← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

95 01

အပိုင်း (၉၅)

“ဟားဟား ဟား ကြည့်အုံး ဆရာသခင်ချန်းရဲ့ မျက်နှာက မဲမှောင်နေပြီ”

“ဆရာသခင်ချန်း ကြိုးစားထား… ဒါကို သောက်လိုက်စမ်းပါ။ ဘဝက စိတ်ရှုပ်ထွေးရတော့မှာ မဟုတ်ဘူး”

“ဆရာသခင်ချန်း : မိန်းမ ဒီပန်းကန်လုံးကို ကုန်အောင်သောက်ပြီး ငါ ဒီညမင်းကို ဘယ်လို နှိပ်စက်ပြမလဲ ကြည့်နေ”

“သေစမ်း ငါအခုမှ အိပ်ယာထရုံပဲရှိသေးတယ်။ ငါ ဆရာသခင်ချန်းက ဒါကို စားနေတာကို မြင်လိုက်ရတယ်။ မနေ့ညက ဒီမှင်စာမက ဘယ်လောက်တောင် နှိပ်စက်ထားလို့လဲ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း ချန်းရန်၏ သုန်မှုန်နေသော မျက်နှာကို ကြည့်ကာ မရပ်မနား ရယ်ကြသည်။ မမျှော်လင့်ထားစွာပင် ချန်းရန်က နာကျင်သောအမူအရာပြလိုက်သည်။

“မုရှောင်းနွမ်”

သို့သော် ချန်းရန်က သူမကို ကျယ်လောင်စွာ ထပ်ခေါ်သောအခါ ထိုကောင်မလေးက ထွက်ပြေးသွားပြီး ချန်းရန်တစ်ယောက်တည်းကသာ ထိုမီးဖိုခန်းထဲတွင် ခေါက်ဆွဲ တစ်ပန်းကန်လုံးနှင့် ကျန်ရစ်သည်။

“ဒီခေါက်ဆွဲပန်းကန်”

ချန်းရန်က ထိုအရာကို ကြည့်ပြီး မစားနိုင်တော့ပေ။

ဝုတ် ဝုတ်

မမျှော်လင့်ထားစွာပင် မန်ထုံက ပြေးလာသည်။ အမြှီးကို နှံ့ပြီး ချန်းရန်ကို စိတ်လှုပ်ရှားစွာ ခေါ်ကာ ချန်းရန်၏ ပန်းကန်လုံးထဲမှ စားစရာကို အလွန်စိတ်ဝင်စားနေပုံရသည်။

“ဟင်း တော်တဲ့ ကောင်လေး မင်း ဗိုက်ဆာနေမှာပဲ”

ချန်းရန်၏မျက်လုံးက တောက်ပသွားသည်။ အတွင်းမှ အရာများကလည်း အဖိုးတန်ဆေးမြစ်များဖြစ်သည့်အကြောင်းကို တွေးမိလိုက်သောအခါ လွင့်ပစ်မည်ဆိုလျှင် နှမြောစရာကောင်းပေလိမ့်မည်။ ထို့ကြောင့် သူသည်လည်း အတွင်းမှ အဆာပလာများအားလုံးကို ထုတ်လိုက်ကာ မန်ထုံကို ကျွေးလိုက်သည်။ သူသည် ခေါက်ဆွဲကို စား၍ရသည်။ သို့သော် တခြားသော အားဖြည့်စာများကိုမူ မေ့လိုက်သင့်သည်။

ဒီကောင်မလေးက သူ့ကို နားလည်မှုလွဲနေတာဖြစ်မယ်။

“အာဝု ဝုတ် ဝုတ်”

မန်ထုံကလည်း စိတ်လှုပ်ရှားစွာဖြင့် စားသည်။ ထို့နောက် ပြောင်စင်အောင်ပင် လျှက်လိုက်သေးသည်။

“လိမ္မာတဲ့ကောင်လေး မင်းစားပြီးရင်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ်နော်”

ချန်းရန်က နည်းနည်း စိုးရိမ်နေသေးသည်။ လူများက ထိုအရာများကို စားမိသောအခါ တက်ကြွသွားတတ်သည်။ သူသည်လည်း ထိုခွေးက စားပြီးသည်နှင့် တစ်စုံတစ်ရာ ဖြစ်သွားမည်ကို စိုးရိမ်နေသေးသည်။ ဒီခွေးက ဒီတက်ကြွနေတဲ့ အင်အားတွေနဲ့ ဘာလုပ်မှာလဲ မသိဘူး။

မန်ထုံကမူ ထိုကိစ္စ၏ လေးနက်မှုကို မသိသေးပေ။ သူသည်လည်း ခုန်ပေါက်နေကာ အမြှီးကို နှံ့နေသည်။

