← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

91 01

အပိုင်း (၉၁) ချစ်ရတဲ့ယောက်ျားရေ ငါ့ကို ကူညီပါ

“ငါတို့ အခြားတစ်ခု လုပ်လို့ရမလား”

ချန်းရန်ကလည်း မုရှောင်းနွမ်၏ ဆိုလိုရင်းကို နားမလည်သေးပေ။ သို့သော် ထိုကောင်မလေးက သူ့ကို ဆက်တိုက်ဖက်ထားပြီး မလွှတ်ပေးထားသောကြောင့် တဖြည်းဖြည်း နားလည်လာသည်။

“မင်း ဆိုလိုတာက”

ချန်းရန်သည် ထိုကောင်မလေး၏ ရည်ရွယ်ချက်ကို နားလည်သွားသလို ထင်ရသည်။

သူသည် မုရှောင်းနွမ်ကို တအံ့တဩကြည့်လိုက်သည်။

ဒီကောင်မလေးက သူ့ကို ဖက်အိပ်ချင်တာလား။

“အင်း”

မုရှောင်းနွမ်က ခပ်တိုးတိုး အင်းအသံပေးသည်။ ထို့နောက် ရှက်ရွံ့စွာ ပြောသည်။

“ယောက်…ယောက်ျား ဒီညတော့ မဟုတ်သေးဘူး ငါတို့….အတူအိပ်လို့ ရတယ်လေ”

ထိုသို့ပြောပြီးသည်နှင့် ထိုကောင်မလေးက ချန်းရန်၏ လက်မောင်းကြားထဲတွင် တိုးဝှေ့လာပြန်ကာ ပို၍သက်တောင့်သက်သာရှိသော နေရာမျိုးကို ရှာဖွေပြန်သည်။ ချန်းရန်၏ရင်ခွင်ထဲတွင်ဆိုလျှင် သူမက ပို၍ လုံခြုံဘေးကင်းပုံရသည်။

“အိပ်ရုံပဲလား”

ချန်းရန်က ထိုကောင်မလေးကို နည်းနည်း ကြမ်းတမ်းသော အကြည့်မျိုးဖြင့် ကြည့်သည်။ ထိုကောင်မလေးကလည်း အံကို တင်းတင်း ကြိတ်၍ ခပ်တိုးတိုးအင်းအသံ ပေးပြီးသည်နှင့် ချန်းရန်၏ နံဘေးတွင် ခွေလိုက်သည်။

ကြည့်ရသည်မှာ ထိုကောင်မလေးက ခံစားချက် မကောင်းသေးပုံရသည်။ ကောင်းကောင်း နားချင်နေရုံသာ ဖြစ်လောက်သည်။

“နေလို့ မကောင်းသေးလို့လား”

ချန်းရန်ကလည်း သူမ၏နံဘေးတွင် လဲလိုက်ပြီး သူမ၏ နည်းနည်း ဖျော့တော့ကာ ပင်ပန်းနေသော မျက်နှာကို ကြည့်ပြီး စိုးရိမ်တကြီးမေးသည်။

“အင်း”

မုရှောင်းနွမ်က ခေါင်းညိတ်သည်။ အထူးသဖြင့် သူမ၏ ဝမ်းဗိုက် အောက်ဖက်ပိုင်းက နည်းနည်း မသက်မသာဖြစ်နေသည်။ သို့သော် ထိုအချိန်တွင် သူမ နှုတ်ခမ်းကိုသာ ကိုက်ထားပြီး အသံမထုတ်တော့ပေ။

ထိုကောင်မလေး၏ စိတ်ရှည်သည်းခံမှုက အလွန်အမင်း သန်မာသည်။ သူမက ချန်းရန်ကို မစိုးရိမ်စေချင်ပေ။ ထို့အပြင် ဒီညက သူမသည် သူမ၏ယောက်ျားဖြစ်သူအား စိတ်ရှည်သည်းခံမှု ပျောက်ဆုံးအောင် လုပ်မိသွားသည်။ ထို့ကြောင့် သူ့ကို မပျော်မရွှင်ဖြစ်အောင် မလုပ်စေချင်တော့ပေ။

“တင် သက်သာဘဝက စတင်ပါပြီ”

