← Chapters

အဆင့်မြင့်ယဥ်ကျေးမှု (၂)

Vol. 70 Ch. 1125

အဆင့်မြင့်ယဥ်ကျေးမှု (၂)

Vol. 70 Ch. 1125

ရှီဝေတုံက ခေါင်းမော့ကာ နီမြန်းနေသော မျက်လုံးများဖြင့် လင်းရှန်ကို စိုက်ကြည့်လိုက်သော်လည်း ၎င်း၏ မျက်လုံးများထဲတွင် မလျော့သောဇွဲလုံ့လများရှိနေဆဲဖြစ်သည်။

“လက်ရှိမှာ စတားဖလိ့ရဲ့ ၂၊ ၄၊ ၇ တိုက်ကြီးတပ်ဖွဲ့များ၏ ပင်မအင်အားစုအားလုံးက မုန်တိုင်းရေလက်ကြားကို မဖြတ်ကျော်ဘဲ ယူရှူးယာအနီးမှာ တပ်စွဲထားကြတယ်”

“ဘာလို့လဲ” လင်းရှန်က မေးလိုက်သည်။

“ငါတို့ လက်မလျှော့ချင်လို့ပေါ့”

ရှီဝေတုံက ပုခုံးတွန့်ပြရင်း လင်းရှန်ကို ကြည့်ကာ ပြောသည်။

“ဒီသွေးနီရောင်ကင်းစခန်းတွေအပါအဝင် အကုန်လုံးက သွေးနီရောင်နယ်မြေထဲကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ယာဉ်တန်းတွေကို ကူညီဖို့အတွက်ပဲ။ ဒါက ငါတို့ရဲ့ တာဝန်ပဲ၊၊ ဖြစ်နိုင်သမျှနည်းလမ်းကို သုံးပြီး ဒီကပ်ဘေးကြီးထဲကနေ အံ့ဩစရာကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ကိုယ်တော်ယာဉ်တန်းတွေကို ရှာဖွေကူညီပြီး သူတို့ကိုလမ်းပြခေါ်ဆောင်သွားဖို့ပဲ...”

အစည်းအဝေးခန်းမတစ်ခုလုံး အရင်အတိုင်း တိတ်ဆိတ်နေဆဲဖြစ်သည်။

လင်းရှန်သည် မျက်မှောင်ကို အပြင်းအထန်ကြုတ်လိုက်မိသည်။ အကျပ်အတည်းက သူထင်ထားသည်ထက် ပိုမိုဆိုးရွားနေပြီး ဤအခိုက်အတန့်တွင် သူ အတော်လေးရှုပ်ထွေးသွားကာ တိတ်ဆိတ်မှုကို ဖြတ်၍ မေးလိုက်သည်။

“ဖီးနစ်ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဘာလို့ သွေးနီရောင်နယ်မြေတွေ ပေါ်လာရတာလဲ၊၊ ပြီးတော့ ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ပြင်းပြင်းထန်ထန်ပေါက်ကွဲထွက်လာရတာလဲ”

“အမှောင်ဂိုဏ်းတွေကြောင့်ပဲ”

လင်းရှန် စကားပြောပြီးသည်နှင့် တုံ့ပြန်သံတစ်ခုက ချက်ချင်းထွက်ပေါ်လာသည်။ လင်းရှန်သည် အသံလာရာဆီသို့ ကြည့်လိုက်ရာ စုန့်ဝေပြောလိုက်ခြင်းဖြစ်ကြောင်း တွေ့ရသဖြင့် သူချက်ချင်းပင် နားမလည်နိုင်ဖြစ်သွားရသည်။

“လူသားတွေကြောင့်လား”

“မင်း သတိမထားမိဘူးလား”

