← Chapters

အဆင့်မြင့်ယဥ်ကျေးမှု (၁)

Vol. 70 Ch. 1124

အဆင့်မြင့်ယဥ်ကျေးမှု (၁)

Vol. 70 Ch. 1124

“ကီကီ မင်း ချန်းယင်သင်္ဘောပေါ် တက်သွားခဲ့တဲ့ မှတ်တမ်းကို ငါတွေ့တယ်၊၊ ဒီအတောအတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ”

ကျယ်ဝန်းသော အစည်းအဝေးခန်းမကြီးအတွင်း လင်းရှန်က ကီကီကို မေးလိုက်သည်။

“သူလည်း မင်းထက် ပိုသိတာမရှိပါဘူး”

ညာဘက်ပါးပြင်ပေါ်တွင် ဓားဖြင့်မွှန်းထားသကဲ့သို့ အမာရွတ်များစွာရှိနေသော အသက်၄၀ကျော်အရွယ် လူကြမ်းကြီး ရေမွန်က မီးညှိထားသော ဆေးပေါ့လိပ်ကို ကိုင်ရင်း လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်။

“နှစ်ရက်နဲ့ နှစ်ည ကြာခဲ့တဲ့ တိုက်ပွဲတစ်ခုအပြီး အလောင်းပုံတွေကြားထဲကနေ ငါတို့ သူ့ကို ကယ်လာခဲ့တာလေ။ ဟတ်ကိုကမ်းရိုးတန်းရဲ့ အဝါရောင်သဲပြင်မှာ အလောင်းတွေက နေရာအနှံ့ပဲ။ ဒီကောင်မလေးက ကမ္ဘာ့အဆင့်ကပ်ဘေးဖြစ်တဲ့ မြေငလျင်ငါးခူဆီကနေ ထွက်လာတဲ့ တုန်ခါလှိုင်းကို စိတ်စွမ်းအင်သုံးပြီး ခုခံခဲ့တယ်။ S-Class တစ်ကောင်ကို အပြင်းအထန်ဒဏ်ရာရစေခဲ့ပြီး နောဧရဲ့ ပင်မတပ်ဖွဲ့တွေ ဆုတ်ခွာဖို့ အချိန်အများကြီးဆွဲပေးနိုင်ခဲ့တယ်”

“ငါတို့အားလုံး သူ သေပြီလို့ ထင်ထားကြတာ… ကင်းစခန်း ၃၇၄ မှာ တစ်လနီးပါး သတိမေ့ပြီး လဲနေခဲ့တာပဲ။ မင်း သတိမရခင် ဆယ်ရက်လောက်အလိုမှ သူ နိုးလာတာဖြစ်လိမ့်မယ်” ရှီဝေတုံက ထိုအချိန်တွင် ပြောလိုက်သည်။

“နိုးလာပြီးကတည်းက နင့်ကို ငါတို့အဖွဲ့နဲ့အတူ လိုက်ရှာနေခဲ့တာပဲ” ဆန့်ကျင်ဘက်အစွန်းမှ စုန့်ဝေက ဝင်ပြောသည်။

လင်းရှန် မျက်မှောင်ကြုပ်သွားပြီး ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ပါးစပ်ထဲ စုပ်လုံးငုံထားသော ကီကီ့ကို လှမ်းကြည့်လိုက်သည်။ ကီကီက လင်းရှန်၏ အကြည့်ကို ဆုံမိသောအခါ ပြောင်စပ်စပ်အပြုံးဖြင့် ပြုံးပြရင်း ပြောလိုက်သည်။

“ရပါတယ်နော်”

“တစ်လလောက် သတိမေ့နေခဲ့တာဆိုတော့ ဒဏ်ရာတွေက အဲဒီလောက်တောင် ပြင်းထန်ခဲ့တာလား”

လင်းရှန်က မေးလိုက်သည်။

“လုံးဝ မပြင်းထန်ပါဘူး”

ကီကီက တက်ကြွလှုပ်ရှားသော ပုံစံဖြင့် ပုခုံးတွန့်ပြရင်း ပြောသည်။

“စိတ်စွမ်းအင် အလွန်အကျွံသုံးလိုက်မိလို့ ရက်နည်းနည်း ပိုအိပ်ပျော်သွားရုံတင်ပါ”

“ဒါက စိတ်စွမ်းအင် အလွန်အကျွံသုံးမိတာသက်သက်တင်မဟုတ်ဘူး၊၊ ငါတို့ မင်းကို တွေ့တဲ့အချိန်တုန်းက...”

