အမှောင်အမိုက်ဆုံးအချိန် (၂)
Vol. 70 Ch. 1123
“လုံခြုံရေးအိမ်လား”
လင်းရှန်က ကီကီကို စူးစမ်းစွာ ကြည့်လိုက်ပြီးနောက် ရေမွန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ဒါကို ဘာအတွက်သုံးတာလဲ”
“စမ်းသပ်မှုတွေ၊ ကင်းထောက်မှုတွေနဲ့ ကင်းစခန်းရဲ့ ထောက်ပံ့ရေးတွေအတွက် သုံးတာပါ”
သူမ၏ စွမ်းအားဝတ်စုံကို ဇစ်ဆွဲချလိုက်ရင်း ပြောလိုက်သူက အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိပြီး ဆံပင်တိုတိုနှင့် ထက်မြက်ပုံရသော အမျိုးသမီး စုန့်ဝေဖြစ်သည်။ သူမက ပြောလိုက်သည်။
“သွေးနီရောင်တွေက မြန်မြန်ဆန်ဆန်ပြန့်နှံ့နေတယ်။ ငါတို့မှာ ကယ်ဆယ်ဖို့အတွက် ရိက္ခာတွေ အများကြီးရှိနေသလို ငါတို့ရဲ့ ညလမ်းလျှောက်သူတွေကလည်း ဒီကပ်ဘေးကို အချိန်တိုအတွင်းနားလည်အောင် လုပ်ရမယ်၊၊ ဒါမှ ဌာနချုပ်က အချိန်မီတုံ့ပြန်မှုအစီအစဉ်တွေကို ပေးနိုင်မှာပါ”
တီ၊၊
ထိုအချိန်တွင် စင်္ကြံလမ်း၏ အဆုံးရှိ အလိုအလျောက်တံခါးက ပထမဆုံးပွင့်ဟသွားခဲ့ပြီး လူအုပ်စုတစ်စုက သူတို့ဆီသို့ အလျင်အစလိုလျှောက်လှမ်းလာခဲ့ကြသည်။ ဦးဆောင်လာသူမှာ အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး အလတ်တန်းစား လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ သူသည် သွေးနီရောင်ဧရာမတံတိုင်းကြီး၏ ဆယ်ကြိမ်မျှ သွေးစုပ်ယူခြင်းကို ခံထားရသည့်အလား ဖျော့တော့နေသော်လည်း သူ၏မျက်ဝန်းများမှာ နက်ရှိုင်းပြီး ထက်မြက်ကာ တောက်ပလင်းလက်နေသည်။
ထိုလူစု ချဉ်းကပ်လာသည့်အခါ ရေမွန်နှင့် အခြားသူများက ဘေးသို့ ဖယ်ပေးလိုက်ကြသည်။ ရေမွန်က လင်းရှန်ကို ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။
“မိတ်ဆက်ပေးပါရစေ… ဒါက အဖွဲ့ခေါင်းဆောင် ရှီဝေတုံပါ။ ဟတ်ကို ၃၇၄ လုံခြုံရေးအိမ်ရဲ့ တတာဝန်ခံပေါ့”
ရှီဝေတုံသည် အဝေးကပင် ထိုလူငယ်ကို သတိပြုမိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ မယုံကြည်နိုင်လောက်သော မျက်ဝန်းများဖြင့် အနားသို့ လျင်မြန်စွာ တိုးကပ်လာခဲ့သည်။ သူက လင်းရှန်၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး ဆက်တိုက်စိစစ်ကြည့်ရှုကာ နောက်ဆုံးတွင် လင်းရှန်၏ မျက်နှာကို ကြည့်ရင်း ဒေသန္တရလေယူလေသိမ်းဖြင့် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“အို ဘုရားရေ… ဒါက မယုံနိုင်စရာပဲ။ တပ်မှူးက မင်းရဲ့ အလောင်းကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရှာဖွေဖို့ ငါ့ကို အမိန့်ပေးထားတယ်၊၊ ဒါပေမဲ့ မင်းက နတ်ဘုရားတစ်ပါးလို အသက်ရှင်နေတုန်းပဲကိုး”
“ငါတို့လည်း အများကြီးအံ့ဩမိပါတယ်”
ရေမွန်က လင်းရှန်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မှတ်ချက်ချလိုက်သည်။
“သူက ဘာမှမဖြစ်ခဲ့သလိုပဲ လုံးဝပြီးပြည့်စုံနေတာပဲ”
လင်းရှန်က ရှီဝေတုံနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။
“ကျုပ် မနေ့ကမှ အေးခဲအခန်းထဲကနေ နိုးလာတာပါ။ အပြင်ဘက်မှာ အချိန်တွေ ဘယ်လောက်တောင် ကုန်ဆုံးသွားပြီလဲ၊၊ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို ကျုပ် လုံးဝမသိသေးဘူး”
“မနေ့ကလား”
ရှီဝေတုံက အံ့အားသင့်သွားပြီး ရေမွန်ကို ကြည့်လိုက်ကာ လင်းရှန်ဘက်သို့ ပြန်လှည့်ကြည့်ရင်း မေးလိုက်သည်။
“သွေးနီရောင်တွေက မင်းအပေါ် ဘာသက်ရောက်မှုမှ မရှိဘူးလား”
“ကျုပ် ချန်းယင်သင်္ဘောပေါ်က အမှောင်စွမ်းအင်တုံးရှီကြိမ်နှုန်းစနစ်ကိုရှာဖွေတွေ့ရှိပြီး ပုံတူကူးယူနိုင်ခဲ့လို့ပါ”
လင်းရှန်က ရှင်းပြလိုက်သည်။
ရှီဝေတုန်းက ခေတ္တတုံ့ဆိုင်းသွားပြီး တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ငါ မင်းအကြောင်းကို အများကြီးသုတေသနလုပ်ထားပေမဲ့ သူတို့ပြောတာ မှန်တာပဲ၊၊ မင်းနဲ့ပတ်သက်ရင် ဘယ်လိုထူးဆန်းတဲ့အရာမျိုးကိုမဆို အံ့ဩနေဖို့ မလိုတော့ဘူး...”
“စကားတွေ အများကြီးမပြောတော့ဘူး။ မင်းကို တစ်ကိုယ်လုံး အရင်ဆုံးစစ်ဆေးမှုလုပ်ကြည့်ရအောင်”
သူက အနားတွင် ရပ်နေသည့် အင်္ကျီဖြူဝတ်ဆင်ထားသူတစ်ဦးကို ချက်ချင်း ခေါ်လိုက်သည်။
“လောလောဆယ်တော့ မလိုသေးပါဘူး”
လင်းရှန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“အမှန်အတိုင်းပြောရရင် ဒီသုံးလအတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ကျုပ်နားလည်ချင်တယ်၊၊ ကျုပ်မှာ မေးခွန်းတွေ အများကြီးရှိနေလို့ပါ...”
