← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

97 01

အပိုင်း (၉၇)

မုရှောင်းနွမ် ရှင်းပြစရာမလိုဘူး ဒီည…နောက်မှ ပြောမယ်

“ယောက်ျား ငါတို့ရဲ့ ဆက်ဆံရေးကလည်း ဒီလိုမျိုးဖြစ်ဖို့ မျှော်လင့်တယ်”

မုရှောင်းနွမ်က မန်ထုံနှင့် ထိုသိုးလေး အကြားမှာ ပုံမှန်ကျပြီး နွေးထွေးသော အဖြစ်အပျက်များကို ကြည့်ကာ ပြောသည်။ သို့သော် ထို့နောက် တစ်ခဏတွင် ချန်းရန်က တစ်ချက် မော့ကြည့်ပြီးနောက် နှစ်သက်ဖွယ်ကောင်းပြီး ဖော်ပြရန် ခက်ခဲသော မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။ မန်ထုံသည် ထိုသိုးလေးကို ဖိချထားသည်။ သူ၏ ရှေ့လက်နှစ်ဖက်ကလည်း ထိုသိုး၏ဖင်ကို ကိုင်ထားပြီးနောက် တအအ အော်နေသည်။ ဒီပုံစံ အရ အဆင့်သင့် ပြင်နေပုံရသည်။

“မင်းငါ့ကို ဒါကြည့်ခိုင်းတယ်”

ချန်းရန်ကလည်း အကြည့်ကို ပြန်ရုတ်လိုက်ပြီး မုရှောင်းနွမ်ကို စူးစမ်းဆွံ့အစွာ ကြည့်သည်။

သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ ထို့အပြင် သဘောကျသော အကြည့်မျိုးပင်ပါသည်။

မုရှောင်းနွမ်က နည်းနည်း ငေးငိုင်သွားပြီး အလိုလျောက် ပြောသည်။

“ဘာဖြစ်လို့လဲ သူတို့တောင် လုပ်လို့ရရင် ငါတို့က မရဘူးလား”

ချန်းရန် “…”

“သူတို့ အခု ဘာလုပ်နေလဲ ကြည့်လိုက်ဦး”

ချန်းရန်က အပြုံးကို ဖိနေရင်း မုရှောင်းနွမ်ကို ကြည့်ပြီးမေးသည်။

“အာ”

မုရှောင်းနွမ်က သံသယဝင်သွားပုံ ပေါ်သည်။

သို့သော် ချန်းရန်ရဲ့ စကားကိုလည်း နားထောင်၏။ သူမက မျက်လုံးကို ဝေ့ပြီး တစ်ချက် လှမ်းကြည့်သည်။ ထို့နောက် မျက်လုံးက ရုတ်တရက် ပြူးသွားသည်။ လှပသော မျက်လုံးက မယုံကြည်နိုင်မှုနှင့် ပြည့်နှက်သွားကာ အလန့်တကြား ထအော်သည်။

“အား”

“လူရမ်းကား ခွေး”

မုရှောင်းနွမ်၏ လှပသော မျက်နှာက ချက်ချင်း ရဲသွားသည်။ သောက်ငရဲလိုပဲ ဒီမျိုးမစစ်က ဘာလုပ်တာလဲ။

မနက်စောစောစီးစီး ဒါလုပ်ရတာ စိတ်လှုပ်ရှားနေတယ်။

အဓိက သော့ချက်ကမူ ချစ်စဖွယ်ကောင်းသော သိုးလေး ဖြစ်နေသည်။

နေ့ခင်း ကြောင်တောင်ကြီး…

ချန်းရန်၏ ထူးဆန်းသောအကြည့်ကို ခံစားမိသည့အခါ မုရှောင်းနွမ်ရဲ့လှပသော မျက်နှာက ရုတ်တရက် ပူသွားသည်။ သူမသည် ချန်းရန်ကို ပင်မကြည့်ရဲတော့ပေ။ နားရွက်ကပင် ရဲသွား၏။

ဘုရားရေ ရှက်ဖို့ကောင်းလိုက်တာ ။

သူမသည် နဂိုက သူမ၏ ယောက်ျားကို နွေးထွေးသော မြင်ကွင်းကိုသာ မြင်စေလိုခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ယခုလို မြင်ကွင်းမျိုး ဖြစ်နေသည်။

“ယောက်ျား ငါပြောတာ နားထောင်ဦး”

