အခန်း (၂၄၇၅-၂၄၇၆)
Vol. 248 Ch. 2475-2476
အခန်း (၂၄၇၅) - စေ့စေ့စပ်စပ် ရွေးချယ်ထားခြင်း
ဖန့်ချန်မှာ အချိန်တစ်ဝက်ခန့် စောင့်ဆိုင်းလိုက်ပြီးနောက် ဖန့်ဖျင်အန်းမှာ အရိပ်တစ်ခုပမာ ရုတ်တရက် ပေါ်လာပြီး သူ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။
"ဟင်းလင်းပြင် ကွပ်မျက်သူတွေရဲ့ နည်းလမ်းပါလား။"
ဖန့်ချန် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"အဖေ"
ဖန့်ဖျင်အန်းက ဝမ်းသာအားရ ပြောသည်။
ဖန့်ချန်က ပြုံး၍ -
"ဒီတစ်ခါ သားရဲ့ စီးတော်ယာဉ်က ဘာလို့ မပါလာတာလဲ။"
"လှုပ်ရှားမှုက အရမ်းကြီးလွန်းလို့ပါ၊ တွမ်းမူဦးလေး သိသွားလိမ့်မယ်။ သား ဒီတစ်ခါ ထွက်လာတာ ကြာလို့ မရဘူး၊ ခဏနေရင် ပြန်ရတော့မှာ။"
ဖန့်ဖျင်အန်းမှာ စကားပြောပြီးနောက် ရင်ဘတ်ထဲမှ ဝါးခြင်းလုံးငယ် ကိုးလုံးကို ထုတ်လိုက်သည်။ ခြင်းလုံးတစ်ခုစီမှာ လက်ဖဝါးအရွယ်အစားသာ ရှိပြီး အပေါ်တွင် ရှုပ်ထွေးသော အစီရင်အမှတ်အသားများက အရောင်ဖျော့ဖျော့ တောက်ပနေသည်။
"အဖေ ဒါတွေက တွမ်းမူဦးလေး ချုပ်နှောင်ထားတဲ့ နတ်ဆိုးတွေပါ။ သုံးလို့ရမရ ကြည့်ကြည့်ပါ။ အကယ်၍ မကောင်းဘူးဆိုရင် သား ပြန်သွားပြီး နောက်တစ်သုတ် လဲပေးမယ်။"
ဖန့်ဖျင်အန်းက ခြင်းလုံးများကို ဖန့်ချန်ထံ ပေးလိုက်သည်။ ဖန့်ချန်က လက်ခံရယူပြီး အတွင်းကို တစ်ချက်ကြည့်လိုက်ရာ ခြင်းလုံးထဲတွင် ကမ္ဘာငယ်တစ်ခုလို ဖြစ်နေပြီး ပုံစံအမျိုးမျိုးရှိသည့် ဟင်းလင်းပြင် ကွပ်မျက်သူများ ချုပ်နှောင်ခံထားရသည်ကို တွေ့ရသည်။
"အင်း... ဒီလို ဟင်းလင်းပြင် ကွပ်မျက်သူမျိုးတွေကို အဲ့ဒီ တွမ်းမူဦးလေးက နောက်ထပ် ဘယ်နှစ်ကောင်လောက် ချုပ်ထားသေးလဲ။"
ဖန့်ချန်က စဉ်းစားကာ မေးသည်။
ဖန့်ဖျင်အန်းက ဘေးနားတွင် အပြုံးပန်းဆင်နေသော လီဝူနှင့် ချီယန်သူတော်စင်တို့ကို တစ်ချက်ကြည့်လိုက်သည်။
"တွမ်းမူဦးလေး ချုပ်ထားတဲ့ နတ်ဆိုးတွေက အများကြီးပဲ၊ အတိအကျတော့ သားလည်း မသိဘူး။ ဒါပေမဲ့ ဒီ (၉) ကောင်ကတော့ သား စေ့စေ့စပ်စပ် ရွေးချယ်လာတာ။ သူတို့က စွမ်းအင်စုစည်းခြင်းနောက်ဆုံးအဆင့် နတ်ဆိုးတွေထဲမှာ အထွတ်အထိပ်ပဲ။ အော်... ဓားငယ် အစ်မကော။"
အထွတ်အထိပ်တွေ ဟုတ်လား
ကောင်းကင်အရှင် အရိုက်အရာဆက်ခံသူတွေကိုတောင် ယှဉ်နိုင်တာလား။
ဖန့်ချန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ စားသုံးဖို့ဆိုလျှင် အဆင့်မြင့်လေ ပိုကောင်းလေပင်။
နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်ထဲမှ ဓားငယ်လေး မှာ နိုးထလာပြီး လူသားပုံစံဖြင့် ဖန့်ဖျင်အန်း၏ ရှေ့တွင် ပေါ်လာသည်။
"ဓားငယ် အစ်မ။"
ဖန့်ဖျင်အန်းမှာ အလွန်ပင် ဝမ်းသာသွားသည်။
ဓာငယ်လေး က ပြုံး၍ -
"အစ်မကို လွမ်းနေတာလား။"
"လွမ်းတာပေါ့၊ သားရှိတဲ့နေရာက တကယ်ကို ပျင်းဖို့ကောင်းတယ်။"
ဖန့်ဖျင်အန်းမှာ အမြန် ခေါင်းညိတ်သည်။
"ဓာငယ်လေး သူ့ကို ဘေးနား ခေါ်သွားပြီး ခဏလောက် ဆော့ခိုင်းထားလိုက်။"
ဖန့်ချန်က ညွှန်ကြားသည်။
