← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

93 01

အပိုင်း (၉၃)

“ဒါဆိုရင် ကောင်းကောင်းအိပ်နော် ယောက်ျား”

မုရှောင်းနွမ်က ပင်ပန်းနေသော ချန်းရန်ကို ကြည့်ပြီးနောက် သူမ၏အမူအရာက အလွန်ညင်သာနေကာ အိပ်ယာပေါ်မှ ထပြီး ချစ်စရာကောင်းသည့် အဖြူရောင် ဟယ်လို ကစ်တီ (00:15) ဖိနပ်ကိုပင် ကောက်ဝတ်လိုက်ပြီး အသံမထွက်အောင် ကြိုးစား၍ ထွက်သွားသည်။

“ဟူး”

သူမက စောင်ကို ဆွဲယူလိုက်ပြီး ချန်းရန်ကို ခြုံပေးရန် ပြင်ဆင်ရုံသာ ရှိသေးသည်။ ရုတ်တရပ် တအံ့တဩ ထအော်သည်။ တစ်စုံတစ်ရာက မှားယွင်းနေမှန်း သိလိုက်သည်။

ဘာလို့ ငါ့ယောက်ျားက အိပ်နေတဲ့အချိန်မှာ လက်ကြီးကို မြောက်ထားတာလဲ မသက်မသာ ဖြစ်မှာပေါ့။

“ဟေး”

ထိုကောင်မလေးက လက်ကို ဆန့်လိုက်ပြီးနောက် ညင်သာစွာ တို့ထိပြီး နှစ်သိမ့်ပေးသည်။

“လိမ္မာတယ်နော် ဖြေလျော့ထား ဖြည်းဖြည်း ချထားလိုက်”

“အိုး”

သို့ရာတွင် ထိုကောင်မလေးက ရေကို စမ်းသပ်နေချိန်တွင် ရုတ်တရပ် သူမ၏ လက်ဖဝါးက ခုန်တက်လာကာ နှလုံးသား သေးသေးလေးကလည်း ဘမ်းကနဲ ဖြစ်သွားသည်။ သူမက အံ့ဩသွားသည်။

“ဘုရားရေ ဘာလို့ ခုန်နေတာလဲ”

“ဟင်”

ချန်းရန်က အိပ်ပျော်တော့မည် ဖြစ်သည်။ သို့သော် တစ်စုံတစ်ရာက လာစနေသလို ခံစားရပြန်သည်။

ညင်သာသော စနောက်မှုကဲ့သို့ သွေးစီးဆင်းမှုနှုန်းက ချက်ချင်းဆိုသလို မြင့်တက်သွားကာ သူ့ကို နိုးထသွားစေသည်။

သူ့ကိုပင် နည်းနည်း ငြီးသံထွက်လာစေသေးပြီး မကျေမနပ် ဖြစ်သလို မျက်လုံးကို ဖွင့်လိုက်သောအခါ မုရှောင်းနွမ်၏ အံ့အားသင့်နေသော မျက်နှာကို မြင်ရသည်။ ချန်းရန်က သူမကို အလွန်အမင်း မပျော်မရွှင်ဖြစ်သလို ကြည့်ပြီး ပြောသည်။

“ဘာလုပ်တာလဲ”

“ငါ…ငါ…နည်းနည်း တမျိုးကြီးပဲ”

မုရှောင်းနွမ်က ချန်းရန်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်သည်။ သူမကလည်း တစ်စုံတစ်ရာက မှားယွင်းနေသလို ခံစားရသည်။

ဘာလို့ ငါ့ယောက်ျားရဲ့ မျက်နှာက တစ်ခုခု မှားသလို ဖြစ်နေတာလဲ။

ချန်းရန်က ထိုကောင်မလေးကို အရူးလုပ်လိုသည်။ သို့သော် ရုတ်တရပ် ဆိုးရွားသော အကြံအစည်တစ်ခု ရလာသည်။ သူက ပြန်လှဲလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“မနေ့ညက တောက်လျှောက် နှိပ်ထားလို့ ငါ့ရဲ့လက်တွေက ညောင်းနေတာလေ။ ဒါကြောင့် ဒီနေ့ နည်းနည်း ရောင်နေ‌တာ မင်းဘာကြောင့် ဆက်ပြီး မနှိပ်ပေးတာလဲ”

