအနေမျိုး ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့သည် လှုပ်ရှားမှုအရှိန်အဟုန်ကို ယာယီရပ်ဆိုင်းထားရန် ပြတ်သားစွာ ရွေးချယ်လိုက်ကြလေသည်။ ……

တစ်ချိန်တည်း၌ပင် ထျန်းအင်ပါယာမြို့တော်၌ ကြယ်တာရာ မဟာကမ္ဘာ ဝင်္ကပါကို ချထားပြီးနောက် ကျုံးရှန်သည် ထိုနေရာမှအေးဆေးစွာ ထွက်ခွာသွားကာ အနောက်ဘက်သို့ ဦးတည်လိုက်သည်။ သူသည် နီကျိုးပြည်နယ်ကို တိုက်ရိုက် ဖြတ်သန်းသွားပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အနောက်ဘက်အစွန်ဆုံးသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ကျယ်ပြောလှသည့် သမုဒ္ဒရာပြင်ကြီးတစ်ခု ရှိနေသည်။

အနောက်ဘက်စွန်း ပင်လယ်။

အနောက်ဘက်စွန်း ပင်လယ်ပေါ်၌ ကျွန်းများစွာ ရှိနေပြီး ကျွန်းငယ်တစ်ကျွန်းပေါ်တွင် လူရာဂဏန်းခန့်သာ နေထိုင်နိုင်သည်။ ကျွန်းကြီးများမှာမူ ပြည်နယ်တစ်ခုစာခန့် ကျယ်ဝန်းလှ၏။ အနောက်ဘက် ပင်လယ်ပြင်၌ တစ်နှစ်ပတ်လုံး ယင်လေဆိုးများ တိုက်ခတ် နေလေ့ရှိသည်။

အဘယ်ကြောင့်ဆိုသော် ကုန်းမြေတိုက်ကြီး၏ အနောက်ဘက် ကုန်းမြေတစ်ခုလုံးသည် ယင်စွမ်းအင်များနှင့် သေခြင်းစွမ်းအင်များ စုဝေးနေသောကြောင့် ဖြစ်သာ်။ ထိုယင်လေဆိုးများထဲ၌ အန္တရာယ်များ ပုန်းကွယ်နေကာ ယင်စွမ်းအင်များသည် ထက်မြက်သည့် ဓားသွားများအဖြစ်ပြောင်းလဲသွားပြီး မည်သည့်အရာမဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ သူတော်စင်အဆင့် ကျွမ်းကျင်သူများပင်လျှင်ကျင့်စဉ်အဆင့်နိမ့်ပါးပါက ခန္ဓာကိုယ် ပိုင်းဖြတ်ခံရပြီး အသက်စွမ်းအင်များ လုယူခံရနိုင်ပေသည်။

ထို့ကြောင့် အနောက်ဘက်စွန်း ပင်လယ်သည် နတ်ဆိုးကျင့်စဉ်များနှင့် တစ္ဆေကျင့်စဉ်များကို ကျင့်ကြံသည့် သူများအတွက် နိဗ္ဗာန်ဘုံတစ်ခု ဖြစ်နေ၏။ သို့သော် သာမန် ကျင့်ကြံသူများအတွက်မူ အိပ်မက်ဆိုးတစ်ခုပင်။ ထို့အပြင် အနောက်ဘက်စွန်း ပင်လယ်အတွင်း၌ ထူးခြားသည့် ကျင့်ကြံခြင်း ယဉ်ကျေးမှုတစ်ခု ဖြစ်ပေါ်နေကာ ပထဝီဝင်အနေအထားအရလည်း အလွန် အထီးကျန်ဆန်လှသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာများဖြင့် ဖွဲ့စည်းထားသည့် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်း၏ အဓိကဌာနချုပ်မှာ ထိုနေရာ၌ တည်ရှိနေသည်။ ကျုံးရှန် ယခုတစ်ကြိမ် အနောက်ဘက်စွန်းပင်ဘယ်သို့ ရောက်လာရခြင်းသည် ထိုရက်စက်ကြမ်းကြုတ်သူများကို သိမ်းသွင်းရန်အတွက်ဖြစ်သည်။ ထျန်းအင်ပါယာကို တည်ထောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကို စည်းလုံးညီညွတ်စေပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စိတ်ဆန္ဒကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။

ထိုသို့ မလုပ်ဆောင်မီ သူသည် အင်အားစုများကို တတ်နိုင်သမျှ စုဆောင်းထားရန် လိုအပ်သည်။ ရက်စက်ကြမ်းကြုတ်သည့်မိစ္ဆာ တစ်ယောက်ချင်းစီတိုင်းသည် သာမန်မဟုတ်ဘဲ သူတို့၏ လက်များသည် သွေးစွန်းနေကာ အပြစ်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူတို့၏စိတ်နှလုံးများကမူ အလွန် သန့်ရှင်းကြည်လင်နေကြ၏။ သူတို့သည် မိမိကိုယ်မိမိ ကောင်းကင်နှင့် မြေကြီး၏ ဖြောင့်မတ်သည့် လမ်းစဉ်လိုက်စားသူများဖြစ်သည်ဟု ကြွေးကြော်နေသူများထက်ပင် များစွာ ပို၍ စင်ကြယ်သူများဖြစ်သည်။

အစွန်းရောက်ပြောင်းပြန်ဖြစ်ခြင်း၏ သဘောတရား။

ထိုသည်က အလွန်တရာ ဆိုးသွမ်းယုတ်မာပြီးနောက်တွင် စိတ်နှလုံးများ ပြောင်းလဲ သန့်စင်သွားခြင်းမျိုးကို ဆိုလိုသည်။ ထို့ကြောင့်ပင် ဆိုးသွမ်းယုတ်မာသူများသည် ကျုံးရှန်အတွက် စိတ်နှလုံးမျိုးစေ့ ချထားရန် အသင့်တော်ဆုံး ဖြစ်နေကာ သူတို့ထံမှ ကြီးမားလှသည့် စိတ်နှလုံးစွမ်းအင်များကို ရရှိနိုင်သည်။ ထိုဆိုးသွမ်းယုတ်မာသည့်မိစ္ဆာတစ်ယောက်ချင်းစီတိုင်းသည် စိတ်နှလုံးစွမ်းအင်အရင်းအမြစ်များ ဖြစ်ကြသဖြင့် ကျုံးရှန် သိမ်းသွင်းရန် ပြင်ဆင်နေခြင်းသာ ဖြစ်တော့သည်။

Book 42 end.

All Chapters