← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

96 01

အပိုင်း (၉၆)

“ဘုရားရေ အိပ်မက်မက်နေတာလား။ ဒီကြက်ပေါက်တစ်အုပ်က ကြက်မကြီးရဲ့ နောက်ကနေ လိုက်ပြီး အတန်းလိုက် မနက်ခင်း လေ့ကျင့်ခန်း လုပ်နေကြတာပဲ”

“ဆရာသခင်ချန်း ဒီဘဲက တကယ်နေကောင်းတာ သေချာလား။ သူ့ရဲ့ အမွှေးအတောင်တွေတောင် မထွက်သေးဘူး။ သူက ဒီရေကန်သေးသေးလေးနားမှာ အတွဲလိုက် မနက်ခင်း လေ့ကျင့်ခန်း လုပ်နေတယ်”

“နောက်ပြီး ဒီသိုးလေးကလည်း ရေကန်ရှေ့မှာ မှန်ကြည့်နေသလိုမျိုးပဲ။ နောက်ပြီး သူ့ရဲ့အမွှေးကိုတောင် သနေသေးတယ်”

“နောက်ပြီး ဒီပန်းရောင်ဝက်လေးကလည်း ဒီစက်ဝိုင်းပုံ ရေအိုင်လေးကို ပတ်ပြေးနေတာနော်။ သူတို့ကလည်း တစ်ကောင်နောက်ကို တစ်ကောင်လိုက်နေကြတာ သူတို့က ဝိတ်ချနေကြတာလား”

ပရိုဂရမ်အသင်းမှ လူများကလည်း ကြောင်တောင်တောင် ဖြစ်နေကြသည်။

“ဘုရားရေ ဒါက ဘယ်လို နတ်စားကျက်မြေလဲ ဒီကောင်လေးတွေက အရမ်းချစ်စရာကောင်းပြီး ဉာဏ်ကောင်းလိုက်တာ”

ထို့ကြောင့် ဟယ်လောင်ရှီးကလည်း ချန်းရန်အပြေးလာကြောင်း မြင်လိုက်သည်နှင့် ချန်းရန်ကို နှစ်ချက် လာရိုက်ခိုင်းခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူသည်လည်း သူသည် တိရစ္ဆာန်တိုင်းပြည်ထဲသို့ ဝင်ရောက်မိသည်ဟု ထင်မိလောက်သည်။

“အားလုံးပဲ စိတ်အေးအေးထားကြပါ။ ဒီစားကျက်မြေက အထူးလေ့ကျင့်မှု လုပ်ထားတဲ့ စားကျက်မြေမလို့ပါ။ ဒါကြောင့် ပုံမှန်နဲ့ နည်းနည်း လေးကွာခြားနေတာ”

အားလုံးက အံ့အားသင့်နေကြောင်း မြင်သောအခါ ချန်းရန်ကလည်း မနေနိုင်ဘဲ ထွက်လာပြီး ပြုံး၍ ရှင်းပြရသည်။ ဒဏ္ဍာရီလာ စားကျက်မြေက စနစ်၏ ဆုလာဘ်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာရှိ ထိပ်တန်းမျိုးစိတ်မှလည်း ဖြစ်နေလေသည်။ မျိုးစိတ်အများစုကို လူအများစုက မသိလောက်သေးပေ။ သို့သော် သူတို့က ဉာဏ်အလွန်ကောင်းကြသည်။ ဥပမာ သိုးကြောင်းခွေးဆိုလျှင် အလွန်အမင်း လူစကား နားလည်လေသည်။

ထို့ကြောင့် လေ့ကျင့်ပြီသည်နှင့် သူတို့၏ အပြုအမူက ပရိုဂရမ်အသင်း၏ မျက်လုံးထဲတွင် ဖော်ပြရန်ခက်ခဲသော အနေအထားသို့ ရောက်ရှိသွားသည်။

“စားကျက်မြေက အထူးလေ့ကျင့်ထားတယ် ဟုတ်လား ဟစ်”

ထိုစကားကို ကြားပြီးနောက် ပရိုဂရမ်အသင်းမှ လူများကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကြကာ အသက်ပြင်းပြင်း ရှူကြသည်။ ထိုအကောင်များက ထိုမျှအထိ ဉာဏ်ကောင်းနေမှာ အံ့၏ဩစရာ မရှိတော့ပေ။ ထို့အပြင် အလွန်ညင်သာသည်။ လူလည်း မကြောက်တတ်ပေ။ စားကျက်မြေကြီးတစ်ခုလုံးက အစီအစဉ်တကျရှိနေကာ ပုံမှန်အတိုင်း လည်ပတ်နေသည်။

