အခန်း ၉၉
Vol. 10 Ch. 99
99 01
အပိုင်း (၉၉)
“ငါ ငါ့ကို ဖက်ပေးပါဦး”
မုရှောင်းနွမ်က လက်မောက်ကို ဆန့်ပေးထားသည်။ ချန်းရန်က အခန်းထဲသို့ ဝင်သွားသည် အချိန်တွင်ပင် သူမက ချန်းရန်ကို လာဖက်ချင်နေသည်။
“နေအုံး မုရှောင်းနွမ် မင်း မိုးခြိမ်းတာကို ကြောက်တာလား”
ချန်းရန်က ထိုကောင်မလေးကို ကြည့်ပြီး အပြင်မှ ရာသီဥတုကို ပြန်ကြည့်သည်။
မိုးခြိမ်းသံနှင့် ကျယ်လောင်သော မိုးရွာသံက အတော်လေးကို ကြမ်းတမ်းနေသည်။ သူသည်ပင် မနေနိုင်ဘဲ ရယ်လိုက်ကာ ထိုကောင်မလေးကို စိတ်ဝင်စားကြည့် သည်။
“မဟုတ်ပါဘူး”
မုရှောင်းနွမ်က ချန်းရန်ရဲ့စကားကို ကြားချိန်တွင် ချန်းရန်ကို အတင်းပွေ့ဖက်နေချိန်ဖြစ်သည်။ သူမက နှုတ်ခမ်းကို ဆူပြီး ဂုဏ်ယူသလို ပြောသည်။
“ငါ ဒီလောက် လူကောင်ကြီးနေတာကို ဘာလို့ မိုးခြိမ်းတာနဲ့ မိုးရွာတာကို ဘာလို့ ကြောက်နေရမှာလဲ ဒါကလေးတွေပဲ ကြောက်တာ”
“တကယ်လား”
ချန်းရန်က မယုံကြည်ချင်သေးပေ။
ဒီကောင်မလေး လိမ်နေတာ များလား။
ဗုန်း…
ထိုအချိန်တွင် အပြင်ဘက်က မိုးခြိမ်းတံတွေ ထွက်လာပြန်သည်။လျှပ်စီးကလည်း ထလက်ပြီး တောက်ပသော စက်ဝိုင်းခြမ်းလို အလင်းတန်းကပင် ထင်ရှားစွာ ပေါ်ထွက်လာနေသည်။ ထိုကောင်မလေးက ကြောက်လန့်သွားပြီး မျက်နှာက ချက်ချင်း ဖြူဆုတ်သွား၏။ ခြေထောက်ကပဲ တုန်သွားသည်။ သူမသည် ခြေထောက်ကို အတင်းဖိကပ်ထားကာ တစ်စုံတစ်ရာ ထွက်ကျမည်ကို ကြောက်နေပုံရလေ၏။
သူမက အော်ဟစ်လုနီးပါး ဖြစ်သွား၏။ သို့သော် နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ထားသည်။ သူမ၏ယောက်ျားဖြစ်သူကို မမြင်စေချင်ပေ။ သို့မဟုတ်လျှင် သေချာပေါက် ရယ်နေပေလိမ့်မည်။
“ဘာဖြစ်တာလဲ မသက်မသာဖြစ်လို့လား။ နေမကောင်းဘူးလား”
ချန်းရန်ကလည်း တစ်စုံတစ်ရာက မှားယွင်းနေမှန်း သိလိုက်သည်။ ထိုကောင်မလေး၏ အခြေအနေမျိုးတွင် သူမက ပါးစပ်ကို ဟချင်သော်လည်း မဟကတည်းက ပုံမှန်မဟုတ်တော့ပေ။
“ ဒါဆိုရင် ငါ့ကို ဘာလုပ်စေချင်လဲ”
ချန်းရန်က ရုတ်တရက် ထရယ်သည်။ လေသံကလည်း ဆွဲဆောင်သလို ဖြားယောင်းသလိုမျိုး ဆိုးသွမ်းသွားသည်။
“ဒါမှမဟုတ် ဒီနေ့ နေ့အချိန်က မင်း ငါ့ကိုပြတဲ့ မန်ထုံနဲ့ အဲဒီ သိုးလေးလို အခြေအနေမျိုးကို ဖန်တီးချင်တာများလားဟင်”
“ အာ…ငါ”
