← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

101 01

အပိုင်း (၁၀၁)

“ဟီးဟီး ပထမတစ်ပွဲမှာ ငါနိုင်ပြီနော် ယောက်ျား”

မုရှောင်းနွမ်က ချန်းရန်ကို အနိုင်ရသွားသောကြောင့် ဂုဏ်ယူမှု သေးသေးလေးနှင့်အတူ ကြည့်သည်။ သူမ၏ တောက်ပသောမျက်ဝန်းက ချန်းရန်ကို အတင်းတိုက်တွန်းသည်။

“မြန်မြန်ချွတ် မြန်မြန်ချွတ်”

“အာ ငါ တကယ်ကို မတတ်နိုင်ဘူးပဲ”

ချန်းရန်ကလည်း ခါးသီးစွာရယ်ရင်း ခေါင်းကိုခါသည်။ မုရှောင်းနွမ်၏ စူးရှသောမျက်လုံးအောက်တွင် သူကဖိနပ်ကို ချွတ်လိုက်သည်။

“ ဒါပဲလား”

မုရှောင်းနွမ်က နည်းနည်းကြောင်တောင်တောင် ဖြစ်သွားသည်။ ဖိနပ်ပဲချွတ်လိုက်တာလား နောက်ပြီး တစ်ဖက်တည်း။

ယောက်ျားက အရမ်းလွန်တာပဲ

“လာ..လာလာ လာပြီ”

မုရှောင်းနွမ်က အံကို ကြိတ်ပြီး နောက်ထပ်တစ်ပွဲကို တောင်းဆိုသည်။ ချန်းရန်ကလည်း သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနေသည်။ ထို့အပြေင် ထိုကောင်မလေးကလည်း အင်အားကို မပြသခဲ့ဖူးချေ။ မမျှော်လင့်ထားစွာပင် သူမကလည်း အင်အားကြီးမားလေသည်။ ထိုအခြေအနေက ချန်းရန်၏ တိုက်ခိုက်လိုစိတ် ဆန္ဒကို လှုံံ့ဆော်ပေးလိုက်သည်။ ကြည့်ရသည်မှာ သူ ထိုကောင်မလေးကို ဂုဏ်ယူခွင့် ပြု၍ မရပေ။

ဒုတိယတစ်ပွဲတွင် ကောင်မလေးက နိုင်ပြန်သည်။ ချန်းရန်က ဖိနပ်တစ်ဖက် ထပ်ချွတ်လိုက်၏။

ချန်းရန် အမူအရာက အလွန်တည်ငြိမ်သည် အကြောင်းမူကား သူသည် ထိုကောင်မလေး လှည့်ကွက်ကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းမိသွားသောကြောင့် ဖြစ်သည်။ သူက ရှုံးနေသော်လည်း သူမ၏ကတ်စကေးကို ခပ်ရေးရေး ဆုံးဖြတ်နိုင်လိုက်ပြီဖြစ်ပြီး နောက်ပွဲများတွင်လည်း စမ်းကြည့်နိုင်လာသည်။ မုရှောင်းနွမ်က စိတ်ထဲတွင်လည်း သေးငယ်သော်လည်း တွက်ချက်မှုများကို လုပ်နေသည်။ ထို့နောက် ပွဲနည်းနည်း ကစားပြီးနောက် ချန်းရန် ရည်ရွယ်ရှိရှိဖြင့် မုရှောင်းနွမ်ကို အရှုံးပေးခဲ့သေးသည်။ မုရှောင်းနွမ်က အလွန်အမင်း စိတ်လှုပ်ရှားလားသည်။ ထိုနည်းအားဖြင့် သူမဟာ သိပ်မကြာခင်မှာတင် ခင်ပွန်းဖြစ်သူ၏ မဟာဆွဲဆောင်မှုပြင်းထန်သော ခန္ဓာကိုယ်ကို မြင်နိုင်တော့မည်ဟု ထင်နေသည်။ သို့သော် သိပ်မကြာခင် သူမကသာ စိတ်ပျက်သွားရသည်။ အကြောင်းမူကား ချန်းရန်က ကြီးမားသော ဘောင်းဘီအိတ်ကပ်ကြီး ရှိနေသောကြောင့်ဖြစ်သည်။

