← Chapters

အခန်း ၁၉၅၂

Vol. 131 Ch. 1952

အခန်း ၁၉၅၂

Vol. 131 Ch. 1952

အခန်း(၁၉၅၂) ဂိုဏ်းအသီးသီး၏ အမာခံတပည့်များအပြောင်းလဲဖြစ်တော့မည်

"ဒါက ကောင်းကင်ဓားပျံဂိုဏ်းလား သူတို့ အမာခံတပည့်ကို အသစ်လဲသင့်နေပြီပဲ"

ချူးယွင်ဖန်းက လီရွှမ်ကို အေးစက်စွာ ကြည့်လိုက်သည်။ လီရွှမ်၏ နဖူးပေါ်တွင် သွေးချင်းချင်းနီနေသော အပေါက်တစ်ပေါက် ပေါ်လာပြီး သူ၏ သက်စောင့်အားများမှာ ထိတ်လန့်ဖွယ်နှုန်းထားဖြင့် ယိုစိမ့်ပျောက်ကွယ်နေပြီ ဖြစ်သည်။

"ဒါ... ဒါက ဘယ်လိုဖြစ်သွားတာလဲ..." လီရွှမ်မှာ ကြောင်တောင်တောင် ဖြစ်နေသော်လည်း သူ၏ ဦးနှောက်မှာ သေဆုံးနေပြီဖြစ်ရာ ဆက်လက် မစဉ်းစားနိုင်တော့ဘဲ ကောင်းကင်ယံမှ တန်းခနဲ ပြုတ်ကျသွားလေတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ လူများ၏ စကားအရ ဤအရပ်အလယ်အလတ်နှင့် လူငယ်မှာ ကောင်းကင်ဓားဂိုဏ်း၏ ဤမျိုးဆက်တွင် အတော်ဆုံး တပည့်ဖြစ်ကြောင်း ချူးယွင်ဖန်းသိရှိလိုက်သည်။ ထို့ပြင် ထိုဂိုဏ်းသည် အင်အားအကြီးဆုံး ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ အောက်တွင်ရှိသော ပထမတန်းစား ဂိုဏ်းတစ်ခုလည်း ဖြစ်သည်။ ၎င်းတို့တွင် အလွန်တရာ အစွမ်းထက်သော ဓားသမားများစွာ ရှိ၍ မျိုးဆက်တိုင်းတွင် ဓားနတ်ဘုရားများ ပေါ်ထွက်လေ့ရှိသည်။

၎င်းတို့၏ တပည့်များသည် ဓားလမ်းစဥ်ကို ကျင့်ကြံကြသူများဖြစ်သဖြင့် အလွန်အစွမ်းထက်ကြသည်။ ၎င်းတို့၏ ဓားအလင်းများ၌ပင် ကြောက်မက်ဖွယ်ဖျက်ဆီးအားရှိသည်။ လီရွှမ်၏ ကျင့်စဥ်အဆင့်ဖြင့်ဆိုလျှင် ဓားတစ်ချက် ဝှေ့ယမ်းလိုက် ရုံဖြင့် နတ်ဘုရားတောင်တန်းတစ်ခုလုံးကို ထက်ခြမ်းခွဲပစ်ရန် လုံလောက်ပေသည်။

ကံဆိုးသည်ကား သူသည် ချူးယွင်ဖန်းနှင့်လာတွေ့ရခြင်းပင်ဖြစ်၏။ သူ၏တိုက်ကွက်က ချူးယွင်ဖန်း၏ အံ့မခန်း ကာကွယ်ခုခံမှုကို မဖောက်ထွင်းနိုင်သကဲ့သို့ ရန်သူ၏တိုက်စစ်ကိုလည်း ပြန်လည် မခုခံနိုင်ခဲ့ပေ။ သူသည် သူ၏ ကံကြမ္မာရန်ဖက်နှင့် ဆုံခဲ့ရသည်ဟု ပြောရပေမည်။ တိုက်စစ်ဖြစ်စေ ခံစစ်ဖြစ်စေ ချူးယွင်ဖန်းကဲ့သို့ အပြစ်ပြောစရာမရှိအောင်ပြည့်စုံလှလွန်းသည့် အရည်အချင်းမျိုးကို တစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးပေ။ သူသည် လုံးဝ အားနည်းချက်မရှိသောသူဖြစ်၏။

ချူးယွင်ဖန်းက ခပ်အေးအေးပင်ပြောလိုက်၏။

“မင်းကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်”

