အခန်း ၉၄
Vol. 10 Ch. 94
94 01
အပိုင်း (၉၄) ပြီးပြည့်စုံတဲ့ မနက်စာ
“မုရှောင်းနွမ်က ကျေးဇူးပြုပြီး ရှင်းပြပါ”
“ငါကြားတာတော့ မနက်စာက အာဟာရအရှိဆုံးဖြစ်ရမယ်တဲ့ များများထည့်ရမယ်”
“သိုးသားက အရမ်းအဟာရရှိတာတဲ့ ကျောက်ကပ်အတွက်လည်း ကောင်းတယ်ဆိုပဲ”
“အိုး ဒီဂျင်ဆင်းရိုင်းက အဲဒီ မန်ထုံစုတ် အရင်တစ်ခေါက်က ယူသွားတဲ့ဟာလေ ငါ ဒါလည်း ထည့်လို့ရတာပဲ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် မုရှောင်းနွမ်က ခေါက်ဆွဲကို ချက်ပြုတ်နေခြင်း ဖြစ်သည်။ သို့သော် ခေါက်ဆွဲပြုတ်ရည်က အလွန်အမင်းကို ကြောက်စရာကောင်းနေပြီး အမျိုးမျိုးသော အဟာရရှိသည့် အရာများကို ပေါင်းစုံကာ ထည့်ထားသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကပင် ကြောင်တောင်တောင် ဖြစ်နေကြသည်။
“ဘုရားရေ ဆရာသခင်ချန်းက ဘယ်လောက် အားနည်းနေလို့လဲ”
“ဆရာသခင်ချန်း ဒီနေ့ မနက်စာ မလုပ်နိုင်တာ မအံ့ဩတော့ပါဘူး။ ရှောင်းနွမ် ပေါင်ပေါင်တောင် လုပ်ရတယ်”
“ကြောက်စရာကောင်းလိုက်တာ။ ဒီလို အားဖြည့်တဲ့ နည်းလမ်းမျိုးနဲ့ဆိုရင် ဆရာသခင်ချန်း နေရာမှာတင် နှာခေါင်း သွေးလျှံသွားမှာလား”
“ရှောင်းနွမ် ဖြည်းဖြည်း လုပ်နော် ဆရာသခင်ချန်းကို သတိမလစ်စေနဲ့”
“အပေါ်က တစ်ယောက်က ပြောတာ မှားနေတယ်။ ဆရာသခင်ချန်းက ရှောင်းနွမ်ကို သတိလစ်စေမှာ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း ပွဲကြီးပွဲကောင်း ကြည့်ချင်နေကြသည်။ ဆရာသခင်ချန်းသာ ဒီခေါက်ဆွဲပန်းကန်ကို မြင်ရင် ဘယ်လိုများ တုန့်ပြန်လောက်မလဲ။
နွေးထွေးသော ရေက အပေါ်မှ အောက်သို့ ကျသည်။ မနက်အစောပိုင်းတွင် ချန်းရန်က ရေချိုးခန်းထဲတွင် အလွန်သက်တောင့်သက်သာရှိနေသည်။ အထူးသဖြင့် ထိုအချိန်တွင် လွတ်လွတ်လပ်လပ် ထုတ်လွှတ်ခဲ့ရသော ညီဖြစ်သူကြောင့် ချန်းရန်သည်လည်း သူဟာ ရေပန်းရေကိုပင် အံတု နေနိုင်သည်ဟု ခံစားရကာ ကျေနပ်စွာ ခေါင်းညိတ်နေသည်။
“အင်း မနက်အစောပိုင်းက ကိစ္စက မတော်တဆပါ”
ချန်းရန်ကလည်း သူ၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ယုံကြည်သည်။ သူက ငယ်ရွယ်သေးသည်။ ထို့ကြောင့် ငြင်း၍ မသင့်ပေ။ သို့မဟုတ်ပါက သက်သာသော ဘဝက မသက်မသာ ဖြစ်သွားပေလိမ့်မည်။