ဓားငယ်လေး က ချက်ချင်းပင် ဖန့်ဖျင်အန်း၏ လက်ကိုဆွဲ၍ အထွတ်ထိပ်တာအို မြစ် ဘက်သို့ ခေါ်သွားသည်။ ချီယန်သူတော်စင်က ထိုမြင်ကွင်းကို မြင်သောအခါ အမြန်ပြေးလိုက်သွားသည်။
"ဖျင်အန်း သခင်လေး၊ လမ်းကို သေချာကြည့်ပါ၊ အဘိုး ကူညီပေးပါ့မယ်။"
လီဝူမှာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဖန့်ချန်၏ လက်ထဲရှိ ဝါးခြင်းလုံး ကိုးလုံးကို လှမ်းကြည့်ရာ မျက်လုံးထဲတွင် သိလိုစိတ်များ ပေါ်ပေါက်လာသည်။
ဟင်းလင်းပြင် ကွပ်မျက်သူ ဆိုသည်မှာ မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲ။ ဟင်းလင်းပြင်ထဲတွင် လွတ်လပ်စွာ သွားလာနိုင်သည့် စွမ်းရည်တစ်ခုတည်းနှင့်ပင် သာမန်သူတော်စင်များ မမီနိုင်သည့် အနေအထားဖြစ်သည်။ သို့သော် ဤကဲ့သို့သော တည်ရှိမှုမျိုးကို ထိုဝါးခြင်းလုံးငယ် ကိုးလုံးထဲတွင် အငြိမ်ချုပ်နှောင်ထားနိုင်သည်မှာ မည်သို့သော နည်းလမ်းမျိုးနည်း။ ၎င်းတို့ကို ချုပ်နှောင်ထားသည့် နည်းလမ်းက အစွမ်းထက်သလား၊ သို့မဟုတ် ထိုဝါးခြင်းလုံးများတွင် လျှို့ဝှက်ချက်ရှိသလား။
"မှန်လး ငါတို့ နောက်တစ်ခေါက် ထပ်လေ့ကျင့်ကြမယ်။"
"ငါ ဆေးဝါးသောက်ပြီးတာနဲ့ ဝါးခြင်းလုံးကို ဖွင့်ပြီး တိုက်ရိုက် ဖိနှိပ်ရမှာ မဟုတ်လား။"
"ဟုတ်တယ်၊ တစ်ကောင်ချင်းစီ လုပ်ရမယ်၊ ဒါမှ သေချာမယ်။ဖျင်အန်း ပို့ပေးလိုက်တဲ့ နတ်ဆိုးတွေက အဆင့်မြင့်တယ်၊ ဒီအောက်ခြေမှာလည်း တော်တော်လေး နာမည်ကြီးမယ့်ပုံပဲ။"
ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီးနောက် ဖန်ပုလင်းထဲမှ ဆေးဝါးကို ထုတ်၍ တစ်ကျိုက်တည်း သောက်ချလိုက်သည်။
"အော့..."
သူသည် ပျို့အန်ချင်သလို ဖြစ်သွားသည်။ အရသာက တကယ်ပင် ပြင်းရှလွန်းသည်။ မည်သို့ပင်ဆိုစေကာမူ ထိုထဲတွင် ပြစ်ဒဏ်ပေး နတ်ဆိုး မျိုးနွယ်စု၏ မျက်လုံးတစ်လုံး ပါဝင်နေသည်မဟုတ်လား။
ဆေးသောက်ပြီးနောက် ဖန့်ချန်မှာ ပြောင်းလဲမှုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
မိနစ်အနည်းငယ် ကြာသောအခါ ဆေးအာနိသင်မှာ အပူလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ် အနှံ့အပြားသို့ ပြန့်နှံ့သွားသည်။ ထိုအပူလှိုင်းမှာ အစပိုင်းတွင် နွေးထွေးသော်လည်း နောက်ပိုင်းတွင် အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာသည်။ နောက်ဆုံးတွင်မူ မီးတောင်ချော်ရည်ပွက်သကဲ့သို့ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲတွင် နေရာအနှံ့ ရိုက်ခတ်နေသည်။ ဖန့်ချန်မှာ မျက်နှာပျက်ယွင်းခြင်းမရှိဘဲ ထိုပြောင်းလဲမှုကို ခံစားနေသည်။
ထိုအပူရှိန်များ စုစည်းမိသောအခါ သူ၏ မျက်လုံးနှစ်ဖက်ဆီသို့ ပြေးတက်သွားသည်။ ထိုအခိုက်တွင် အတွင်းကမ္ဘာနယ်မြေထဲရှိ စွမ်းအင်များ လှုပ်ရှားလာသည်။ ဖန့်ချန်၏ နတ်ဘုရားစွမ်းအား တံဆိပ်များအားလုံးမှာ ထွက်ပေါ်လာသည်။
မြစ်ကမ်းနားတွင် ဖန့်ဖျင်အန်းမှာ ဖန့်ချန်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလ်ုက်သည်။