“ယောက်ျား ယောက်ျားက တကယ်ပင်ပန်းခဲ့တာပဲ”

မုရှောင်းနွမ်ကလည်း အလွန်အမင်း ရင်ထဲလှုပ်ရှားသွားသည်။ သူမက အိပ်ယာအစွန်းနားတွင် ထိုင်လိုက်ကာ လက်လေးကို ဆန့်၍ ချန်းရန်ကို နှိပ်ပေးသည်။ လှုပ်ရှားမှုက အလွန်ညင်သာသည်။ မတော်တဆ ချန်းရန်ကို နာကျင်သွားစေမည်ကို ကြောက်နေပုံရသည်။ နှိပ်နေရင်းမှ သူမက မေးသည်။

“ယောက်ျား ဘယ်လိုလဲ သက်သာလာပြီလား”

“အင်း”

93 02

ချန်းရန်၏အသံက မကြည်လင်ပေ။ အသက်ရှူနှုန်းကလည်း မြန်ဆန်လိုက် မတည်ငြိမ်လိုက် ဖြစ်နေသည်။ မနက်စောပိုင်းတွင် သွေးက အထွတ်အထိပ်သို့ ရောက်သွားသည်။ ချန်းရန်အနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် ညင်သာသော ကောင်မလေးတစ်ယောက်၏ တက်တက်ကြွကြွ ပြုစုပေးခြင်းကို ခံရခြင်းဖြစ်သည်။ အလွန်အမင်း သက်တောင့်သက်သာရှိနေ၏။ ထို့နောက် သိပ်မကြာခင် ဖူးကနဲ အသံနှင့်အတူ ထုတ်လွှတ်လိုက်သည်။

ဟင် မြန်…မြန် မြန်လိုက်တာ။

ချန်းရန်က သူမ၏ဆံပင်ရှည်များကို နားကြားထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဘာကိုမှပင် သေချာ မနှိပ်ရသေးခင် ယောက်ျားဖြစ်သူက အဆုံးသတ်သွားလေပြီ။

မြန်…မြန်လိုက်တာ

“ယောက်ျား အရမ်းမြန်တာပဲ”

မုရှောင်းနွမ်က ထေ့ငေါ့သော အပြုံးမျိုးဖြင့် ကြည့်သည်။

“ငါတကယ် တော်တာ ဖြစ်မယ်။ နှိပ်တောင် မနှိပ်ရသေးဘူး။ ပြီးသွားပြီလား ဒါဆိုရင် အနာဂတ်မှာ ဒီလို ကိစ္စမျိုးကို ငါ့ကိုပဲ လွဲထားလိုက်တော့”

“ငါက မြန်တယ်လို့ မင်းက ပြောတာလား”

ချန်းရန်က ကျေနပ်နေရာမှ ထိုကောင်မလေး၏စကားကို ကြားပြီး မပျော်မရွှင်ဖြစ်သွားကာ အမှန်ပြင်ပေးသည်။

“မဖြစ်နိုင်တာ လုံးဝမဖြစ်နိုင်ဘူး။ ငါ့ရဲ့အစ်ကိုနှစ်က လောကမှာ ပြိုင်ဖက်ကင်းတယ် မင်းအခု ထင်ယောင်ထင်မှားဖြစ်သွားတာ”

“အစ်ကိုနှစ်”

မုရှောင်းနွမ်က ပဟေဠိ ဖြစ်သွားသည်။

“ယောက်ျား ယောက်ျားမှာ ဆွေမျိုးရှိတယ်လို့လည်း မကြားဖူးပါဘူး”

“အဟမ်း ငါ ဒီအတိုင်း သုံးပြည်ထောင်ရဲ့ ရိုမန့်တွေ ကြည့်တာ များလို့”