သူတို့ကသာ ကိုယ်ပိုင်မျက်လုံးဖြင့် မြင်တွေ့ရခြင်းမဟုတ်လျှင် ယုံကြည်နိုင်ခြင်း မရှိလောက်ပေ။

“ဒါက ဘာမျိုးစိတ်တွေမှန်းတောင် မသိဘူး ။တစ်ကောင်နှစ်ကောင်လောက်တောင် ပြန်ယူသွားပြီး မွေးချင်သေးတယ်”

အစ်မကြီးကျစ်ဖုန်း၏ မျက်လုံးက တောက်ပနေသည်။ သူမက ထိုစားကျက်မြေကို တောက်လျှောက် ကြည့်နေပြီး သူမသိသော အမျိုးအစားများ ရှိမရှိ ကြည့်လိုသည်။ ပြန်ရောက်သည်နှင့် အိမ်မွှေးတိရစ္ဆာန်အဖြစ် ဝယ်မွေးရပေမည်။ သို့သော် ဘေးဘီကို ကြည့်ပြီးနောက် သူမ မှတ်မိသော အကောင်တစ်ကောင်မှ မရှိကြောင်း သိလိုက်သည်။

“အစ်မကြီးကျစ်ဖုန်း တကယ်လို့ မင်းတစ်ကောင်မွေးချင်ရင်တော့ ငါ တစ်ကောင်သိတယ်”

ဖုန်းဖုန်းက ဝင်ပြောသည်။

96 02

“ဘယ်တစ်ကောင်လဲ”

“ဟီးဟီး ဒီမှာလေ”

ဖုန်းဖုန်းက တစ်ယောက်နောက်ကို တစ်ယောက်လိုက်နေသော ပန်းရောင်ဝက်လေး သုံးကောင်ကို ညွှန်ပြသည်။

“သူတို့က pepper ဝက်လို့ ခေါ်တယ်။ မွေးလို့ အသင့်တော်ဆုံးပဲ”

“ဟားဟားဟား”

ပရိုဂရမ်အသင်းမှ လူများက ရယ်ကြပြီး နောက်ပြောင်နိုင်သည့် အကြောင်းပြချက် ဖြစ်သွားသည်။

“သွားစမ်း”

အစ်မကြီးကျစ်ဖုန်းက အစပိုင်းတွင် သိချင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် နားထောင်ပြီးနောက် ထိုစကားကို ကြားလိုက်ပြီးတစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်။ နောက်ဆုံးတွင် အားလုံးက ရယ်မောနေကြောင်း နားလည်လိုက်သောအခါ မနေနိုင်ဘဲ ဒေါသထွက်လာသည်။ လက်သီးကို မြှောက်၍ ဖုန်းဖုန်းကို လိုက်ထုသည်။

“ဟားဟား မနောက်နဲ့။ မနောက်နဲ့တော့ ငါတို့မသိသေးရင် ဆရာသခင်ချန်းကို မေးလို့ရတယ်လေ”

ဟယ်လောင်ရှီးကလည်း ကိစ္စကို ချောမွေ့အောင်လုပ်ပေးသည်။ ထို့နောက် ပရိုဂရမ်အသင်းကလည်း ဆရာသခင်ချန်းကို ကြည့်လာကြသည်။ ဆရာသခင်ချန်းကလည်း မေးခွန်းကို ဖြေပေးလာသည်။

ချန်းရန်သည်လည်း စနစ်က အဖိုးတန်မျိုးစိတ်များကို ပေးထားကြောင်းကိုသာ သိသည်။ သို့သော် မည်သည့်မျိုးစိတ်များ ရှိကြောင်းကို မပြောထားသေးပေ။ သို့ရာတွင် ချန်းရန်တွင်မူ တိရစ္ဆာန်နှင့် အပင်စွယ်စုံကြမ်းရှိထားသည်။ထို့ ကြောင့် ရှားပါးသော မျိုးနွယ်များကိုပင် ခွဲခြမ်းစိတ်ဖြာနိုင်သည်။

“ဆရာသချန်း မေးခွန်းနည်းနည်းလောက် မေးလို့ရမလား”