"အဖေက တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး ကို ထိုးထွင်းသိမြင်နေတာ။"
ချီယန်သူတော်စင်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ ထိုသခင်လေးမှာ တစ်ချက်ကြည့်ရုံနှင့် ဖန့်ငရဲမင်း ဘာလုပ်နေသည်ကို သိနေတာလား။
'တကယ်ကို နက်နဲလွန်းပါတယ်။' ချီယန်သူတော်စင် စိတ်ထဲတွင် ရေရွတ်သည်။
"ဖန့်ချန်သာ ဒီတစ်ခေါက် အောင်မြင်ရင် မင်းက အဓိက အကျိုးဆောင်ပဲ။"
ဓာငယ်လေးက ပြုံး၍ ပြောသည်။
"ဟုတ်တယ် ဟုတ်တယ်၊ သခင်လေးက ဒီတစ်ခေါက် အကြီးမားဆုံးသော ကျေးဇူးကို ပြုလိုက်တာပဲ။"
ချီယန်သူတော်စင်က အမြန် ထောက်ခံသည်။ ဖန့်ဖျင်အန်း၏ မျက်လုံးများ တောက်ပသွားသည်။
တစ်ချိန်တည်းမှာပင် ဖန့်ချန်မှာ ဦးခေါင်း ထူပူလာသလို ခံစားရပြီး တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည့်အလား ဖြစ်လာသည်။ နောက်တစ်ခဏတွင် သူ၏ မျက်လုံးထဲမှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။ တောက်ပသည့် အလင်းတန်းများက အတွင်းကမ္ဘာနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ စွမ်းအင်တံဆိပ်အသစ်တစ်ခုမှာ ဟင်းလင်းပြင်ထဲတွင် ဖြည်းဖြည်းချင်း စုစည်းတည်ရှိလာသည်။ ၎င်း၏ စွမ်းအင်မှာ အလွန်ပြင်းထန်ပြီး ရှေးဆန်ကာ နတ်ဘုရား စွမ်းအားတံဆိပ်များထဲတွင် ထိပ်ဆုံး (၃) ခုစာရင်းဝင်သည်။
'အောင်မြင်သွားပြီ၊ ဒါပေမဲ့ 'တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး' ကို ခဏတာပဲ ထိန်းချုပ်နိုင်သေးတာ။'
ဖန့်ချန် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ထိုလုပ်ငန်းစဉ်မှာ အဆင်ပြေချောမွေ့ပြီး မမျှော်လင့်ထားသည့် အနှောင့်အယှက်များ မကြုံခဲ့ရပေ။ နောက်တစ်ခုက အရေးအကြီးဆုံး အဆင့်ဖြစ်သည်။
ဖန့်ချန်က ဝါးခြင်းလုံး တစ်ခုကို ထုတ်ယူပြီး အပြင်ကို ယမ်းလိုက်သည်။
အင်း... ဘာမှ မဖြစ်လာပေ။ သူသည် အတွင်းကမ္ဘာစွမ်းအားဖြင့် ဝါးခြင်းလုံးကို ဖွင့်ရန် ကြိုးစားသော်လည်း အချိန်အတော်ကြာအောင် မအောင်မြင်သဖြင့် ဖန့်ဖျင်အန်းဘက်သို့ အကူအညီတောင်းရတော့သည်။
"အဖေ သား လုပ်ပေးမယ်။"
ဖန့်ဖျင်အန်းမှာ အမြန်ပြေးလာပြီး ဖန့်ချန်၏ လက်ထဲမှ ဝါးခြင်းလုံးကို ယူကာ ပြင်းပြင်းထန်ထန် ယမ်းလိုက်သည်။ လှုပ်ရှားမှုက ရိုးရှင်းသော်လည်း သူ၏ ခန္ဓာကိုယ်မှ ကြက်သီးထစရာကောင်းသော စွမ်းအင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ချက်ချင်းပင် ပုံရိပ်တစ်ခုမှာ မြေပြင်ပေါ်သို့ ပစ်ကျသွားသည်။ သူသည် ချက်ချင်း ထရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်သည်။
"ငါက..."
ထို့နောက် သူသည် ဖန့်ဖျင်အန်းကို မြင်လိုက်ရသဖြင့် စကားလုံးများ ရပ်တန့်သွားသည်။
"ဟွာကျစ်ကျိုင်း အထူးကိုယ်စားလှယ်..."
တစ်ဖက်လူမှာ ထူးဆန်းသော အမူအရာဖြင့် လက်ယှက် ဂါရဝပြုသည်။
ဖန့်ဖျင်အန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ငါ မင်းကို မသိဘူး။"
"ကျွန်တော်က ကျိုကျူတောင်ကပါ..."