“ရပြီ… အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့” ကီကီက ရှီဝေတုံ၏ စကားကို ဖြတ်ပြောရင်း စားပွဲကို အားဖြင့် ရိုက်လိုက်သည်။

“အဓိကအကြောင်းအရာဆီ ပြန်သွားရအောင်… အဖိုးကြီးရှီ”

“ဒါနဲ့ ဒါရိုက်တာတင်းက ငါတို့နဲ့အတူရှိမနေဘူးလား”

လင်းရှန် ထိုအချက်ကို သတိရသွားသည်။ တင်းကျန်းရီ ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူက အစကထင်ထားခဲ့သော်လည်း သူမ၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် အလောတကြီးမေးမိခြင်းဖြစ်သည်။

“ကျွန်မ နိုးလာပြီး တစ်ပတ်လောက်အကြာမှာပဲ ဒါရိုက်တာတင်းက နောဧရဲ့ ပြောင်းရွှေ့ရေးအဖွဲ့နဲ့အတူ ဖီးနစ်မြို့ကို သွားခဲ့တယ်။ ရှင် ဘာလို့သတိမရလာနိုင်တာလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်မတို့ ရှာမတွေ့တာကြောင့် အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်တာပဲ။ ကျွန်မက ဒီမှာ ရှင်ရှိနိုင်မယ့်နေရာကို လိုက်ရှာပြီး သူကတော့ ညလမ်းလျှောက်သူဌာနချုပ်ဆီ ဆက်သွားတယ်...”

ကီကီက သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောသည်။

“ကျွန်မတို့ ရှင့်ကို ရှာတွေ့ရင် အဲဒီနေရာကို ပို့ပေးဖို့ စီစဉ်ထားတာပါ”

“ဝင်ရိုးစွန်း ခွန်လွန်းမြို့လား”

“ဟုတ်တယ်”

“ဒါဆို ယာဉ်တန်းနဲ့ ဆရာမချန်တို့ရော ဘယ်လိုဖြစ်သွားလဲ” လင်းရှန်က အလောတကြီး မေးလိုက်သည်။

သူ စကားပြောပြီးသည်နှင့် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကီကီ၏ မျက်နှာအုံ့မှိုင်းသွားပြီး စားပွဲပေါ်သို့ အောက်စိုက်ကာ ဘာမှမပြောတော့ပေ။

ထိုအခြေအနေကို မြင်သောအခါ လင်းရှန်၏ ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး လေသံမာမာဖြင့် မေးလိုက်သည်။

“ရထားအဖွဲ့တွေဆီက ဘာသတင်းမှ လုံးဝမရတော့ဘူးလား”

ရှီဝေတုံက ထိုအချိန်တွင် ဝင်ပြောသည်။

“ဒီဇင်ဘာ ၉ ရက်ကနေ အခုအထိ တိုက်ကြီးနှစ်ခုကိုဖြတ်ထားတဲ့ တောင်မြောက်ရထားလမ်းပေါ်မှာ ရထားတစ်စင်းမှ ပေါ်မလာတော့ဘူး”

“ဒါဆို အာရုဏ်ဦးဗဟိုစင်တာကရော”

ရှီဝေတုံသည် အစည်းအဝေးခန်းမရှိ ဟိုလိုဂရမ်သဲပုံစံတူအနီးတွင် ရပ်နေပြီး လေထဲတွင်ပေါ်နေသော ကမ္ဘာ့ပုံရိပ်ပေါ်ရှိ မြောက်အမေရိကတိုက်နေရာကို လေဆာတံဖြင့် ထောက်ပြလိုက်သည်။ အေးစက်သော အလင်းတန်းက သူ၏ အရေးအကြောင်းများထူထပ်နေသော မျက်နှာပေါ်တွင် အလင်းပြန်နေပြီး သူ၏ လေသံက တိုးညှင်းသော်လည်း ပင်ပန်းနွမ်းနယ်မှုနှင့် အေးစက်မှုများ ပြည့်နှက်နေကာ စကားလုံးတိုင်းက လေးလံသောလေထုကို ရိုက်ခတ်နေသည်။

“ဓားကိုင်ဆောင်သူ...”