သခင် သခင် ကျေးဇူးပြုပြီး နည်းနည်းလောက် ကျွေးပါအုံးဟု ပြောနေသလိုမျိုး တုန့်ပြန်ပြလေသည်။ ညစာစားပြီးသည်နှင့် ချန်းရန်နှင့် မန်ထုံတို့က စံအိမ်အပြင်ဖက်သို့သွားကာ လေကောင်းလေသန့်ရှူသည်။ ယခင်ကထက် ပို၍ တက်ကြွနေသလို ခံစားလိုက်ရသည်။

“ယောက်ျား”

မုရှောင်းနွမ်က သူ၏အနောက်ဖက်တွင် တိတ်တဆိတ် ပေါ်လာသည်။ ချန်းရန်ကိုလည်း ခိုးကြည့်နေ၏။ သို့သော် ရှေ့သို့လည်း မတက်လာရဲသေးပေ။ အကြောင်းမူကား အမျိုးသမီးတစ်ယောက်၏ ဆဌမအာရုံအရ သူမရဲ့ယောက်ျားက နည်းနည်းဒေါသထွက်နေသည်ဟု ခံစားရလေသည်။

“ကောင်းပြီ ဒီနေ့ စားကျက်မြေအသစ်ကို ကြည့်မယ်”

95 02

ချန်းရန်ကလည်း နည်းနည်း ဒေါသထွက်နေသည်။ ထို့ကြောင့် ထိုကောင်မလေးကို အာရုံမစိုက်ချင်တော့ပေ။ ဒါက ဒုတိယအကြိမ်ပဲ။

ဒီကောင်မလေးက သူ့ကို လုံလောက်အောင် မကောင်းဘူးလို့ ထင်နေတာ ဒုတိယအကြိမ်ပဲ။ အမျိုးသားတစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူး။ ထို့ကြောင့် ချန်းရန်က ထိုကောင်မလေးကို အရင်ဆုံးသုံးသပ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ အမှားကို သိအောင် ထားရမယ်။

“အိုး…ကောင်းပြီလေ”

မုရှောင်းနွမ်က ချန်းရန်၏စိတ်အားထက်သန်မှု မရှိသော အကြည့်ကို ကြည့်လိုက်ပြီး ဒေါသထွက်နေသေးမှန်း သိလိုက်သည်။ ထို့ကြောင့် လျှာကို ထုတ်ပြောင်ပြရင်း ချွဲသည်။

“ဟားဟား ကြည့်အုံး ရှောင်းနွမ်က ဆရာသခင်ချန်းရဲ့ဒေါသကို ကြောက်နေတာ”

“ရှောင်းနွမ် နင့်ရဲ့ယုံကြည်မှုတွေ ဘယ်ရောက်သွားတာလဲ။ ဆရာသခင်ချန်းရဲ့အရှေ့မှာ စကားမပြောရဲလောက်အောင် ကြောက်လိုက်တာ”

“ရှောင်းနွမ် : ယောက်ျား ယောက်ျား ငါမှားပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို မရိုက်ပါနဲ့”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ စာတမ်းများကို ကြည့်ရင်း မုရှောင်းနွမ်ကလည်း ခြေကို ဆောင့်သည်။

“နင်တို့က အရမ်းဆိုးတာပဲ။ ငါ့ယောက်ျားက ငါ့ကို ဒေါသထွက်နေတာကို နင်တို့က ပျော်နေကြတယ်။ ဟွန့် နောက်ပြီး ငါကလည်း မတရားစွပ်စွဲခံရတာပါနော်။ ငါက အစာကျွေးပြီးတာနဲ့ သူက ငါ့ကို မမှတ်မိချင်တော့ဘူး။ အာရုံတောင် မစိုက်ချင်တော့ဘူး”

မုရှောင်းနွမ်က ပါးကို ဖောင်းပြီး ခေါင်းကို စောင်းလိုက်သည်။ သူမ၏ ဝက်မြှီး ကျစ်ဆံမြှီးလေးက အနောက်ဖက်တွင် ယမ်းခါနေပြီးတစ်ဖက်သို့ပင် ရွေ့သွားသည်။ ထိုကောင်မလေးက ဒေါသထွက်နေချိန်တွင်ပင် ချစ်စရာကောင်းလေသည်။

“ဟားဟား ရှောင်းနွမ်ကလည်း ဒေါသထွက်တာလား”

“နွမ်ပေါင်ပေါင် မငိုနဲ့ မငိုနဲ့ အဲဒီအမျိုးသားစုတ်က မကောင်းဘူးဆိုရင် ကွာရှင်းလိုက်လေ”

“ဒုတိယတစ်ခေါ် ထပ်ပြောမယ် သူ့ကို လွှင်ပစ်လိုက် ဘေဘီ ငါတို့ဆီကို လာခဲ့”