တစ်ဖက်လူမှာ အနည်းငယ် တုန်လှုပ်သွားပြီး မျက်လုံးထဲတွင် မယုံနိုင်စရာအဖြစ်မျိုး ပေါ်လာသည်။ မိမိ၏ အဆင့်အတန်းကိုတောင် တစ်ဖက်လူက မသိဘူးလား။
မကြာမီပင် တစ်ဖက်လူမှာ ထိုနေရာသည် ပုံမှန်မဟုတ်ကြောင်း သိလိုက်ရသည်။ ဖန့်ချန်၊ လီဝူ၊ ချီယန်သူတော်စင်နှင့် ဓာငယ်လေး တို့၏ စွမ်းအင်များမှာ ဟင်းလင်းပြင် ကွပ်မျက်သူများနှင့် လုံးဝ ကွာခြားနေသည်။
"ဒါ... မင်းတို့က အပေါ်က လာတဲ့လူတွေလားဒါပေမဲ့ မင်းက ဟွာကျစ်ကျိုင်း အထူးကိုယ်စားလှယ်နဲ့ ဘာလို့..."
ထိုဟင်းလင်းပြင် ကွပ်မျက်သူမှာ ဖန့်ချန်ကို သံသယဖြင့် ကြည့်နေသည်။
" အဖေ့ရဲ့ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးနဲ့ သူ့ကို ချက်ချင်း စားပစ်လိုက်ပါ။ ဒီကောင် စကားများလွန်းတယ်။"
ဖန့်ဖျင်အန်းက ပြောသည်။
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး စွမ်းအားကို စတင်လှုံ့ဆော်လိုက်ရာ သူ၏ မျက်လုံးမှ အလင်းတန်းတစ်ခု ထွက်လာပြီး ဟင်းလင်းပြင် ကွပ်မျက်သူကို ရိုက်ခတ်လိုက်သည်။ ထိုဟင်းလင်းပြင် ကွပ်မျက်သူမှာ ချက်ချင်းပင် ထိန်းချုပ်မရတော့ဘဲ အရည်ပျော်သွားသည်။ မီးဖိုရှေ့တွင် တင်ထားသော ရေခဲရုပ်တုနှင့် တူသည်။ သူသည် မသိစိတ်ဖြင့် အော်ဟစ်ကာ ခုခံရန် ကြိုးစားသည်။
ဖန့်ချန်က ဖိနှိပ်မှုကို ပိုမိုအားကောင်းစေရန် ပြင်ဆင်နေစဉ် ဖန့်ဖျင်အန်းက ရှေ့သို့တက်ကာ လက်သီးဖြင့် ထိုးလိုက်သည်။ တစ်ဖက်လူမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ဗိုက်ကိုပွေ့ကာ အသံမထွက်နိုင်တော့ပေ။ သူသည် နာကျင်လွန်းသဖြင့် အော်ပင် မအော်နိုင်တော့။ သို့သော် သူ၏ စိတ်ထဲတွင်မူ အလွန်အမင်း ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
'ဟွာကျစ်ကျိုင်း အထူးကိုယ်စားလှယ်က အပေါ်ကလူတွေနဲ့ ပူးပေါင်းနေတာပဲ ဂျင်ဟွန်းမျိုးနွယ်စုတော့ ဒုက္ခရောက်ပြီ '
ထိုသို့ တွေးလိုက်မိစဉ်တွင် သူ၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားသည်။ ဖန့်ချန်မှာ သူ၏ မျက်လုံးထဲတွင် ပြည့်တင်းနေသော ခံစားချက်ကို ခံစားလိုက်ရသည်။
'တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးက ဟင်းလင်းပြင် ကွပ်မျက်သူတွေအပေါ် တကယ်ပဲ ထူးခြားတဲ့ အာနိသင် ရှိတာပဲ။ အရင်တုန်းက စီကုပေ့ ဒီနည်းလမ်းနဲ့ ငါ့ကိုတိုက်တုန်းက ဖမ်းချုပ်ရုံလောက်ပဲ ရှိပြီး ဝါးမျိုတဲ့ သဘောမျိုး မရှိခဲ့ဘူး။'
ဖန့်ချန် စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ဒုတိယမြောက် ဝါးခြင်းလုံးကို ကောက်ကိုင်ကာ ဖန့်ဖျင်အန်းထံ ပေးလိုက်သည်။
"ဖျင်အန်း၊ နောက်တစ်ကောင်။"
အခန်း (၂၄၇၆) - ပညာရပ်ဆိုင်ရာ ဖလှယ်ခြင်း
ဖန့်ချန်က ဝါးခြင်းလုံးကို လက်ခံရယူလိုက်ပြီး နောက်တစ်ကြိမ် မှောက်ချလိုက်သည်။
ဟင်းလင်းပြင် ကွပ်မျက်သူ တစ်ကောင် မြေပြင်ပေါ်သို့ ပစ်ကျလာသည်။ သူသည် ချက်ချင်း ထရပ်ကာ ထွက်ပြေးရန် ကြိုးစားသော်လည်း ဖန့်ဖျင်အန်း၏ လက်သီးချက်တစ်ချက်တည်းဖြင့် ပစ်လဲသွားရသည်။
"အဖေ၊ မြန်မြန် နတ်ဘုရားစွမ်းအားကို သုံးလိုက််ပါ"
ဖန့်ဖျင်အန်းက ပြောသည်။
ဖန့်ချန်က စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ပြီး 'တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး' ကို အသုံးပြုကာ ထိုဟင်းလင်းပြင် ကွပ်မျက်သူကို မျိုချလိုက်ပြန်သည်။
ထို့နောက် တတိယမြောက်။
စတုတ္ထမြောက်။
ပဉ္စမမြောက်။
ဆဋ္ဌမမြောက်။
......
