အခန်း ၉၈
Vol. 10 Ch. 98
98 01
အပိုင်း (၉၈)စတားကြီး တစ်ယောက် ဖြစ်ချင်တဲ့ ကောင်မလေး
ညဖက်တွင်
ပရိုဂရမ်အသင်းကလည်း အတူတကွ စုဝေးပြီး အချင်းချင်းကြား စကားပြောကြကာ အိပ်မပျော်နိုင်ကြပေ။
ရက်အနည်းငယ်တည်းနှင့်တင် အားလုံးက ထောင်ယွမ်ရွာ မှ ရှုခင်းကို အတော်လေးကို သဘောကျ စွဲလမ်းသွားကြကာ ဆရာသခင်ချန်း၏ဘဝကို မနာလို ကြီးနေကြသည်။
သို့ရာတွင် သိပ်မကြာခင်မှာတင် ကောင်းကင်တွင် မိုးခြိမ်းလာသည်။ လျှပ်စီးလက်လာကာ မိုးခြိမ်းလာ၏။ ထို့နောက် မိုးရွာသံကို ကြားရသည်။
မိုးရွာပြီး မိုးခြိမ်းနေလေသည်။
“ဆောင်းဦးမိုးက အေးစိမ့်တယ်တဲ့ ဆောင်းဦး ရောက်ပြီပဲ”
ချန်းရန်က ခန်းမ၏ပြတင်းပေါက်နားတွင် ရပ်နေရင်း ပြင်သစ်ပြတင်းပေါက်ကြီးကနေတစ်ဆင့် အပြင်ဘက်မှ မိုးများကို ကြည့်နေကာ မိုးခြိမ်းသံကို နားထောင်သည်။ သူသည်လည်း နွေရာသီက ထိုသို့ဖြင့် ကုန်သွားပြီမှန်း သိလိုက်သည်။
စံအိမ်ထဲတွင် မိုးခြိမ်းသံကို ခံစား၍ မရနိုင်ပေ။ စနစ်က ဆုချထားသော စံအိမ်ကလည်း အလိုအလျောက် အပူပေးသော စနစ်ရှိပြီးသားဖြစ်သည်။ တစ်နှစ်ပတ်လုံး သုခဘုံတစ်ခုအလား နွေးထွေးနေမည် ဖြစ်ပြီး အပြင်က အအေးကိုပင် ခံစားရမည် မဟုတ် ပေ။
“မိုးရွာပြီး မိုးခြိမ်းနေတာ ငါတို့ ဟော့ပေါ့စားမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ”
ထိုအချိန်တွင် ပရိုဂရမ်အသင်းနှင့် ချန်းရန်၊ မုရှောင်းနွမ်တို့က ဝိုင်းပတ်ကာ ထိုင်နေကြသည်။ သူတို့၏နံဘေးတွင် လတ်လတ်ဆတ်ဆတ် ခူးထားသော အရွက်များ သစ်သီးများလည်း ရှိသည်။ ဒါကိုနေ့လည်ပိုင်း စိုက်ခင်းမြေမှ ခူးထားခဲ့ခြင်းဖြစ်သည်။ အရွက်များကမူ ဟော့ပေါ့အတွက် သုံးမည်ဖြစ်ပြီး သစ်သီးကမူ ခံတွင်းချဉ် ပြေအောင် ပြင်ဆင်ထားသည်။ ဒီထက်ပိုပြီး အရသာရှိသော အစားအစာ မရှိနိုင်တော့ပေ။
“အင်း သွားပြီ သွားပြီ ဒါပေမဲ့ ဆရာသခင်ချန်းကတော့ လုံးဝကို အပြည့်အဆွဲဆောင်နိုင်ဆုံးပဲ”
“မိုးလည်း ရွာနေတယ် မိုးလည်း ခြိမ်းနေတယ်။ ဒါပေမဲ့ ဒီနေရာက ဟော့ပေါ့က အရမ်းကို အရသာရှိတယ်။ တကယ်ကို ရေခဲနဲ့မီးတောက် လောကလိုပဲ”
“ရှောင်းနွယ် နင်က နိုင်ငံအဆင့် တိုက်ရိုက်ထုတ်လွှင့် သူနော်။ ဒီလိုအခြေအနေမျိုးမှာ တစ်ခုခု မလုပ်သင့်ဘူးလား”
မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်နေသေးသည်။ ပရိသတ်များကလည်း မုရှောင်းနွမ် အားစရင်း မနာလို ကြီးနေကြသည်။