သူက စကားစလိုက်ပြီး ကမ္ဘာမြေ၏ နေရာအတော်များများကို ဝါးမျိုထားသည့် ရဲရဲနီနေသောနေရာကို စိုက်ကြည့်နေဆဲဖြစ်သည်။

“မင်း အိပ်မောကျသွားကတည်းက ကမ္ဘာကြီးက ပျက်စီးခြင်းဆီကို ပိုပြီး မြန်မြန်ဆန်ဆန်ဦးတည်သွားခဲ့တယ်”

“နိုဝင်ဘာ ၁၂ ရက်မှာ နောဧရဲ့ ပင်လယ်ဝေးစောင့်ကြည့်ရေးအဖွဲ့က ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းနဲ့ ပင်လယ်နက်ထဲက စစ်တမ်းကောက်ယူထားတဲ့ တွင်းနက် ၁၃ ခုဆီကနေ သွေးနီရောင်နယ်မြေချဲ့ထွင်မှုတွေ တစ်ပြိုင်နက်တည်းပေါက်ကွဲထွက်လာခဲ့တာကို အတည်ပြုခဲ့တယ်၊၊ ဒါက ခန့်မှန်းတွက်ချက်ထားတဲ့ ပုံစံတွေအားလုံးထက် ကျော်လွန်နေခဲ့တယ်”

လေဆာတံက ပစိဖိတ်သမုဒ္ဒရာ ဧရိယာဆီသို့ ညွှန်ပြလိုက်သည်။

“၁၂ နာရီမပြည့်ခင်မှာပဲ ဒီသမုဒ္ဒရာနှစ်ခုရဲ့ ဗဟိုချက်မဒေသတွေဟာ သွေးနီရောင်နယ်မြေရဲ့ ဝါးမျိုမှုကို လုံးဝခံလိုက်ရတယ်”

သူက လက်ကောက်ဝတ်ကို လှည့်လိုက်ရာ လေဆာတံက အလက်စကားဆီသို့ ရွှေ့သွားသည်။

“နိုဝင်ဘာ ၂၄ ရက်မှာ အာရုဏ်ဦးဗဟိုစင်တာကွပ်ကဲမှုအဖွဲ့ဟာ အလက်စကားရဲ့ ရေခဲပြင်ပေါ်မှာ ဆုတ်ခွာလာတဲ့ မြောက်အမေရိကပေါင်းစည်းတပ်ဦးရဲ့ အကြွင်းအကျန်တွေနဲ့ တွေ့ဆုံခဲ့ကြတယ်။ မူလအစီအစဉ်က မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်ကို ၂၅ ရက်အတွင်း ဖြတ်ကျော်ပြီး မုန်တိုင်းရေလက်ကြားမှာ စုရုံးပြင်ဆင်မှုတွေလုပ်ပြီး သွေးနီရောင်နယ်မြေရဲ့ ဝါးမျိုမခံရခင် ဝင်ရိုးစွန်းဒေသကို ဖြတ်ကျော်ဖို့ ဖြစ်တယ်”

ဟိုလိုဂရမ်ပုံရိပ်ပေါ်တွင် အလက်စကားမှ တောင်ဘက်သို့ ကွေ့ကောက်ဆင်းသွားပြီး မြောက်အမေရိကတိုက်ကို ဖြတ်ကာ တောင်အမေရိကတိုက်၏ တောင်ဘက်စွန်းဆီသို့ ဦးတည်နေသော အစိမ်းရောင်လိုင်းတစ်ခုပေါ်လာသည်။