အစ်မကြီးကျစ်ဖုန်းက အရင်ဦးဆုံး ခုန်ထွက်လာသည်။ သူမက သိချင်စိတ်ပြင်းပြစွာဖြင့် စားကျက်မြေ၏ ထောင့်နားမှ အစိမ်းရောင် အသိုက်လေးကို စိုက်ကြည့်သည်။ ထိုနေရာတွင် အစိမ်းရောင်မြက်လေးများ ပေါက်နေကာ အလွန်အမင်း သိပ်သည်းကာ နူးညံ့သည်။ ထို့အပြင် အချို့အပင်များတွင် လူတစ်ယောက် အရပ်အထိပင် မြင့်နေသေးသည်။ ထို့နေရာတွင် ယုန်လေး သုံးကောင်က လှဲနေသည်။ တော်တော်လေးကို ငြိမ်းချမ်းပြီး လှပကာ မြက်ကိုသာစားနေကြသည်။ သူတို့က တိတ်ဆိတ် အေးချန်းလွန်းသည်။

“ဪဒါတွေလား ဒါတွေက မုန်လာဥ ယုန်လို့ ခေါ်တယ် မျိုးတုန်းလုနီးပါးဖြစ်နေတဲ့ မျိုးနွယ်မျိုးပေါ့။ အခု လူနည်းစုပဲ သွားနိုင်တဲ့ တောင်တန်းတွေ တောအုပ်တွေထဲမှာပဲ ရှိလောက်တော့မယ်။ ဒါပေမဲ့ သူတို့ရဲ့ အရေအတွက်က တော်တော်လေးကို ရှားပါးနေတာ။ ဒါပေမဲ့ ဈေးထဲမှာ ဝယ်ချင်တယ်ဆိုရင်တော့ မုန်လာဥ ယုန်အစစ်မျိုး မရနိုင်ဘူး”

“ဘုရားရေ မုန်လာဥယုန်ဟုတ်လား။ ဆရာသခင်ချန်း တကယ်ပြောနေတာလား”

အစ်မကြီး ကျစ်ဖုန်းက အံ့ဩသွားသည်။

“ဒီ…ဒီယုန်က ကြက်တူရွေးလို စကားပြောတတ်တာလား”

“မဖြစ်နိုင်တာ”

ပရိုဂရမ်အသင်းမှ လူများကပင် အံ့ဩသွားကြသည်။

ဒီလို ယုန်မျိုးရှိလို့လား။

96 03

“မသိတာနဲ့ဘဲ မရှိဘူး မကြားဖူးတာနဲ့ဘဲ မရှိနိုင်ဘူးလို့ သတ်မှတ်လို့မှ မရတာ။ အချို့အကြောင်းပြချက်တွေကြောင့် မျိုးတုန်းသွားတာ ဖြစ်ပါလိမ့်မယ် ဟုတ်တယ်မလား ယောက်ျား”

မုရှောင်းနွမ်က အနောက်ဖက်မှ နေ၍ အပျော်ဝင်ပြောသည်။ ထိုကောင်မလေးက အခွင့်အရေးကို ရသည်နှင့် ချန်းရန်ကို စကားလမ်းကြောင်း လာစသည်။

“လူသားတွေရဲ့ အမဲလိုက်မှုကြောင့်ပါ”

ချန်းရန်က ထိုကောင်မလေးကို တစ်ချက် ကြည့်ပြီး နှာခေါင်းရှုံ့သည်။ သို့သော် သူမ၏ စကားကို လွဲပြောင်းဦးဆောင်ယူကာ ပြောလိုက်သည်။

“ဒီလိုယုန်အမျိုးအစားက အရမ်းဉာဏ်ကောင်းတာ အမဲလိုက်တာကို ရှောင်ရှားဖို့အတွက်နဲ့ အနက်ရှိုင်းဆုံး တောင်တန်းတွေ တောအုပ်တွေမှာပဲ နေတော့တယ်။ ဒါပေမဲ့ သူတို့က ဒီလို နက်ရှိုင်းတဲ့ တောင်တန်းနဲ့ တောအုပ်တွေထဲမှာ နေလို့ လူတိုင်းနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ဆိုတော့ စကားပြောနိုင်စွမ်းရည်တော့ မရှိတော့ဘူးပေါ့”

“အိုး ဘုရားရေ ဒီလို နောက်ခံမျိုး ရှိတာပဲ”

အစ်မကြီးကျစ်ဖုန်းကပင် မှင်သက်သွားသည်။ လောကတွင် ထိုကဲ့သို့ မှော်ဆန်သော ယုန်မျိုး ရှိမည်ဟု မထင်ထားမိပေ။ တော်တော်လေးကို ရှားပါးတာပဲ။ အာ နှမြောစရာပဲ။ ဆရာသခင်ချန်းတောင်မှ သုံးကောင်ပဲ တွေ့တာတဲ့။

