← Chapters

အခန်း ၁၉၆၅

Vol. 131 Ch. 1965

အခန်း ၁၉၆၅

Vol. 131 Ch. 1965

အခန်း(၁၉၆၅) တောင်ပံပါကျားမျိုးနွယ်စုလား

ချူးယွင်ဖန်းသည် ချန်ရွေ့ကို တိုက်ကွက်တစ်ခုတည်းဖြင့် အပြတ်အသတ် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ဤလုပ်ရပ်ကြောင့် လူတိုင်း အံ့အားသင့်သွားရသကဲ့သို့ တစ်ပြိုင်နက်တည်းမှာပင် ထိတ်လန့်တုန်လှုပ်သွားကြရသည်။ အထူးသဖြင့် ယှဉ်ပြိုင်သူ (၂၀) ဦးထဲမှ လူများမှာ ပို၍ စိုးရိမ်သွားကြသည်။ သူတို့အများစု၏ အစွမ်းမှာ ချန်ရွေ့နှင့် အဆင့်တူ သို့မဟုတ် နိမ့်ကျသူများ ဖြစ်ကြသောကြောင့်တည်းဖြစ်၏။ ထိုသို့သော အခြေအနေမျိုးတွင် ချူးယွင်ဖန်း၏ အစွမ်းကို ကောင်းစွာ မခန့်မှန်းနိုင်သေးခင်၌ပင် ၎င်းတို့က စိတ်ဓာတ်ကျစပြုနေပြီဖြစ်၏။ ၎င်းတို့အားလုံးရှေ့ပင် တက်မလာရဲကြတော့ပေ။

"သေချင်တဲ့သူများ ရှိသေးလား?" ချူးယွင်ဖန်းက လူတိုင်းကို ဝေ့ကြည့်လိုက်သည်။

သူ၏ စကားကြောင့် လူအများမှာ ဒေါသထွက်သွားကြသည်။ သူက ၎င်းတို့ကို လုံးဝအမှုမထားဘဲ အထက်စီးမှ ဆက်ဆံနေခြင်း ဖြစ်သည်။ သို့သော် ချန်ရွေ့ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့် သူ၏ ရက်စက်လှသော အရှိန်အဝါမှာ ၎င်းတို့၏ စိတ်ထဲတွင် စွဲထင်နေဆဲပင်ဖြစ်၏။ ထိုမြင်ကွင်းကို သူတို့ မမေ့နိုင်ကြသေးပေ။

"မောက်မာလှတဲ့ လူသားပဲ... ငါ မင်းနဲ့ တိုက်မယ်”

ထိုခဏတွင် ပုံရိပ်တစ်ခုသည် လေတိုးသံနှင့်အတူ ကွင်းပြင်ထဲသို့ လျှပ်စီးအလား ပြေးဝင်လာခဲ့သည်။

လူတိုင်း မော့ကြည့်လိုက်သောအခါ ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့်၊ မောက်မာရိုင်းစိုင်းသော အသွင်ရှိသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

"ဒါက တောင်ပံပါကျားမျိုးနွယ်စုက ကျားပျံပဲ။ အခုတော့ တကယ့် ထိပ်သီးကျွမ်းကျင်သူ ထွက်လာပြီ”

လူအများမှာ ကျားပျံကို မြင်သောအခါ စိတ်ထဲမှ ရေရွတ်လိုက်ကြသည်။ ယခုတစ်ကြိမ်တွင်မူ ချူးယွင်ဖန်းဒုက္ခရောက်တော့မည်ဟု သူတို့ တွေးမိကြသည်။

ကျားပျံ၏ အစွမ်းမှာ ချန်ရွေ့ထက် များစွာ သန်မာကာ ပါရမီရှင်စာရင်းတွင်လည်း အဆင့်ချင်း အလွန်ကွာခြားသည်။ လူအများမှာ သူ၏ မောက်မာမှုကို မနှစ်သက်ကြသော်လည်း သူက ချူးယွင်ဖန်းကို ဒုက္ခပေးသည်ကိုမူ ကြည့်ချင်နေကြသည်။

"ချူးယွင်ဖန်းရဲ့ အစွမ်းဟာ ပါရမီရှင်စာရင်းမှာ ခန့်မှန်းထားတာထက် ကျော်လွန်နေတယ်ဆိုရင်တောင် ကျားပျံနဲ့တော့ အဆင့်တူလောက်ပဲ ရှိမှာပါ"

"ဟုတ်တယ်... ချူးယွင်ဖန်းဘယ်လောက်ပဲ သန်မာပါစေဦး၊ သူက ထိပ်သီးဆယ်ယောက်ထဲမှာပဲ ရှိနေဦးမှာပါ"

လူတိုင်းမှာ ဆွေးနွေးနေကြသော်လည်း ချူးယွင်ဖန်း၏ အစွမ်းအပေါ် အကောင်းမြင်လွန်းခြင်း မရှိကြသေးပေ။ သူသည် တောင်မြစ်ပန်းချီကားကို အသုံးပြုကာ လျှို့ဝှက်ချက်နန်းဆောင်၏ စောင့်ကြည့်မှုကို ဖုံးကွယ်ထားသဖြင့် မည်သူမျှ သူ၏ အစွမ်းအမှန်ကို မသိနိုင်ကြသေးပေ။

