← Chapters

အခန်း ၁၉၆၁

Vol. 131 Ch. 1961

အခန်း ၁၉၆၁

Vol. 131 Ch. 1961

အခန်း(၁၉၆၁) ဘယ်သူက အရည်အချင်းရှိလဲဆိုတာ ကျွန်တော်သက်သေပြမယ်

"ဒီလောက်အထိ ရဲရဲတင်းတင်း ခန့်မှန်းပြောဆိုနေတာကြည့်ရင် မင်းက တကယ့်ကို မောက်မာတဲ့သူပဲ”

မြူနှင်းထူထပ်ရာမှ မင်းသမီးကြီး၏ အေးစက်လှသော အသံ ထွက်ပေါ်လာသည်။

"ကျွန်တော်က အမှန်တရားကိုပဲ တင်ပြတာပါ" ချူးယွင်ဖန်းက ဆိုသည်။

"မင်းကိုယ်မင်း ဉာဏ်ကောင်းလှပြီလို့ မထင်နဲ့။ ငါ့ရဲ့ အတွေးတွေကို မင်း ခန့်မှန်းနိုင်မှာ မဟုတ်ဘူး" မင်းသမီးကြီးက အေးစက်စွာ ပြောလိုက်ပြန်သည်။

"မင်း ငါ့အပေါ် မကျေမနပ် ဖြစ်နေတာလား"

ချူးယွင်ဖန်းက မျက်ခုံးပင့်လိုက်သည်။

"ဟုတ်ပါတယ်။ မင်းသမီးကြီးက စီယုရဲ့ ဆရာဖြစ်သလို ကျွန်တော့်ရဲ့ အကြီးအကဲလို့လည်း သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ စီယုနဲ့ စေ့စပ်ထားသူဖြစ်မှန်း သိရက်နဲ့ သူ့အတွက် ကြင်ယာတော်ရွေးပွဲကို ဇွတ်လုပ်နေတာဟာ... အာဏာကို သုံးပြီး ကျွန်တော့်ကို ဖိအားပေးနေတာ မဟုတ်ဘူးလား”

"ငါ့ရဲ့ အရှိန်အဝါနဲ့ သူတစ်ပါးကို ဖိနှိပ်တယ်ဆိုရင်ရော မင်း ဘာတတ်နိုင်မှာလဲ" မင်းသမီးကြီးက အော်ဟစ်လိုက်သည်။

ရုတ်တရက်ဆိုသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ကျရောက်လာသည်။ တစ်စက္ကန့်အတွင်းမှာပင် ချူးယွင်ဖန်းသည် ရှေးဟောင်းနတ်ဘုရားတောင်ကြီးတစ်ခုက သူ့အပေါ် ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထုတ်လွှတ်လိုက်သော အရှိန်အဝါမျှဖြင့်ပင် ဤမျှ ဖိအားပေးနိုင်သည်မှာ မင်းသမီးကြီး၏ အစွမ်းမှာ မည်မျှ ထိတ်လန့်ဖွယ်ကောင်းကြောင်း ခန့်မှန်းနိုင်ပေသည်။

ထိုခဏတွင် ချူးယွင်ဖန်း၏ စိတ်အာရုံထဲရှိ နတ်ဘုရားစိတ်ဝိဉာဥ်မှ သက်တန့်ရောင်အလင်းတန်းများ ဖြာထွက်လာပြီး ထိုဖိအားများကို ချက်ချင်းပင် အချည်းနှီးဖြစ်အောင် ချေဖျက်ပေးလိုက်သည်။

"ဟင်" မင်းသမီးကြီးသည် သူ၏ အရှိန်အဝါကို ဤမျှ လွယ်လွယ်ကူကူ ချေဖျက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"မင်းမှာ အစွမ်းတချို့ ရှိနေတာပဲ။ ဒါပေမဲ့ ဒါလေးနဲ့တင် ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား”

"ကျွန်တော့်မှာ မင်းသမီးကြီးကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဖြစ်နိုင်ရင် မင်းသမီးကြီးနဲ့ ဘာပတ်သက်မှုမှတောင် မရှိချင်ပါဘူး" ချူးယွင်ဖန်းက အေးဆေးစွာ ပြောသည်။

သူ့စကားကြောင့် အေးစက်လှသော ရော့ရှီပင် မျက်နှာပျက်သွားရသည်။ မင်းသမီးကြီးကို ဤကဲ့သို့ စကားပြောရဲသူမှာ လောကတွင် အလွန်ရှားပါးလှပေသည်။

"ကျွန်တော့်ကို ဒီကနေ ထွက်သွားခွင့်ပေးမယ်ဆိုရင်တော့ ကျွန်တော် အလွန်ပဲ ကျေးဇူးတင်မိမှာပါ"

"ဘာလဲ ငါက စီယုကို အကျဉ်းချထားတယ်လို့ မင်း ထင်နေတာလား" မင်းသမီးကြီးက ခပ်တိုးတိုး ပြောသည်။