ဤသည်ကို မြင်လိုက်ရသော လူအများမှာ အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားသွားကြသည်။ အထူးသဖြင့် လီရွှမ်သည် ပါရမီရှင်စာရင်းဝင် မဟုတ်သော်လည်း လူတိုင်း၏ စိတ်ထဲတွင် ကျော်ကြားသူ တစ်ဦးဖြစ်သည်။ ထိုသူတို့မှာ 'ပါရမီရှင်စာရင်း အရန်လူများ' ဟု ခေါ်ဝေါ်ခံရသူများ ဖြစ်သည်။ လီရွှမ်သည် စာရင်းထဲတွင် မပါသေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အချိန်မရွေး စာရင်းထဲသို့ တိုးဝင်နိုင်သူ ဖြစ်သည်။ လူအများ၏ အမြင်တွင် သူ၏ ခွန်အားမှာ ပါရမီရှင်စာရင်း၏ အောက်ခြေရှိ ပါရမီရှင်များထက် မနိမ့်ကျပေ။

သို့သော်လည်း ချူးယွင်ဖန်း၏ လက်ညှိုးတစ်ချောင်းတည်းဖြင့် အသတ်ခံလိုက်ရသည်။

ထိုလူက မည်မျှအထိ အစွမ်းထက်နေသနည်း။

"သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်အဆင့်ကို ရောက်နေတာလဲ ဒါက လုံးဝကို မဖျက်ဆီးနိုင်တဲ့ ခန္ဓာကိုယ်ပဲ"

လူအများမှာ တုန်လှုပ်လျက် ၎င်းတို့ ချူးယွင်ဖန်းကို လုံးဝ မသိခဲ့ကြပါလားဟု သတိပြုမိသွားကြသည်။ သူတို့က ချူးယွင်ဖန်းအကြောင်း အမြောက်အမြားသိထားသည်ဟု ထင်ခဲ့ကြသော်လည်း ယခုမူ မည်သည်ကိုမျှ မသိကြောင်းထင်ရှားနေသည်။ ထို့အပြင် သိထားသမျှ အချက်အလက်များသည် ယခုအခြေအနေကို နားလည်ရန် အထောက်အကူမပြုတော့ပေ။

“အရင်က သေသွားတဲ့ မီးတောက်သခင်လေး အပါအဝင်ဆိုရင် ချူးယွင်ဖန်းက ဂိုဏ်းသုံးဂိုဏ်းရဲ့ အမာခံတပည့်တွေကို သတ်တာ ဒါမှမဟုတ် ဒုက္ခိတဖြစ်အောင်လုပ်တာတွေလုပ်ခဲ့ပြီးပြီ။ အဲ့ဂိုဏ်းတွေက ကြယ်ကြွေကောင်းကင်ဂိုဏ်းလောက် အင်အားမကြီးပေမယ့် သူတို့ကို ရန်စဖို့ဆိုရင် ကြယ်ကြွေကောင်းကင်ဂိုဏ်းကတောင် နှစ်ခါပြန်စဥ်းစားရလိမ့်မယ်

ထိုအခိုက်အတန့်၌မူ ချူးယွင်ဖန်းကို သတ်ဖြတ်ခဲ့သူများနှင့် ဒုက္ခိတဖြစ်စေခဲ့သူများမှာ

ဂိုဏ်းကြီးအသီးသီး၏ ထိပ်သီးတပည့်များ ဖြစ်ကြောင်း လူတိုင်း သတိရသွားကြသည်။ ပုံမှန်အားဖြင့် လူတစ်ယောက် သေဆုံးခြင်းကပင် ဆူပူလှုပ်ရှားမှု ဖြစ်စေရန် လုံလောက်ရာ ယခုကဲ့သို့ လူအများအပြား တစ်ပြိုင်နက် သေဆုံးခြင်းမှာ ပြောစရာပင် မလိုတော့ပေ။ အရှေ့ပင်လယ်တွင် ပင်လယ်မင်းသား သေဆုံးစဉ်က ဖြစ်ပေါ်ခဲ့သော အကြီးအကျယ် ရိုက်ခတ်မှုများကို တွေးကြည့်လျှင် ဤဂိုဏ်းများက ဤအတိုင်း လွှတ်ထားမည် မဟုတ်ကြောင်း သိသာလှသည်။

သို့သော်လည်း ချူးယွင်ဖန်းကမူ ထိုစိုးရိမ်မှုများကို ဂရုမစိုက်သည့်အလား ကျန်ရှိနေသော လေးယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။ ကျန်သောသူများလည်း လီရွှမ်ခံစားခဲ့ရသည့် ခံစားချက်ကို နားလည်သွားကြသည်။ ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်အမဲလိုက်ခြင်းကို ခံနေရသကဲ့သို့ ခံစားချက်ကြောင့် ၎င်းတို့၏ ဦးရေပြားများပင် ထုံကျဥ်လာကြသည်။