မကြာခင်မှာပင် တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးက ဟင်းလင်းပြင် ကွပ်မျက်သူ ကိုးကောင်ကို မျိုချလိုက်ပြီ ဖြစ်သည်။
ဖန့်ချန်မှာ သူ၏ မျက်လုံးများ အဆက်မပြတ် တင်းကျပ်လာသည်ကို ခံစားရသည်။
အတွင်းကမ္ဘာနယ်မြေ၏ စွမ်းအားများမှာလည်း တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး၏ စွမ်းအားကို ထိန်းညှိထားရန်အတွက် သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်နေသည်။
ထိုဟင်းလင်းပြင် ကွပ်မျက်သူ ကိုးကောင်မှာ ထိုနေရာတွင် သေဆုံးသွားခြင်း မဟုတ်ဘဲ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး၏ အချုပ်အနှောင် ခံလိုက်ရခြင်းဖြစ်သည်။
သူတို့သည် လွတ်မြောက်ရန် ကြိုးစားသော်လည်း မွေးရာပါ ကွာဟချက်များကြောင့် အထက်ကိုလည်း တက်မရ၊ မြေအောက်ကိုလည်း ဝင်မရ ဖြစ်နေရသည်။
"ညီကို တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးကို မြန်မြန်လေး ဖိနှိပ်ထားလိုက်ပါဦး။"
မှန်လေး၏ အသံ ထွက်ပေါ်လာသည်။
ဖန့်ချန် စိတ်ကို အာရုံစိုက်လိုက်ရာ အထွတ်ထိပ်တာအိုမြစ် မှာ ဟိန်းခနဲ မြည်သံနှင့်အတူ ဧရာမရေလှိုင်းကြီးပမာ လူးလာရိုက်ခတ်လာပြီး တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး၏ စွမ်းအားတံဆိပ်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
အကြောင်းမှာ ၎င်းသည် ဟင်းလင်းပြင် ကွပ်မျက်သူ ကိုးကောင်နှင့် ဆွဲလှဲနေရသဖြင့် အပြင်ဘက်မှ ဖြစ်ပျက်နေသည်များကို ဂရုမစိုက်နိုင်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် လူ့လောကနယ်မြေ ၏ စွမ်းအားများမှာလည်း အထွတ်ထိပ်တာအိုမြစ်နှင့် ပူးပေါင်းဆောင်ရွက်နေသည်။
သူတို့သည် အားကောင်းသော လူကြီးနှစ်ယောက်ပမာ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးကို အသေအချာ ဖိနှိပ်ထားကြသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ချုပ်နှောင်ခြင်း၏ အာနိသင်မှာ ဘေးတွင် အကဲခတ်နေသော လီဝူနှင့် ချီယန်သူတော်စင်တို့၏ မျက်လုံးများတွင် နက်ရှိုင်းသော စိုးရိမ်တကြီး ဖြစ်မှုမျိုးကို ပေါ်လွှဲစေသည်။
"ကောင်းပြီ၊ သူ့ကို (၈၁) ရက်တိတိ ဖိနှိပ်ထားရင် အောင်မြင်သွားပြီ။"
မှန်လေးက ရယ်မောပြောဆိုသည်။
ဖန့်ချန်၏ မျက်လုံးများထဲတွင် ပြုံးရယ်မှုများ ပြည့်နှက်နေသည်။ (၈၁) ရက် ပြည့်သွားသောအခါ။
ဤစွမ်းအား သည် သူပိုင်ဆိုင်သော အရာတစ်ခု ဖြစ်လာတော့မည်။
သိုင်းသူတော်စင် အသွင်ကိုယ်ထည် ၊ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး ။
၎င်းတို့မှာ မျိုးနွယ်စု ကံကြမ္မာဆိုင်ရာ စွမ်းအား နှစ်ခု ဖြစ်သည်။
မဟာကရုဏာ တံဆိပ် မှာ ထူးခြားသော နတ်ဘုရားစွမ်းအား ဖြစ်သည်။
ကျန်ရှိသော စွမ်းအားများမှာလည်း မသေးလှဘဲ စုစုပေါင်း နတ်ဘုရားစွမ်းအား (၂၂) ခုပင် ရှိသည်။
ဖန့်ဖျင်အန်းမှာ ထိုမြင်ကွင်းကို ပြုံးရွှင်စွာ ကြည့်နေခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်ရိပ်တစ်ခု ပေါ်လာပြီး အလျင်အမြန်ပင် -
"အဖေ၊ တွမ်းမူဦးလေး ကျွန်တော့်ကို လာရှာနေပြီ။"
သူသည် ဘာမျှ ထပ်မပြောတော့ဘဲ ဝါးခြင်းလုံး ကိုးလုံးကို သိမ်းယူကာ ဖန့်ချန်နှင့် ဓားငယ်လေးတို့ကို လက်ပြနှုတ်ဆက်သည်။
"အဖေ၊ ဓားငယ်အစ်မ၊ နောက်တစ်ခေါက် ပြန်တွေ့ကြမယ် "
စကားပြောပြီးသည်နှင့် သူသည် နက်ရှိုင်းသော ဟင်းလင်းပြင်ထဲသို့ တန်းမတ်စွာ ပြုတ်ကျသွားပြီး ပျောက်ကွယ်သွားသည်။
ဖန့်ချန်လည်း နှောင့်နှေးမနေတော့ဘဲ အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်ကာ (၁၈) ဆင့်မြောက် အလွှာသို့ ချက်ချင်း ပြန်သွားသည်။
ထို့နောက်တွင်တော့ သူသည် ယင်လောကခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး ဆုန်းချီခရိုင်တွင် ထပ်မံ နှောင့်နှေးမနေတော့ပေ။
...