ယခင်ကနေ ယခုအထိ မုရှောင်းနွမ်က ဘာကိုမှ မဖော်ပြသောကြောင့် ဖြစ်သည်။ ထိုကြောင့် သူမက ခေါင်းငုံ့ကာ တောက်လျှောက်ဖရဲသီးကိုသာ စားနေသည်။ ဒါဟာ မုရှောင်းနွမ်၏ အကျင့်စရိုက်နဲ့ မကိုက်ညီတော့ပေ။
ရိုးသားစွာပြောရင် မုရှောင်းနွမ်ကလည်း ထိုမျှအထိ မနှိမ့်ချလိုပေ။ သို့သော် ဒီညမိုးကြိုးနှင့် မိုးခြိမ်းသံက အတော်လေးကို ကျယ်လောင်လွန်းသည်။ မုရှောင်းနွမ်ကလည်း နည်းနည်းကြောက်သည်။ လှပသော မျက်နှာတွေက နည်းနည်း ဖျော့တော့နေ၏။
သူမက မိုးခြိမ်းသံလည်း ကြောက်သည်။ မိုးပြင်းရွာသည်ကိုလည်း ကြောက်သည်။ သို့သော် ဧည့်သည် အများကြီးလည်းရှိနေသည့်အလျောက် ထုတ်ပြရမည်ကိုလည်း ရှက်နေသည်။ ထို့ကြောင့် အာရုံစိုက်ကာသာ စားနေခြင်း ဖြစ် သည်။
“ဟားဟား တွေးကြည့်ရအောင် အမျိုးသမီးမုနဲ့ဆရာသခင်ချန်းတို့က တကယ်ကို လိုက်ဖက်ညီတဲ့ စုံတွဲနော်။ ငါ တကယ် အားကျတယ်”
ထိုအချိန်တွင် ဒါရိုက်တာက ထိုင်ရာက ထရပ်လာသည်။ လူတိုင်းကလည်း စားသောက်လို့ ပြီးလုနီးပါးဖြစ်နေလေသည်။ သူတို့သည်လည်း ပန်းကန်များကို သိမ်းဆည်းနေရင်း ဆရာသခင်ချန်းနှင့် မုရှောင်းနွမ်အပေါ်သို့ အာရုံကျလာသည်။ ရုတ်တရက် သူ အကြံတစ်ခုရလာပြီး မေးလိုက်သည်။
“ဒီလို တွေးကြည့်ရအောင်။ ဆရာသခင်ချန်းနဲ့အမျိုးသမီးမုတို့ရဲ့ရုပ်ရည်နဲ့ အဆင့်အတန်းတွေ ပုံရိပ်တွေအရဆိုရင် အချို့ TV seriesတွေ ရုပ်ရှင်တွေမှာ စတားမဖြစ်တာနဲ့ နှမြောစရာပဲ”
“ငါက ရသစုံရှိုး ဒါရိုက်တာလေ။ မင်းတို့သာဆန္ဒရှိမယ်ဆိုရင် ငါ နာမည်ကျော်ကြားတဲ့ဒါရိုက်တာတွေ ရွှေတံဆိပ်ဆုရ ဇာတ်ညွှန်းရေးဆရာတွေရှိတာတွေကို သိထားတယ်။ မင်းတို့ကသာ ဆန္ဒရှိသမျှ နာမည်အကြီးဆုံး စတားတွေ ဖြစ်လာမယ်လို့ ငါယုံကြည်တယ်။ အဲဒီ စူပါစတားတွေတောင် မင်းတို့ရဲ့ရှေ့မှာ ဘာမှမဟုတ်လောက် ဘူး”
98 02
ဒါရိုက်တာက အလွန်စိတ်လှုပ်ရှားနေသည်။ သူသည် တွေးကြည့်ရင်းနဲ့အလွန် စိတ်လှုပ်ရှားလာ၏။ ဆရာသခင်ချန်း၏ တည်ငြိမ်ကာ နွေးထွေးသော စိတ်နေသဘောထားနှင့် အမျိုးသမီးမု၏ ချိုမြိန်ကာ ချစ်စရာကောင်းသော အကျင့်စရိုက်မျိုးကြောင့်ဆိုလျှင် ချိုမြိန်သောအချစ်ပုံရိပ်ကိုမရနိုင်စရာ အကြောင်း မရှိပေ။
“ငါ ဒီလို အတုအယောင် နာမည်တွေကို ဂရုမစိုက်ဘူး”
ချန်းရန်က ခေါင်းခါပြီး တည်ငြိမ်စွာ ပြောသည်။
“ငါက ဘဝရဲ့ ပျော်ရွှင်မှုနောက်ကိုပဲ လိုက်တယ်။ ရိုးရှင်းတဲ့ ဘဝက အကောင်းဆုံးဘဝပဲ။ ဒီလို တောက်ပမှု ကျော်ကြားမှုတွေအောက်မှာ နေရတာကို သဘောမကျဘူး”
“ဟားဟား ဒါလည်း အမှန်ပဲ”