“ပိုင်ရှင်ကို သတိပေးပါတယ် သက်သာဘဝက တာဝန်အသစ်ဖြစ်တဲ့ သက်သာတာဝန်ကို ထုတ်လွှတ်လိုက်ပါပြီ”

“သက်သာတဲ့ ဘဝဆိုတာက နာကျင်ဖို့ လိုချင်မှ လိုလိမ့်မယ်။ ဒါကြောင့် ကျေးဇူးပြုပြီး မုရှောင်းနွမ်ကို နာကျင်မှု သက်သာသွားအောင် လုပ်ပေးပါ”

ရုတ်တရပ် ချန်းရန်သည် စနစ်၏အသံကို ကြားလိုက်ပြီး မယုံကြည်နိုင်အောင် ဖြစ်သွားသည်။

သူ့ကို မုရှောင်းနွမ်ရဲ့ နာကျင်မှုကို သက်သာအောင် လုပ်ခိုင်းတာလား။

ပြောရမည်ဆိုလျှင် ချန်းရန်ကလည်း စနစ်ကပင် ပြောစရာမလိုဘဲ သူ့ဘာသာသူ လုပ်ရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။

“လိမ္မာတယ်နော် စိတ်ကို လျော့ထားလိုက်။ မင်းက ပိုပြီး စိုးရိမ်စိတ်များလေလေ မင်းရဲ့ သွေးလည်ပတ်မှုကို ပိုပြီး ထိခိုက်စေလေလေပဲ။ ဒါဆိုရင် ပိုပြီး နာလာလိမ့်မယ်”

91 02

ချန်းရန်က သူမကို စိတ်ပိုင်းဆိုင်ရာအရ နှစ်သိမ့်ပေးပြီးသည်နှင့် တစ်ခါတည်း ဖြောင့်ဖြရင်း ကုသပေးရန် ဆုံးဖြတ်ထားသည်။

“ဟန်နီ ငါ အဆင်ပြေပါတယ်။ ဟန်နီ စောစောအိပ်တော့လေ။ ငါလည်း အိပ်တော့မယ် တစ်ညလောက် အိပ်လိုက်ရင်း ကောင်းသွားမှာ”

မုရှောင်းနွမ်က ချန်းရန်၏ရင်ခွင်ထဲ တန်းဝင်လာကာ သက်တောင့်သက်သာရှိစွာ လှဲပြန်သည်။ ချန်းရန်၏ခန္ဓာကိုယ် အပူချိန်က သူမကို အများကြီး စိတ်အေးစေသည်။

“ငါ မအိပ်ချင်သေးဘူး။ မင်းရဲ့ သွေးလည်ပတ်မှု ကောင်းသွားအောင် ငါမင်းကို အရင်ဦးဆုံး နှိပ်ပေးအုံးမယ်”

ချန်းရန်က ထိုကောင်မလေးက နုနယ်သော ဆံပင်များကို အသာပုတ်ပေးလိုက်သည်။ သူမက ဘာကိုမှ မပြောသော်လည်း ချန်းရန်ကသူမ၏ခန္ဓာကိုယ်က တုန်ယင်နေမှန်း ခံစားမိသည်။ သူမက နာကျင်မှုကို ထိန်းချုပ်နေခြင်း ဖြစ်သည်။

“အင်း”

မုရှောင်းနွမ်သည်လည်း တွန်းလှန်စရာ မလိုအပ်ပါပေ။ ယခုအခါ သူမသည် ချန်းရန်၏ ရင်ခွင်ထဲတွင် ကောင်းကောင်းသာ အိပ်လိုသည်။

“ဝမ်းဗိုက်အောက်ပိုင်းက အနားဆုံးဖြစ်လိမ့်မယ်။ ငါမင်းကို အရင်ဦးဆုံး သွေးပူသွားအောင် လုပ်ပေးမယ်”