နက်ရှိုင်းသော ဟင်းလင်းပြင်။
ဖန့်ဖျင်အန်းမှာ ရိုသေလေးစားစွာ ရပ်နေသည်။
သူ၏ ရှေ့တွင် အရပ်ရှည်၍ ခြေတံရှည်ပြီး ပိန်သွယ်လွန်းသော တည်ရှိမှုတစ်ခု ရှိသည်။
သူ၏ ကျောမှာ အနည်းငယ် ကုန်းနေပြီး ဖန့်ဖျင်အန်းကို အေးစက်စွာ စိုက်ကြည့်လျက် -
"မင်းကို စနစ်တကျ လေ့ကျင့်ခိုင်းထားတာကို ဘာလို့ ဟိုသွားဒီသွား လုပ်နေတာလဲ။
(၁၈) ဆင့်မြောက် အလွှာကို သွားလည်ချင်လို့လား။"
"တွမ်းမူဦးလေး၊ ကျွန်တော်က လေညှင်းခံထွက်လာတာပါ။"
ဖန့်ဖျင်အန်းက တိုးတိုးလေး ပြောသည်။
"လေညှင်းခံတာလား၊ ဘာလို့ ငါချုပ်ထားတဲ့ နတ်ဆိုး (၉) ကောင် လျော့သွားရတာလဲ။"
"ဒါက..."
"ထားပါတော့၊ ငါနဲ့အတူ ပြန်ခဲ့။ ကိစ္စမရှိရင် ဟိုဟိုဒီဒီ မလျှောက်သွားနဲ့တော့။"
"ဟုတ်ကဲ့ပါ၊ တွမ်းမူဦးလေး!"
...
ဖင်အန်းရပ်ကွက်။
ဖန့်ချန်မှာ (၈၁) ရက် ပြည့်သည်အထိ စောင့်ဆိုင်းပြီးနောက်မှသာ ပညာသင်ကျောင်းဘက်သို့ ခရီးနှင်သည်။
သူ၏ အတွင်းကမ္ဘာနယ်မြေထဲတွင် နတ်ဘုရားစွမ်းအားတံဆိပ်အသစ် တစ်ခု တိုးလာခဲ့ပြီဖြစ်သည်။
ယခင်ကနှင့် မတူဘဲ လက်ရှိ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးမှာ ဖန့်ချန်၏ ပိုင်ဆိုင်မှု အစစ်အမှန် ဖြစ်သွားသည်။
၎င်းနှင့် ဖန့်ချန်ကြားက ဆက်ဆံရေးမှာ အခြားသော စွမ်းအားများထက်ပင် ပိုမို ရင်းနှီးလာသည်။
အခြားစွမ်းအားများမှာ ဖန့်ချန်နှင့် အဆင့်တူ သို့မဟုတ် အနည်းငယ်သာလွန်သည်ဟု ဆိုနိုင်သော်လည်း တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးမှာ ဖန့်ချန်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည့် တစ်ခုတည်းသော စွမ်းအား ဖြစ်သည်။
"မှန်လေး ဒီတစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးက ဟင်းလင်းပြင် ကွပ်မျက်သူတွေကို စားရုံတင်မကဘဲ သူတို့ကို အမိန့်ပေးလို့ ရတယ်ဆိုတာကို အရင်က ဘာလို့ မပြောပြတာလဲ။"
ဖန့်ချန်က သက်ပြင်းချရင်း မေးသည်။
ဟင်းလင်းပြင် ကွပ်မျက်သူ ကိုးကောင်မှာ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး၏ အချုပ်အနှောင် အပြည့်အဝ ခံလိုက်ရပြီဖြစ်သည်။
ယခုအချိန်တွင် သူ၌ ရွေးချယ်စရာ နှစ်ခု ရှိသည်။
တစ်ခုမှာ သူတို့ကို ချေဖျက်ပစ်ပြီး တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး၏ စွမ်းရည်ကို မြှင့်တင်ရန်ဖြစ်သည်။
နောက်တစ်ခုမှာ ထိုဟင်းလင်းပြင် ကွပ်မျက်သူ ကိုးကောင်ကို သူ၏ အမိန့်အတိုင်း ခိုင်းစေရန်ဖြစ်သည်။
အကယ်၍ နောက်ဆုံးနည်းကို ရွေးချယ်လျှင် ဟင်းလင်းပြင် ကွပ်မျက်သူများ အပြင်ဘက်တွင် သတ်ဖြတ်ခြင်း ခံရပါက ဖန့်ချန်၏ မူလခန္ဓာကိုယ်အထိပါ ထိခိုက်မှု ရှိလာနိုင်သည်။