ချန်းရန်သည်လည်း ထိုကောင်မလေးက မီးဖိုခန်းထဲတွင် သူ့အတွက် မည်သို့သော အံ့အားသင့်စရာကို ပြင်ဆင်ပေးနေမှန်း မသိသေးပေ။ သို့သော် မည်သည့်အရာဖြစ်ဖြစ် ချန်းရန်က အများကြီး မမျှော်လင့်ထားပါပေ။ သေချာပေါက် ကြောက်စရာဖြစ်ပေလိမ့်မည်။
သို့သော် ကံကောင်းသည်မှာ ချန်းရန်က လက်ခံနိုင်သေးသည်။ မည်သို့ပင်ဆိုစေ ထိုကောင်မလေး၏ ယခင်တစ်ခေါက် ခေါက်ဆွဲကလည်း အဆင်ပြေသေးလေသည်။
“အင်း တော်တော်လေးတော့ စောသေးတယ်။ ဘာလို့ တစ်ရေးလောက် မအိပ်ရမှာလဲ”
ချန်းရန်က ဖျော့တော့စွာ ပြုံးလိုက်သည်။ ဒီမနက် ကံကောင်းထားပြီး မွှေ့လျော်ထားသောကြောင့် သူသည် ရိုးရှင်းစွာစာ အဆုံးအထိ မွှေ့လျော်ရန် ဆုံးဖြတ်လိုက်သည်။ ချန်းရန်ကလည်း ပြန်သွားပြီး တစ်ရေးတစ်မော အိပ်ပြီးမှသာ ထိုကောင်မလေး မနက်စာစားရန် လာခေါ်သည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။
မုရှောင်းနွမ်က တစ်နာရီနီးပါး လှုပ်ရှားနေခဲ့ပြီး နောက်ဆုံးတွင် အဆင်ပြေသော မနက်စာက အဆင်သင့်ဖြစ်သည်။ အံ့အားသင့်စရာမကောင်းစွာပင် နောက်ထပ် တစ်ပန်ကန်လုံးလည်း ရှိသည်။ သို့သော် ထိုပန်းကန်လုံးကမူ ပထမတစ်ပန်းကန်နှင့် ခြားနားသည်။
“ဟီးဟီး ငါ့ယောက်ျားကို မနက်စာစားဖို့ သွားခေါ်လိုက်အုံးမယ်”
မုရှောင်းနွမ်က အဆင်သင့်ပြင်ပြီးသည်နှင့် ချန်းရန်က အခန်းသို့ ထွက်လာသည်။ ချန်းရန်က အိပ်ပျော်နေသေးကြောင်း တွေ့ရသည်။ ထို့ကြောင့် သူ့ကို တိုက်ရိုက်နိုးလိုက်ရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် နေရောင်က အပြင်ဖက်တွင် တောက်ပနေပြီ ဖြစ်သည်။ ထို့ကြောင့် အလင်းတန်းက ကြည်လင်သော ပြတင်းပေါက်ကတဆင့် ဖောက်ဝင်လာကာ ချန်းရန်၏ မျက်နှာပေါ်သို့ ညင်သာစွာ ကျသည်။
94 02
သူ၏ ချောမောသော မျက်နှာကပင် တောက်ပနေသည်။ မည်သို့ပင် ကြည့်ကြည့် မုရှောင်းနွမ်၏ မျက်လုံးက ကြယ်ရောင်များက ပြည့်နှက်သွားသည်။ မုရှောင်းနွမ်က အမှန်ပင် ယစ်မူးသွားပြီး သားရေကျလုနီးပါးဖြစ်သွားသည်။
“ငါ့ယောက်ျားက ချောလိုက်တာ”
မုရှောင်းနွမ်က ထိုအချိန်တွင် စိတ်ပြောင်းသွားသည်။ သူမသည် လှပသော မြင်ကွင်းကို မဖျက်ဆီးရက်တော့ချေ။ သူမ၏ နှလုံးသားလေးက အခုန်နှုန်းမြန်ဆန်လာသည်။