ချန်းရန်က အလွန်သတိထားသည်။ မုရှောင်းနွမ်ကို ဂရုစိုက်ကာ ကုသပေး၏။ သူပိုင်ဆိုင်ထားသည့် ထိပ်တန်းအဆင့် တရုတ်ဆေးပညာ စွမ်းရည်မျိုးကြောင့် ချန်းရန်၏ လက်ဖဝါးက မုရှောင်းနွမ်၏ ဗိုက်ပေါ်တွင် ကွက်တိတင်လိုက်သည်။ ညဝတ်အင်္ကျီ တစ်ထည်ခြားနေသောကြောင့် သိပ်အလျှင်းမသင့်ပေ။

“အနှောက်အယှက်မရှိဘဲနဲ့ နီးကပ်တဲ့ ထိရောက်တဲ့ ကုသမှုမျိုးကမှ အကောင်းဆုံးဖြစ်မှာ”

ချန်းရန်က မုရှောင်းနွမ်ကို သတိပေးလိုက်ပြီးနောက် သူမ၏ ညဝတ်အင်္ကျီထဲသို့ ဝင်ကာ ဗိုက်ကို ညင်သာစွာ ဖိလိုက်သည်။

“အူး”

ထိုအချိန်တွင် ထိုကောင်မလေးက ခပ်တိုးတိုးအော်လိုက်သေးသည်။ ချန်းရန်၏ လည်ပင်းကို ဖက်ထားသော လက်ကလည်း အားနည်းနည်း ပိုထည့်လာသည်။ ထိုအချိန်တွင် ထိတ်လန့်မှုက အားသာသွားသည်။

မည်သို့ပင်ဆိုစေ ဒါဟာ နမ်းရှိုက်ခြင်းအပြင် သူမနှင့်ချန်းရန်အကြားမှ အနီးစပ်ဆုံးထိတွေ့မှုမျိုး ဖြစ်လောက်သည်။

ချန်းရန်၏လက်ဖဝါးက တင်ရုံသာ တင်ထားခြင်းဖြစ်သည်။ သို့သော် ထိုကောင်မလေးက ရုတ်တရပ် တုန်ယင်နေမှန်း ခံစားမိလိုက်၏။ ဗိုက်အောက်ပိုင်းကပင် ကျုံ့သွားသည်။

“စိတ်အေးအေးထား ခန္ဓာကိုယ်ကို ဖြေလျော့ထား။ မနာဘူး”

ချန်းရန်၏ စွမ်းရည်က အမှန်တကယ် ကျွမ်းကျင်သည်ဟု ပြောရပေမည်။ သူသည် သူမကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးနေရာမှ အစောပိုင်း စိုးရိမ်ထိတ်လန့်မှုက စတင်ပြီး မွှေးညင်းပေါက်များကပင် ပွင့်သွားသလို ခန္ဓာကိုယ်အတွင်းမှ လေအေးများက စတင်ကာ ထွက်လာသလိုမျိုး ခံစားရသည်။ သို့သော် ခန္ဓာကိုယ်ထဲမှ လေအေးများ ထွက်သွားပြီးနောက်တွင် ချန်းရန်၏ လက်ဖဝါးက အလွန်နွေးထွေးလာသလို ခံစားရလေသည်။

ဆောင်းတွင်းမှ နှင်းကဲ့သို့ အအေးဒဏ်နှင့် တုန်ယင်နေရာမှ ရုတ်တရပ် နွေးထွေးသော ပွေ့ဖက်မှုထဲသို့ ကျရောက်သွားသကဲ့သို့ ဖြစ်သည်။ ထိုအခိုက်အတန့်မှ နွေးထွေးမှုက သူမ၏ ခန္ဓာကိုယ်နှင့် စိတ်အခြေအနေကိုပါ နွေးထွေးသွားစေသည်။

“ယောက်ျား”

မုရှောင်းနွမ်က ခပ်တိုးတိုး အော်သည်။ သူမက အိပ်တဝက်နိုးတဝက် အနေအထားမျိုးဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်နေပြီး မသက်မသာ ဖြစ်နေခဲ့ရာမှ ယခုလို နွေးထွေးသော ညနေခင်းသို့ ရောက်ရှိသွားသည့်အလား သက်တောင့်သက်သာရှိသွားသည်။ သူမက စံအိမ်၏ ခြဝန်းထောင့်တစ်နေရာမှ လှုပ်ကုလားထိုင်ပေါ်တွင် လဲနေပြီး ညနေခင်း တစ်ရေးတစ်မော အိပ်နေသကဲ့သို့ပင် သက်တောင့်သက်သာ ရှိနေသည်။