ချူးယွင်ဖန်းကမူ ၎င်းတို့ကို အနိုင်မရနိုင်ဟု လူအများ ထင်မှတ်ထားသော ရန်သူများကို ဆက်တိုက် ချေမှုန်းပြနေခဲ့သည်။ ထို့ကြောင့် သူ၏ အဆင့်သတ်မှတ်ချက်မှာ လူတို့၏ စိတ်ထဲတွင် တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ယခုအခါ ပါရမီရှင်စာရင်း၏ ထိပ်သီး (၁၀) ဦးနှင့်ပင် ယှဉ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ လက်ရှိတပည့်ကျော် ယန်တန့်ရှန်ကိုပင် ကျော်လွန်သွားပြီဖြစ်၏။

ချူးယွင်ဖန်းသည် ကျားပျံကို အေးစက်စွာ ကြည့်လိုက်သည်။

ကျားပျံက ရက်စက်သော အပြုံးပြုံးလိုက်၏။

“ငါဒီကိုမလာခင် မင်းအကြောင်းကြားဖူးပါတယ်။ ဟိုအရှင်သခင်ကိုယ်တိုင် တိုက်ခိုက်တာတောင် မင်းမသေဘူးဆိုတော့ တကယ် ဇွဲကောင်းတာပဲ။ ဒါပေမဲ့ ဒီနေ့တော့ မင်း ငါ့လက်ထဲမှာ သေရမှာပဲ"

သူ စကားပြောနေစဉ်မှာပင် မျက်လုံးများမှာ နီမြန်းလာပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

"မင်း အရင်က သတ်ခဲ့တဲ့ လူတွေထဲမှာ ငါ့ဦးလေးလည်း ပါခဲ့တယ်။ မင်း သူ့ကို မှတ်မိသေးရဲ့လား။ မင်းသာ အဲဒီတုန်းက သေသွားခဲ့ရင် ကိစ္စပြတ်နေပြီ။ အခု မင်း အသက်ရှင်နေသေးတယ်ဆိုတော့ ကောင်းကင်ကြီးက မျက်စိရှိလို့ပဲ၊ ငါ့ဦးလေးအတွက် ငါကိုယ်တိုင် လက်စားချေခွင့် ရတာပေါ့"

ချူးယွင်ဖန်းသည် ထိုစဉ်က ပြင်းထန်လှသော တိုက်ပွဲကြီးကို သတိရလိုက်သည်။ နတ်ဆိုးများနှင့် နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို သူ ခံခဲ့ရသည်။ နောက်ဆုံးတွင် ၎င်းတို့၏ ထိပ်သီးခေါင်းဆောင်များပင် ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သဖြင့် သူ အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။

ထိုစဉ်က တိုက်ပွဲမှာ အလွန်ဖရိုဖရဲ ဖြစ်ခဲ့သဖြင့် သူ သတ်ခဲ့သော ကျွမ်းကျင်သူ အရေအတွက်မှာ မရေမတွက်နိုင်အောင်ပင်ဖြစ်ပေသည်။

ထိုသို့တွေးမိသောအခါ ချူးယွင်ဖန်းက အေးစက်စွာပြုံးလိုက်၏။

"စိတ်မကောင်းပါဘူး။ ငါ သတ်ခဲ့တဲ့လူက များလွန်းလို့ မင်းဦးလေးကိုတော့ သတိမရတော့ဘူး"

ထိုစကားကြောင့် ကျားပျံ၏ လူသတ်လိုစိတ်မှာ ပို၍ပင် ပြင်းထန်လာတော့သည်။

ချူးယွင်ဖန်းသတ်လိုက်သော သူ၏ ဦးလေးမှာ သူနှင့်အတူ ကြီးပြင်းလာသူဖြစ်ကာ သူတို့၏ ပတ်သက်မှုမှာ ဖခင်နှင့် သားကဲ့သို့ပင် ဖြစ်သည်။ ထိုသူသည် လူသားပါရမီရှင်တစ်ဦးကို ဝိုင်းတိုက်ရာမှ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

"မင်းက ဒီကြင်ယာတော်ရွေးပွဲကို ငါစိတ်ဝင်စားနေတယ် ထင်လို့လား။ အစက တန်စီယုဟာ စေ့စပ်ထားသူဆိုတာ ကြားလို့ သူ့ကို လက်ထပ်ပြီး နှိပ်စက်သတ်ပစ်မယ်လို့ ငါ ကြံစည်ထားတာ။ ဒါပေမဲ့ မင်းနဲ့ အရင်ဆုံး တွေ့ရမယ်လို့တော့ မထင်ထားဘူး။ ဒါ ပိုကောင်းတာပေါ့၊ ငါကိုယ်တိုင် လက်စားချေရတာပေါ့”

