← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

92 01

အပိုင်း (၉၂)

ချန်းရန်က အိပ်ချင်နေပြီး အိပ်ပျော်တော့မည့်အချိန်တွင် ထိုကောင်မလေးက ထိုမျှအထိ လာရှုပ်မည်ဟု မထင်ထားပေ။ တစ်ကိုယ်လုံးကိုတောင် နှိပ်ဖို့ ပူဆာနေသေးတယ်။

လိုချင်တာ တအားများနေပြီမလား။

“ဟေး ငါ တကယ် သည်းမခံနိုင်တော့ဘူး”

ချန်းရန်က ထရပ်လိုက်ပြီး ထိုကောင်မလေးကို ဆွံ့အသလို ကြည့်သည်။ ထို့နောက် သဘောမကျသလို မေးသည်။

“ဘယ်နေရာက ညောင်းတာလဲ”

တစ်ကိုယ်လုံးကို နှိပ်ပေးရန်လည်း မဖြစ်နိုင်ပေ။ ဒါပေမဲ့ အသင့်စားစားစရာမျိုးဆိုရင်တော့ အဆင်ပြေလောက်မယ်။

“လက်ရယ်၊ နားထင်ရယ်၊ မျက်လုံးရယ်၊ ပါးရယ်၊ လည်ပင်းရယ်၊ ပခုံးရယ်၊ ကျောကုန်းရယ်၊ ခါးရယ်၊ ခြေထောက်ရယ်၊ ခြေမျက်စိရယ်”

မုရှောင်းနွမ်က ချွဲသော အသံနှင့် ပြောသည်။

“အိုး တအားတော်တာပဲ”

ထိုကောင်မလေး ပြောလာသမျှ နေရာတိုင်းက ချန်းရန်အား ဆွံ့အသွားစေသည်။ သူက တွေးလိုက်သည်။

ဟင် ကောင်မစုတ်လေး တစ်ကိုယ်လုံးလို့သာ ပြောလိုက်ပါတော့။

“ဆိုးတယ်နော် ဆိုးတယ်”

ချန်းရန်က ထိုကောင်မလေး၏ အစခံလိုက်ရသည်။ သူမ၏စဉ်းလဲသော မျက်လုံးကို မြင်သည်နှင့် မုရှောင်းနွမ်က နောက်နေမှန်း သိလိုက်သည်။ ချန်းရန်ကလည်း ယဉ်ကျေးမနေတော့ပေ။ လက်ကို ဆန့်ထုတ်ပြီး မုရှောင်းနွမ်၏တင်ကို ဖြောင်းကနဲ ရိုက်လိုက်သည်။ ထိုအသံက မှေးမှိန်က တိတ်ဆိတ်သော အခန်းထဲတွင် ကျယ်လောင်သွားသည်။

“ဟင်”

မုရှောင်းနွမ်၏ နုနယ်ပြီး သလင်းသားကဲ့သို့ ထင်ရသော နှာခေါင်းလေးကပင် ကျုံ့သွားကာ ခပ်တိုးတိုးပင် အော်လိုက်သေးသည်။ ရှူထုတ်လိုက်သည့် မွှေးပျံ့သောလေက ချန်းရန်၏ မျက်နှာကို ကွက်တိလာထိကာ ချန်းရန်အား နည်းနည်း နိုးကြားသွားစေသည်။ သူသည် အိပ်ငိုက်ပြီးနောက် မျက်စိကျယ်သွားသည်။

“ယောက်ျား မလုပ်ပါနဲ့”

မုရှောင်းနွမ်က အလွန်ရှက်နေသည်။ အထူးသဖြင့် ထိုနေရာကို အရိုက်ခံလိုက်ရသောအခါ ပို၍ပင် မျက်နှာပူသွားသည်။ သူမသည်လည်း အရည်ပါးသောကြောင့် ခေါင်းကိုပင် ချက်ချင်းငုံ့ထားလိုက်ကာ ချန်းရန်ကို မကြည့်ရဲတော့ပေ။ ဒီနည်းအားဖြင့် ရှက်ရွံ့ကာ ဒေါသထွက်သောကြောင့် ဖြစ်လောက်သည်။

“လူဆိုးကောင် ဘာလို့ ငါ့ကို အဲဒီနေရာကို ရုတ်တရပ် ထရိုက်တာလဲ”