ထိုကောင်မလေးက ထိုကွန်မန့်များကို မြင်လိုက်သည်နှင့် အထူးသဖြင့် သတိပေးချက်များကို မြင်လိုက်သည်နှင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲတော့သည်။

“ဟေး ယောက်ျား ငါ့ကို စောင့်အုံး စောင့်အုံး ငါလိုက်မယ် ငါလိုက်မယ်”

မုရှောင်းနွမ်က ယခုလေးတင်ထောင်လွှားပြီး ချန်းရန်ကို ဂရုမစိုက်တော့ဟု ပြုမူနေခဲ့ရာမှ ထို့နောက် တစ်ခဏတွင် အပြေးအလွှားလိုက်သွားသည်။ သူမ၏ စိုးရိမ်ထိတ်လန့်နေသောအမူအရာက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူတိုင်းကို အော်ရယ်စေပြန်သည်။

“ဟားဟား ဟား ငါ ရယ်ရလို့ သေတော့မယ် အမျိုးသမီးတစ်ယောက်အနေနဲ့ အဆင့်အတန်းက အရမ်းနိမ့်ကျတာပဲ”

“ရှောင်းနွမ်စုတ် ခွဲခြားဆက်ဆံတတ်တယ်ဆိုတာ အမှန်ပဲ။ ဟမ်…”

“ရှောင်းနွမ် သတ္တိရှိစမ်းပါ မင်းရဲ့ယောက်ျားရဲ့ အာဏာရှင်ဆန်မှုကို အညံ့မခံစမ်းပါနဲ့။ ငါတို့ တရားမျှတမှုအတွက် တိုက်ခိုက်ပြီး အမျိုးသားတွေကို အနိုင်ယူရမယ်”

“အိုး ရှောင်းနွမ် နင်အလွယ်တကူ လက်မလျော့သင့်ဘူးနော်။ အဆုံးထိတိုက်ခိုက်လေ”

ထိုအခိုက်အတန့်တွင် ကွန်မန့်များအားလုံးက ပျံသန်းထွက်နေသည်။ မုရှောင်းနွမ်ကလည်း ဂရုမစိုက်တော့ပဲ လိုက်ပြေးနေရင်းမှ ကွန်မန့်များကို ကြည့်ရင်း ပြန်ငြင်းသေးသည်။

“အာ ငါက တစ်ခုခုဖြစ်နေလို့လား။ ဒေါသထွက်တာက ငါ့ယောက်ျားရဲ့ကိစ္စ ငါ သူ့နောက်ကို လိုက်တာ မလိုက်တာက ငါ့ကိစ္စလေ ဘာဖြစ်လို့လဲ”

“ဖူး ဒါလည်းဟုတ်တာပဲ”

“မုရှောင်းနွမ် မုရှောင်းနွမ် အမျိုးသမီး လက်ဝှေ့ထိုးအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ချနေတာပဲ”

“ဒါလည်း မဆိုးဘူးပဲ ဒါလည်း မမှားနေသလိုပဲနော်။ မုရှောင်းနွမ်က ဆရာသခင်ချန်းကို ထပ်ပြီး လိုက်လျောလိုက်ပြန်ပြီ ဟား မိန်းမ”

95 03

မုရှောင်းနွမ်၏အဖြေကို ကြားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း စတင်ကာ ဝေဖန်ပြောဆိုကြတော့သည်။ သို့ရာတွင် မုရှောင်းနွမ်က ဂရုမစိုက်တော့ပေ။ သူမက ချန်းရန် ဒေါသထွက်မထွက်ကို ပိုစိတ်ဝင်စားသည်။

သူ လျစ်လျူရှုတော့မှာလား။

ထိုကောင်မလေးက စိုးရိမ်သောက ရောက်နေသော အနေအထားမျိုးတွင်ဖြစ်သည်။ သူမသည်လည်း နည်းနည်း ပူပန်မိနေပြီး ချန်းရန်၏အနောက်မှ တိတ်တဆိတ်လိုက်သည်။ သူမက အနားသို့သွားပြီ တောင်းပန်သင့်မသင့်လည်း စဉ်းစားနေသေးသည်။ သို့သော် တစ်ဖန်ထပ်ပြီး တွေးတောကြည့်လိုက်ပြီးနောက် ဘာမှ မမှားဟုလည်း တွေးလိုက်ပြန်သည်။

မနက်စောစော မနက်စာပြင်ပေးတာ မှားလို့လား။

ထိုကောင်မလေးက နည်းနည်း မကျေမနပ်ဖြစ်သွားသည်။

ဘာလို့ ဒေါသထွက်နေတာလဲ။ ကိစ္စကြီးမှ မဟုတ်တဲ့ဟာကို။

နောက်ပြီး ဒေါသထွက်ရင်လည်း တစ်ချက်လောက်ရိုက်ပြီးတော့ စိတ်ပြေအောင် လုပ်လို့ရတာပဲ။ ဘာလို့စကားတစ်ခွန်းမှ မပြောတာလ လူကို စိတ်မသက်မသာဖြစ်အောင်လို့။