ရှီဝေတုံက လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်။

“တွင်းနက်ရဲ့ အရင်တုန်းက တည်ငြိမ်ပေမဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဝါးမျိုချဲ့ထွင်မှုဟာ သွေးနီရောင်နယ်မြေပေါ်လာပြီးတဲ့နောက်မှာတော့ ရှင်းလင်းတဲ့ မဟာဗျူဟာမြောက် အသိစိတ်တစ်ခုရှိလာပုံရတယ်။ ပစိဖိတ်သမုဒ္ဒရာထဲက အမှတ် ၁၃ တွင်းနက် ပေါက်ကွဲမှုနဲ့ မြောက်အမေရိကက အမှတ် ၉ တွင်းနက်တွေရဲ့ ပေါက်ကွဲမှုအားလုံးဟာ ငါတို့ရဲ့ ပင်မအဖွဲ့အစည်းတွေ ရွှေ့ပြောင်းတဲ့အချိန်၊ နေရာတွေအတိုင်းပဲ တိကျလွန်းနေတယ်”

“ဒါတင်မကသေးဘူး နောဧရေတပ်နဲ့ ပတ်လမ်းအဖွဲ့ဟာ တစ်ဖွဲ့က ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ နောက်တစ်ဖွဲ့က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဖြစ်ပြီး ငါတို့ရဲ့ အရင်းအမြစ်စုဆောင်းမှုအတွက် နှစ်ဖွဲ့လုံးက အရေးပါနေတယ်” ရေမွန်က ဆေးလိပ်ပြာကို ခါချရင်း ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“ဒါက ဖောင်ဒေးရှင်းနဲ့ မြင့်မြတ်မြို့တော်က ငါတို့လူသားအုပ်စုကို ပစ်မှတ်ထားပြီး ဖြိုခွဲဖို့ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပဲ”

စုန့်ဝေကလည်း ဝင်ပြောလာသည်။

“ဖောင်ဒေးရှင်းက အဆင့်မြင့်ယဉ်ကျေးမှုနဲ့ သတင်းအချက်အလက်ဖလှယ်နိုင်တဲ့ နည်းလမ်းတစ်ခုကို တည်ဆောက်ထားပြီးပြီလို့ ငါတို့ ယုံကြည်တယ်။ ဒါကြောင့်မို့လည်း သွေးနီရောင်နယ်မြေတွေ ပေါက်ကွဲထွက်လာပြီး ကမ္ဘာပျက်ကပ်အဆင့်ဖြစ်စဉ်တွေက ငါတို့လူသားတွေအတွက် ပိုပြီးသေစေနိုင်လောက်တဲ့အထိ ဖြစ်လာတာပေါ့၊၊ ငါတို့ဆီက ရိက္ခာပစ္စည်းတွေနဲ့ ရှင်သန်ခြင်းနယ်မြေတွေကို လုယူပြီး ငါတို့အပေါ်ကပ်ဘေးသင့်စေမယ့် ထိုးနှက်ချက်တစ်ခုကို ဖန်တီးနေတာပဲ”

“နေဦး...” လင်းရှန်သည် မျက်မှောင်ကုပ်ကာ သူမကို ကြည့်လိုက်သည်။

“အဆင့်မြင့်ယဉ်ကျေးမှုလား”

“ဖီးနစ်ထဲက တစ်ယောက်ယောက်က အဲဒီယဉ်ကျေးမှုအကြိုမြင်ကွင်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့တယ်”

ကီကီက ဤအခိုက်အတန့်တွင် လင်းရှန်ကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက ဝင်းလက်သွားသည်။

“ရှင် သိပါတယ်… ချူယန်လေ”

“မှန်တယ်”

ရှီဝေတုံက အလွန်တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြသည်။

“ငါတို့ရဲ့ ရန်သူတွေက အခုတော့ ရှင်းလင်းသွားပြီ၊၊ အဆင့်မြင့်ယဉ်ကျေးမှုတင်မဟုတ်ဘူး၊၊ ငါတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို ကောင်းကောင်းသိကျွမ်းနေတဲ့ ဒီအမှောင်ဂိုဏ်းတွေလည်း ပါဝင်နေတယ်...”