ခေါင်းငုံ့ထားသော မုရှောင်းနွမ်က ခပ်တိုးတိုးပြောသေးသည်။ လေသံထဲတွင် ဒေါသသံလည်း ပါသည်။ ရှက်ရွံ့နေသာ မကျေနပ်ချက်က ကလေးမလေးကို ‌ဖော်ပြသည်။

“မင်းပဲ ညောင်းတယ်လို့ ပြောတာ မဟုတ်ဘူးလား”

ချန်းရန်သည် အလွန်အမင်း တက်ကြွသွားပြီ ဖြစ်သည်။ သူက ရင်ခွင်ထဲတွင် လိမ်လိမ်မာမာလေ လာကွေးနေသော မုရှောင်းနွမ်ကို ကြည့်လိုက်ပြီး ဆိုးသွမ်းသော အပြုံးမျိုးက ပေါ်ထွက်လာသည်။

“ဘယ်လိုလဲ ညောင်းသေးလား”

“ဥပမာ အနေနဲ့ ဒီနေရာဆိုရင်ရော”

ချန်းရန်၏မျက်လုံးက မုရှောင်းနွမ်၏ ထိုတင်နေရာသို့ မကောင်းသော ရည်ရွယ်ချက် အပြည့်ဖြင့် ရောက်သွားသည်။

“အာ…”

92 02

မုရှောင်းနွမ်က ပို၍သာ ရှက်ရွံ့လာရသည်။ သူမက ခပ်တိုးတိုးအော်ပြီးနောက် အနောက်ဖက်သို့ ကျုံ့သွားကာ ခပ်တိုးတိုးတောင်းပန်သည်။

“မဟုတ်ဘူး မဟုတ်ဘူး ဟန်… ဟန် ဟန်နီ ငါမှားပါတယ် အိပ်ရအောင်”

“မနာတော့ဘူးလား”

ချန်းရန်က မျက်ခုံးကိုပင့်သည် သူသည် ထိုကလေးမလေးကို အနိုင်ကျင့်ချင်လာသည်။

“မနာတော့ဘူး”

မုရှောင်းနွမ်က ကြောက်နေသေးသည်။ အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်က အပြည့်အဝ မသက်သာသေးသောကြောင့် ဖြစ်သည်။ သူမကသာ ယောက်ျားဖြစ်သူကို စိတ်ဆိုးအောင် လုပ်လိုက်လျှင် မနက်ထနိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် ပရိုဂရမ်အသင်းကလည်း မနက်ဖြန်ဆိုလျှင် လှုပ်ရှားမှုများ ရှိပေလိမ့်မည်။ သူတို့သည် အပျော်ရှာရအုံးပေမည်။

“အိပ်တော့”

ချန်းရန်က အသက်ပြင်းပြင်း နှစ်ကြိမ်ခန့် ရှူသွင်းလိုက်သည်။ ထိုသို့ဖြင့် ထိုကောင်မလေးကို ပြန်လည်ကြင်နာပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အချိန်ခဏခန့် ရပ်တန့်နေသည်။ ဒီညက ထိုကောင်မလေး၏ သွေးလည်ပတ်မှုနှင့် ချီကို သဟဇာတ ဖြစ်စေရန်အလို့ငှာ ဗိုက်ကို နှိပ်ပေးထားသည်။ ထို့ကြောင့် အင်အားအများကြီး အလွန်အကျွံ မသုံးသင့်သေးပေ။ သို့မဟုတ်ပါက အကျိုးဆက်ရှိနိုင်သည်။ ချန်းရန်က အလွန်အမင်း အကျိုးအကြောင်း နားလည်သည်။ သို့သော် …

“သေစမ်း မုရှောင်းနွမ် ထတော့”

ချန်းရန်က အိပ်မက် မက်နေသည့်အချိန်တွင် ထိုကောင်မလေးက အမှန်တကယ် အိပ်ပျော်သွားမည်ဟု မထင်ထားမိပေ။ ပိုဆိုးသည်မှာ သူမတွင် ခေါင်းအုံးရှိသော်လည်း သူ၏လက်မောင်းကို ခေါင်းအုံးအဖြစ် သုံးထားခြင်း ဖြစ်သည်။ ဒါကလည်း အဆင်ပြေသည်။ အဓိက သော့ချက်ကမူ ဒီအတိုင်း အိပ်ပျော်သွားခြင်းသာဖြစ်သည်။ သားရေပင် ကျနေသည်။ နောက်ပြီး သူ့ရဲ့ လက်မောင်းပေါ်မှာ။