ထိုအချက်က ဖန့်ချန်ကို ချင်ဖိုကျား အကြောင်း တွေးမိစေသည်။
ထိုလူက ဟင်းလင်းပြင် ကွပ်မျက်သူများကို ခိုင်းစေနိုင်ခြင်းမှာ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးနှင့် အနည်းငယ် ဆက်စပ်မှု ရှိနိုင်ပေသည်။
"ညီကို ဒီအဆင့်ရှိတဲ့ ဟင်းလင်းပြင် ကွပ်မျက်သူတွေကို ခိုင်းစေတာက အကျိုးသိပ်မရှိဘူး။
စားလိုက်တာ ပိုကောင်းတယ်။ ခိုင်းစေမယ်ဆိုရင်တောင် ကောင်းကင်အရှင်အဆင့် ရှိတဲ့သူတွေကိုမှ ခိုင်းစေသင့်တာ။"
"မင်းပြောတာ မှန်ပါတယ်။"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
သူသည် ဟင်းလင်းပြင် ကွပ်မျက်သူ ကိုးကောင်ကို စတင်၍ ချေဖျက်နေပြီ ဖြစ်သည်။
ပြန်လာသော ခရီးစဉ်တစ်လျှောက် သူ၏ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး၏ စွမ်းအားများမှာ ဖြည်းဖြည်းချင်း တိုးပွားလာသည်။
ထိုဟင်းလင်းပြင် ကွပ်မျက်သူ ကိုးကောင်ကို အကုန်လုံး ချေဖျက်ပြီးသွားသည့်အခါ။
တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံး၏ အစွမ်းသတ္တိမှာ အဆပေါင်းများစွာ တိုးတက်လာလိမ့်မည်။
ကြည့်ရသည်မှာ တိုးတက်မှုနှုန်းမှာ အနည်းငယ်သာ ရှိသည်ဟု ထင်ရနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် 'စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်' ရှိသော ဟင်းလင်းပြင် ကွပ်မျက်သူ ကိုးကောင်ကို စားသုံးလိုက်ရသောကြောင့်ဖြစ်သည်။
ထိုသူတို့မှာလည်း ထိပ်တန်း အဆင့်မြင့် မျိုးနွယ်စုများမှ ဖြစ်သည်။
သို့သော် အမှန်တကယ်တွင် အဆပေါင်းများစွာ တိုးတက်လာခြင်းမှာ အလွန်ပင် ထူးခြားသည့် အခြေအနေ ဖြစ်သည်။
၎င်းသည် ကိုယ်တိုင်ကပင် မျိုးနွယ်စု ကံကြမ္မာဆိုင်ရာ စွမ်းအားတစ်ခု ဖြစ်သည်။
ပြီးတော့ ဖန့်ချန်၏ လက်ထဲသို့ ရောက်ရှိလာသည်။
မတိုးတက်ခင်ကပင် ၎င်းသည် သာမန် 'ဟင်းလင်းပြင်' အဆင့်ရှိသူတော်စင်များကို ချုပ်နှောင်နိုင်စွမ်း ရှိခဲ့သည်။
ယခုအခါ အဆပေါင်းများစွာ တိုးတက်လာပြီ ဖြစ်ရာ နေမင်း ခုနှစ်ပါး အဆင့်ရှိ ကျောင်းသားများပင်လျှင် သူ့ရှေ့တွင် အသာတကြည် အဖမ်းခံရလိမ့်မည် ဖြစ်သည်။
အနည်းဆုံးတော့ ချုပ်နှောင်ခြင်းဆိုင်ရာ အစွမ်းတွင် ၎င်းသည် အထွက်ထိပ်တာအိုမြစ် နှင့် လူ့လောကနယ်မြေ ထက်ပင် သာလွန်သွားပြီဖြစ်သည်။
အကယ်၍ နောက်ထပ် တာအိုနက်နဲမှု ကိုပါ ထပ်မံသုံးစွဲ၍ တစ္ဆေနှိမ်နင်း နတ်ဆိုးမျက်လုံးနှင့် လူ့လောကနယ်မြေ၏ စွမ်းအားများကို ပိုမိုအားကောင်းစေမည်ဆိုပါက။
ထိုစွမ်းအားနှစ်ခု ပေါင်းစပ်လိုက်လျှင် မည်မျှကြောက်စရာကောင်းမည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။
...