ဒါရိုက်တာက ရုတ်တရက် ချန်းရန်ဟာ ယခုလောက် ကြီးမားကာ လှပတဲ့ စံအိမ်ကြီးကို ပိုင်ဆိုင်ထားပြီးသည့်အပြင် လယ်ဧကထောင်ကျော်ကိုလည်း ပိုင်ဆိုင်ထားကြောင်း သတိရလိုက်သည်။ သူသည် ပြိုင်ဘက်ကင်းသော လူချမ်းသာ ဖြစ်နေပြီးသားပါပေ။ အပြင်ဘက်တွင် ထွက်ပြီး ပိုက်ဆံရှာရန် ပြေးလွှားနေဖို့ မလိုအပ်ပါပေ။
သူ၏ စူပါဖန်မှ ထုတ်ကုန်များလည်းရှိသည်။ အချိန်မရွေးထုတ်ကာ ရောင်းချလျှင်ပင် လေလံတင်၍ ရသည်။
“ညီမလေးမုကရော”
အစ်မကြီးကျစ်ဖုန်းကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် မုရှောင်းနွမ်ကို ကြည့်သည်။
“ညီမလေးမု နင်က တိုက်ရိုက်ထုတ်လွှင့်တာဆိုတော့ ဘာလို့ အမျိုးသမီးစတား မလုပ်တာလဲ။ နင့်ရဲ့ အခြေအနေအရ သေချာပေါက် နာမည်ကျော်စတား ဖြစ်မှာပဲ အဲဒီအချိန်ကျရင်ကျော်ကြားမှာ”
အစ်မကြီးကျစ်ဖုန်းက ဆက်ပြောသည်။
“အဲဒီလိုဆိုမှ ငါငယ်ငယ်တုန်းက ငါ့ရဲ့အိပ်မက်က စတားတစ်ယောက် ဖြစ်ဖို့လေ ဒါပေမဲ့ သိပ်တော့ မကျော်ကြားသေးပါဘူး”
မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်က အရွက်စိမ်းလေးကို မှုတ်နေရင်းမှ မကြားသလို ပြုမူနေသည်။
“အဟမ်း”
ချန်းရန်က ခပ်တိုးတိုး ချောင်းဟန့်သည်။ မုရှောင်းနွမ်က ထိတ်လန့်သော အမူအရာဖြစ်သွားကာ လက်ကလည်း တုန်သွားပြီး အရွက်များက ပန်းကန်ထဲသို့ ပြန်ပြုတ်ကျသည်။ သူမက ခေါင်းကို ဇက်ခနဲ ငုံ့ကာ ဘေးဘီကို ကြည့်သည်။ လှပသော မျက်လုံးက သံသယအပြည့်နှင့် ဖြစ်သည်။
“ဘာဖြစ်လို့လဲ”
ထိုကောင်မလေး မျက်လုံးက မှိတ်တုတ် မှိတ်တုတ် လင်းလက်နေပြီး စိတ်ရှုပ်ထွေးမှုနဲ့ အံ့သြမှုကိုလည်း မြင်နိုင်သည်။ သို့သော် ပုံစံလေးက ချစ်စရာလေး ဖြစ်သည်။
“စတားကြီး”
အစ်မကြီး ကျစ်ဖုန်းက ပြောလက်စစကားကို ပြန်ပြောသည်။
“စတားကြီး”
မုရှောင်းနွမ်က ခေါင်းကို စောင်းပြီး ချန်းရန်ကို ပြုံး၍ကြည့်သည်။
“ယောက်ျား ယောက်ျား က ငါ့ကိုစတားကြီးဖြစ်စေချင်တာလား”
“ဘယ်လိုထင်လဲ”
ချန်းရန်က ကောင်မလေး၏ ခိုးကြောင်ခိုးဝှက်အကြည့်ကို ကြည့်လိုက်ပြီး ပြုံး၍ ပြန်မေးသည်။ သူသည်လည်း သူမ၏စကားကို သိလိုသည်။
“ယောက်ျား ယောက်ျားရဲ့ဇနီးက စတားကြီး တစ်ယောက် ဖြစ်တယ်ဆိုတာကို တွေးကြည့်လိုက် ဒီသတင်းသာ ပေါက်ကြားသွားရင် ဂုဏ်မယူဘူးလား”
ချန်းရန်က မှင်သက်သွားပြီး မေးသည်။
“အဲဒါဆို ဘာဖြစ်လဲ”
“အဲဒါဆို”
ထိုကောင်မလေးက ယုံကြည်မှု အပြည့်နှင့် ချန်းရန်၏အနားသို့ကပ်ကာ နား နားကပ်ပြီး ခပ်တိုးတိုး ပြောသည်။ “ယောက်ျား ဒီလိုဆိုရင် ငါက အရမ်းသိမ်းပိုက်နိုင်မယ်လို့ မထင်ဘူးလား”