“မုရှောင်းနွမ် ထ”

ချန်းရန်က တကယ်ဒေါသထွက်လာသည်။ ထိုကောင်မလေးက အိပ်ပျော်သွားပြီး နိုး၍မရတော့ပေ။ ပိုဆိုးသည်မှာ သူက အိပ်ပျော်နေစဉ်တွင် မျက်မှောင်ကိုလည်း ကြုတ်ထားသည်။ ချန်းရန်က လက်လျော့လိုက်ပြီး မနိုးရက်တော့ပြန်ပေ။ စိတ်ထဲတွင်သာ သက်ပြင်းချနေရသည်။

အာ…ငါမင်းကို အရင်ဘဝက အကြွေးတင်ခဲ့တာ ဖြစ်မယ်။

ချန်းရန်က ရွေးချယ်စရာ မရှိဘဲ ကိုယ်ကို ဆန့်လိုက်ရသည်။ ထို့နောက် ကုတင်ဘေးစားပွဲနားသို့ ကပ်သွားပြီး တစ်ရှူးနည်းနည်း ယူကာ သုတ်လိုက်သည်။ ထိုသို့ဖြင့် သူက ထပ်လုပ်တော့မည့်အချိန်တွင် ထိုကောင်မလေးက တစ်ဖက်သို့ လှန်သွားကာ ရေဘဝဲတစ်ကောင်ကဲ့သို့ တစ်ကိုယ်လုံးကို ကပ်တွယ်ကာ ဖက်လာသည်။

ဒီမုရှောင်းနွမ်ကတော့…တအားကို မရိုးသားတာပဲ။

ချန်းရန်က တစ်ညလုံး လိမ့်ပိတ်နေရသည်။ အထူးသဖြင့် မနက်ခင်းတွင် ချန်းရန်က မျက်ကွင်းညိုမဲနေကာ မနက်ပိုင်းရောက်သည်အထိ ဟောက်နေသေးသော မုရှောင်းနွမ်ကို ကြည့်ပြီး ဆွံ့အစွာတွေးသည်။

ငါသာ မင်းနဲ့ တစ်ကုတင်တည်း ထပ်အိပ်မယ်ဆိုရင် ငါဝက်ပဲ။

“ဝုတ် ဝုတ်”

မနက်အစောပိုင်းတွင် အပြင်ဘက်မှ မန်ထုံ၏ဟောင်သံကို ကြားရပြန်သည်။ စောစောထသော ငှက်က ပိုးကောင်စားရသည်။ စောစောထသော မန်ထုံကလည်း အစာလာတောင်းသည်။ ထိုခွေးကလည်း လွန်လွန်းသည်။ လူတိုင်း အိပ်နေသော မနက်အစောပိုင်းကို အမြဲတစေ ရွေးချယ်တတ်သည်။ ထို့အပြင် အိပ်ပျော်ကာစ ချန်းရန်ကို စိတ်မရှည်သလို ဟောင်ခြင်းအားဖြင့် နိုးလာအောင် လုပ်သည်။

“အင်း”

မုရှောင်းနွမ်ကလည်း နိုးလာသည်။ သူမက မျက်လုံးကို ဖွင့်ပြီး တစ်ဖက်လှည့်လိုက်ကာ မျက်လုံးကို ပွတ်ပြီး ကုန်းထသည်။ သူမ၏ ပုံစံက ခပ်တန်းတန်းလေးသာဖြစ်ပြီး ချစ်စရာလေးဖြစ်သည်။ သူမက ထိုအတိုင်းသာ ထိုင်နေပြီး သမ်းသည်။

92 03

စောစောထသော မုရှောင်းနွမ်က စိတ်အခြေအနေ မကောင်းပေ။ အထူးသဖြင့် အရူးကဲ့သို့ထိုင်နေပြီး စိတ်က ဗလာဖြစ်နေသည်။

“ဝက် နောက်ဆုံးတော့ နိုးပြီလား”

ချန်းရန်က နံဘေးနားတွင် ရပ်ကာ မုရှောင်းနွမ်ကို မှင်သေသေနှင့် စိုက်ကြည့်သည်။ သူ၏ မျက်လုံးက နွမ်းနယ်မှုများ ပြည့်နှက်နေသည်။

