← Chapters

အခန်း ၁၉၅၁

Vol. 131 Ch. 1951

အခန်း ၁၉၅၁

Vol. 131 Ch. 1951

အခန်း(၁၉၅၁) တစ်ချက်တည်းဖြင့် သုတ်သင်ခြင်း

ချူးယွင်ဖန်းက လူအများ၏ မျက်စိထဲတွင် နံပါတ်တစ် ရန်သူတော်ကြီး ဖြစ်လာခဲ့သည်။ သူ၏ အထောက်အထားသည် အကြီးမားဆုံး အားသာချက် ဖြစ်နေသကဲ့သို့ သူ ထုတ်ဖော်ပြသခဲ့သည့် ခွန်အားများကလည်း ငြင်းပယ်၍မရသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသောကြောင့်ပင်ဖြစ်ပေ၏။

ပါရမီရှင် အများအပြား၏ မျက်လုံးထဲမှ ရန်လိုမှုများကို ချူးယွင်ဖန်းသိသိသာသာ ခံစားနေရသော်လည်း သူ ဂရုမစိုက်ပေ။ မင်းသမီးကြီးက သူ့ကို မနှစ်သက်ကြောင်း သိသော်လည်း သူ လာခဲ့သည်။ သူ့တွင် ယုံကြည်ချက် တစ်ခုသာ ရှိသည်။

"နောက်ဆုတ်စရာ မရှိဘူး... လူပေါင်း ထောင်သောင်း ချီနေပါစေဦး၊ ငါကတော့ သွားရမှာပဲ"

ထို့ပြင် ထိုသူတို့ထံမှ ခြိမ်းခြောက်မှုမှာ သူ့အတွက် အရေးမပါလှပေ။ သူကိုယ်တိုင်သာလျှင် အခြေအနေကို အသိဆုံး ဖြစ်သည်။ ပါရမီရှင်စာရင်း၏ အဆင့်လေးဖြစ်သော ပင်လယ်မင်းသားပင်လျှင် သူ၏လက်ထဲတွင် အသက်ပျောက်ခဲ့ရသည်။ လီချန်းယွမ်ပင်လျှင် သူ၏လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ သို့ဆိုလျှင် ဤလူများကို သူက အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။

လီချန်းယွမ်နှင့်တွေ့ပြီးနောက် ဤကပ်ဆိုးကြီးကို အမြစ်ပြတ်ရှင်းပစ်ရန်ပင် သူမအောင့်နိုင် ဘဲဖြစ်နေပြီဖြစ်၏။

၎င်းတို့၏ အကြည့်များသည် သူ့အပေါ်၌ သိသိသာသာ ရန်လိုနေကြသည်။

“ချုးယွင်ဖန်း မင်းဘယ်လိုပဲဖြစ်ဖြစ် မင်းသမီးကြီးရဲ့မွေးနေ့မှာ တိုက်ခိုက်ပြီးတော့ မီးတောက်သခင်လေး ကို သတ်ခဲ့တယ်။ မင်းသမီးကြီးက မင်းကို အပြစ်ပေးမှာမကြောက်ဘူးလားကွ” လူအုပ်ကြီးထဲမှ တစ်ယောက်က လှမ်းပြောလိုက်သည်။

ချူးယွင်ဖန်းက ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံဝတ်ထားသော လူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူ၏ မျက်နှာထက်၌ အေးစက်သော အပြုံးတစ်ခုရှိနေ၏။

မျှော်လင့်ထားသည့်အတိုင်းပင် လူတိုင်း၏ အကြည့်များက ပို၍ မဖော်ရွေတော့ပေ။ လူတိုင်းက ဤအချက်ကို တွေးမိကြသည်။ မင်းသမီးကြီးက ချူးယွင်ဖန်းကို မနှစ်သက်ရာ ဤအချက်သည် သူတို့အတွက် အကွက်ကောင်း တစ်ခုပင် ဖြစ်သည်။

"ဟုတ်တယ် ချူးယွင်ဖန်း... မင်း ဒီအတွက် ရှင်းပြချက် ပေးရမယ်"

"ချူးယွင်ဖန်း... ဒီနေ့တော့ မင်း လွတ်ဖို့ မစဉ်းစားနဲ့"

လူအများက ဒေါသတကြီး အော်ဟစ်နေကြသည်။

ချူးယွင်ဖန်းက ခေါင်းယမ်းလိုက်၏။

"မင်းတို့ကတော့ လောဘဇော တက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာပဲ။ မင်းတို့ ဘာလို့ ဒီကို ရောက်နေသလဲဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါ ပြန်ရောက်လာပြီဆိုမှတော့ မင်းတို့ အကြံအစည်တွေ အောင်မြင်မယ် ထင်နေသလား ငါ တိုက်ရိုက်ပဲ ပြောလိုက်မယ်... မင်းတို့ကို အခွင့်အရေး တစ်ခုပေးမယ်။ ဒီရွေးချယ်ပွဲကနေ အခုချက်ချင်း နုတ်ထွက်ကြ။ မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့တော့"