ထိုကောင်မလေးက စိုးရိမ်စိတ်များသွားသည်။ ချန်းရန်ကို ခပ်မြန်မြန်လှမ်းဆွဲပြီး အကောင်းဆုံး ရှင်းပြရန် ကြိုးစား၏။ ဒါက သေချာပေါက်ကို မတော်တဆ။

“မစိုးရိမ်နဲ့” ချန်းရန်က ပြုံးသည်။ ထိုကောင်မလေး မျက်နှာ ပေါ်က စိုးရိမ်စိတ်များနေတော့ အကြည့်ကမျက်လုံးကို ဖမ်းစားပြီး ချန်းရန်ကလည်း ချက်ချင်း နားလည်လိုက်၏။ ဒါ မတော်တဆဖြစ်လောက်သည်။

အဲဒီလောက် တတ်ကြွတဲ့ မန်ထုံက နေ့ခင်း ကြောင်တောင်ကြီးကို မထိန်းနိုင်ဘဲ ဖြစ်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ။

ပိုဆိုးသည်မှာ ပြစ်မှတ်က သိုးလေး ဖြစ်နေသည်။

အာ မနက်က အဲ့ဒီ အားဖြည့်စာတွေ စားတာ များသွားတာ ဖြစ်မယ်။

97 02

ဘမ်း…

သိုးက အနိုင်ကျင့်ခံရသောအခါ ကျယ်လောင်စွာ အော်သည်။ မန်ထုံ၏ တိုက်ခိုက်မှုမှ လွတ်အောင် ရုန်းပြီး ထွက်ပြေးလေသည်။ မန်ထုံက စိတ်လှုပ်ရှားပြီး နောက်က အပြေးလိုက်သည်။ထို့နောက် တဝု ဝု အသံပင် အော်နေသေးသည်။

“ဆရာသခင်ချန်း ခွေးက ဘယ်လို ပုံစံရှိနေလဲ ကြည့်ပါဦး”

“ဖူး ဟား ဟား ငါ သေအောင်ရယ်နေရပြီ ဆရာသခင်ချန်းရဲ့ခွေးက သိုးကို တောင် အလွတ်မပေးလောက်အောင် ဒီလောက်ထိ ကြမ်းတမ်းမယ်လို့ မထင်ထားဘူး”

“ဆရာသခင်ချန်း ကျေးဇူးပြုပြီး ခွေးကို ဂရုစိုက်ပါအုံး။ ဒီအတိုင်း ဆက်ဖြစ်နေရင်း သိုးကတော့ ဒုက္ခများတော့မယ်”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများက ထိုမြင်ကွင်းကို မြင်ပြီး သေအောင် ရယ်ကြကာ အနောက်ဖက်သို့ လန်ကုန်ကြသည်။ ကွန်မန့်များက ပလူပျံနေ၏။ မနက်စောစောစီးစီး အတော်လး စည်ကားသည်။

“အိုး ငါဒါကို ပြလို့ မရဘူး”

မုရှောင်းနွမ်က နောက်ဆုံးတွင် တုန့်ပြန်လာသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကင်မရာဖက်သို့ ခပ်မြန်မြန် ပြောင်းလိုက်ကာ ကောင်းကင်ပြာနှင့် အဖြူရောင် တိမ်စိုင်များကိုသာ ပြထားတော့သည်။

“ယောက်ျား ငါ တကယ် မရည်ရွယ်ပါဘူး …”

ချန်းရန်၏ စနောက်လို အကြည့်မျိုးကို မြင်ရသောအခါ မုရှောင်းနွမ်က ထပ်ပြီး ရှင်းပြသည်။

ထိုကောင်မလေးက ရှက်ရွံ့ပြီး ချွေးပြန်နေပြီ ဖြစ်သည်။

ဒါ ဒါ ဘယ်လို ဖြစ်သွားတာလဲ။

သူမက ရှင်းပြလေလေ အခြေအနေက ဆိုးနေလေလေဟု ခံစားနေရသည်။

“ရတယ် ရတယ် အခု ရှင်းပြဖို့ မလိုဘူး”

ချန်းရန်ကလည်း ပျော်နေသည်။ လက်ကို တစ်ချက် ယမ်းလိုက်ပြီး မုရှောင်းနွမ်နားနား ကပ်ကာ ခပ်တိုးတိုး ပြောသည်။

“အခု ဘာမှ မပြောသေးနဲ့အုံး။ ညကျမှ ပြောကြတာပေါ့”