ထိုကောင်မလေးက အိပ်ယာနားသို့ ခြေဖျားထောက်ကာ သွားပြီး အသက်ကို ပြင်းပြင်းရှူကာ တံတွေးတစ်လုတ် မြိုချသည်။ သူမ၏အရှေ့မှ ချန်းရန်က သေလောက်အောင် ဆွဲဆောင်မှုရှိသည်။ အထူးသဖြင့် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများဖြစ်သည်။ ဘာလို့ ဒီလောက်ထိ လှနေတာလဲဟင် တစ်ကိုက်ကိုက်ချင်လာ လောက်အောင်ကို လှနေတာပဲ။
ထို့ကြောင့် ထိုအခိုက်အတန့်တွင် မုရှောင်းနွမ်က နီရဲသော နှုတ်ခမ်းနားသို့ တဖြည်းဖြည်း ကပ်သွားကာ ကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး ခေါင်းကို ထပ်ငုံ့ကာ မျက်လုံးကို မှိတ်လိုက်သည်။ နီးကပ်သွားလေလေ ချန်းရန်၏ ညင်သာသော်လည်း တည်ငြိမ်သည့် အသက်ရှူသံက နှုတ်ခမ်းကို ရိုက်ခတ်လေလေဟု ခံစားမိလေလေ ဖြစ်သည်။
“ဝုတ်”
ထိုအချိန်တွင်ပင် ကြည်လင်သော ကောင်းကင်အောက်မှ ဝုတ်ကနဲ ဟောင်သံက မိုးကြိုး ပစ်လိုက်သကဲ့သို့ ဖြစ်သွားပြီး မုရှောင်းနွမ်က လန့်သွားသည်။
စွတ်
ထိုကောင်မလေး၏ နှလုံးသားက လန့်သွားသည်။ သူမက အများကြီး မတွေးသေးပဲ ရုတ်တရပ် ထကာ ထိုင်လိုက်သည်။
“ဟင်”
ချန်းရန်ကလည်း နိုးသွားသည်။ သူက မျက်လုံးကို ဖွင့်လိုက်သောအခါ ခေါင်းက နည်းနည်း မူးဝေနေသေးသည်။ သူသည်လည်း ရုတ်တရပ် နိုးသွားသည့်အတွက် မပျော်မရွှင် ဖြစ်နေသေးသည်။ သို့သော် နိုးလာသည်နှင့် ကုတင်အစွန်းနားတွင် ထိုင်နေသော လှပသော ပုံရိပ်လေးကို မြင်လိုက်သည်။
“ငါ ဘယ်လောက် ကြာကြာ အိပ်သွားတာလဲ”
ချန်းရန်က ခေါင်းကို အုပ်ရင်း ထထိုင်သည်။ သူ၏နံဘေးတွင် ထိုင်နေသော ကောင်မလေးကို ကြည့်ကာ နည်းနည်း ထူးဆန်းသလို ခံစားရသည်။ ထိုကောင်မလေးက ခပ်မတ်မတ် ထိုင်နေပြီး ခန္ဓာကိုယ်က အလွန်ဖြောင့်မတ်နေသည်။ မနှိမ့်အမြင့် အတက်အကျနှင့်ဖြစ်ပြီး လက်ကိုလည်း ဒူးခေါင်းပေါ်တွင် သပ်သပ်ရပ်ရပ်လေး တင်ထားကာ လိမ္မာသော ကျောင်းသူလေးနှင့် တူသည်။
ချစ်စရာကောင်းပြီး မြတ်နိုးစရာလေး။
သို့ရာတွင် မုရှောင်းနွမ်၏ မျက်လုံးက ပြတင်းပေါက်ပေါ်တွင် ဖြစ်သည်။ သစ်ပင်အောက်တွင် လဲနေသော ခွေးတစ်ကောင်က အမြှီးကို ယမ်းခါပြီး ဒီဘက်ခြမ်းထိ သိချင်စိတ်ပြင်းပြစွာ လှမ်းကြည့်နေသည်။ မုရှောင်းနွမ်ကလည်း စိုက်ကြည့်နေသည်။ သို့သော် သူမ၏ မျက်လုံးက ဒေါသနှင့် ရန်လိုမှုများပြည့်နှက်နေသည်။