ရှီဝေတုံ၏ လေဆာတံက အာရှ-ပစိဖိတ်တိုက် ဧရိယာတွင် ရုတ်တရက် ရပ်တန့်သွားသည်။

“နိုဝင်ဘာ ၂၅ ရက်မှာ ဘာသတိပေးချက်မှ မရှိဘဲ အာရှ-ပစိဖိတ်ဒေသက အမှတ် ၃၊ ၅၊ ၇နဲ့ ၈ တွင်းနက်တွေဟာ ရုတ်တရက် မူမမှန်ဘဲ ချဲ့ထွင်လာခဲ့ကြတယ်၊၊ သွေးနီရောင်နယ်မြေက မြေပုံပေါ်မှာ ကူးစက်ရောဂါလို ပြန့်နှက်သွားခဲ့တာပဲ။ တပ်မှူးယဲ့က အာရုဏ်ဦးမြို့တော်မှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေက တိတ်ဆိတ်မြို့တော်က အသက်ရှင်ကျန်ရစ်သူတွေနဲ့ ပူးပေါင်းပြီး ချက်ချင်းပြောင်းရွှေ့ဖို့ အရေးပေါ်အမိန့်ထုတ်ခဲ့တယ်။ အာရုဏ်ဦးဗဟိုစင်တာရဲ့ ၂၅ ရက်စာ ဘေးကင်းလုံခြုံတဲ့ ချီတက်ပွဲအစီအစဉ်ဟာ အသက်လုပြေးရတဲ့ သေမင်းတမန်ချီတက်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ရတယ်။ ဒါပေမဲ့ ပန်းတိုင်ကတော့ မပြောင်းလဲဘူး၊၊ မုန်တိုင်းရေလက်ကြားပဲ”

သူ့လေသံက ရုတ်တရက် မြင့်တက်သွားပြီး မသိမသာတုန်ရင်နေကာ မြောက်အမေရိကတိုက်အလယ်ပိုင်းဆီသို့ ကြည့်လိုက်သည်။ ကော်လိုရာဒိုလျှိုမြောင်ကြီး တည်နေရာရှိပုံရိပ်သည် ချက်ချင်း သွေးကဲ့သို့ ရဲရဲနီသွားသည်။

“ဒီဇင်ဘာ ၉ ရက်၊ မြောက်အမေရိကရဲ့ ၁၂ ခုမြောက်နဲ့ ၉ ခုမြောက် တွင်းနက်တွေရဲ့ ပြန့်နှံ့နှုန်းက အမှောင်ထုထဲမှာ ရုတ်တရက်မြင့်တက်လာခဲ့တယ်။ လျှိုမြောင်ကြီးဒေသမှာရှိတဲ့ အာရုဏ်ဦးဗဟိုစင်တာရဲ့ ပင်မတပ်ဖွဲ့ဟာ... နံပါတ် ၀၅ လို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့အဆင့်ကပ်ဘေးဖြစ်တဲ့ ကစဥ့်ကလျားမွန်းစတားနဲ့ ထိပ်တိုက်တိုးခဲ့တယ်”

ရှီဝေတုံ၏ လေသံက တိမ်ဝင်သွားပြီး လည်ချောင်းထဲက စကားလုံးများ ဆို့နစ်သွားသည်။

“လူဦးရေတစ်သန်းကျော်... တစ်ညထဲနဲ့ ပျောက်ကွယ်သွားခဲ့ရတယ်”

သူက သွေးညှီနံ့များ နှာခေါင်းထဲတွင် စွဲကပ်နေဆဲဖြစ်သည့်အလား အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။

“ပြီးတော့ ကော်လိုရာဒို အရှေ့ဘက်လျှိုမြောင် ရထားလမ်းပေါ်မှာရှိတဲ့ မြေပြင်ပတ်လမ်းက ရထားအဖွဲ့ ၂၁၉ ဖွဲ့လုံး... အဆက်အသွယ်အကုန်ပြတ်တောက်သွားခဲ့တယ်”