ရှီဝေတုံ၏ လေသံထဲတွင် ဘာမှမတတ်နိုင်ခြင်းမှ ဖြစ်ပေါ်လာသော နက်ရှိုင်းလှသည့် နာကျည်းမှုကို လင်းရှန် ကြားသိနိုင်သည်။ မိမိတို့လူမျိုးအချင်းချင်းကသာ မိမိတို့ကိုယ်ကို မည်သို့တိတိကျကျနာကျင်အောင် လုပ်ရမည်ကို အသိဆုံးဖြစ်ပေသည်။

“ဒါပေမဲ့ မင်းကို ရှာတွေ့တာနဲ့ မင်းအသက်ရှင်နေသေးတယ်ဆိုတဲ့ အချက်က ကင်းစခန်း ၃၇၄ ဟာ သူ့ရဲ့ တာဝန်ကို မပျက်ကွက်ခဲ့ဘူးဆိုတာကို သက်သေပြနေတာပဲ” ရှီဝေတုံက လင်းရှန်ကို ကြည့်ပြီး သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်သည်။

“နောက်ပိုင်း ငါတို့ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ… မင်းကို ဝင်ရိုးစွန်းဒေသဆီ ပို့ပေးမယ်၊၊ အဲဒီမှာ တပ်မှူးယဲ့က မင်းကို စောင့်နေလိမ့်မယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ပွဲတွေနဲ့ အကြီးအကျယ်ရွှေ့ပြောင်းမှုတွေကြောင့် အသက်ရှင်ကျန်ရစ်သူအများအပြားက မျှော်လင့်ချက်မဲ့ပြီး စိတ်ဓာတ်ကျနေကြပြီ။ မင်း ပေါ်လာတာက ခွန်လွန်းအတွက် တန်ဖိုးရှိတဲ့ ယုံကြည်ချက်နဲ့ ရဲရင့်မှုကို သေချာပေါက်ဆောင်ကြဉ်းပေးလိမ့်မယ်”

လင်းရှန်၏ မျက်နှာအုံ့မှိုင်းသွားသည်။

“ဟူး… ခဗျားတို့က ကျုပ်ရဲ့ အရေးပါမှုကို အမွှန်းတင်လွန်းနေပါပြီ။ စွန့်လွှတ်အနစ်နာခံသွားခဲ့တဲ့ ညလမ်းလျှောက်သူတွေနဲ့ စစ်သားတွေနဲ့ ယှဉ်ရင် ကျုပ်က အသက်ရှင်ကျန်ရစ်သူတွေထဲက သာမန်စွမ်းအားရှင်တစ်ယောက်သာသာပါပဲ”

“သာမန်လား”

ရှီဝေတုံ၏ အကြည့်က လင်းရှန်ထံသို့ စူးစိုက်လာသည်။

“ဓားကိုင်ဆောင်သူ… မင်း အဲဒီလို တွေးနေရင်တော့ မှားသွားလိမ့်မယ်။ အခု ဝင်ရိုးစွန်းဒေသမှာရှိတဲ့ သန်းနဲ့ချီတဲ့ အသက်ရှင်ကျန်ရစ်သူတွေက မင်းရဲ့ အတိတ်က အောင်မြင်မှုတွေကို ယဉ်ကျေးမှုရဲ့ အလင်းရောင်အဖြစ် သတ်မှတ်ထားကြတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ထားတာဖြစ်ပေမဲ့ ငါတို့ဟာ ဖယောင်းတိုင်မီးတောက်လို မျှော်လင့်ချက်တွေ ဆောင်ကြဉ်းပေးနိုင်မယ့် စံပြပုဂ္ဂိုလ်တစ်ယောက်ကို တကယ်ပဲ လိုအပ်နေတာပါ”

“ဒါဆို ဖီးနစ်က ကျုပ်ကို ကယ်တင်ရှင်တစ်ယောက်ဖြစ်အောင် ပုံဖော်ထားတာပေါ့” လင်းရှန်သည် မေးလိုက်သည်။

“ပုံဖော်ဖို့ မလိုပါဘူး” ရှီဝေတုံက စားပွဲပေါ် လက်ခေါက်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် လင်းရှန်ကို ကြည့်ရင်း ပြောသည်။