“သေစမ်း တစ်ခုပဲလို့ ပြောတာကို”

မုရှောင်းနွမ်က စူးရှစွာကြည့်သည်။

ရတော့မယ်။

ချန်းရန်ကလည်း သူသည် ထိုကောင်မလေးကို လွှတ်ထားပေးသည်မှာ လုံလောက်ပြီဟု ယူဆလိုက်သည်။ ဆိုတော့ ပိုက်ကွန်ကိုပိတ်ရမယ့် အချိန်ကျပြီ။ ထိုနောက်ပိုင်းတွင် ချန်းရန်၏ အိမ်ကွင်းဖြစ်သွားလေသည်။

တစ်ပွဲ နှစ်ပွဲ သုံးပွဲ

101 02

ထိုနောက် ချန်းရန်က လေးပွဲဆက်တိုက်နိုင်သည်။ မုရှောင်းနွမ်က အငိုက်မိသွားပြီး လုံးဝ စိတ်ရှုပ်နေသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ”

ကစားပွဲများက အဆုံးသတ်သွားသည်နှင့် ချန်းရန်၏ ကတ်များကို ထုတ်ပြလိုက်လေသည်။ ထိုကောင်မလေးက နောက်ဆုံးတွင် တီရှပ်ကိုပင် ချွတ်လိုက်ရသည်။ အတွင်းတွင်လည်း ယွဲ့ရှုံးယီက ရှိနေ၏။ မမျှော်လင့်ထားစွာ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် သူမသည် ရှုံးသွားပြီး နောက်ဆုံး ခုခံမှုကိုပင် မထိန်းသိမ်းထားနိုင်တော့ပေ။

“ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

မုရှောင်းနွမ်၏ လှပသောမျက်နှာလေးက ရဲနေပြီး လုံးဝကို မျက်နှာပူနေသည်။

ချန်း…ချန်းကောကောရဲ့ ဘောင်းဘီအိတ်တွေ အားလုံးကို ချွတ်ရမှာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး ငါက နောက်ဆုံး ယွဲ့ရှုံးယီတောင် မကျန်တော့တာလဲ။

နောက်ထပ် တစ်ပွဲသာ ထပ်ရှုံးခဲ့လျှင် အတွင်းအဝတ်ပင် ပြောင်သွားလောက်လေသည်။

အား

ဘယ်လိုဖြစ်နိုင်မှာလဲ ရှက်စရာကောင်းလိုက်တာ>

မရဘူး မုရှောင်းနွမ် နင် ရှုံးလို့မရဘူး>

“ တစ်ပွဲ”

သူမသည် အံကိုကြိတ်သည်။ မယုံကြည်နိုင်သေးပေ။ ဖြစ်နိုင်သည်မှာ ကံကြမ္မာ နတ်ဘုရား၏ ကောင်းချီးပေးမှုက ရှိလောက်သည်။ မုရှောင်းနွမ်က ထိုတစ်ပွဲတွင် နိုင်လေသည်။

“ဟေး ငါနိုင်တယ် ယောက်ျားငါနိုင်တယ်”

မုရှောင်းနွမ်က အလွန်ပျော်သွားပြီး လက်သီးသေးသေးလေးကို ဆုပ်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။

“ ဒါ”

ချန်းရန်ကလည်း ထိုကောင်မလေးက တော်တော်လေး ကံကောင်းသွားမည်ဟု မထင်ထားမိပေ။ သူသည် သူ၏ဘောင်းဘီအိတ်ကပ်ကြီးကို ကြည့်ကာ ရုတ်တရက် နည်းနည်း မျက်နှာ ပူသွားသည်။

“မင်း နောက်ထပ်တစ်ထည် ထပ်ချွတ်စေချင်တာ သေချာလား”

“ သေချာတာပေါ့”

မမျှော်လင့်ထားစွာပင် ထိုကောင်မလေးက အလွန်ပင် စိတ်ဓာတ်မာသည်။ သူမက တုံ့ဆိုင်းမနေဘဲ ချန်းရန်ကို ဆက်လုပ်ခိုင်းသည်။ သူမ၏ ပြောစကားအရ အနိုင်က လက်တစ်ကွေ့တွင် ဖြစ်သည်။ သူမက နောက်တစ်ပွဲနိုင်သည်နှင့် ယောက်ျားဖြစ်သူကလည်း သူမ၏ ရှေ့တွင် လျှို့ဝှက်ချက်ပင် ရှိတော့မည် မဟုတ်ပေ။ သို့သော်