သေစမ်း။
မနက်ခင်းအလှက ဒီဆူညံတဲ့ ခွေးစုတ်ကြောင့် ပျက်သွားရပြီ။
မုရှောင်းနွမ်က ထိုမန်ထုံအတွက် ဇနီးတစ်ယောက်ရှာပေးရန် အခွင့်အရေးယူသင့် မယူသင့် စဉ်းစားနေသည်။ ဒါဆိုရင် ပိုပြီး လိမ္မာသွားမှာပဲ။
“ဟင် ဘာလုပ်နေတာလဲ”
ချန်းရန်က မနေနိုင်ဘဲ မေးလိုက်သည်။
“အာ..အာ ငါ ဘဝအကြောင်း တွေးနေတာ”
မုရှောင်းနွမ်၏ လှပသော မျက်နှာက နည်းနည်းရဲတက်သွားသည်။ သူမသည်လည်း သူမဟာ ယခုလေးတင် တရားမဝင်သည့် အပြုအမူများ ရှိခဲ့သည်အား ထုတ်ပြော၍ မသင့်ပေ။ သို့သော် အနှစ်ချုပ်ဆိုရသော် သူမဟာ လေးနက်တည်ကြည်သော ပုံစံ ပေါက်နေလေလေ ချန်းရန်က ပို၍ပြဿနာရှိသည်ဟု ခံစားရလေလေ ဖြစ်သည်။ ထို့ကြောင့် ချန်းရန်က ရုတ်တရပ် လှုပ်ရှားလိုက်သည်။
94 03
ဖြန်း
ရုတ်တရပ်ဆိုသလိုပင် လက်ဖဝါးတစ်ချက်က ထိုကောင်မလေးက ကျောက်စိမ်းကျောပြင်ပေါ်သို့ ရိုက်ချလိုက်သည်။
“အာ…”
မုရှောင်းနွမ်က လန့်ပြီး ထခုန်ကာ တုန်သွားသည်။ သူမက ဖုံးကွယ်စရာ ရှိသောကြောင့် အသေကြောက်သွားပြီး ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။
“ယောက်…ယောက်ျား ဘာလုပ်တာလဲ”
မုရှောင်းနွမ်က မတ်တပ်ထရပ်လိုက်ကာ နည်းနည်း စိတ်ရှုပ်သွားသည်။ သူမက အပြစ်မကင်းစိတ်ရှိနေပြီးသားဖြစ်သည်။ ယခုလိုမျိုးပင် အညံ့ခံလိုက်ရသည်။ ထို့ကြောင့် ခြေထောက်များကပင် တုန်ယင်နေကာ တစ်ညလုံး အရိုက်ခံလိုက်ရသူကဲ့သို့ မရပ်မနား တုန်ယင်နေပြီး မတ်တပ် မရပ်နိုင်တော့ပေ။
သို့သော် ပို၍ ထူးဆန်းသည်မှာ သူမက အလွန်ဒေါသထွက်နေပုံပေါ်သော်လည်း ထိုသို့ အရိုက်ခံရသည့်အတွက် မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုများ ရှိနေသေးပုံရကာ သဘောတကျပင် ဖြစ်နေသေးသည်။
ငါ…ငါ…ငါ ဘာလို့ ထူးဆန်းနေတာလဲ။
“ဟားဟား မင်းက ဖုံးကွယ်စရာ မရှိဘူးဆိုရင် ဘာလို့ ကြောက်နေတာလဲ”
ချန်းရန်က ထိုကောင်မလေးကို တစ်ချက် ကြည့်လိုက်သည်။ သေချာပေါက်ကို တစ်ခုပြောပြီး တစ်ခုခု လုပ်နေတာပဲ။ သေချာပေါက်ကို အမှားလုပ်ထားတာ ဖြစ်မယ်။