“လူတွေဟာ အလွန်အမင်းမျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ သူရဲကောင်းတွေရဲ့ စွမ်းအားကို ယုံကြည်တတ်ကြတယ်။ နဂါးနိုင်ငံမှာ ငါတို့က ကောင်းကင်ဘုံက နတ်ဘုရားတွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘဲ သူရဲကောင်းတွေကိုပဲ ယုံကြည်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ရေကြီးရေလျှံမှုတွေကို အခက်အခဲကြီးစွာနဲ့ ဖြေရှင်းခဲ့တာက ငါတို့ရဲ့ ဘိုးဘေးတွေဖြစ်ပြီး၊ မိုးခေါင်ရေရှားမှုနဲ့ ငတ်မွတ်ခေါင်ပါးမှုတွေအတွင်း ကောက်ပဲသီးနှံတွေကို ပင်ပင်ပန်းပန်း စိုက်ပျိုးခဲ့တာကလည်း နတ်ဘုရားတွေရဲ့ ကရုဏာကြောင့်မဟုတ်ဘဲ ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲလေ။ ဒီလိုအခြေအနေမျိုးမှာ စိတ်ဓာတ်ကျဆင်းနေတဲ့ စိတ်ဝိဉာဉ်ကို ပြန်လည်နှိုးဆွဖို့အတွက် လူအနည်းငယ်က ထရပ်ပြီး စည်းရုံးပေးစေချင်ကြတာ သဘာဝပဲ။ မင်းကလည်း အဲဒီလူတွေထဲက တစ်ယောက်ပဲ”

လင်းရှန်သည် ခဏမျှ ဆွံ့အသွားသည်။ သူ၏ ဦးနှောက်ထဲတွင် အချက်အလက်များက ရုတ်တရက်ပေါက်ကွဲထွက်လာသည်။ ချူယန်၏ သတင်းကို ကြားလိုက်ရသဖြင့် သူသည် ချက်ချင်းပင် မေးလိုက်သည်။

“ကျုပ်တို့ အခု ဖီးနစ်ဌာနချုပ်နဲ့ ဆက်သွယ်လို့ရမလား”

“ရတယ်… စာပို့သမားကတစ်ဆင့် ဆက်သွယ်လို့ရတယ်” ရှီဝေတုံသည် ပြောလိုက်သည်။

“စာပို့သမားလား၊ ဒါဆိုရင်တော့ ထားလိုက်တော့”

လင်းရှန်သည် ခေါင်းကိုက်သွားသဖြင့် ဟွာရှောင်လင်း ပေးခဲ့သော ယဉ်ကျေးမှုအကြိုစက်လုံးကို ထုတ်ယူကာ ဖွင့်လိုက်ရာ အလင်းမျက်နှာပြင်တစ်ခု ချက်ချင်းပေါ်လာသည်။

[ယဉ်ကျေးမှုပုံတူပွားခြင်းအစီအစဉ် နံပါတ် ၃၉၀၈၁။ အကြိုမြင်ကွင်းကို စတင်လိုပါသလား]

“နံပါတ် ၃၉၀၈၁၊ ချူယန်လည်း ဒီဂိမ်းကို ပုံတူစမ်းသပ်ခဲ့တာလား”

“မှန်တယ်၊ အဲဒါ ၃၉၀၈၁ ပဲ”

ကီကီက လင်းရှန်ကို ကြည့်ကာ မျက်မှောင်ကုပ်ရင်း ပြောသည်။

“ရှင် အခု ဒီဂိမ်းကို ဆော့ချင်လို့လား။ ဒါက အရမ်းအန္တရာယ်များတယ်လို့ ကျွန်မကြားဖူးတယ်”

“စမ်းသပ်မှုက ဘယ်လောက်တောင် အန္တရာယ်များလို့လဲ”

အခြားသူများက ဘာမှမပြောကြဘဲ တိတ်ဆိတ်နေစဉ် ကီကီသည် လင်းရှန်ကို အသံတိတ်စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူမက သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ချူယန်က အဆင့်မြင့်ယဉ်ကျေးမှုကို စတင်ဖွင့်လှစ်ပြီးတဲ့ နောက်တစ်ရက်မှာတင်ပဲ ပျောက်ဆုံးသွားခဲ့တယ်”

“ဘာ” လင်းရှန် ထိတ်လန့်သွားသည်။

“သူက အာရုဏ်ဦးဗဟိုစင်တာဆီ ပြန်မသွားဘူးလား”

ကီကီသည် ပုခုံးတွန့်ပြသည်။

“ကျွန်မလည်း မသိဘူး၊၊ လူတွေ ပြောတာတော့ ချူယန်က...”