ထိုသို့ဖြင့် ချန်းရန်က မန်ထုံရှာသော ပြဿနာကို ဖြေရှင်းရန် လိုက်သွားသည်။

“အာ”

မုရှောင်းနွမ်၏နားက ချန်းရန်၏ စကားဖြင့် ဟိန်းထွက်နေသေးသည်။ သူမ နည်းနည်း စိတ်ရှုပ်သွားသည်။

ညကျမှ ရှင်းပြမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။

ညကျမှ ပြောမယ်

ဘုရားရေ

မုရှောင်းနွမ်က ရုတ်တရက် နားလည်သွားပြီး ပါးကို အုပ်လိုက်လေသည်။

ငါ အရမ်း တုံးတာပဲ ဘယ်လိုများ ဘာသာပြန်လိုက်တာလဲ ဒါ…ငါ.. ငါ မုရှောင်းနွမ် မဟုတ်ဘူးနော်။

“မန်ထုံ ပြန်လာခဲ့”

ချန်းရန်က မန်ထုံနားသို့ အပြေးသွားသည်။

သူက ဆွံ့အနေသော်လည်း ချက်ချင်းပင် လှုပ်ရှားကာ မန်ထုံကို တားလိုက်သေးသည်။ သူဟာ လမ်းကြုံ သွေးလည်ပတ်မှုကို ထုတ်လွှတ်ပေးနိုင်ရန် အလို့ငှာ အပ်ကို ထုတ်လိုက်၏။ ထိုအခါ မှသာ မန်ထုံ၏ အပူက သက်သာသွားသည်။

“ဒီမျိုးမစစ်လေးကတော့”

ချန်းရန်က မန်ထုံကို တစ်ချက် ရိုက်သည်။ ထို့နောက် ပြန်ထကာ ကိုယ်ကို လှုပ်ခါလိုက်ပြီးနောက် ဘာမှမဖြစ်ပျက်ခဲ့သလိုပင် မြူတူးသွားပြန်သည်။ သူဟာ အလွန်အမင်း စိတ်လှုပ်ရှားနေသေးသော်လည်း ယခင်ကလောက် မိုက်ရူးရဲမဆန်တော့ပေ။ ချန်းရန်က သူ့ကို အသာပုတ်ပေးလိုက်သည်။ သူသည် မြေပြင်တွင် ပျော်ရွှင်စွာ လူးလိမ့်နေပြီး ဗိုက်ကိုပင် လှန်ပြထားသေးသည်။ သူ့၏ ဝတုတ်နေသော ဗိုက်ကလည်း ဗုံကြီးနှင့် တူသည်။ ခပ်တုတ်တုတ် လက်လေးဘက်ကလည်း ကောင်းကင်ကို မျက်နှာမူထား၏။ သူ့၏ ပုံစံလေးက ဗိုက်အပွတ်ခံချင်သည့် ပုံစံမျိုးနှင့် တူသည်။ သို့သော် မျက်စိအဖမ်းစားဆုံးကမူ …အဟွတ်

97 03

ချန်းရန်က ထရပ်ရင်း သူ့ကို အသာ ကန်လိုက်သည်။

“သွား တစ်နေရာမှာ သွားကစားချည်။ မင်းဘာလုပ်နေလဲ မင်းသိရဲ့လား”

မန်ထုံကသာ ခွေးခေါင်းသာ ရှိပြီး မိုက်ရူးရဲဆန်လျှင်မူ အခြေအနေ အရ …ခွေးများသည် အချင်းချင်း ဆက်သွယ်နိုင်မည် ဆိုလျှင် ထိုခွေး၏ ဘဝက သေချာပေါက် အရှက်ကွဲသွားလောက်ပြီ။

ဒါကို ဒီခွေးက မသိသေး…

ဆိုတော့ ဒါ ဘဝပဲ။

ပရိုဂရမ်မှာ လူများက ထိုမြင်ကွင်းကို ကြည့်ပြီး ရယ်နေကြသည်။

နေ့တိုင်းလိုလို ခွေးကို ခေါ်ပြီး လမ်းလျှောက် ထွက်လို့ရတယ်။ ကိုယ်ပိုင် စားကျက်မြေကို ကြည့်မယ်။ နောက်ပြီး ဒီလို ဉာဏ်ကောင်းပြီး ချစ်စရာကောင်းတဲ့ အကောင်လေးကိုလည်း ကြည့်မယ်။ ဒါမှမဟုတ်ရင်လည်း ချစ်စရာကောင်းတဲ့ အကောင်ပေါက်လေး နှစ်ကောင် သုံးကောင် လောက်ကို လာလာ ခေါ်ပြီး ဆော့မယ် ဆိုရင် နေ့တိုင်းက အံ့အားသင့်စရာတွေ အပြည့်နဲ့ ပျော်ရွှင်စရာ ကောင်းနေမှာပဲ။