“ဆရာသခင်ချန်း ဒီသုံးကောင်က လူစကားပြောတတ်မှာလား”

အစ်မကြီးကျစ်ဖုန်းက မျှော်လင့်ချက် အပြည့်နှင့် မေးသည်။ ချန်းရန်က ခေါင်းခါသည်။

“ပြောဖို့ ခက်တယ်. အနည်းဆုံးတော့ အခုတော့ မပြောသေးဘူး”

“အဲဒီလိုလား”

အစ်မကြီးကျစ်ဖုန်းက နည်းနည်း စိတ်ပျက်သွားသည်။

“အင်း တစ်ရက်မှာပေါ့။ လူသားတွေနဲ့ တိရစ္ဆာန်တွေက ရင်းနှီးတဲ့ဆက်ဆံရေးကို ရရှိလာတဲ့အခါမှာ သူတို့ရဲ့ မသိစိတ်က ခုန်ထွက်လာမှာပေါ့”

ထိုသို့ပြောပြီးသည်နှင့် သူက ယုန်သုံးကောင်နားသို့ သွားကာ အသေးလေးတစ်ကောင်ကို ကောက်ပွေ့လိုက်သည်။ ထိုအကောင်လေးက လက်သီးဆုပ်အရွယ်အစားလေးသာ ရှိသည်။ သို့သော် လူမကြောက်တတ်ပေ။ ချန်းရန်ကိုပင် မခံစားမိပုံ ရသည်။ သူက လည်တိုင်ကိုသာ ဆန့်ပြီး မြက်ကိုသာ ဆက်စားနေသည်။ ချန်းရန်က သူ့ကို ဒူးခေါင်ခန့်မြင့်သော မြက်နေရာထိပင် မြောက်ပေးလာသည်။ ထိုကောင်လေးကလည်း ထိုနေရာမှ မြက်ကို ပြန်စားပြန်သည်။

ချန်းရန်က ထိုအတိုင်းသာ ကိုင်ထားသည်။ သူသည်လည်း အညင်သာဆုံးသော ထိပ်မှ အရွက်များကိုသာ စားနိုင်သည်။ အနူးညံ့ဆုံးသော မြက်အသားက ထိပ်ဆုံးတွင် ရှိသည်။ သူသည် မွေးသည်မှာ သိပ်မကြာသေးသောကြောင့် သူ၏ ဗိုက်က နူးညံ့နေသေးသည်။ ထို့ကြောင့် ချန်းရန်သည်လည်း အစာအိမ်ထိခိုက်မည်ကို စိုးရိမ်နေသည်။

“ငါ့ယောက်ျားက ဒီလောက်ထိ ညင်သာပြီး စဉ်းစားဆင်ခြင်ပေးတတ်မယ်လို့ မထင်ထားဘူး သတိထားနော်”

နံဘေးတွင် ရပ်နေသော မုရှောင်းနွမ်၏အကြည့်က ချန်းရန်ထံမှ မခွာတော့ပေ။ ချန်းရန်၏ အသေးစိတ်ကျသော အပြုအမူကို မြင်သောအခါ သူမသည်လည်း ရင်ထဲ ထိသွားသည်။ နေရောင်အောက်တွင် ယောက်ျားဖြစ်သူ၏မျက်နှာပေါ်မှ ညင်သာသော အပြုံးက အမှန်ပင် ချစ်တတ်လွန်းသည်။

လက်စသတ်တော့ သူမရဲ့ ယောက်ျားက မျှော်လင့်ထားတာထက်တောင် ပိုပြီးညင်သာပြီး ပိုပြီး ဂရုစိုက်တတ်သေးတယ်။ ယောက်ျားကောင်းပဲ။

“ငါ့ယောက်ျား ပြောတာ မှန်တယ်။ ဒီကြက်တူရွေးယုန်က တစ်ရက်မှာ ကြက်တူရွေးလိုမျိုး ဖြစ်လာမှာ”

96 04

မုရှောင်းနွမ်က ချိုမြိန်စွာ ပြုံးနေပြီးနောက် နံဘေးတွင်ပင် ထိုင်ချလိုက်ကာ ဖြူဖွေးညင်သာသော လက်တစ်စုံကို ဆန့်ထုတ်ရင်း ပြောသည်။

“ငါ့ယောက်ျား ငါကိုင်ကြည့်မယ်လေ။ တစ်ချိန်လုံး ကိုင်ထားရတာ ညောင်းနေမှာပေါ့”