"ရွေးချယ်ကြစမ်း... ကိုယ့်အရည်အချင်းကိုယ် ပြန်သုံးသပ်ကြည့်။ အသက်ဆုံးရှုံးသွားရင်တော့ အားလုံး ပြီးသွားပြီပဲ"

ချူးယွင်ဖန်း၏ စကားလုံးများတွင် အလွန်အေးစက်သော အငွေ့အသက်များ ပါဝင်နေသည်။ ခိုင်မာသော ဆုံးဖြတ်ချက် ချထားသူများပင် ဝေခွဲမရ ဖြစ်လာကြသည်။ ချူးယွင်ဖန်းပြန်ရောက်လာခြင်းက အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပြီ ဖြစ်ကြောင်း လူအများက သိနားလည်လိုက်ကြသည်။

ယခင်က ယှဉ်ပြိုင်လျှင် ရှုံးနိမ့်ခြင်းသာ ရှိသော်လည်း ယခုမူ အခြေအနေက မတူတော့ပေ။ ဇနီးလုသည့် ရန်ငြိုးသည် မည်သို့မျှ မေ့ဖျောက်၍ မရနိုင်သော ရန်ငြိုးပင်ဖြစ်၏။

ဤသည်ကို တွေးမိသည်နှင့် စကြဝဠာ အဆင့်ရှိသူ အားလုံးက ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ကြပြီး ပြိုင်ပွဲမှ နုတ်ထွက်ကြောင်း ပြသလိုက်ကြသည်။ သူတို့တွင် မျှော်လင့်ချက် မရှိမှန်း သိသောကြောင့် နုတ်ထွက်ရခြင်းကို နောင်တမရကြပေ။ သို့သော် ကျန်ရှိနေသော ဖန်ဆင်းရှင်အဆင့် ပါရမီရှင် ၂၀ ကျော်မှာမူ မလှုပ်မယှက် ရှိနေဆဲပင်။ အချို့မှာ ပါရမီရှင်စာရင်းဝင်များ ဖြစ်ကြပြီး ကျန်သူများမှာလည်း ၎င်းတို့၏ ဂိုဏ်းအသီးသီးတွင် အတော်ဆုံးသူများ ဖြစ်ကြသည်။

"ကျန်တဲ့သူတွေကတော့ မင်းတို့ဘာသာ ရွေးချယ်ကြ... ဆုတ်မလား၊ သေမလား" ချူးယွင်ဖန်း၏ မျက်နှာအမူအရာမှာ အလွန်အေးစက်နေပြီး မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများ လျှပ်ပြက်နေသည်။ သူသည် ဤလူများကို အခွင့်အရေး ပေးပြီးပြီ ဖြစ်သည်။ အကယ်၍ ၎င်းတို့ကသာ အကျိုးအမြတ်နောက်သို့ ဆက်လက် လိုက်နေဦးမည်ဆိုလျှင် သူ ညှာတာတော့မည်မဟဟုတ်ပေ။

ချူးယွင်ဖန်း၏ ရိုင်းစိုင်းသော စကားများကြောင့် ဖန်ဆင်းရှင်အဆင့် ကျင့်ကြံသူများမှာ ဒေါသထွက်သွားကြသည်။ သို့သော် ချူးယွင်ဖန်းက ယန်လန်၏ သိုင်းပညာကို အလွယ်တကူ ဖျက်ဆီး၍

မီးတောက်သခင်လေးကို သတ်ခဲ့သည်ကို သူတို့ မှတ်မိနေကြသေးသည်။ ထိုကဲ့သို့သော ခွန်အားမျိုးက သူတို့ကို တုန်လှုပ်စေသည်။ ချူးယွင်ဖန်း၌ မည်မျှလောက်သော ခွန်အားရှိသည်ကိုပင် သူတို့ ခန့်မှန်း၍ မရနိုင်တော့ပေ။

ဤသည်ကို တွေးမိကာ လူများစွာက ဆုံးဖြတ်ချက် ချလိုက်ကြသည်။ ခဏချင်းတွင်ပင် အများစုက နောက်သို့ ဆုတ်သွားကြရာ ငါးယောက်သာ ကျန်တော့သည်။ ထိုငါးယောက်စလုံးမှာ ဖန်ဆင်းရှင်အဆင့် ပါရမီရှင်များ ဖြစ်ကြသည်။

"ချူးယွင်ဖန်း... မင်းက ကောင်းကင်ကြီးကို လက်တစ်ဝါးတည်းနဲ့ ဖုံးလို့ရမယ် ထင်နေတာလား? မင်းသမီးကူရှဲ့အတွက် ခင်ပွန်းလောင်း ရွေးချယ်တာက မင်းသမီးကြီးရဲ့ အမိန့်ပဲ။ မင်းက မင်းသမီးကြီးကို ပုန်ကန်မလို့လား" အရပ်အလယ်အလတ်ရှိသော လူငယ်တစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