မုရှောင်းနွမ်က သင်ခန်းစာကို မေ့သွားသည်။ သူမဟာ နောက်တစ်ပွဲ ရှုံးသွားသည်နှင့် သူမသည်လည်း ချန်းရန်၏ရှေ့တွင် မည်သည့် လျှို့ဝှက်ချက်မှ မရှိတော့ဘဲ ပေါ်လာမည်ကို မေ့သွားလေသည်။

“ငါ ဒီတစ်ပွဲ နိုင်ရမယ်”

101 03

မုရှောင်းနွမ်က ကိုယ့်ကိုကိုယ် လျှို့ဝှက်ပြီး အားပေးလိုက်သည်။ သို့သော် သူမ ကတ်ကစားနေရင်းမှ အခြေအနေက ရုတ်တရက် ပြောင်းသွားသည်။

မူလက သေချာပေါက် နိုင်မည့်အခြေအနေ ဖြစ်သည်။ သို့သော် မုရှောင်းနွမ်ကလည်း ချန်းရန်ကစားသော ကတ်များက အလွန်ပင် ထူးဆန်းကြောင်း သိလာသည်။ သိသိသာသာကိုပင် သူမ၏ကတ်များက အလွန်ကောင်းသည်။ သို့သော် နှာတစ်ဖျားလေး ဦးဆောင် ခေါ်သွားခံနေရသလို ခံစားလိုက်ရလေသည်။

ထိုအခြေအနေက သူမကို အသက်မသာ ဖြစ်လာစေသည်။

ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ။

မုရှောင်းနွမ်က အလွန်ပင် စိုးရိမ်စိတ်များနေပြီဖြစ်သည်။

“ငါ့မှာ ဆယ်ကတ်ပဲ ကျန်တော့တယ်”

မသိလိုက်မသိဘာသာပင် ချန်းရန်က လက်ထဲရှိ ၆ ကတ်သာ ကျန်တော့သည်။ ထိုအခြေအနေက ထိုအချိန်က မုရှောင်းနွမ်ကို အံ့ဩလာစေ၏။ သူမ၏ နှလုံးသားကလည်း လည်မျိုသို့ပင် မြောက်တက်လာသည်။ သူမက အေးစက်မှုကို ခံစားလိုက်ရသည်။

အကြောင်းမူကား ရှုံးသွားခဲ့လျှင် ယွဲ့ရှုူံးယီကိုပါ ဆုံးရှုံးရနိုင်သောကြောင့် ဖြစ်သည်။

မရဘူး လုံးဝ မရဘူး။

မုရှောင်းနွမ်က တုန်ယင်နေသည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေလျှင် သူမသည် အိတ်ကပ်များ အားလုံးကုန်သွားလေပြီ။

မရဘူး အခြေအနေကို ဖြိုခွဲဖို့ နည်းလမ်းတစ်ခု ရှာရမယ်။

“ ဟေး ယောက်ျား”

ရုတ်တရက် မုရှောင်းနွမ်က ခေါင်းကို ဖော်ပြီး ချန်းရန်ကို မျက်လုံးတစ်ဖက် မှိတ်ပြသည်။ သူမက သနားစဖွယ် ဟန်ဆောင်သည်။ သူမက ချစ်စရာကောင်းအောင် ခပ်တိုးတိုး ပြောသည်။

“ ကြည့်ပါဦး ဒါ မလှဘူးလား”

“ဟင်”

ချန်းရန်ကလည်း ရုတ်တရပ် ထိုကောင်မလေး၏ အသံကို ကြားပြီး အံ့သြသွားသည်။

“ ဝိုး ဝိုး”

အသံက အရမ်းကို နူးညံ့ပြီး ချစ်စရာလေး ကြောင်ပေါက်လေးတစ်ကောင်က အနားနားကပ်ပြီး ခပ်တိုးတိုး အော်လိုက်သလိုပဲ ချွဲသံအပြည့်နဲ့။ လူအများ ကိုပဲ အလိုလျောက် နူးညံ့သွားစေလောက်သည်။