“သစ္စာဖောက်သွားတာပဲ”

“မဖြစ်နိုင်တာ”

လင်းရှန်၏ အကြည့်က လက်ထဲရှိ ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးဆီသို့ ပိုမိုနက်ရှိုင်းစွာ စိုက်ကျသွားသည်။ ဤအခိုက်အတန့်တွင် ရေမွန်အပါအဝင် အခြားသူများ၏ မျက်နှာအမူအရာများမှာလည်း တည်ကြည်လေးနက်နေကြသည်။ ရှီဝေတုံက ပြောလိုက်သည်။

“အခု ခွန်းလွန်းက ဖီးနစ်သုတေသနအဖွဲ့တွေအားလုံး ဒီယဉ်ကျေးမှုအကြိုမြင်ကွင်းကို စမ်းသပ်ပြီးကြပြီ။ လက်ရှိမှာတော့ ဒီယဉ်ကျေးမှုမြင်ကွင်းက လူတွေကို ယဉ်ကျေးမှုလေ့လာစောင့်ကြည့်သူတစ်ယောက်ရဲ့ ရှုထောင့်ကနေ နစ်မြောသွားစေပြီး အဆင့်မြင့်ယဉ်ကျေးမှုရဲ့ အကြိမ်ပေါင်း ၃၉,၀၈၁ ကြိမ်မြောက် ပြောင်းလဲမှုအပြီး ကမ္ဘာကြီးကို အတွေ့အကြုံရစေတာဖြစ်ပုံရတယ်။ ဒါကို အသိစိတ်စစ်ပွဲတစ်ခုလို့ မင်းနားလည်နိုင်တယ်။ ငါတို့ရဲ့ အပြာရောင်ဂြိုလ် လူသားယဉ်ကျေးမှုနဲ့ ယှဉ်ရင် သူတို့က ဒိုင်မေးရှင်းမြင့်သက်ရှိတွေတင်မကဘဲ... နားလည်ရခက်တဲ့အရာတွေလည်း ဖြစ်တယ်”

“ဒါကြောင့်မို့ ဒီယဉ်ကျေးမှုအကြိုမြင်ကွင်းတွေရဲ့ အကြောင်းအရာဟာ လက်နက်တစ်ခုမဟုတ်ပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက်တော့ အသိစိတ်နဲ့ ကမ္ဘာ့အမြင်ရှုထောင့်ကနေ ဒိုင်မေးရှင်းအဆင့်လျှော့ချပစ်တဲ့ ထိုးနှက်ချက်တစ်ခုပဲ။ ပိုပြီးဉာဏ်ကောင်းတဲ့လူတွေ၊ ဒါမှမဟုတ် အမြင်စူးရှတဲ့လူတွေဆိုရင် ပိုပြီးတော့တောင် သက်ရောက်မှုခံရနိုင်တယ်”

ရှီဝေတုံက လင်းရှန်ကို ကြည့်ကာ ဆက်ပြောသည်။

“ဖီးနစ်က အသက်ရှင်ကျန်ရစ်သူတွေကြားထဲမှာ ဒီဂိမ်းပျံ့နှံ့တာကို ပိတ်ပင်ထားတယ်။ ဒါက ကူကယ်ရာမဲ့နေတဲ့လုပ်ရပ်ဖြစ်ပြီး အမှောင်ဂိုဏ်းတွေကို ပိုပြီး အားပေးသလို ဖြစ်နေပေမဲ့ ရွေးချယ်စရာမရှိဘူးလေ။ ကံကောင်းတာက ဒီဖြစ်စဉ်က လူအနည်းငယ်ဆီကို လာတာပါ”

“ဒါပေမဲ့ ခဗျားပြောသလိုပဲ အဲဒီလူအနည်းငယ်က ပိုပြီးတော့တောင် သေစေနိုင်လောက်တယ်၊၊ ဘာလို့လဲဆိုတော့ အဲဒီလူတွေက ပိုပြီး အမြင်စူးရှတတ်ကြလို့ပဲ” လင်းရှန်သည် ပြောလိုက်သည်။