"ဒါတော့ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ စီယွီ လူချင်းကွဲပြီး သူ ဒုက္ခရောက်နေချိန်မှာ ကူညီပေးခဲ့တာဟာ မင်းသမီးကြီးပဲဆိုတာ ကျွန်တော် သိပါတယ်။ အဲဒီအတွက် ကျွန်တော် အလွန် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့နှစ်ယောက်ကို ခွဲဖို့ အကြောင်းပြချက်တော့ မဖြစ်သင့်ဘူး။ ဘုရားကျောင်း ဆယ်ကျောင်းကို ဖျက်ရင်ဖျက်မယ်၊ စီယုနဲ့တော့ အပြတ်မခံနိုင်ဘူး" ချူးယွင်ဖန်းက မတုန်မလှုပ် ပြန်ပြောလိုက်သည်။

"မင်းမှာ အရည်အချင်းမရှိဘူး။ မင်းဟာ စီယုနဲ့ မတန်ဘူး" မင်းသမီးကြီးက ပြောသည်။

"သူ့ အနာဂတ်ဟာ အကန့်အသတ်မရှိဘူး။ သူက မင်း စိတ်ပင်မကူးနိုင်တဲ့ အဆင့်အထိ ရောက်သွားနိုင်တယ်။ မင်းက သူနဲံ မထိုက်တန်ဘူး"

ချူးယွင်ဖန်းသည် ထိုစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။

"အကယ်၍ မင်းသမီးကြီးက ကျွန်တော့်ထက် ပိုပြီး အရည်အချင်းရှိတဲ့သူ၊ ပိုပြီး သန်မာတဲ့သူ ရှိတယ်လို့ ထင်ရင်... သူတို့ကို ထွက်လာခိုင်းလိုက်ပါ။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပတ်သက်မှုကို ဘယ်သူကမှ ကြားဝင်နှောင့်ယှက်နေစရာ မလိုပါဘူး"

"ဒါဆိုရင် ငါ့ကို သက်သေပြလိုက်စမ်း" မင်းသမီးကြီး၏ အသံမှာ ဟိန်းထွက်လာသည်။

"သက်သေပြမှာပေါ့။ အခုတော့ ခွင့်ပြုပါဦး" ချူးယွင်ဖန်းက စကားအဆုံးတွင် လှည့်ထွက်လာခဲ့တော့သည်။

"အရှင်မ..." ‌ရော့ရှီက ချူးယွင်ဖန်းထွက်သွားသည်ကို ကြည့်ပြီး လျှောက်တင်လိုက်သည်။

"ဒီလူက အရှင်မကို မလေးမစား လုပ်သွားတာပဲ။ သူ့ကို အပြစ်ပေးရမလား”

မြူနှင်းထဲမှ ပုံရိပ်က ပြန်ဖြေ၏။

"နေပါစေ... သူ့ဘာသာ လွှတ်ထားလိုက်။ အကယ်၍ သူသာ လီချန်းယွမ်တို့နဲ့ တခြားလူတွေကို မနိုင်ဘူးဆိုရင် သူကိုယ်တိုင် အရှက်ရသွားမှာပဲ။ တကယ်လို့ သူ အနိုင်ရခဲ့ရင်တော့ ဒီလိုစကားမျိုး ပြောဖို့ အရည်အချင်း ရှိသွားပြီပေါ့။ စီယု သဘောကျနေတဲ့ ဒီလူက ဘယ်လောက်တောင် ထူးခြားနေလဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်"

"ဒါက စမ်းသပ်မှုတစ်ခုပေါ့" ရော့ရှီ၏ မျက်လုံးများ တောက်ပသွားသည်။

"သူသာ အောင်မြင်ရင် ဒါဟာ စမ်းသပ်မှုပေါ့။ မအောင်မြင်ရင်တော့ ဒါဟာ ဘေးဒုက္ခပဲ။ ဒါဟာ ကျင့်ကြံခြင်းရဲ့ လမ်းစဉ်ပဲလေ"

မင်းသမီးကြီး၏ အသံမှာ တဖြည်းဖြည်းနှင့် ဝေးကွာ ပျောက်ကွယ်သွားတော့သည်။

ချူးယွင်ဖန်းသည် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ သူသည် ဒေါသထွက်နေပုံမရဘဲ အမှန်တကယ်တွင်မူ သက်ပြင်းချကာ စိတ်ပေါ့ပါးသွားခဲ့သည်။

မင်းသမီးကြီးနှင့် အခြေအတင်ဖြစ်ခဲ့ခြင်းမှာ ပြင်းထန်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ မင်းသမီးကြီးသည် သူ့ကို မနှစ်သက်သော်လည်း စီယုကို တစ်စုံတစ်ဦးနှင့် အတင်းအဓမ္မ ပေးစားရန် စိတ်ကူးမရှိကြောင်း သူ သိလိုက်ရသည်။ သူမက စီယုနှင့် ထိုက်တန်သူကိုသာ ရွေးချယ်လိုခြင်းဖြစ်ပြီး မည်သူ့ဘက်မှ ဘက်မလိုက်သေးပေ။ ထို့ကြောင့် ချူးယွင်ဖန်းစိုးရိမ်စရာ မရှိတော့ဘဲ သူ၏ အစွမ်းဖြင့်သာ အနိုင်ယူရန် ကျန်တော့သည်။