ကျားပျံသည် သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ကာ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် လူသားမင်းသမီးကို စိတ်မဝင်စားဘဲ ချူးယွင်ဖန်းကို လက်စားချေရန်သာ လိုလားခြင်း ဖြစ်သည်။

"မင်း ငါ့ကို ရန်စနေတာလား… မင်းသေချင်နေတယ်ပေါ့ ဟုတ်လား”

ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် အေးစက်လှသော အရှိန်အဝါများ လက်ခနဲ ဖြစ်သွားသည်။ တန်စီယုသည် သူ၏ နောက်ဆုံးစည်း ဖြစ်သည်။ သူ၏ အမြင်တွင် ကျားပျံကား သေလူတစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

"ရန်စတယ်ဟုတ်လား မင်းက ဘာမို့လို့လဲ။ မသေဘဲ ကံကောင်းနေတဲ့ ကောင်လေးတစ်ယောက်ပဲဟာကို "

ကျားပျံက ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် အဆုံးမရှိသော လေပြင်းများ တိုက်ခတ်လာတော့သည်။ ကျားနတ်ဘုရားမျိုးနွယ်၏ လက္ခဏာဖြစ်သော လေနှင့် တိမ်တိုက်များကို စိုးမိုးနိုင်စွမ်းမှာ သူ၏ထံတွင် ထင်ရှားလှသည်။

ထိုလေပြင်းများကြားတွင် မည်သူမျှ သူ၏ လှုပ်ရှားမှုကို မမြင်ရတော့ပေ။ နောက်တစ်စက္ကန့်တွင် ကျားပျံသည် ချူးယွင်ဖန်း၏ ရှေ့သို့ ရောက်ရှိသွားသည်။

*ဝုန်း*

သူက ဟိန်းဟောက်လျက် လက်သည်းများဖြင့် ကောင်းကင်ကို ခွဲထုတ်ကာ တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လေစွမ်းအင်များမှာ ချူးယွင်ဖန်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မည့်အလား ရှိနေသည်။

သို့သော်လည်း ထိုလေစွမ်းအင်များမှာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို မထိခိုက်နိုင်ဘဲ သတ္တုချင်း ထိခိုက်သံကဲ့သို့သာ မြည်ဟည်းသွားသည်။

"ကလေးကလား ကစားနည်းတွေပဲ။ တောင်ပံပါကျားမျိုးနွယ်စုဟုတ်လား မင်းတို့ရဲ့ တခြား ခေါင်းဆောင်ငယ်တစ်ယောက်ကိုပဲ လွှတ်လိုက်စမ်းပါ" ချူးယွင်ဖန်းက ဟစ်အော်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ တစ်ချက် ထိုးလိုက်တော့သည်။

၎င်းမှာ ရိုးရှင်းသော လက်သီးတစ်ချက်မျှသာ ဖြစ်သော်လည်း ကောင်းကင်ယံရှိ ပြင်းထန်သော လေပြင်းများကို ထိုးဖောက်သွားသည်။ မည်သည့် မှော်အတတ်မျှ မပါဝင်ဘဲ သန့်စင်သော အရှိန်အဝါဖြင့်ပင် လေတိုက်ကွက်ကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

*ဗုန်း*

ချူးယွင်ဖန်း၏ လက်သီးချက်မှာ ကျားပျံ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားရာ ထိုသူမှာ အော်ဟစ်ရင်း နောက်သို့ လွင့်ထွက်သွားပြီး သွေးတစ်လုတ် အန်လိုက်ရသည်။

"မင်း မသေသေးဘူးလား... စိတ်ဝင်စားဖို့ ကောင်းတာပဲ”

ချူးယွင်ဖန်းသည် လက်သီးတစ်ချက်ဖြင့် ကျားပျံ မသေသေးသည်ကို တွေ့သောအခါ လှောင်ပြုံးပြုံးလိုက်သည်။

“တောင်ရစ်ပတ်ချိပ်စည်း”

သူက ထပ်အော်၍ လက်နှစ်ဖက်ဖြင့် ချိပ်စည်းတစ်ခုပြုလုပ်လိုက်ရာ လေထဲတွင် နတ်ဘုရားတောင်တန်းကြီးတစ်ခု အသွင်ပြောင်းလဲသွားတော့သည်။

"ဟား ငါ့ကို သတ်ဖို့က ဒီလောက်မလွယ်ဘူး" ကျားပျံက ဆက်တိုက် ဟိန်းဟောက်လိုက်ရာ သူ၏ ရုပ်သွင်မှာ လေထဲတွင် ပြောင်းလဲသွားပြီး တောင်ပံတစ်စုံပါသော ကျားဖြူကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားတော့သည်။

*ရှုး*

နောက်တစ်စက္ကန့်တွင် ကျားပျံက နေရာမှ ပျောက်ကွယ်သွားသည်။ သို့သော် သူ ပြန်ပေါ်လာချိန်တွင် ထိုနတ်ဘုရားတောင်ကြီးမှာ မျက်စိပါသကဲ့သို့ သူ့အပေါ်သို့ တည့်တည့် ဆင်းသက်လာသည်ကို တွေ့လိုက်ရသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

--

All Chapters