“အိုး”

91 03

မုရှောင်းနွမ်ကပင် ခပ်တိုးတိုး ငြီးလိုက်သေးသည်။ သူမသည် အံ့အားသင့်ဖွယ်ကောင်းသော သာယာမှုမှ နိုးထလာသလို ခံစားရသည်။ မျက်လုံးကို ဖွင့်လိုက်ပြီးနောက် သူ၏ မျက်လုံးထဲသို့ စိုက်ကြည့်သည်။ ထိုအခါ ချန်းရန်ကို မြင်လိုက်သည်။

“ဟင် ယောက်ျားက မအိပ်သေးဘူးလား”

မုရှောင်းနွမ်က ငေးငိုင်သွားသည်။ သူမက မျက်လုံးကို ပွတ်လိုက်ပြီးနောက် ချန်းရန်ကို ကြည့်ကာ မေးသည်။

“နိုးပြီလား”

မုရှောင်းနွမ်က စိတ်အခြေအနေ ကောင်းနေကြောင်း မြင်သောအခါ ချန်းရန်ကလည်း စိတ်အေးစွာ သက်ပြင်းချသည်။

“နာရီဝက်ပဲ ကြာသေးတာ။ ဒါပေမဲ့ မင်း တော်တော် သက်သာသွားတာပဲ။ အခု ဗိုက်က နာသေးလား”

“ဟင်”

မုရှောင်းနွမ်၏ အမူအရာက လှုပ်ရှားသွားသည်။ သူမက တအံ့တဩအော်သည်။

“အိုး လုံးဝမနာတော့ဘူး။ ယောက်ျား ယောက်ျား ယောက်ျားရဲ့ အဲဒီနှိပ်နည်းက အရမ်းကောင်းလိုက်တာ။ ဒါက တရုတ်တိုင်းရင်း ဆေးပညာပဲလား”

မုရှောင်းနွမ်က အမှန်ပင် မှင်တက် အံ့ဩသွားခြင်း ဖြစ်သည်။ သူမသည် အစောပိုင်း ကတည်းကပင် ဗိုက်အောက်ပိုင်းက မခံမရပ်နိုင်အောင် အောင့်နေခဲ့ခြင်းဖြစ်သည်။ နည်းနည်းလည်း အေးနေခဲ့သည်။ မမျှော်လင့်ထားစွာပင် ယခုမူ လုံးဝ သက်သာသွားသည်။

ထိုအရာသာ မကသေးချေ။ ဝမ်းဗိုက်အောက်ပိုင်းမှ ပူလောင်မှုကိုလည်း ခံစားနေရသည်။

ဒါက အကြောမှတ်ရဲ့ လှုံ့ဆော်မှုကြောင့်များလား။

“နာရီဝက်ကျော်ကျော်လောက် နှိပ်ပေးထားတာလေ။ ဘယ်လိုများ မသက်သာရမှာလဲ”

ချန်းရန်က ထိုကောင်မလေးကို မျက်လုံးလှန်ပြလိုက်သည်။ သူမက နာရီဝက်တည်းသာ အိပ်ပျော်သွားခြင်းဖြစ်သည်။ သူမက ထိုနာရီဝက်လုံး ဂရုတစိုက်နှင့် နှိပ်နယ်ပေးနေသောကြောင့်သာ နှစ်ခြိုက်စွာ အိပ်မောကျနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့်လည်း နာကျင်မှုပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားသည်။ ထိုအချိန်တွင် ထိုကောင်မလေး၏ စိတ်အခြေအနေက ပို၍ပင် တက်ကြွလာသည်။

ပို၍ဆိုးသည်မှာ ချန်းရန်ကလည်း မည်သည့်အချိန်ကမှန်းမသိ ထိုကောင်မလေး၏ ဗိုက်အောက်ဖက်ခြမ်းမှ ချွေးစေးများ ထွက်လာကြောင့် ခံစားမိလိုက်သည်။ ထိထားသော နေရာကပင် ပိုပူနေသည်။