သောက်ငရဲလိုပဲ။
ချန်းရန်က ထိုကောင်မလေး၏ ရှက်နေသော မျက်နှာကို ကြည့်ပြီးနောက် ထိုင်ခုံတွင် ပြန်ထိုင်သည်။ သူမ၏ ယခုစကားက သူ့နားထဲတွင် ဟိန်းထွက်နေသေး၏။ သူသည်ပင် မနေနိုင်ဘဲ ကိစ္စအများကြီးကို တွေးလိုက်မိသည်။ အခြားသော လူများ၏ မျက်လုံးထဲတွင် လက်လှမ်းမမီနိုင်သော နတ်ဘုရားမက အေးစက်ပြီး ဘာကိုမှ မပြောရဲသောသူမျိုးက သူ့နံဘေးနားမှာနေကာ သူ့ကို ကူညီလုပ်ကိုင်ပေးနေတဲ့ အချိန်ကို တွေးကြည့်လိုက်သည်။
98 03
ထိုနည်းလမ်းများကို တွေးကြည့်သောအခါတွင်လည်း ယခုလို ရိုးရှင်းပြီး အေးအေးပေါ့ပေါ့ပါးပါး ဘဝတွင် စိတ်လှုပ်ရှားမှု အနည်းငယ်တော့ ရှိနိုင်သည်။
“အဟမ်း နောက်မှပြောတာပေါ့။ ပူနေတုန်းစား… မနက်ဖြန် မနက်အစောကြီး ထရဦးမယ်”
ချန်းရန်က ချောင်းအသာဟမ့်လိုက်ပြီး အားလုံးကို ခပ်မြန်မြန် စားခိုင်းသည်။ ထိုအချိန်တွင် မုရှောင်းနွမ်က လှပသောမျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး တွေးနေသည်။
“လက်စသတ်တော့ ငါ့ယောက်ျားကလည်း ထောင်လွှားပြီး မာနကြီးတဲ့ စတားလို အစ်မကြီးမျိုးကို ကြိုက်တာပဲ”
“စတားကြီး”
မုရှောင်းနွမ်က စိတ်ထဲတွင် ဂရုတစိုက် မှတ်ထားသည်။ သူမက ဒီစံအိမ်ကြီးသို့ ပြောင်းရွှေ့ပြီးချိန်ကတည်းက သူမ၏အလုပ်က ထင်သလောက် မကောင်းဘဲ ချန်းရန်ကိုသာ မှီခိုနေရသလို ခံစားနေရသည်။
ဒါပေါ့ စတားကြီးတစ်ယောက်အနေဖြင့် သူမက အရင်စပြီး လှုပ်ရှားမှသာ ဆရာသခင်ချန်းနှင့် ထိုက်တန်ပေလိမ့်မည်။
မုရှောင်းနွမ်သည် ထိုညတွင် မည်သည့်အကြောင်းအရာကို တွေးနေမှန်း မသိပေ။ အခွင့်အရေးသာ ရှိမည်ဆိုလျှင် သူမကမူ ဖမ်းဆုပ်ချင်နေ၏။ နှုတ်ဆက်ညစာစားပွဲက အဆုံးသတ်သွားပြီး ပရိုဂရမ်အသင်းမှ လူများကလည်း အတူတူပြန်ပြီး နားကြသည်။ ထိုအချိန်တွင် ချန်းရန်နှင့် မုရှောင်းနွမ်တို့ကသာ စံအိမ်ထဲတွင် ကျန်ရစ်ခဲ့သည်။
“စောစောအိပ်တော့”
ချန်းရန်က ထရပ်ပြီး ရေပူချိုးရန် ပြင်ဆင်သည်။ ပြောပြီးသည်နှင့် အခန်းသို့ ပြန်ရန် ပြင်သည်။
“ယောက်ျား နေပါဦး”
ထိုအချိန်တွင် အပြင်ဘက် ကောင်းကင်မှာ ဒုန်းကနဲသံ ထွက်လာသည်။ မိုးခြိမ်းသံနှင့်အတူ လျှပ်စီးလက်သွားကာ ကောင်မလေးက သေအောင်ကြောက်ပြီး တုန်ရင်သွားကာ ထအော်သည်။
“အား”
သူမက ချန်းရန်၏ အဝတ်ထောင့်ကို ခပ်မြန်မြန် လှမ်းဆွဲပြီး သနားစဖွယ်လေး ပြောသည်။
“ယောက်ျား ယောက်ျား ငါကြောက်တယ် ငါ့ကို ဖက်ပေးပါဦး”
******