သူက ကီကီကို ကြည့်ရင်း ပြောလိုက်သည်။
“ဥပမာ- ကောင်းကင်အမိုးခုံးရထား၊ ဒါရိုက်တာတင်း၊ ဆရာမချန်... ပြီးတော့ အခြားသူတွေရော ဘာဖြစ်သွားကြပြီလဲ”
“မင်းရဲ့ ခံစားချက်ကို ငါနားလည်ပါတယ်၊၊ ဒါပေမဲ့ သွေးနီရောင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရှိတွေရဲ့ သန္ဓေပြောင်းလဲမှုက တအားပြင်းထန်နေပြီ။ လုံးဝသန္ဓေပြောင်းလဲမှုတင်မကဘဲ သက်ရှိစွမ်းအားနဲ့ အသိစိတ်လွင့်မျောသွားတဲ့ ပြဿနာတွေလည်း ရှိနေတယ်”
ရှီဝေတုံက လင်းရှန်ကို လေးနက်စွာ ပြောလိုက်သည်။
“မင်းက မနေ့ကမှ တုံးရှီအမှောင်စွမ်းအင်ကြိမ်နှုန်းစနစ်ကို သုံးခဲ့တာလို့ ပြောတယ်၊၊ ဒါပေမဲ့ မင်းက ဘာအကာကွယ်မှမရှိတဲ့ ဟတ်ကိုကမ်းရိုးတန်းက အေးခဲအခန်းထဲမှာ တစ်လကျော်လောက် လဲလျောင်းနေခဲ့တာပဲ။ ဒါဟာ အံ့ဖွယ်တစ်ခုပဲ။ မင်းရဲ့ ဘေးကင်းလုံခြုံရေးအတွက် ငါတို့ကို အရင်ဆုံးစစ်ဆေးခွင့်ပြုတာက အကောင်းဆုံးဖြစ်လိမ့်မယ်”
“ပြီးတော့ မင်း သိချင်တဲ့ အရာမှန်သမျှကို ငါနဲ့ ဒီကလူတွေ၊ မင်းရဲ့ အဖော်အပါအဝင် အားလုံးက မင်းကို အချိန်မရွေးပြောပြဖို့ အဆင်သင့်ပါပဲ”
သူ၏ စကားများကို ကြားလိုက်ရသည့်အခါ လင်းရှန်သည် အခြေအနေ၏ လေးနက်မှုကို သဘောပေါက်သွားခဲ့သည်။ အမှန်အတိုင်းပြောရရင် သူက မိမိကိုယ်ကို သတိမပြုမိဘဲနေခဲ့ခြင်း မဟုတ်ပေ။ ထိုသဲခုံပြင်ကျယ်ကြီးပေါ်တွင် ဤမျှလောက် ကြာမြင့်စွာ လဲလျောင်းနေခဲ့ခြင်း ဖြစ်သည်။ သီအိုရီအရဆိုလျှင် ထိုသွေးနီရောင်ဧရာမတံတိုင်းကြီးက နေ့စဉ်ဖြတ်သန်းသွားနေပါက သူသည် သွေးမြူများဖုံးလွှမ်းနေသည့် ခြောက်သွေ့သောအလောင်းကောင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရမည်ဖြစ်သည်။
အထူးအခန်းတစ်ခုတစ်ခုအတွင်း၌ လင်းရှန်သည် စစ်ဆေးမှုအတွက် တိကျလှသော စက်ပစ္စည်းတစ်ခုအတွင်းတွင် အဝတ်အစားများကို ချွတ်နေခဲ့သည်။ သီးခြားခွဲထုတ်ထားသည့် မှန်ပြတင်းပေါက်၏ အပြင်ဘက်တွင်မူ ကျွမ်းကျင်သူလေးငါးဦးက စက်ပစ္စည်းမှ ထွက်ပေါ်လာသော ဒေတာအားလုံးကို တင်းမာစွာ စောင့်ကြည့်နေကြသည်။
ရှီဝေတုံနှင့် ကီကီတို့ကလည်း နောက်မှ စောင့်ကြည့်နေကြပြီး ရှီဝေတုံက အံ့အားသင့်မှုအချို့ဖြင့် ပြောလိုက်သည်။
“ဒါဟာ တကယ့်ကို စိတ်ကူးမယဉ်နိုင်စရာပဲ။ ဟတ်ကိုကမ်းရိုးတန်းရဲ့ ကောင်းကင်ရိုက်ခတ်ကြိမ်နှုန်းက ဒီဒေသမှာ အပြင်းထန်ဆုံးပဲ။ ဒါပေမဲ့ သူက အခုထိ အကောင်းအတိုင်းအသက်ရှင်နေတုန်းပဲ...”