မုရှောင်းနွမ်က ကြောင်သွားသည် ချန်းရန်၏ စကားက သဘာဝကျကျကို စနောက်နိုင်လွန်းသည်။ သူမကလည်း အရှက်ရဖွယ် အကြောင်းအရာကို ပြန်တွေးလိုက်ပြီးနောက် မုရှောင်းနွမ်၏ လှပသော မျက်နှာက အလွန်မင်း ရှက်ရွံ့သွားပြန်သည်။
မန်ထုံစုတ် ဒါတွေအားလုံး နင့်ကြောင့်ပဲ။
ငါနောက်ရက်မှာ အခွင့်အရေးတစ်ခုရှာပြီး နင့်ကို သင်းပစ်မယ်။
“ဝုတ် ဝုတ် ဝုတ်”
ထိုအချိန်တွင်ပင် စားကျက်မြေမှ အိမ်ငယ်လေးကို စောင့်ကြပ်နေသော မန်ထုံက ခန္ဓာကိုယ် ကွေးနေရာမှ ရုတ်တရက် ထအော်လေ၏
“တင် ဂုဏ်ယူပါတယ် တင်ဆက်သူ သက်သာဘဝစနစ်က စတင်ပါပြီ”
“တင် ပိုင်ရှင်ကို သတိပေးပါတယ် : ညတာက ရှည်တယ်။ မိုးရွာရက်တွေမှာ အိမ်မှာနေတာက အရမ်းကို သင့်တော်တယ်။ မွှေးပျံ့တဲ့ ရေနွေးကြမ်းလေး တစ်ငုံသောက်လို့ မီးပြင်းဖိုနားမှာ ထိုင်ပြီး လှပတဲ့ ဇနီးဖြစ်သူနဲ့ အတူ ပိုကာကစားတာ ဘယ်လောက်ကောင်းလိုက်မလဲ ဆိုတဲ့ တာဝန်ကို ထုတ်ထားပါတယ်”
99 02
ချန်းရန်ကပင် မှင်သက်သွားသည်။
“ပိုကာ ကစားရမယ်”
“စနစ် တကယ်ပြောနေတာလား”
ချန်းရန်ထိုစကားကို စကြားသောအခါ ရုတ်တရက် နားကြားမှားသည်ဟု ပင် ထင်လိုက်ပြီး ပြန်မေးလိုက်သေးသည်။
သို့သော် စနစ်ကမူ နောက်နေ ပုံမရပေ။
“ပိုင်ရှင်ကို သတိပေးပါတယ်။ နောက်ဆုံးညွှန်ကြားချက်အရ … ပိုကာကစားချိန်က သုံးနာရီထက် လျော့လို့မဖြစ်ပါဘူး။ တင်ဆက်သူကလည်း သေချာပေါက်ကို သုံးနာရီပြည့်အောင် ကစားရပါမယ်။ မဟုတ်ရင် ဆုလာဘ်ကို ချီးမြှင့်မှာ မဟုတ်ပါဘူး”
ဖာ့ခ်…
ချန်းရန်ကပင် အမှန်တကယ် ဆဲချင်သွားသည်။ သောက်ကျိုးနည်း စနစ် သူ့လာနောက်နေတာလား။
“စနစ် အလေးအနက်ပြောစမ်းပါ။ ဘာကိုဆိုလိုတာလဲ”
“ချန်းရန်က မျက်မှောင် ကြုတ်ပြီး ပြန်မေးသည်။ သူသည် အလွန်အင်အားကြီးမားသော်လည်း ပိုကာကို အချိန်တန်ကြာအောင် ကစားရခြင်းက ခန္ဓာကိုယ်ကို အလွန် အထိခိုက်စေသည်။
သူသည်လည်း ငြိမ်ငြိမ်ပင် မရပ်နိုင်လောက်တော့ပေ။ ထိုကောင်မလေးဆိုလျှင် ပို၍ပင် ဆိုးပေလိမ့်မည်။ သူမ၏ခန္ဓာကိုယ်ကိုပင် ထိခိုက်သွားနိုင်သည်။
“တင် ပိုင်ရှင်ကို ပြန်ဖြေပါတယ်။ ပိုကာက ပိုကာပါ တင်ဆက်သူ ကို့ရို့ကားယား အတွေးတွေ မတွေးပါနဲ့”
ချန်းရန်ကလည်း စနစ်ရဲ့အဖြေကြောင့် မျက်လုံးလှန်လိုက်သည်။ ဘာလို့ စောစောက မပြောတာလဲ။