"ခေါင်းမာလိုက်တာ" ချူးယွင်ဖန်းက လှောင်ပြုံး ပြုံးလိုက်သည်။

"မင်းသမီးကြီးက သူ့တပည့်အတွက် ခင်ပွန်းလောင်း ရွေးချယ်ဖို့ ရည်ရွယ်ထားရင်တောင် မင်းတို့လို အမှိုက်တွေက မထိုက်တန်ဘူး"

ခဏချင်းတွင်ပင် ချူးယွင်ဖန်းက ထိုလူငယ်၏ ရှေ့သို့ ရောက်ရှိသွားသည်။ ထိုလူငယ်မှာ တုန်လှုပ်သွားပြီး ရှေးဦးသားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသလို ခံစားလိုက်ရသည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ယန်လန်ထက်ပင် ပိုမိုမြင့်မားသော်လည်း သူ၏ရှေ့မှောက်သို့ ရုတ်တရက် ရောက်လာသော ချူးယွင်ဖန်းကို ရင်ဆိုင်ရချိန်တွင်မူ သူ၏ သဘာဝရန်သူနှင့် တွေ့လိုက်ရသလိုပင် ဖြစ်နေတော့သည်။

"သွားပြီ"

လူငယ်က ချက်ချင်း တုံ့ပြန်လိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ မြင့်မြတ်သော တောင်တန်းကြီးတစ်ခု၏ ဖိနှိပ်ခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေပြီး ထွက်ပြေး၍ မရတော့ပေ။

ထိုလူငယ်၏ မျက်နှာတွင် ကြောက်မက်ဖွယ်အမူအရာတစ်ခုပေါ်လာကာ သူ၏လက်ထဲတွင် ဓားတစ်လက် ပေါ်လာသည်။ ဓားအလင်းတန်းက ကောင်းကင်ယံကို ဖြတ်သန်းသွားရာ ပတ်ဝန်းကျင်တစ်ခုလုံးကို ရေခဲနိုင်ငံတော်အလား အေးစက်သွားစေသည်။

"ထင်ထားတဲ့အတိုင်း ဒါ ‘ကောင်းကင်ဓားပျံ' ဂိုဏ်းက နှင်းခဲဓား လီရွှမ်ပဲ။ ငါတို့ကို တိုက်ခိုက်နေတာ မဟုတ်ပေမဲ့ ငါတို့တောင် အေးခဲတော့မလို ခံစားနေရတယ်"

လူအများက အံ့ဩတုန်လှုပ်သွားကြသည်။ လီရွှမ်၏ ခွန်အားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဤတိုက်ကွက်မှာ အလွန်ပင် လျင်မြန်လှသည်။ ကောင်းကင်ယံကို ခွဲထုတ်လိုက်သကဲ့သို့ အသံလှိုင်းများ ထွက်ပေါ်လာကာ လူတိုင်း၏ နားစည်များကိုပင် ကွဲအက်မတတ် ဖြစ်သွားစေသည်။

"သေစမ်း" လီရွှမ်က ကြုံးဝါး၍ သူ၏ဓားကို ချူးယွင်ဖန်း၏ ဦးခေါင်းဆီသို့ ထိုးစိုက်လိုက်သည်။

သို့သော် သူ ဝမ်းမသာနိုင်ခင်မှာပင် သူ၏ဓားက ချူးယွင်ဖန်းကို ဘာမှမလုပ်နိုင်ကြောင်း သိလိုက်ရသည်။ ဓားသွားက ချူးယွင်ဖန်း၏ အရေပြားကို ထိမှန်သော်လည်း မီးပွင့်များသာ ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ချူးယွင်ဖန်းလည်း တိုက်ခိုက်လိုက်သည်။ သူသည် အနေအထားမပျက်ဘဲ လက်ညှိုးတစ်ချောင်းကိုသာ ထုတ်လိုက်၏။

ထိုလက်ညှိုးသည် အေးခဲနေသော ကောင်းကင်ယံကို ခွဲထုတ်ကာ လီရွှမ်ဆီသို့ ဦးတည်သွားသည်။

လီရွှမ်၏ ဓားပညာမှာ တိုက်စစ်အတွက်သာဖြစ်၍ ခံစစ်အတွက် မဟုတ်ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ချူးယွင်ဖန်းက တန်ပြန်တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ချူးယွင်ဖန်း၏ လက်ညှိုးက လီရွှမ်၏ နဖူးကို ဖောက်ထွက်သွားပြီး သူ့ကို ချက်ချင်းပင် အသက်နှုတ်လိုက်လေတော့သည်။

--

All Chapters