“ဝိုး ဒီမှာ စားကျက်မြေကြီး ဘယ်အချိန်က ပေါ်လာတာလဲ”

“ကြည့်အုံး ကြည့်အုံး သိုးလေးလည်း ရှိသလိုပဲ ချစ်စရာကောင်းလိုက်တာ”

“ဝိုး ကြက်ပေါက်လေးတွေလည်း အများကြီးပဲ ဝဝ တုတ် တုတ် လေးတွေ”

“ဘုရား‌ရေ ငါဒီမနက်အိပ်ယာထပြီး လေကောင်းလေသန့် ရှူရုံပဲရှိသေးတယ်။ ဒီလောက် စည်ကားနေတဲ့မြင်ကွင်းကို မြင်လိုက်ရတယ်။ ငါ့ရဲ့ စိတ်အခြေအနေကတောင် ရုတ်တရပ် ပြောင်းလဲသွားတာပဲ”

ထိုအချိန်တွင် ပရိုဂရမ်အသင်းမှ လူများကလည်း စားကျက်မြေအသစ်ကို ရှာတွေ့သွားကြသည်။ ဒီနေရာက တောလေး၏ အနောက်ဖက်တွင် တည်ရှိပြီး သာ့ချင်တောင်နှင့် နီးကပ်သောကြောင့် မြင်ကွင်းက ပိတ်နေသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ထိုဖက်သို့လမ်းလျှောက်လေ့မရှိသာ မုရှောင်းနွမ်ကပင် ရှာမတွေ့ခဲ့ပါပေ။

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က ပေါ့ပါးတဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်လို့ ဒဏ္ဍာရီလာ စားကျက်မြေက အွန်လိုင်းပေါ်ကို တက်လာပါပြီ”

“တင် ပိုင်ရှင်ကို သတိပေးပါတယ် ဒဏ္ဍာရီလာ စားကျက်မြေက ထိပ်တန်းအဆင့် ရှားပါးတဲ့ မျိုးစိတ်တွေကို ပိုင်ဆိုင်ထားပြီး အရည်အသွေးကလည်း ထူးချွန်ပြောင်မြောက်လို့ မွေးရတာလည်း လွယ်ကူစေမှာပါ။ ဒါကြောင့် ပိုင်ရှင်အနေနဲ့စိုးရိမ်စရာ မလိုအပ်ပါဘူး”

ထိုအချိန်တွင် စနစ်၏ အသံက ထွက်လာပြန်သည်။ ချန်းရန်က ဆယ်မိနစ်ကျော်ကျော်ခန့် လမ်းလျှောက်ပြီးမှသာ စာကျက်မြေ၏ အစွန်းနားသို့ ရောက်သွားသည်။

“ဆရာသခင်ချန်း ဆရာသခင်ချန်း ရောက်လာပြီ”

“ဆရာသခင်ချန်း မင်းရဲ့ စားကျက်မြေက အရမ်းကို အံ့အားသင့်ဖို့ ကောင်းတာပဲ။ ငါတို့ ဓာတ်ပုံ အတူရိုက်လို့ရလား”

“ငါပထမဦးဆုံးအကြိမ် ဒီလို စားကျက်မြေမျိုးကို မြင်ဖူးတာပဲ။ ငါ့ရဲ့ ကိုယ်ပိုင် မျက်လုံးနဲ့ မြင်ရတာမျိုးကြောင့်သာ မဟုတ်ရင် အိပ်မက်မက်နေတယ်လို့ပဲ ထင်မှာ။ ဆရာသခင်ချန်း ငါ့ကို တစ်ကြိမ်လောက် ရိုက်ကြည့်ပါအုံး။ ငါနိုးသွားအောင်လို့လေ”

ပရိုဂရမ်အသင်းမှ လူများကလည်း ရောက်လာသော ချန်းရန်ကို မြင်သည်နှင့် စိတ်အားထက်သန်စွာ နှုတ်ဆက်ကြသည်။ ထိုအချိန်တွင် အသင်းခေါင်းဆောင် ဟယ်လောင်ရှီးက စားကျက်မြေထဲမှ ဖော်ပြရန်ခက်ခဲသော မြင်ကွင်းများကို ကြည့်နေပြီး သူ့ကိုယ်သူပင် နှစ်ကြိမ်ခန့် ရိုက်ခိုင်းသေးသည်။ သူသည်လည်း အိပ်မက် မက်နေသလို ခံစားရသည်။

******

All Chapters