“အခု မင်းတို့အလှည့်ပဲ။ ဒီနေ့ဂိုဏ်းတွေအများကြီးမှာ အမာခံတပည့်တွေ အသစ်လဲရတော့မယ့်ပုံပဲ”

ချူးယွင်ဖန်းက အေးစက်စွာ ပြုံးလိုက်သည်။

"မင်းတို့ရဲ့ လောဘက တကယ်ကို အကန့်အသတ်မရှိတာပဲ။ အကျိုးအမြတ်အတွက်ဆိုရင် အသေခံဖို့တောင် ဝန်မလေးကြဘူးပေါ့။ မင်းတို့ရဲ့ သတ္တိကို ငါ တကယ်ချီးကျူးတယ်" ချူးယွင်ဖန်းက ပြောလိုက်သော်လည်း သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ရှိနေသည်။ ဤသည်က ကျန်ရှိနေသော လေးယောက်၏ မျက်နှာကို အလွန် အကျည်းတန်သွားစေသည်။

၎င်းတို့၏ ဂိုဏ်းအသီးသီး၌ ၎င်းတို့သည် မြင့်မြတ်လှသည့် အမာခံတပည့်များမဟုတ်ပေလော။

ဂိုဏ်းကြီးဆယ်ဂိုဏ်းကဲ့သို့ အင်အားမကြီးသော်လည်း ၎င်းတို့၌ လေးစားဖွယ်ရာ ဂုဏ်သတင်း ရှိကြသည်။ ဂိုဏ်းကြီးဆယ်ဂိုဏ်းကဲ့သို့သော နေရာမျိုးသို့ သွားလျှင်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခံရသူများ ဖြစ်သည်။

အကယ်၍ ၎င်းတို့သာ နန်းတွင်းတွင် အမှုထမ်းလိုပါက ၎င်းတို့၏ အနာဂတ်လမ်းမှာ ပွင့်လင်းနေပြီးသား ဖြစ်သည်။ သတ်မှတ်ထားသော အဆင့်များအတိုင်း သွားမည်ဆိုလျှင် သူတို့သည် တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်သူများ ဖြစ်လာကြမည်မှာ သေချာသည်။

သို့သော် ချူးယွင်ဖန်းကမူ ၎င်းတို့ကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ သူက သူတို့ကို ပုရွက်ဆိတ်များသဖွယ် ဆက်ဆံနေခြင်းက သူတို့ကို အကြီးအကျယ် ဒေါသထွက်စေသည်။

"မင်းတို့ တစ်ယောက်ချင်းပဲ လာမလား၊ ဒါမှမဟုတ် အားလုံး စုပေါင်းပြီး တိုက်မလား?" ချူးယွင်ဖန်း၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသော်လည်း သူ၏ နှလုံးသားမှာမူ ဆောင်းရာသီကဲ့သို့ အေးစက်နေသည်။ သူသည် ဤလူများကို ထွက်သွားရန် အခွင့်အရေး ပေးခဲ့သော်လည်း သူတို့က ဆက်လက် ခေါင်းမာနေကြဆဲ ဖြစ်သည်။

အချို့သော အရာများကို ညှိနှိုင်း၍ ရကောင်းရနိုင်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် သူသည် မည်သူ့ကိုမျှ အလျှော့ပေးမည် မဟုတ်ကြောင်း အားလုံးကို သိစေလိုသည်။ ၎င်းတို့နောက်ကွယ်၌ မည်သည့် မင်းသား၊ မည်သည့် အဖွဲ့အစည်း ရှိနေပါစေ၊ သူ့ကို လာရောက် ထိပါးသူမှန်သမျှ သေရမည်သာ ဖြစ်သည်။ ဤလူများ၏ ဦးခေါင်းများမှာ သူ ပေးနိုင်သော အကောင်းဆုံး သတိပေးချက်ပင် ဖြစ်ပေလိမ့်မည်။

သို့သော် ဤကမ္ဘာတွင် ထက်မြက်သော သူများက အများစု ဖြစ်နေဆဲပင်။ အများစုက မည်သည့်အချိန်တွင် ရပ်တန့်ရမည်၊ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိကြသည်။ အနည်းစုသာလျှင် ကိုယ့်အတွက် ဘာက ကောင်းသည်ကို မသိဘဲ ဖြစ်နေကြခြင်း ဖြစ်သည်။