ဒီကောင်မလေးက အရမ်းစဉ်းစားဆင်ခြင်ပေးတတ်တယ်။

“…”

ချန်းရန်က သူမကို တစ်ချက်ကြည့်သည်။

ဟွန့် လူကို ဖားတာ တော်နေတယ်ပေါ့လေ။

ချန်းရန်က အင်းဟုသာ ပြောလိုက်သည်။ သူ၏ ကောင်းမွန်သော စိတ်ဆန္ဒကို ဖော်ပြပြီး ထိုယုန်ကို မုရှောင်းနွမ်ကို ပေးလိုက်သည်။

“ယောက်ျား”

ထိုသို့လှမ်းပေလိုက်သည့် အခိုက်အတန့်တွင် မုရှောင်းနွမ်က ချန်းရန်၏လက်ကို တို့လိုက်သေးသည်။ နှစ်ယောက်လုံးက အံ့ဩသွားသည်။ မုရှောင်းနွမ်က ရှက်သွားပြီး ခေါင်းကို ငုံ့လိုက်သည်။ သို့သော် နှုတ်ခမ်းပါးကို ကိုက်ပြီး ခပ်တိုးတိုးပြောသည်။

“ငါ တောင်းပန်ပါတယ်။ ငါဒီနေ့ စိတ်မဆိုးခဲ့သင့်ဘူး။ ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား”

ထိုကောင်မလေးက အသံတိုးတိုးနှင့် တောင်းပန်သည်။ အသံလေးက ချစ်စရာကောင်းပြီး ကြမ်းတမ်းသာ လူကြီး၏နှလုံးသားကိုပင် အရည်ပျော်စေနိုင်လောက်သည်။

ချန်းရန်က နှာခေါင်းရှုံ့လိုက်သည်။ အရာအားလုံးက ပြောရန်လွယ်သည်။ သူသည်လည်း ကပ်သီးကပ်ဖဲ့နိုင်သော သူမျိုးမဟုတ်ပေ။ သို့သော် တစ်စုံတစ်ယောက်ကသာ သူ့ကို လုံလောက်အောင် မကောင်းဟု ပြောလာလျှင်မူ သေချာပေါက် ခွင့်လွှတ်ပေးရန် မလွယ်ကူတော့ပေ။

“ဒါဆိုရင် ပြောပါအုံး ငါက ဘာကို ခွင့်လွှတ်ပေးရမှာလဲ”

ချန်းရန်က ထိုကောင်မလေးကို ကြည့်ရင်း သူမည်မျှအင်အားကြီးမားကြောင်းသိအောင် လုပ်ပေးရမည်ဟု တွေးလိုက်သည်။

“ယောက်ျား”

ချန်းရန်က နောက်ဆုံးတွင် လက်လျော့ပေးလိုက်ကြောင်း မြင်သည်နှင့် ထိုကောင်မလေးက အပျော်လွန်သွားသည်။ သူက လှည့်ကြည့်ပြီးနောက် ထိုကောင်မလေးက သိပ်မဝေးသော တစ်နေရာတွင် မန်ထုံက သိုးလေးနှင့်အတူ ကစားနေကြောင်း မြင်လိုက်ရသည်။ မန်ထုံသည် မြေပြင်တွင်လှဲကာ ချစ်စရာကောင်းချင်ယောင် ဆောင်နေပြီး သိုးလေးကမူ မိန်းမပျိုတစ်ယောက်ကဲ့သို့ ထည်ဝါစွာ ငုံ့ကြည့်နေသည်။

ကြည့်ရတာ ဒီနှစ်တွေက ငြိမ်းချမ်းမဲ့ပုံပဲ။

“ယောက်ျား ကြည့်အုံး”

မုရှောင်းနွမ်က လက်ညိုးထိုးပြသည်။ ချန်းရန်ကလည်း လှမ်းကြည့်လိုက်သည်။ သူမက မနာလိုကြီးစွာ ပြောသည်။

“ငါတို့လည်း သူတို့လိုဆိုရင် ကောင်းမှာပဲ ဘယ်လောက်ပျော်ကြလဲ”

ချန်းရန်က တစ်ချက်ကြည့်ပြီးနောက် ရုတ်တရပ် သူ၏ မျက်လုံးက မှင်သက်သွားကာ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။

“မင်းက ငါ့ကို အဲဒါ ကြည့်ခိုင်းတယ်”

!!!

******

All Chapters