ထိုအချိန်တွင် မုရှောင်းနွမ်က အမှန်တကယ်ကို ဖိအားများနေပြီ ဖြစ်သည်။သူမသည်လည်း မိုးခြိမ်းသံကိုလည်း ကြောက်သည်။ ပြင်းထန်သော မိုးရွာသံကိုလည်း ကြောက်သည်။ သို့သော် ထုတ်ပြောရမည်ကိုလည်း ရှက်နေသည်။ ချန်းရန်က အခန်းသို့ပြန်ပြီး အိပ်တော့မည့် အနေအထားကို မြင်လိုက်သည်နှင့် မုရှောင်းနွမ်ကလည်း သူ့ကို စူးရှစွာ ကြည့်လိုက်သည်။ သူမက ခြေထောက်ကို ပြန်ကြည့်ပြီး တုန့်ဆိုင်းသွားကာ ကိုယ့်ကို ရောင်းထုတ်သင့် မထုတ်သင့် စဉ်းစားနေသည်။
“ငါနဲ့ အတူကစားချင်လား”
မမျှော်လင့်ထားစွာပင် ချန်းရန်က အခန်းထဲ လှည့်ဝင်ရန် ပြင်နေပြီးမှ ရပ်တန့်သွားကာ ခေါင်းပြန်လှည့်ပြီး မုရှောင်းနွမ်ကို ကြည့်သည်။ သူမကို ထူးဆန်းသော မျက်နှာထားမျိုးနှင့် ကြည့်ပြီး ပြောသည်။
“ဘာဖြစ်ဖြစ် ညဘက်မှာ လုပ်စရာလည်းမရှိ ဟုတ်တယ်မလား အတူကစားကြမလား”
“ဂိမ်းကစားမှာကို ပြောတာလား”
ချန်းရန်က ရုတ်တရက် ရပ်တန့်သွားကြောင့် မြင်သောအခါ မုရှောင်းနွမ် မျက်နှာက တောက်ပသွားသည်။ သူမသည်လည်း ချန်းရန်က သူ့ဘာသာအရင်အစ လှည့်လာမည်ဟု မထင်ထားမိချေ။ ထိုအခံစားချက်လည်း ဖော်ပြရခက်ခဲသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းပင် အံ့သြမှုများက ပင် ပေါ်လာသည်။
ဘုရားရေ…
ငါ့ယောက်ျားက ရုတ်တရက်ကြီး ရပ်တန့်ပြီး ဂိမ်းကစားမယ်လို့ ပြောလာမယ် မထင်ထားဘူး။ ငါ့ရဲ့ အခြေအနေကိုများ သိနေတာလား။
သူက ငါမိုးကြိုးတွေ မိုးတွေကို မကြောက်တော့အောင်လို့ အဖော်ပြုပေးမှာပေါ့လေ ဟုတ်လား ။
ငါ့ယောက်ျား အရမ်းစိတ်ထားကောင်းလိုက်တာ။
မုရှောင်းနွမ်က စိတ်လှုပ်ရှားစွာ ပြေးသွားပြီး ချန်းရန်၏ ခါးကို ဖက်သည်။
“အာ ယောက်ျား နင်က အရမ်းသဘောထားကောင်းတာပဲ။ ငါနင့်ကို အရမ်းချစ်တာ”
မုရှောင်းနွမ်အတွက် သူမ ဘာလုပ်လုပ်လို့ အရေးမကြီးချေ။ အရေးကြီးသော အချက်က သူမယောက်ျားက ဒီနေရာမှာ ဆက်နေပြီး သူ့ဘာသာသူ အဖော်ပြုပေးလိုစိတ်ရှိနေခဲ့ခြင်း ဖြစ်သည်။
ဒါဟာ အသေးစိတ်အကျဆုံးသော ဂရုစိုက်မှုဖြစ်သည်။ သူမက ပျော်ရွှင်လွန်းသဖြင့် သူမ၏အင်အားလေးကိုပင် ပြသချင်သွားသည်။ ထိုအချိန်တွင် မုရှောင်းနွမ်၏ နှလုံးသားကပင် တုန်ယင်နေသည်။ သူမက လုံးဝကို နစ်မြုပ်သွားသည်။
99 03
“အာ ငါတောင်းပန်ပါတယ် ငါအရမ်းစိတ်လှုပ်ရှားသွားလို့”