မနေ့ညပြီးနောက် သူသည် မုရှောင်းနွမ်အတွက် ရှာတွေ့သည့် ပထမဦးဆုံးချစ်စရာကောင်းသော နာမည်ပြောင်ကမူ ဝက်ဖြစ်သည်။

အချိန်တန်ကြာအောင် အတူနေထိုင်ပြီးနောက် သူတို့သည်လည်း တစ်ယောက်၏ နေထိုင်ပုံများနှင့် တစ်ယောက်က ကျင့်သားရလာပြီးသားဖြစ်သည်။ မုရှောင်းနွမ်က အဝတ်အစားမဝတ်ဘဲ အိပ်ရသည်အား သဘောကျခြင်းအပြင် နှစ်ခြိုက်စွာလည်း အိပ်မောကျတတ်သည်။ ထို့ကြောင့် အတိတ်တွင် သူမ၏ သူငယ်ချင်း ယန်ရွှယ်က သူမအား အသေကောင်ဝက်လို အိပ်သည်ဟုပင် စနောက်တတ်သေး၏။

“အာ ဘယ်သူခေါ်တာလဲ”

ထို့ကြောင့် မုရှောင်းနွမ်က ပထမဦးဆုံးအကြိမ် စကြားသောအခါ ယန်ရွှယ်ခေါ်သည်ဟုပင် ထင်သွားသည်။ သူမက ခေါင်းလှည့်ပြီး ရှက်ရွံ့သွားကာ ချန်းရန်ကို မြင်ရသည်။ သူမက ချစ်စဖွယ်လေးဖြင့် နှုတ်ခမ်းပါးကိုပင် စုကာ ဆိုးနွဲ့တော့မည့် အချိန်တွင် ရုတ်တရပ် ချန်းရန်၏ အခြေအနေကို မြင်လိုက်ပြီး ရုတ်တရပ် အံ့အားသင့်သွားသည်။

“ယောက်ျား ဘယ်…ဘယ်လိုဖြစ်တာလဲ ဘာလို့ ဒီလောက် အခြေအနေ ဆိုးနေတာလဲ”

“ဘယ်လိုထင်လဲ”

ချန်းရန်က သူမကို မပျော်မရွှင် ဖြစ်သလို ကြည့်သည်။ မုရှောင်းနွမ်ကလည်း နည်းနည်း ဆွံ့အသွားသည်။

မနက်စောစောစီးစီး ယောက်ျားက ဘာဖြစ်နေတာလဲ။

မျက်လုံးကလည်း ပန်ဒါလိုပဲ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား”

“ဟန်နီ ဒေါသမထွက်ပါနဲ့ ငါနှိပ်ပေးမယ်လေ”

မုရှောင်းနွမ်ကလည်း ချန်းရန်က မနေ့ညက အလွန်ခက်ခဲခဲ့ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူမကိုလည်း သက်သာစေရန် အလို့ငှာ နှိပ်ပေးခဲ့ရသေးသည်။ သူမက ဒီမနက် လန်းဆန်းနေ၏။ သူမ၏ ယောက်ျားဖြစ်သူကလည်း မနေ့ညက အလွန်ကြိုးစားနေခဲ့သောကြောင့် ယခုလိုမျိုး မနက်စောစောတွင် မျက်ကွင်းညိုနေခြင်း ဖြစ်လောက်သည်။

“ငါ အရင်ဦးဆုံး တိတ်တိတ်လေးနေချင်တယ်”

ချန်းရန်ကလည်း နည်းနည်း အားနည်းနေသည်။ သူသည် နည်းနည်း ကြာကာ အိပ်ရန် လိုအပ်လောက်သည်။

“အိုး…ရတယ်လေ”

မုရှောင်းနွမ်ကလည်း အလွန်လိမ္မာသည်။ သူမက ဂရုတစိုက်ထပြီး ချန်းရန်ကို စောင့်ဖြင့် လာခြုံပေးကာ စဉ်းစားဆင်ခြင်းမှုအပြည့်နှင့် ပြောသည်။

“ဟန်နီ ဟန်နီ အရင်ဦးဆုံး အနားယူပြီး အိပ်လိုက်အုံး။ ငါဒီနေ့ ဟန်နီ့အတွက် မနက်စာပြင်ပေးမယ်။ ငါ့ရဲ့ဟင်းချက်လက်ရာကို မြည်းကြည့်ပေါ့ ဟီးဟီး”

******

All Chapters