“နင်..နင်”
မုရှောင်းနွမ်က ထိတ်လန့်သွားသည်။
ဘုရားရေ ငါ့ယောက်ျားက အရမ်းဉာဏ်ကောင်းတာပဲ။ ခုနက အပြုအမူကို သိသွားတာလား။
သူမ၏ ဉာဏ်ပညာရှိကာ လှပသော မျက်လုံးက ဟိုရွေ့ဒီရွေ့ဖြစ်နေသည်။ ထိုကောင်မလေးက ရုတ်တရပ် အကြံကောင်းတစ်ခု ရလိုက်သည်။
“ဟေး”
ထိုအချိန်တွင် မုရှောင်းနွမ်က ရုတ်တရပ် လှုပ်ရှားလိုက်ပြီး ချန်းရန်၏ စောင်ကို မတင်လိုက်သည်။ လှပသော မျက်လုံးကလည်း ချန်းရန်၏ တစ်နေရာပေါ်သို့ ရောက်သွားကာ အဓိပ္ပာယ်အပြည့်ပါသော အပြုံးမျိုးနှင့် ကြည့်သည်။
“ယောက်ျား ယောက်ျား ကိုယ့်ကိုယ်ကိုယ် ကြည့်ပါအုံး”
မူလကမူ မုရှောင်းနွမ်က ချန်းရန်က မျက်နှာကို ကြည့်ပြီး မနက်ပိုင်းမှ အဆိုးကောင်ကို ဖော်ထုတ်ချင်နေခြင်းဖြစ်သည်။ သို့သော် စောင်ကို မလိုက်ပြီးနောက် မှင်သက်သွားသည်။
မြောင် မြောင် မြောင်
ဘာဖြစ်တာလဲ။
ဘာဖြစ်လို့ မနက်ကလိုမျိုး အင်အားတွေ မရှိတော့တာလဲ။
ချန်းရန်ကလည်း ရုတ်တရပ် စောင်အမခံရသောအခါ မှင်သက်သွားသည်။ အထူးသဖြင့် ထိုကောင်မလေး၏ မျက်လုံးက နည်းနည်း ပုံမှန်မဟုတ်ကြောင်း မြင်လိုက်ချိန်တွင် သူသည်လည်း တစ်စုံတစ်ရာက မှားယွင်းနေမှန်းသိလိုက်သည်။
“ဘာကြည့်တာလဲ”
ချန်းရန်၏နှလုံးသားက တစ်ချက် ခုန်လှုပ်သွားပြီး ရုတ်တရပ် မေးသည်။
“ယောက်ျား”
မုရှောင်းနွမ်က ချန်းရန်ကို ကြည့်သည်။ သူမ၏မျက်လုံးက နှစ်သိမ့်လိုသော အကြည့်မျိုးအပြည့်နှင့်ဖြစ်ပြီး အလေးအနက်ထားပြီး ပြောသည်။
“ယောက်ျား စိတ်ဓာတ်မကျနဲ့။ ငါ့ရဲ့ထိန်းညှိပေးမှု အောက်မှာ သေချာပေါက် သက်သာလာမှာပါ”
ချန်းရန်ကလည်း ထိုကောင်မလေးက သေချာပေါက် နောက်နေသည်ဟုသာ ထင်လိုက်သည်။ သို့သော် သူဟာ မီးဖိုခန်းထဲသို့ လာလိုက်ပြီး အရှေ့မှ ခေါက်ဆွဲပန်းကန်ကို မြင်လိုက်ကာ တူဖြင့် ထူးဆန်းသော အရာများကို ဆွဲထုတ်ကြည့်ပြီးနောက် ချန်းရန်က ဆွံ့အသွားရသည်။ ချန်းရန်က တူကို ကိုင်ထားပြီး မုရှောင်းနွမ်ကို ဒေါသတကြီး ကြည့်သည်။
“မုရှောင်းနွမ် ငါ့ကို ရှင်းပြစမ်း ဘာလို့ ဒါတွေ ထည့်ထားတာလဲ”
အိုး တအားတော်တဲ့ကောင်… ဟမ် အရမ်းကောင်းတဲ့ ခေါက်ဆွဲတစ်ပန်းကန် လုံးဝကို အားပြည့်စေတဲ့ အရာတွေ အပြည့်နဲ့ ဒါက ဘာအဓိပ္ပာယ်လဲ။
******