ချန်းရန်က ခပ်တိုးတိုး ချောင်းအသာဟန့်ရင်း တည်ငြိမ်စွာ ရှင်းပြသည်။

“ငါ အခုတလော ဦးလေးလျှိုရဲ့ ဗီဒီယို ကြည့်ရတာ သဘောကျနေလို့လေ။ မင်းက ဒီမှာ ဘာစောင့်နေတာလဲ။ ငါအဆင်ပြေအောင် ခဏလောက် အိပ်လိုက်အုံးမယ်။ မင်း သွားပြီး မနက်စာပြင်လိုက်တော့”

“အိုး”

မုရှောင်းနွမ်ကလည်း ကြောင်တောင်တောင်လေး ဖြစ်သည်။

သူမကလည်း ယောက်ျားဖြစ်သူက မနက်စောစော ကိုးရိုးကားယားဖြစ်နေသည်ဟု ခံစားရသည်။ သို့သော အများကြီး မတွေးနေတော့ချေ။ အပြင်ဖက်မှ မန်ထုံ၏ အော်သံကလည်း တော်တော်လေး ဆိုးရွားနေသည်။ အဲဒီ မန်ထုံစုတ်ကတော့။

မုရှောင်းနွမ်က အခန်းထဲမှ ထွက်သွားသည်နှင့် အမူအရာက ချက်ချင်းပြောင်းသွားသည်။ ရန်လိုမှုအပြည့်နှင့် ဖြစ်သွားပြီး ခြံဝန်းထဲသို့ သွားကာ ခြံဝန်းအပြင်ဘက် နေရာအလွတ်နားတွင် ရပ်နေသော မန်ထုံကို ကြည့်လိုက်သည်။ မန်ထုံ၏ နံဘေးတွင်လည်း ပျိုးပင်ပေါက်လေးရှိသည်။ မန်ထုံက အမွှေးဖွားလေးများကို ထောင်ရင်း နောက်ခြေတစ်ဖက်ကိုပင် မြောက်ကာ ပျိုးပင်ပေါက်လေးများကို ပန်းနေခြင်းဖြစ်သည်။

“အား”

မုရှောင်းနွမ်က မှင်သက်သွားသည်။ ထို့နောက် အပြေးအလွှားသွားကာ လက်ထဲတွင်လည်း ဖိနပ်ပါးကို ကိုင်ထားပြီး အော်သည်။

“မန်ထုံစုတ် နင့်ကို နေရာတိုင်းမှာ စိတ်ထင်တိုင်း ချီးပါပြီး သေးပေါက်ခွင့် ပြုထားတာမှ မဟုတ်တာ နောက်တစ်ခု ထပ်လုပ်ရင်း ငါနင့်ကို ရိုက်မှာနော်”

ဝုတ်

မန်ထုံကလည်း သခင်မက မြင်သွားကြောင်း သိသည်နှင့် ချက်ချင်းဆိုသလို အမြှီးကို ခြေထောက်ကြားညှပ်ပြီး ထွက်ပြေးလေသည်။ သူသည် ဝေးဝေးတွင် သွားပုန်းနေသည်။ ချန်းရန်သာဆိုလျှင် သူက ချစ်စရာကောင်းအောင် ဟန်ဆောင်ကောင်း ဟန်ဆောင်ပေလိမ့်မည်။ သို့သော် ထိုသခင်မကမူ အပေါ်ယံတွင်သာ ချစ်စရာကောင်းသော်လည်း သူ့ကို အနိုင်အကျင့်တတ်ဆုံးဖြစ်သည်။ မန်ထုံကမူ သူက ချစ်စရာကောင်းစွာ မွေးဖွားလာသောကြောင့် မနာလိုဖြစ်ပြီး အနိုင်ကျင့်သည်ဟု ထင်သည်။

93 03

“ဟွန့် မန်ထုံစုတ်”

မုရှောင်းနွမ်က လက်သီးကို ဆုပ်ထားသည်။ သို့သော် မန်ထုံက ခြေထောက်ကြားထဲသို့ အမြှီးညှပ်ကာ ထွက်ပြေးသွားပြီ ဖြစ်သည်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး ယခု အပြုအမူကို ပြန်တွေးသည်။ ထိုအပြုအမူက ထိုအချိန်က သူမ ယောက်ျားဖြစ်သူနှင့်ပင် တူနေသေးသည်။