"မောက်မာလှချည်လားကွ မင်းကိုယ်မင်း တကယ်ပဲ အရှုံးမရှိတဲ့သူလို့ ထင်နေတာလား?" ထိုအခိုက်တွင် ရွှေဝါရောင် အရှိန်အဝါများ ဖုံးလွှမ်းနေသော အရပ်ရှည်ရှည် လူတစ်ယောက်က ကျန်ရှိနေသော လေးယောက်ထဲမှ ရှေ့သို့ ထွက်လာသည်။

ချူယွင်ဖန်က ထိုသူကို ကြည့်လိုက်ကာ "မင်းက ကျင်းမျိုးနွယ်စုဝင်လား” ဟုမေးလိုက်သည်။

ထိုသူ၏ နောက်ခံကို သူ ချက်ချင်းပင် သိလိုက်သည်။ သူသည် 'တရှ၏ နောက်ထပ် စစ်ရေးမျိုးနွယ်စုတစ်ခု ဖြစ်သော ကျင်းမျိုးနွယ်စုဝင် ဖြစ်ရမည်။ တစ်အင်ပါယာလုံးတွင် သူတို့၏ သိုင်းပညာကြောင့် ရွှေရောင်အသားအရေ ရှိသူများမှာ ဤမျိုးနွယ်စုသာ ရှိသည်။ ကျင့်စဉ်အထွတ်အထိပ်သို့ ရောက်မှသာ သူတို့၏ မူလအသားအရေအတိုင်း ပြန်ဖြစ်နိုင်ခြင်း ဖြစ်သည်။

ကျင်းမျိုးနွယ်စုသည် လီမျိုးနွယ်စုတမျှ အင်အားမကြီးသော်လည်း တရှ၏ အစွမ်းထက်ဆုံး စစ်ရေးမျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့၏ မျိုးနွယ်စုတွင် တရှအတွက် တိုက်ပွဲဝင်ခဲ့ကာ မြောက်မြားစွာသော အကျိုးပြုမှုများ ပြုလုပ်ခဲ့သည့် ဘိုးဘေးများစွာ ရှိသည်။ သူတို့၏ သြဇာအာဏာမှာ အလွန်ပင် ကြီးမားလှသည်။

"မှန်တယ်... ငါ ကျင်းရုန်က မင်းရဲ့ သိုင်းပညာကို စမ်းသပ်ကြည့်ချင်တယ်"

အရပ်ရှည်ရှည် လူငယ်၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ရှိနေသည်။ အခြားသူများက ချူးယွင်ဖန်း၏ အံ့မခန်းသော ခန္ဓာကိုယ် ခုခံမှုကို ကြောက်ကောင်း ကြောက်ကြလိမ့်မည်၊ သို့သော် သူ မကြောက်ပေ။ ကျင်းမျိုးနွယ်စုသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နည်းပညာများကြောင့် ကျော်ကြားသူများ ဖြစ်ပြီး ထို့ကြောင့်ပင် သူတို့မှာ ရွှေရောင်အသားအရေ ရှိနေခြင်း ဖြစ်သည်။ သူ သိုင်းလောကထဲ ရောက်ကတည်းက မည်မျှ အစွမ်းထက်သော ရန်သူနှင့် တွေ့ပါစေ၊ သူကတော့ သေအောင် ရိုက်နှက်တတ်သူ ဖြစ်သည်။ သူ၏ အမြင်တွင် ချူးယွင်ဖန်းသည်လည်း ခြွင်းချက် မဟုတ်ပေ။

"ငါ့ကို လျှော့တွက်ရဲတယ်ပေါ့... မင်းကို သေအောင် ရိုက်သတ်ပြမယ်"

ကျင်းရုန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သောင်းကျန်းနေသော တင့်ကားကြီးတစ်စီးအလား ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ သူ၏ လက်သီးများမှာ ရွှေရောင်တူကြီးများအလား ချူးယွင်ဖန်းဆီသို့ အပြင်းအထန် ဝှေ့ယမ်းနှက်လိုက်လေတော့သည်။

*ဝုန်း*

ကောင်းကင်တစ်ခုလုံး ချက်ချင်းပင် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး ရွှေရောင်လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲကာ ချူးယွင်ဖန်းဆီသို့ လှိမ့်ဝင်သွားသည်။ ခဏချင်းတွင်ပင် ချူးယွင်ဖန်း၏ ပုံရိပ်မှာ ထိုရွှေရောင်လှိုင်းလုံးကြီးများအောက်တွင် မြုပ်ဝင် ပျောက်ကွယ်သွားလေတော့သည်။

--

All Chapters