သူက စိတ်ကို ပြန်ထိန်းပြီး လင်းရှန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အသက်ရှင်ကျန်ရစ်သူ ရထားအဖွဲ့တွေအပြင် တိုက်ကြီးချိတ်ဆက်တပ်ဖွဲ့ (၉) အောက်က သံမဏိအစောင့်တပ်ရင်း ၁၃ နဲ့ ၂၂ ၊ ပြီးတော့ တိုက်ကြီးချိတ်ဆက်တပ်ဖွဲ့ရဲ့ အထူးရွေးချယ်ထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့ ခြောက်ဖွဲ့လည်း ပါသွားခဲ့တယ်။ ဝေဟင်ကနေ ကူညီပေးရမယ့် လေကြောင်းတပ်ဖွဲ့ သုံးဖွဲ့လည်း ပါသွားတယ်။ ဒါတင်မကသေးဘူး... အဲဒီရထားတွေပေါ်မှာ ငါတို့ရဲ့ ကျန်ရှိနေတဲ့ စစ်ရေးအထောက်အပံ့ပစ္စည်းတွေနဲ့ လူအများကြီးကို အသက်ဆက်ပေးနိုင်မယ့် အသက်ရှင်သန်ရေးပစ္စည်းအများအပြားကို တင်ဆောင်ထားတာ... အားလုံးဆုံးရှုံးသွားခဲ့ရပြီ”

လင်းရှန် မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်မိပြီ၊ မျက်လုံးထောင့်မှတစ်ဆင့် ကုလားထိုင်ပေါ်တွင် လက်ပိုက်ကာ ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာ စိတ်ပျက်အားလျော့နေသော ကီကီ့ကို လှမ်းမြင်လိုက်ရသည်။

“နောက်ပြီး နောဧဘက်က အခြေအနေလည်းရှိသေးတယ်၊၊ မုန်တိုင်းပင်လယ်ကို ဖြတ်ကျော်ပြီး ဝင်ရိုးစွန်းဒေသကို ဆင်းသက်မယ့် မူလအစီအစဉ်က ၁၃ ခုမြောက် တွင်းနက်ရဲ့ ရူးသွပ်လောက်တဲ့ ဝါးမျိုမှုကြောင့် လုံးဝပျက်စီးသွားခဲ့ရတယ်လေ။ သူတို့က ပနားမားကတစ်ဆင့် လမ်းကြောင်းလွှဲသွားခဲ့ရတယ်၊၊ နောက်ပိုင်း ဟတ်ကိုကမ်းခြေမှာ အရေးပေါ်ဆင်းသက်ပြီး လူအင်အားအားလုံးကို ကုန်းလမ်းအတိုင်း အပြည့်အဝပြောင်းရွှေ့ခဲ့ရတယ်။ တပ်မှူးယဲ့က နောဧရဲ့ ပင်မဖွဲ့စည်းပုံကြီးကို ရထားဆန်ဆန်သင်္ဘောအလွတ်အဖြစ်ပြောင်းလဲပြီး လူသားစားသွေးနီရောင်ဒီရေကို ဖြတ်သန်းစေပြီးမှ သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ မုန်တိုင်းပင်လယ်ထဲသို့ မောင်းနှင်ဖို့ စီစဥ်ခဲ့တယ်”

“ဒါပေမယ့် ဒီဇင်ဘာ ၁၁ ရက်တွင် ဟတ်ကိုဆင်းသက်ရေးကွင်းက တည်ငြိမ်မှုမရှိသေးခင် အမှတ် ၁၃ တွင်းနက်က ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့်ကပ်ဘေး မြေငလျင်ငါးခူက ကမ်းလွန်ရေပြင်မှ ရုတ်တရက် ထွက်ပေါ်လာပြီး နောဧကို ကမ်းခြေမှာ တိုက်ရိုက်သောင်တင်စေခဲ့ပြီး သွေးနီရောင်ဒီရေကို လှုံ့ဆော်ခဲ့တယ်။ အဲ့ဒီတိုက်ပွဲက...”