“ကျွန်မ ပြောသားပဲ၊၊ သူ သေချာပေါက် သေမှာမဟုတ်ဘူးလို့” ကီကီက အတွင်းထဲက လင်းရှန်ကို စိုက်ကြည့်ရင်း သူမ၏ မျက်ဝန်းများတွင် ဂုဏ်ယူမှုများဖြင့် ပြောလိုက်သည်။
ရှီဝေတုံက ကီကီကို အံ့ဩစွာ ကြည့်လိုက်သည်။
“မင်း အသက်ရှင်ကျန်ရစ်တာကလည်း အံ့ဖွယ်တစ်ခုပဲ၊၊ ဒီလောက်ကြာအောင် သတိမေ့မြောနေခဲ့ပြီး ဟတ်ကိုဒေသထဲကို ၁၀ကြိမ်ကျော်လောက် ဝင်ထွက်သွားလာနိုင်ဖို့ လုံလောက်တဲ့ ပြန်လည်သက်သာလာမှုမျိုးကတော့ တကယ့်ကို မိုက်ရူးရဲဆန်တာပဲ”
ကီကီက ဘာမှမပြောဘဲ သူမ၏ အာရုံကို လင်းရှန်ထံတွင်သာ ဆက်လက်၍ စူးစိုက်ထားခဲ့သည်။
ရုတ်တရက်ဆိုသလို ရှေ့က ကျွမ်းကျင်သူအချို့ ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး အာမေဍိတ်သံများ ထွက်ပေါ်လာသဖြင့် ရှီဝေတုံ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
“အို ဘုရားရေ… သူရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဘာဖြစ်နေတာလဲ… ခြေရာခံလို့မရအောင် လှုပ်ရှားနေတယ်”
“ဟုတ်တယ်၊၊ ပြီးတော့ သူရဲ့ စိတ်ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုးကလည်း ထူးဆန်းနေတယ်။ အစပိုင်းမှာ ထောက်လှမ်းမိတာက ၁၅၀၀၀အောက်ပဲ၊၊ ဒါပေမဲ့ မှတ်တမ်းတင်ထားတဲ့ ဒေတာတွေအရ သူက အရုဏ်ဦးမြို့တော်မှာတုန်းက ၁၈၀၀၀အထိ ရောက်ခဲ့တာလေ...”
“ပြီးတော့ သူရဲ့ ခန္ဓာကိုယ်ထဲမှာ အာကာသရေဒီယိုသတ္တိကြွမှုတုံ့ပြန်မှုတွေ ဘာလို့ရှိနေတာလဲ”
“ဘာဖြစ်လို့လဲ” ရှီဝေတုံက ထိုလူအုပ်စုဆီသို့ တိုးကပ်သွားပြီး မေးလိုက်သည်။
“ပြဿနာတစ်ခုခုရှိလို့လား”
“ခန္ဓာကိုယ်ပိုင်းအရတော့ လင်းရှန်က အတော်လေးကျန်းမာပါတယ်၊၊ နှိုင်းယှဉ်လို့မရနိုင်လောက်အောင် ပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိနေတာပါ”
ကျွမ်းကျင်သူတစ်ဦးက ဆွံ့အစွာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ အခြားလက္ခဏာတွေနဲ့ ပတ်သက်ရင်တော့...”