မဖြစ်နိုင်တာ ဟုတ်နိုင်ပါ့မလား။

မုရှောင်းနွမ်ကလည်း ချက်ချင်းဆိုသလို တအံ့တဩထအော်သည်။ နီရဲသော နှုတ်ခမ်းပါးကို အုပ်လိုက်ပြီး အော်ဟစ်လုနီးပါးဖြစ်သွားသည်။ ချန်းရန်က အိပ်ပျော်နေဆဲဖြစ်ကြောင်းကို သတိရသွားသောအခါ ပါးစပ်ကို ခပ်မြန်မြန် အုပ်သည်။ သို့သော် လှပသော မျက်လုံးကြီးက လှုပ်နေသည်။ ထိုအခိုက်အတန့်တွင် မုရှောင်းနွမ်သည် တစ်စုံတစ်ရာကို ခန့်မှန်းမိသွားသည်။

“ဟွန့် လူရမ်းကားစုတ်”

မနက်အစောပိုင်းတွင် မုရှောင်းနွမ်က နှာခေါင်းကို မော့ထားလိုက်ရသည်။ အမျိုးသမီးဆန်သော ရှက်ရွံ့မှုနှင့် မျက်နှာပူသော စိတ်က ပို၍သာ ကြီးစိုးလာရင်း မီးဖိုခန်းထဲသို့ သွားလိုက်သည်။

“ဟေး ငါတကယ်ကို မမျှော်လင့်ထားတာပဲ။ ငါက ဒီအတိုင်း စချင်ခဲ့တာ”

ထိုအချိန်တွင် ချန်းရန်ကလည်း မအိပ်ချင်တော့ပေ။ သူသည်လည်း ဆက်အိပ်နိုင်တော့မည်မဟုတ်ဟု ထင်သည်။ အကြောင်းမူကာ သူသည် ရေချိုးခန်းထသွားရန် လိုအပ်လာသောကြောင့် ဖြစ်သည်။ ထို့အပြင် လမ်းကြုံ သူသည်လည်း ထိုသို့ မလုပ်ချင်ခဲ့ပါပေ။ ထိုကောင်မလေးက ထိုမျှအထိ ဂရုစိုက်ပေးတတ်မည်ဟု မထင်ထားခဲ့ရာမှ အမှားဖြစ်သွားသည်။

အင်း မျက်နှာပူစရာပဲ။

“ဒီကောင်မလေး မသိလောက်ပါဘူး။ နားလည်မှု မလွဲဖို့ မျှော်လင့်တာပဲ”

ချန်းရန်ကလည်း ဒီမနက်ဖျော်ဖြေမှုက သိပ်မကောင်းဟု ခံစားရသည်။ ဖြစ်နိုင်သည်မှာ သူ၏အတွေ့အကြုံမရှိသော ညီလေးကြောင့် ဖြစ်လောက်သည်။ မည်သို့ပင်ဆိုစေ သူသည်လည်း ပထမဦးဆုံးအကြိမ်က ရှက်ရွံ့မှုကြောင့် ဒယ်ပြားပေါ်သို့ ဆီစိမ်ပြီးလျှင် ချက်ချင်းဆိုသလို နောက်တွန်းသွားတတ်သည်ဟု ပြောကြလေသည်။ အတွေ့အကြုံရှိသော လူများကသာ စိတ်အေးသက်သာစွာနှင့် အလျှင်လက်ဦးမှု ရကာ စင်ကြောက်လန့်မှု မရှိဘဲ စကားပြောခန်းကို စတင်နိုင်မည် ဖြစ်သည်။

“အင်း ရေအရင်ချိုးတာပေါ့။ စားကျက်မြေအသစ်ကိုလည်း သွားကြည့်ရအုံးမယ်”