ရှီဝေတုံသည် ခေတ္တမျှ ရပ်တန့်သွားသည်။

လင်းရှန်သည် လက်ထဲရှိ ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို ပြန်ကြည့်လိုက်ပြီးနောက် ကီကီဘက်သို့ လှည့်ကာ ပြောသည်။

“ကျိုးကြောင်းဆင်ခြင်မှုမရှိဘူးလို့ ထင်ရပေမဲ့ ချူယန် သစ္စာဖောက်မှာမဟုတ်ဘူးလို့ ငါခံစားရတယ်၊၊ အဲဒါကြောင့် ဒီမှာအရေးကြီးတာတစ်ခုခုရှိမရှိ ငါ အရင်ဆုံးစစ်ဆေးကြည့်ချင်တယ်”

ရှီဝေတုံနှင့် ရေမွန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လင်းရှန်ကို တားဆီးခြင်းမပြုကြပေ။

“ကောင်းပြီလေ… ဖြစ်နိုင်တာက မင်း တစ်ခုခုရှာတွေ့လိမ့်မယ်”

ထို့နောက် လင်းရှန်သည် ဘာမှမပြောတော့ဘဲ အဆိုပါစက်လုံးပေါ်ရှိ Yes ဆိုသည့် အကွက်ကို တိုက်ရိုက်ရွေးချယ်လိုက်သည်။

[နံပါတ် ၃၉၀၈၁ အဆင့်မြင့်ယဉ်ကျေးမှု အကြိုမြင်ကွင်းကို စတင်ဖွင့်လှစ်နေပါသည်]

ပရိုဂျက်တာကိရိယာ၏ ဗဟိုချက်မတွင် အပြာရောင်အလင်းတန်းတစ်ခု ထပ်မံလင်းလက်လာပြီးနောက် ဟိုလိုဂရမ်အလင်းတန်းတစ်ခု စတင်ပွင့်ထွက်ချဲ့ထွင်လာကာ အစည်းအဝေးခန်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

ထိုအခိုက်အတန့်တွင် လင်းရှန်သည် မျက်စိရှေ့၌ စူးရှသောအလင်းတန်းတစ်ခု ဖြတ်ခနဲလင်းသွားသည်ကို ခံစားလိုက်ရသဖြင့် အလိုလျောက်မျက်လုံးကို မှိတ်လိုက်မိသည်။

လင်းရှန်သည် စူးရှသောအလင်းဒဏ်ကြောင့် မျက်လုံးကို အသာအယာကျုံ့လျက် ရုတ်တရက် ပြန်ဖွင့်လိုက်သည်။

ခြေဖဝါးအောက်တွင် ဆန်းကြယ်သော ဆေးဖက်ဝင်အပင်နံ့များထွက်ပေါ်နေသည့် နူးညံ့သောမြက်ခင်းပြင်ကြီးရှိနေပြီး ၎င်းသည် အဝေးဆီရှိ စိမ်းလန်းစိုပြည်သော တောင်တန်းကြီးများဆီသို့ သွယ်တန်းနေကာ အနီးနားမှ ရေစီးသံတိုးတိုးကို ကြားနေရသည်။ ကြည်လင်သောစမ်းချောင်းလေးတစ်ခုသည် နေရောင်အောက်တွင် တောက်ပနေပြီး အဆုံးမရှိသော နီလာကဲ့သို့ နက်ရှိုင်းကြည်လင်သည့် သမုဒ္ဒရာကြီးဆီသို့ ကွေ့ကောက်စီးဆင်းသွားသည်။ လေထုမှာ အံ့ဩစရာကောင်းလောက်အောင် လတ်ဆတ်နေပြီး ရှူထုတ်ရှူသွင်းလိုက်သည့် အသက်ရှူသံတိုင်းတွင် အသက်စွမ်းအားတိုးစေသော ချိုမြိန်မှုများပါဝင်နေကာ ကမ္ဘာဦးအစက ဖန်ဆင်းထားသည့် စံပြသုခဘုံတစ်ခုနှင့် တူလှသည်။