ရှီဝေတုံလည်း ထိုစကားကို ကြားလိုက်ရသည့်အခါ သက်ပြင်းချကာ စိတ်အေးသွားခဲ့သည်။
“ကျန်းမာရင် ပြီးတာပါပဲ။ သူက ဓားကိုင်ဆောင်သူ၊ ယန္တရားစွမ်းအားရှင်တစ်ယောက်ပဲ။ သူရဲ့ ကျန်းမာရေးက စိတ်ချရတယ်ဆိုရင်တော့ စိုးရိမ်စရာမလိုတော့ပါဘူး”
စစ်ဆေးမှုပြီးဆုံးသွားပြီးနောက် မကြာမီမှာပင် လင်းရှန်သည် ရှီဝေတုံ၏ နောက်သို့ လိုက်ပါကာ အစည်းအဝေးခန်းငယ်တစ်ခုအတွင်းသို့ လျှောက်လှမ်းခဲ့ပြီး ကီကီကလည်း အတူလိုက်ပါလာခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ရေမွန်နှင့် ကင်းထောက်စုန့်ဝေတို့ကလည်း ယခုအခါတွင်မူ ၎င်းတို့၏ စွမ်းအားဝတ်စုံများကို ချွတ်ထားခဲ့ကြပြီး အတူတကွပူးပေါင်းပါဝင်ခဲ့ကြသည်။ လင်းရှန် နေရာယူလိုက်သည်နှင့် ရှီဝေတုံက သုံးဖက်မြင်ဟိုလိုဂရမ်ပုံရိပ်တစ်ခုကို အသက်သွင်းလိုက်ရာ လင်းရှန်၏ ရှေ့မှောက်တွင် သွေးနီရောင်များ ဖုံးလွှမ်းနေသည့် ဂြိုဟ်မြေပုံကြီးတစ်ခုပွင့်ထွက်ပေါ်လာခဲ့သည်။
ထိုသုံးဖက်မြင်မြေပုံပေါ်တွင် အာရှ-ပစိဖိတ်တိုက်ကြီး၊ အပြာရောင်သမုဒ္ဒရာတိုက်ကြီး၊ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ ဥရောပ၊ အာတိတ်တိုက်ကြီး၊ အရှေ့တိုက်ကြီး၊ သမ္မတနိုင်ငံတိုက်ကြီးနှင့် ပစိဖိတ်သမုဒ္ဒရာ၊ အနက်ရောင်သမုဒ္ဒရာ၊ မြောက်ဝင်ရိုးစွန်းသမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာဟူသော တိုက်ကြီး၉ခုနှင့် သမုဒ္ဒရာလေးစင်းလုံးမှာ သွေးနီရောင်များဖြင့် လုံးဝဖုံးလွှမ်းနေသည်။ အပြာရောင်ဂြိုဟ်ကြီးမှာ သွေးနီရောင်ဂြိုဟ်ကြီးတစ်ခုအဖြစ်ပြောင်းလဲလုနီးပါးဖြစ်နေပြီး ဝင်ရိုးစွန်းရေခဲပြင်များနှင့် တောင်အမေရိက၏ မုန်တိုင်းကမ်းရိုးတန်း ယူရှူးယာအနီးတစ်ဝိုက်ရှိ သေးငယ်သောဧရိယာတစ်ခုသာ အပြာရောင်အဖြစ် ကျန်ရှိတော့သည်။
လင်းရှန်၏ မျက်ဝန်းများမှာ ချက်ချင်းပင် စူးစိုက်သွားခဲ့သည်။ သူ၏ အမြင်အာရုံအရ ကမ္ဘာကြီးတစ်ခုလုံးမှာ သွေးနီရောင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ဝင်ရိုးစွန်းဒေသတွင် နေ့တာရှည်နေခြင်းကြောင့် ထိုဧရာမပါးစပ်ကြီးက ဝင်ရိုးစွန်းတစ်ခုလုံးကို ဝိုင်းရံထားပြီး လူသားတို့၏ ကမ္ဘာပျက်ကပ်အောက်တွင် နောက်ဆုံးခိုလှုံရာနေရာဖြစ်နေတော့သည်။
“တပ်မှူးယဲ့ ပြောခဲ့သလိုပေါ့...” ရှီဝေတုံ၏ အက်ရှရှအသံက ဤအချိန်တွင် ထွက်ပေါ်လာခဲ့ပြီး လင်းရှန်ကို စူးစိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ပြောကြားလိုက်သည်။
“လူသားမျိုးနွယ်ရဲ့ယဉ်ကျေးမှု ရှင်သန်ခြင်းက... အမှောင်မိုက်ဆုံးအချိန်ကို ရောက်ရှိနေပြီ”