ရှီဝေတုံက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“အလောင်းတောင်၊ သွေးပင်လယ်လို့ တင်စားရင်ေတာင် မလွန်လောက်ဘူး၊၊ ညလမ်းလျှောက်သူ ယူနစ် ၁ နှင့် ၂ မှ သလင်းကျောက်ပြောင်းလဲခြင်း စွမ်းအားရှင်တွေအများကြီး လုံးဝချေမှုန်းခံရလုနီးပါးပဲ၊၊ မြောက်ဘက်က ရောက်လာတဲ့ အာရုဏ်ဦးဗဟိုစင်တာရဲ့ ပင်မတပ်ဖွဲ့နဲ့ တောင်ဘက်က ဖီးနစ်မြို့… ပြီးတော့ ဥရောပမုန်တိုင်းမဟာမိတ်အဖွဲ့တွေရဲ့ အကူညီကြောင့် လမ်းကြောင်းတစ်ခုဖွင့်လှစ်နိုင်ခဲ့ပြီး ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောနဲ့ နောဧက အသက်ရှင်ကျန်ရစ်သူအများစုကို လွှဲပြောင်းနိုင်ခဲ့တာပဲ၊၊ အာ့လိုသာမဟုတ်ရင် အဲ့နေရာမှာပဲ လူသားယဉ်ကျေးမှု၏ ထက်ဝက်ကျော်ကို ဆုံးရှုံးလိုက်ရလောက်ပြီ”

သူသည် မောပန်းနွမ်းနယ်မှုနှင့် ထုံထိုင်းလေးလံမှုများ ပြည့်နှက်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။

“အာရုဏ်ဦးဗဟိုစင်တာရဲ့ ပင်မတပ်ဖွဲ့က ကော်လိုရာဒိုလျှိုမြောင်ကြီးမှာ ကစဥ့်ကလျားမွန်းစတားနဲ့ ထိပ်တိုက်တိုးခဲ့တာကြောင့် သူတို့လည်း အားကုန်လုနီးပါးဖြစ်နေခဲ့တယ်။ သူတို့က ပျက်စီးနေတဲ့ လျှိုမြောင်ထဲမှာ ကယ်ဆယ်ရေးရထားယာဉ်တန်းကို ရှာဖွေရင်း တိုက်ပွဲကြီးအချို့ကို ဆင်နွှဲခဲ့ရသေးတယ်”

“ပြီးတော့ ဘာဖြစ်သွားလဲ” လင်းရှန်က မေးလိုက်သည်။

“မအောင်မြင်ခဲ့ဘူး”

ဆန့်ကျင်ဘက်မှ ရေမွန်က ဆေးလိပ်ငွေ့များကို အားရပါးရမှုတ်ထုတ်လိုက်ပြီး ခေါင်းခါကာ ပြောသည်။

“ကော်လိုရာဒိုလျှိုမြောင်ထဲက အဓိကတံတားကြီးကျိုးသွားတာကြောင့် အဲဒီထဲမှာ သံမဏိအစောင့်တပ်ရင်းနှစ်ခုစာလောက် ပေးဆပ်လိုက်ရတယ်။ အို… ကျိုးသွားတယ်လို့တောင် ပြောလို့မရဘူး၊၊ အဲဒီကျိန်စာသင့်တဲ့နေရာက လျှိုမြောင်ကြီးတစ်ခုလုံးကိုပါ တစ်စစီပျက်စီးစေခဲ့တာလို့ ငါကြားတယ်။ ပတ်လမ်းအဖွဲ့က လုံးဝမလွတ်မြောက်နိုင်ခဲ့ကြဘူး။ မြေပြင်သုံးယာဉ်ရှိတဲ့သူတွေ ဒါမှမဟုတ် ယာဉ်တွေကို စွန့်ခွာပြီး ထွက်ပြေးတဲ့သူတွေတောင် သွေးနီရောင်နယ်မြေရဲ့ ဝါးမျိုမှုကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး၊၊ အဲဒီနေရာက အခုတော့ တစ္ဆေသရဲတွေ ပြည့်နှက်နေတဲ့ ငရဲခန်းတစ်ခုလိုဖြစ်နေပြီ။ ရထားက ပျံသန်းနိုင်ရင် ပျံသန်းနိုင်၊ မဟုတ်ရင်တော့...”

သူသည် စကားကို တစ်ဝက်နှင့်ရပ်လိုက်ပြီး လင်းရှန်နှင့် ကီကီကို တစ်ချက်လှမ်းကြည့်ကာ စကားလုံးများကို ပြန်မျိုချလိုက်သည်။ လင်းရှန်၏ ယာဉ်တန်းသည် ထိုရထားယာဉ်တန်းဖြစ်သည်ကို သူသိသောကြောင့် ဆက်မပြောတော့ခြင်းဖြစ်သည်။

All Chapters