သို့သော်လည်း သူသည် မသိစိတ်ဖြင့် အပေါ်သို့ လှမ်းကြည့်လိုက်သောအခါ အေးစက်သော ထိတ်လန့်မှုတစ်ခုက သူ၏ ကျောရိုးတစ်လျှောက် ချက်ချင်းစိမ့်တက်သွားခဲ့ရသည်။

ကောင်းကင်ကြီးသည် သူသိထားသော မိုးကောင်းကင်မဟုတ်ဘဲ အရည်ပျော်နေသော သတ္တု သို့မဟုတ် ခဲသွားသော ဖန်သားပြင်နှင့်တူသည့် ကျယ်ပြန့်ပါးလျသော အလင်းအကာအကွယ်ကြီးဖြစ်နေပြီး ၎င်းသည် ကောင်းကင်တစ်ခုလုံးကို ခြုံလွှမ်းကာ ကျယ်ပြောလှသော စကြဝဠာကြီးကို သီးခြားခွဲထုတ်ထားသည်။ အဆိုပါ အကာအကွယ်ကြီးသည် နူးညံ့သော အဖြူရောင်အလင်းကို ထုတ်လွှတ်ပေးနေပြီး ဂြိုဟ်၏ အတွင်းပိုင်းကို ကျောက်စိမ်းခွက်ကြီးတစ်ခုကဲ့သို့ လင်းထိန်စေသည်။

သို့သော်လည်း ဝိဉာဉ်ကို တုန်လှုပ်ခြောက်ခြားစေသည်မှာ ထိုအလင်းအကာအကွယ်အောက်က မြင်ကွင်းဖြစ်သည်။

ဖော်ပြရခက်လောက်အောင် ကြီးမားလှသော သက်ရှိကြီးတစ်ကောင်သည် အဆိုပါ အကာအကွယ်အောက်တွင် ပေါ့ပါးစွာကူးခတ်နေပြီး ၎င်း၏ ထုထည်ကြီးမားလှသော ခန္ဓာကိုယ်သည် ကောင်းကင်ကြီး၏ နေရာအတော်များများကို ဖုံးကွယ်ထားသည်။ ၎င်းသတ္တဝါကြီးသည် ဘီလူးကြီးတစ်ကောင်နှင့် တူလှပြီး ၎င်း၏ အရေပြားမှာ အလွန်ဖြူစင်သဖြင့် သန့်ရှင်းမွန်မြတ်ပြီး နူးညံ့သောအလင်းရောင်ဝန်းကို ထုတ်လွှတ်နေကာ ထိတွေ့၍ရလုနီးပါး ပြင်းထန်သော အသက်စွမ်းအင်များကို ဖြာထွက်နေသည်။ အဝေးမှ ခံစားရုံမျှဖြင့်ပင် စိတ်ဝိဉာဉ်ကို လှုပ်ရှားသွားစေပြီး နတ်ရေကန်တွင်း၌ ရေချိုးနေရသည့်အလား ခံစားရစေသည်။

သို့သော်လည်း ဤသန့်ရှင်းမွန်မြတ်သော အပြင်ပန်းသဏ္ဌာန်အောက်တွင် လူ၏ဝိဉာဉ်ကို ထိတ်လန့်စေသည့် ဆန်းကြယ်သော ပုံပျက်ယွင်းမှုများရှိနေသည်။

အဆိုပါ သတ္တဝါကြီးသည် ကောင်းကင်တွင် ချိတ်ဆွဲထားသော တိမ်တိုက်များကဲ့သို့ ကွေးညွတ်နေသော ခရစ္စတယ်တောင်ပံကြီး အစုံပေါင်း ဒါဇင်နှင့်ချီ၊ ရာနှင့်ချီ၍ ဖြန့်ကျက်ထားသည်။ လှုပ်ရှားမှုတိုင်းက နူးညံ့သောအလင်းမိုးစက်များကို ဖြန့်ကျက်ပေးနေသော်လည်း တောင်တစ်တောင်ကဲ့သို့ ကြီးမားလှသော ၎င်း၏ ကိုယ်ထည်ကြီးပေါ်တွင်မူ မရေတွက်နိုင်သောမျက်နှာများစွာက သိပ်သည်းစွာရှိနေကြသည်။

All Chapters