တောင်ခြေရှိ မြို့ကလေးသို့ ပြန်ရောက်သောအခါ မင်းသမီးကြီး၏ မွေးနေ့ပွဲ စတင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ အလုပ်အကျွေးတစ်ဦး၏ လမ်းညွှန်မှုဖြင့် ချူးယွင်ဖန်းသည် နတ်အင်မော်တယ်တောင်ကြား အနက်ရှိုင်းဆုံးရှိ ကွင်းပြင်ကျယ်ကြီးသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် လူအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

ချူးယွင်ဖန်းသည် သူတစ်ပါးကို ဂရုမစိုက်ဘဲ လွတ်ရာနေရာတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ သို့သော် သူ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အကြည့်ပေါင်းများစွာက သူ့ထံ ကျရောက်လာသည်။ ဒေါသထွက်နေသော ထိုအကြည့်များအောက်တွင် သူကမူ တည်ငြိမ်နေဆဲပင်ဖြစ်၏။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ သူက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ?"

ထိပ်ဆုံးနေရာတွင် ထိုင်နေသော လီချန်းယွမ်သည် ချူးယွင်ဖန်းကို သရဲမြင်လိုက်ရသကဲ့သို့ ကြည့်နေမိသည်။ ချူးယွင်ဖန်းအသက်ရှင်နေကြောင်း သတင်းရခဲ့သော်လည်း မျက်မြင်တွေ့ရခြင်းမှာ လုံးဝ ကွာခြားလှသည်။

ချူးယွင်ဖန်းကို နတ်ဆိုးများနှင့် နတ်ဆိုးနတ်ဘုရားဂိုဏ်းက တိုက်ခဲ့ခြင်းမှာ သူကိုယ်တိုင် ကြိုးကိုင်ခဲ့ခြင်းဖြစ်ကြောင်း သူ အသိဆုံးပင်။ ထိုစဉ်က ဝေးလံသောဒေသရှိ စစ်တပ်၏ ဆက်သွယ်ရေးလမ်းကြောင်းကို သူကိုယ်တိုင် ဖြတ်တောက်ပေးခဲ့သဖြင့် ချူးယွင်ဖန်းမှာ အကူအညီမဲ့စွာဖြင့် ထောင်ချောက်ထဲသို့ တိုးဝင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအစီအစဉ်အတွက် သူသည် အဖိုးအခ အလွန်ကြီးစွာ ပေးခဲ့ရသည်။ သူနှင့် အိမ်ရှေ့မင်းသားအပေါ် သစ္စာရှိသော အင်အားစုများစွာမှာ စစ်သေနာပတိချုပ်ရုံး၏ အမျက်ဒေါသကြောင့် အမြစ်ပြတ် သုတ်သင်ခြင်း ခံခဲ့ရသည်။

ထိုမျှလောက် တန်ကြေးပေးခဲ့ရသည့်တိုင် ဤရန်သူကို ဖယ်ရှားနိုင်လျှင် တန်သည်ဟု သူ ယူဆခဲ့သည်။ လွန်ခဲ့သော အချိန်ကတည်းက သူသည် ချူးယွင်ဖန်းကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အထင်သေး၍ မရတော့ကြောင်း သိထားခဲ့သည်။

သေသင့်နေပြီဖြစ်သောသူက ရုတ်တရက် ရှေ့မှောက်သို့ ပြန်ရောက်လာခြင်းမှာ မယုံနိုင်စရာပင်ဖြစ်၍ လီချန်းယွမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ ချူးယွင်ဖန်းသည် လူလား သရဲလားဆိုသည်ကို သူ၏ ဓမ္မမျက်လုံး ဖြင့် ကြည့်လိုက်ခြင်းပင်။ သူသည် အမှန်တကယ်ပင် အသက်ရှင်နေသော လူသားတစ်ဦး ဖြစ်နေသည်။

ထိုခဏတွင် သူ၏ မျက်လုံးများထဲမှ ပြင်းထန်လှသော လူသတ်လိုစိတ်များ ထွက်ပေါ်လာသည်။

"မင်း အသက်ရှင်နေသေးတာလား အရင်က မသေခဲ့ရင်တောင် အခု လူအားလုံးရှေ့မှာ ငါကိုယ်တိုင် မင်းကို သတ်ပြမယ်။ မင်းမှာ အသက်ကိုးချောင်း ရှိနေမလား ကြည့်ကြသေးတာပေါ့"

ချူးယွင်ဖန်းပေါ်လာခြင်းကြောင့် ကွင်းပြင်တစ်ခုလုံး ဆူညံသွားတော့သည်။

--

All Chapters