ချန်းရန်ကလည်း ရေချိုးပြီး စိတ်တည်ငြိမ်အောင် လုပ်ပြီးမှသာ သူ၏စနစ်က ပေးထားသော စားကျက်မြေကို သွားကြည့်ရန် ဆုံးဖြတ်ထားသည်။ ထိုနည်းအားဖြင့် …

မုရှောင်းနွမ်က စောစောထခဲသည်။ ဒီနေ့တွင်မူ ချန်းရန်အတွက် မနက်စာပြင်ပေးနေသည်။

“ဘာ မုရှောင်းနွမ်က ဆရာသခင်ချန်းအတွက် ချစ်ရတဲ့ မနက်စာ ပြင်ပေးနေတာလား”

“ဟားဟား ရှောင်းနွမ် နင်အရင်ကဆို နေဖင်ထိုးရင်တောင် ထတာ မဟုတ်တာ။ အခု ဘယ်အချိန်မို့လို့လဲ”

“နေ : ငါ့အတွက်လည်း အရမ်းခက်ခဲတယ်။ ဒီမနက် ငါက တင်ဆက်သူရဲ့ ဖင်ကို ထိုးတော့မလို့လေ။ မမျှော်လင့်ထားပဲ ဆရာသခင်ချန်းရဲ့ခေါင်းပေါ်ကိုပဲ အရင်ကျမိသွားတယ်”

“ညီအစ်ကိုတို့ မြန်မြန်ထကြတော့ အရှေ့မှာ အဆင့်မြင့်စွမ်းအင်တွေ အပြည့်ပဲ ရှောင်းနွမ်ရဲ့ အမှောင်ဟင်းတွေကို ကြည့်ရအောင်”

“…”

မနက်စောစောစီးစီးတိုက်ရိုက်ထုတ်လွှင့်လာသောအခါ ကြည့်ရှုသူက သိပ်မများသေးသည့် တိုင်အောင် သူတို့သည်လည်း အိပ်ယာတွင် လဲပြီး ဖုန်းပွတ်ရန် ပြဿနာ မရှိပေ။ ထို့ကြောင့် မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်နှင့် ကြည့်ရှုသူများက ချက်ချင်းဆိုသလို ပြုံတိုးကာ ဝင်လာသည်။ သုံးသန်းအထိပင် ထိုးတက်သွားသည်။

“ဟယ်လို ဂွတ်မောနင်းပါ။ မတွေ့ရတာ ကြာပြီ ညီအစ်ကိုတို့ ငါဒီနေ့ စောစောထတာက ငါ့ယောက်ျားအတွက် မနက်စာပြင်ပေးဖို့”

93 04

မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ပြီးသည်နှင့် ရေချိုးခန်းထဲတွင် စတင်ကာ အလုပ်များတော့သည်။ ကြည့်ရှုသူများကို နှုတ်ဆက်နေရင်းမှလည်း ပါဝင်ပစ္စည်းများကို ပြင်ဆင်ကာ လျှို့ဝှက်ဆန်းကျယ်သလိုမျိုးပြောသည်။

“ငါ ဒီနေ့ ဘာမနက်စာပြင်မလဲဆိုတာ စဉ်းစားကြည့်ကြ”

“???”

“တင်ဆက်သူက ပြဿနာရှာနေပြီ”

“ရှောင်းနွမ် ငါမင်းကို ရပ်ဖို့ အကြံပေးမယ်။ မနက်စောစောစီးစီး ဘယ်သူက ဒါတွေ စားမှာလဲ”

“သေစမ်း ရှောင်းနွမ် မနေ့ညက ဆရာသခင်ချန်းကို ဘာလုပ်လိုက်လို့လဲ”

ကြည့်ရှုသူများကလည်း မုရှောင်းနွမ်က ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို မြင်လိုက်သောအခါ အံ့အားသင့်သွားကြသည်။ မနက်အစောပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်သော လူအများစုကပင် ရုတ်တရပ် အိပ်ယာထဲမှ ထိလိုက်ကြကာ လုံးဝ နိုးသွားကြသည်။

တင်ဆက်သူက ပြဿနာရှာနေတယ် ဘာလုပ်ချင်နေတာလဲ။

******

All Chapters