မုရှောင်းနွမ်က တဖြည်းဖြည်း ခံစားချက်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ချန်းရန်ကို ပြန်လွှတ်ပေးရင်း လှပသော မျက်နှာလေးက ရဲတက်သွားသည်။ တောက်ပသော မျက်လုံးလေးကို အသာပြန်ဝင့်ပြီး နောက် ခိုးကြည့်သည်။ သို့သော် ပျော်ရွှင်သွားပြီး အကြည့်ကို ပြန်လွဲလိုက်သေးသည်။ ကျော့ရှင်းသော မိန်းမပျိုတစ်ယောက်က လှပသော ပန်းများ ပွင့်လန်းနေရာ သစ်ကိုင်း တစ်ကိုင်းကို ကိုင်ထားရင်း ချစ်ရသော သူကို ခိုးကြည့်နေသည့်ကဲ့သို့ ဖြစ်သည်။ အခြားသော သူများက သတိထားမိသည်နှင့် သူမက ခပ်မြန်မြန် အကြည့်ကို လွှဲတတ်သည်။ သတိမထားမိလောက်သော်လည်း နူးညံ့သည့် ချစ်ခြင်းမျိုး ဖြစ်သည်။
ဆွဲဆောင်မှု ရှိတယ်။ ဖြားယောင်းနိုင်တယ်။
နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ထိုကောင်မလေးကပင် ထိုကဲ့သို့သော အမူအရာမျိုးကို စတင်ပြီး ဖော်ပြလာသည်။
“အိုး ဟုတ်သားပဲ ငါတို့ ဘာဂိမ်းကစားသင့်တယ်လို့ ထင်လဲ ယောက်ျား”
မုရှောင်းနွမ်က အသက်ကို ပြင်းပြင်းရှူပြီး ချန်းရန်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်သည်။
“ပီယူပီဂျီလား King of glory လား ဒါမှမဟုတ် တစ်ခုခုလား”
“ပိုကာကစားရင်ရော”
ချန်းရန်က မေးသည်။
“အာ”
မုရှောင်းနွမ်က မှင်သက်သွားသည်။ ချန်းရန်ကို ကြောင်တောင်တောင်ကြည့်ပြီး ရုတ်တရပ် ထအော်သည်။
“အား”
သူ…သူ့တကယ် ပိုကာကစားမလို့လား။
သူနားကြားမှားတာလား။ ဘယ်လိုဖြစ်ပြီး သူ့ရဲ့ယောက်ျားက ဒီလိုကြီး တိုက်ရိုက်ကြီး ပြောတာလဲ။
မုရှောင်းနွမ်က အလိုလျောက်ပင် လက်ကို ပိုက်လိုက်ပြီး နည်းနည်း သတိအပြည့် ကပ်ထားသည်။ နည်းနည်းလည်း ရှက်သလို နည်းနည်းလည်း စိုးရိမ်ပြီး နားမလည်နိုင်အောင် ဖြစ်နေသည်။
ရိုးရိုးသားသား ပြောရသော် ချန်းရန်၏စကားလုံးများက မုရှောင်းနွမ်ကို တိုက်ရိုက် ခံစားမိသွားစေသည်။ သူမက အလိုလျောက်ပင် မှင်သက်သွားရသည်။
“အင်း ဟန်… ဟန်နီ ငါ အဆင်သင့် မဖြစ်သေးဘူးလေ ဒါက ရုတ်တရပ်ကြီး”
မုရှောင်းနွမ်ကလည်း တုန်ဆိုင်းနေသလို တုန်ဆိုင်းနေသည်။ သူမသည် နည်းနည်းလေးနဲ့ စိတ်ရှုပ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။
“ရပါတယ် ငါတို့ သုံးနာရီပဲ ကစားမှာ ဖြည်းဖြည်းပေါ့ မင်းကျင့်သားရသွားပါလိမ့်မယ်”
ချန်းရန်က ပြုံးလာပြီး ဧည့်ခန်းကို ညွှန်ပြသည်။
“အဲဒီမှာပဲလေ မီးပြင်းဖိုလည်း ရှိတယ် အဲဒီမှာပဲ လုပ်ရအောင် နွေးတယ်”
******