ရွှေဟွေး ပညာသင်ကျောင်း။
အောက်ဝူဖားက လူသားမျိုးနွယ်ဆိုင်ရာ ကျောင်းတော်သို့ အလျင်အမြန် လာရောက်သည်။ ဖန့်ချန်၏ ကျင့်ကြံရာ ဂူအိမ်ရှေ့သို့ ရောက်သည်နှင့် ဖန့်ချန်မှာ အပြင်ဘက်တွင် ပန်းပင်များကို ရေလောင်းနေသည်ကို တွေ့လိုက်ရသည်။
"အစ်ကိုကြီးဝူဖား ရောက်လာပါလား။"
ဖန့်ချန်က မျက်လုံးကို မော့ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
အောက်ဝူဖာ၏ မျက်လုံးများ တောက်ပသွားသည်။
"မင်း ရှိနေလို့ ကံကောင်းတယ်။ ကရုဏာတောင်မှာ နန်းတော်ကိုးခုက ကျောင်းသားဟောင်းတစ်ယောက် ရှိတယ်လို့ ငါမှတ်မိတာပဲ။"
ဖန့်ချန်က ရယ်မော၍ -
"ဟုတ်ပါတယ်၊ ပိုင်ချန်းမင်ညီလေးက နန်းတော်ကိုးခု ကနေ လာတာပါ။"
"ဒါဆို အဆင်ပြေပြီ။ ငါအထက်က အမိန့်ရထားလို့ ငါတာဝန်ယူထားတဲ့ ကျောင်းတော်တွေထဲက ကျောင်းသားနှစ်ယောက်ကို နန်းတော်ကိုခုဘက်ကို နှစ် (၃၀) သွားရောက် စောင့်ကြပ်ဖို့ တာဝန်ပေးရမယ်။
မင်းလည်း မင်းညီလေးကို ခေါ်ပြီး ငါနဲ့အတူ တစ်ခေါက်လောက် လိုက်ခဲ့ပေးပါ။"
"နန်းတော်ကိုးခုမှာ နှစ် (၃၀) စောင့်ကြပ်ရမယ် ဘာအတွက်လဲ။"
ဖန့်ချန်မှာ အံ့ဩသွားပြီး ထူးဆန်းသော အမူအရာဖြင့် -
"ကျွန်တော် အခု ကျောင်းတော်ကနေ ထွက်သွားရင် နည်းနည်း အန္တရာယ်များတယ်။ လင်ယောင် ဘက်က ကျွန်တော့်ကို စောင့်ကြည့်နေတာ။"
"ဘာမှမဖြစ်ပါဘူး၊ ငါတို့ ကျောင်းတော်အုပ်ကြီးလည်း အခု နန်းတော်ကိုးခု ဘက်မှာ ရှိနေတာပဲ။"
အောက်ဝူဖာက ပြောသည်။
"ဒီတစ်ခေါက် ငါတို့ လက်အောက်ခံ နန်းတော်ကိုးခု နဲ့ တန်လင် ပညာသင်ကျောင်း လက်အောက်ခံ နန်းတော် (၃၆) တို့ ပညာရပ်ဆိုင်ရာ ဖလှယ်ဖို့ ရှိတယ်။
အရင်နှစ်တွေတုန်းက ငါတို့ နန်းတော်ကိုးခု က အရမ်းရှုံးနိမ့်ခဲ့တာ။
တန်လင်ကို ဘယ်နန်းတော်ကမှ မတားဆီးနိုင်ခဲ့ဘူး။
ဒီတစ်ခေါက်တော့ မတူတော့ဘူး၊ မင်းရှိနေတော့ အနည်းဆုံး နန်းတော်ကိုးခု တော့ တည်ငြိမ်နေမှာပါ။ ငါတို့ ရွှေဟွေး ပညာသင်ကျောင်းလည်း မျက်နှာပွင့်ရတာပေါ့။"
"အစ်ကိုကြီးဝူဖား၊ အရင်နှစ်တွေကတည်းက ရှုံးနေတာဆိုတော့... ဒီတစ်ခေါက်လည်း ရှုံးရင် ဘာမှ မဖြစ်လောက်ပါဘူး။"
ဖန့်ချန်က တွေးတောရင်း -
"ကျွန်တော် မကြာသေးခင်ကမှ စိတ်ခံစားမှုတွေကို ပြန်လည် ပြုပြင်နေတာမို့ ဟိုဟိုဒီဒီ မသွားချင်သေးဘူး။"
"ဆုလာဘ် ရှိပါတယ်။ အကယ်၍ မင်းသာ နန်းတော်ကိုးခုကို ဦးဆောင်ပြီး တန်လင်ဘက်က တိုက်ခိုက်မှုကို တားဆီးနိုင်ရင် စင်ကြယ်သော ဗောဓိသီး တစ်လုံး ချီးမြှင့်မယ်။"
"သွားမယ်၊ ပိုင်ချန်းမင်ညီလေးကို သွားခေါ်ပြီး အတူတူ သွားကြမယ်။"
ဖန့်ချန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး အောက်ဝူဖားကို ခေါ်ဆောင်ကာ ပိုင်ချန်းမင်၏ ကျင့်ကြံရာ ဂူအိမ်ဘက်သို့ အမြန် ခရီးနှင်လိုက်သည်။
ပိုင်ချန်းမင်မှာ အတွင်းပိတ် ကျင့်ကြံနေသဖြင့် ဘာတွေဖြစ်ပျက်နေမှန်းပင် မသိသေးဘဲ ဖန့်ချန်နှင့် အောက်ဝူဖားတို့၏ ခေါ်ဆောင်ခြင်း ခံလိုက်ရပြီး နန်းတော်ကိုးခု သို့ သွားရောက်ရန် လမ်းခရီးကို စတင်လိုက်တော့သည်။