မုရှောင်းနွမ်ကလည်း သူမ၏ယောက်ျားဖြစ်သူ၏ လက်ကသာ ထိုနေရာတွင် တစ်ချိန်လုံးတင်လားလျှင် ပိုကောင်းမည်ဟု ခံစားလာရသည်။ သို့ရာတွင် သူမသည်လည်း ထိုမျှအထိ တစ်ကိုယ်ကောင်းဆန်ပြီး အနိုင်ကျင့်၍ မရပေ။

“အိုး ဒါဆိုရင် ယောက်ျားက အများကြီး ကြိုးစားအားထုတ်ထားတာပဲ။ ငါ ယောက်ျားရဲ့ လက်လေးကို ပြန်နှိပ်ပေးမယ်”

မုရှောင်းနွမ်က ချန်းရန်၏လက်ကို ဆွဲပြီး လက်နှစ်ဖက်လုံးကိုဖြင့် နှိပ်ပေးသည်။ လက်ဆစ်များကိုပင် သေချာနှိပ်ပေးသည်။ သူမက ချန်းရန်၏ တောင့်တင်းသွားသော ကြွက်သားများကို သေချာဖြေလျော့ပေးမည့်ပုံ ရှိသည်။ သို့သော် သူမ၏ နှိပ်နည်းလေးက (7:10) စရာပင် မရှိပါပေ။

“တော်ပြီ တော်ပြီ တော်ပြီ မင်း မနာတော့ဘူးဆိုရင်လည်း စောစောအိပ်လိုက်တော့”

ချန်းရန်က လက်ကို ပြန်ရုတ်လိုသေးသည်။ သို့သော် မမျှော်လင့်ထားစွာပင် ကောင်မလေးက လက်ကို ဆက်ပြီး နှိပ်ပေးနေ၏။ ပို၍ပင် သတိထားကာ စိုးရိမ်စိတ်များနေပုံရပြီး မလွှတ်ချင်သည့် အနေအထားမျိုးဖြစ်သည်။

“ဘာလုပ်တာလဲ”

ချန်းရန်ကပင် နည်းနည်း ပဟေဠိ ဖြစ်သွားသည်။

“အင်း ယောက်ျား ယောက်ျား လက်ညောင်းနေတယ်မလား။ အရင်အခြေအနေအတိုင်း ပြန်သက်သာရဲ့လား”

ထိုကောင်မလေးက အံကို ကြိတ်ထားပြီး လှပသော မျက်ဝန်းထဲတွင် ရှက်ရွံ့မှုက ဖြတ်ပြေးသွားကာ ရှက်ရွံ့စွာ ပြောသည်။

91 04

“ခုနတုန်းက အရမ်းကြီးဖိပြီး နှိပ်ထားတာလည်း မဟုတ်ဘူးလေ။ အခု အဆင်ပြေသွားပါပြီ ဘာမေးချင်လို့လဲ”

ချန်းရန်က နားမလည်သေးပေ။

“အင်း”

မုရှောင်းနွမ်က ရှက်သွားပြီး ရှက်ရွံ့စွာ ထပ်ပြောသည်။

“ငါ့ဗိုက်က မနာတော့ဘူးပေါ့နော်။ ဒါပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတော့ ကြိမ်းပြီး ညောင်းနေသလိုပဲ”

“ငါ အိပ်ချင်တယ်”

ချန်းရန်က ဆွံ့အသွားသည်။ ဒီကောင်မလေးက သူ့ရဲ့စွမ်းရည်ကို မွေ့လျော်သွားပြီး သဘောကျစွဲလမ်းသွားပြီလား။

“ယောက်ျား”

မုရှောင်းနွမ်က ချန်းရန်၏ရင်ခွင်ထဲသို့ အတင်းတိုးဝင်ပြီး ချန်းရန်၏လက်ကို မလွှတ်ပေးတော့ဘဲ လှပသော မျက်လုံးကို တဖြတ်ဖြတ်ခတ်ရင်း ဆွဲဆောင်သည်။

“ဒီအတိုင်း ကြင်ကြင်နာနာနဲ့ ကူညီပေးပါနော် ယောက်ျားကောင်းလေးရဲ့”

******

All Chapters