“ဒါရိုက်တာ ဒီနေ့ ငါတို့ရဲ့ တာဝန်က ဘာလဲ စားကျက်မြေမှာ အစာကျွေးဖို့လား”

ဟယ်လောက်ရှီး တို့က မေးသည်။

“ဘာလို့ မေးတာလဲ”

ဒါရိုက်တာက ပြုံးလာပြီး လက်ကို ရမ်းသည်။

“ငါ သိုးနဲ့ ဓာတ်ပုံ သွားရိုက်လိုက်ဦးမယ်။ အဲ့ဒီ ခွေးအတွက်ကတော့ မင်းတို့ လုပ်ချင်တာ လုပ်”

“အာ ဒါ”

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ ဟယ်လောက်ရှီး က အားလုံးကို သတိပေးသည်။

“ဒါရိုက်တာနဲ့ ငါ မနေ့ညက ဆွေးနွေးထားတယ်။ မင်းတို့တွေ ဒီနေ့ဇာတ်ညွှန်းမှ မလိုဘူး လွတ်လွတ်လပ်လပ်ပဲ နေကြ ငါတို့ မနက်ဖြန် ထွက်မှာ”

“ဒီလောက် မြန်တာလား”

ပရိုဂရမ်အသင်းမှ လူများက တစ်ယောက်ကို တစ်ယောက် ကြည့်ကြပြီး အံ့သြမှုများကို ခံစားလိုက်ကြရသည်။ သို့သော် စိတ်ပျက်မှုကိုလည်း ခံစားရ၏။ သူတို့တွေ ဒီနေရာမှာ ကြာကြီး မနေရသေး သော်လည်း ဒီနေရာ၏ ဆွဲဆောင်မှုကို ခံနေရပြီ ဖြစ်သည်။ ပရိုဂရမ်အသင်း၏ အဆုံးသတ်တွင်ပင် သူတို့ကထွက်သွားရန် တွန့်ဆုတ်နေကြေသည်။ လူတိုင်း၏ အာရုံက နွေးထွေးစရာကောင်းသော အကောင်လေးများဆီ ရောက်သွားပြန်သည်။

သူတို့သည် အရည်အသွေးကောင်းသော ကင်မရာကို သုံးကာ ဓာတ်ပုံ ရိုက်ကြ၏။ ထိုကြောင့် ရုပ်ရှင်ထဲမှာ ပြခန်းကြီးများ ထပ်ပြီး ပို၍ပင် ဂန္ဓဝင်ဆန်နေသေးသည်။ သူတို့သည်လည်း သူတို့၏ ဆိုရှယ်မီဒီယာများတွင် တင်ကြရင်း ကွန်မန့်များက ပလူပြန်နေ၏။

"တောင့်တမှု ဘဝရဲ့ ဒီအပိုင်းက အရင်အပိုင်းတွေနဲ့ လုံးဝ ခြားနားတယ် အတိတ်မှာတော့ ပရိုဂရမ် အသင်းက မီးပန်း ဖောက်တဲ့ ဘဝထဲကို ရိုက်ပြီး ငါတို့ရဲ့ တောင့်တတဲ့ ဘဝကို ပြသတယ်။ ဒီအချိန်မှာတော့ ဒီထုတ်လုပ်ရေးအသင်းက လူတွေက ရုပ်ရှင် ရိုက်ကူးမှု နယ်မြေမှာ တောင့်တမှု ဘဝကို ရှာတွေ့ခဲ့တယ်လို့ ပြောရမှာပဲ”

“အပေါ်က ပြောသွားတာက လုံးဝကို ဉာဏ်ပညာသား ပါတယ်။ ဒါရိုက်တာက သူ့ကိုယ်သူ လွှတ်ပေးလိုက်ပြီ ဆိုတာ မမြင်မိကြဦးလား”

“ရိုးရိုးသားသား ပြောရမယ် ဆိုရင် ဆရာသခင်ချန်းနဲ့ ရှောင်နွမ်တို့ရဲ့ တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်တာကတင် လုံလောက်တယ်။ ဒါက ငါတောင့်တတဲ့ ဘဝပဲ”

******

All Chapters