“ မင်းက ငါ့ရဲ့အတွေးကို ဖျက်ဆီးတယ်ပေါ့လေ”

ချန်းရန်က အသံပြင်းပြင်းရှူပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းသည်။ ထိုကောင်မလေး၏ ယခုစကားများက သူ၏ ကတ်ကစားသည့် တွေးပုံတွေးနည်းကို နည်းနည်းနှောင့်ယှက်ခံလိုက်ရသည်။ သို့သော် သူသာ သတိမထားမိလျှင် မနိုင်နိုင်လောက်တော့ပေ။

“ ယောကျ်ား ကတ်က ဘာများကောင်းလို့လဲ ကြည့် ငါဘယ်လောက် တော်လိုက်သလဲ”

မုရှောင်းနွမ်က အသားကုန် ပြုံးရယ်ရင်း ချန်းရန်ကိုကြည့်သည်။ သို့သော် ချန်းရန်က မလှုပ်ရှားကြောင်းမြင်သောအခါ သူမက အံ့ကိုကြိတ်သည်။ သူက ရည်ရွယ်ချက် ရှိရှိဖြင့် အရှေ့ဘက်သို့ပင် မှီလိုက်သေးပြီး ရင်ဘတ်ကို လက်နှစ်ဖက်လုံးဖြင့် ကာ၍ ချန်းရန်၏ အရှေ့တွင် လှုပ်ခါပြသည်။

101 04

“ မင်း”

ချန်းရန်ကလည်း ကတ်များကို ကြည့်နေသော်လည်း ရွေးချယ်စရာ မရှိတော့ချေ။ ထိုကောင်မလေးက သူ့အနားသို့ ကပ်လာတော့ပေမည်။ ဖျော့တော့သော သင်းရနံ့ကလည်း နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။ ထို့ကြောင့် သူ မည်မျှ တည်ငြိမ်နေနေ သက်ရောက်ခံရလေသည်။

“ ငါ့ကို အရင် ကြည့်ပါဦး”

ထိုကောင်မလေးက ခန္ဓာကိုယ်ကို လိမ်တွန့်ပြီး မှီလာကာ ချန်းရန်၏ လက်မောင်းကို ဆွဲသည်။

“ကြည့်ပါဦး ဒီတစ်စုံကလေ အရင်တစ်ခါ ယန်ရွှယ်ပို့ပေးတဲ့ ပုံထဲမှာ ပါတယ်မှတ်လား ငါဒါကို ချန်းကောကောအတွက် ဝတ်ပြချင်နေခဲ့တာကြာပြီ။ ဒါပေမဲ့ ချန်းကောကောကမှ အခွင့်အရေးမပေးတာ အခု အခွင့်ကောင်းကြီးရပြီ ဘယ်လိုလဲ လှတယ်လို့ မထင်ဘူးလား”

ထိုသို့ ပြောပြီးသည်နှင့် သူမက တမင်တကာ ရည်ရွယ်သည်လား မသိ ချန်းရန်၏ လက်မောင်းကို လာပွတ်လေသည်။

“အဟမ်း”

ချန်းရန်ကလည်း ခါးသီးစွာပြုံးရယ်ပြီး ကူကယ်ရာလည်း မဲ့လာသည်။ သူက ခေါင်းကို တစ်ဖက်လှည့်ပြီး ကြည့်လိုက်သည်။

ဘုရားရေ သူသည် အကြည့်ပင် မလွဲနိုင်တော့ပေ။

ဟေး ဒါက အခွင့်အရေးကောင်းပဲ။ ထိုအချိန်တွင် ချန်းရန်က အာရုံလွင့်သွားသည့် အချိန်တွင်ပင် မုရှောင်းနွမ်က မျက်လုံးကို စောင်းရင်း ချန်းရန်၏ ကတ်ကိုကြည့်သည်။

“ ဝိုး မဆိုးပါဘူး ဒါပေမဲ့ ဒီဝတ်စုံက အရည်အသွေး ကောင်းတယ်လို့တော့ မထင်ဘူး အသားက ဘယ်လိုလဲဆိုတာ ကြည့်ကြည့်ရမယ်”

ချန်းရန်က လှပစွာပြောပြီး စမ်းသပ်ကြည့်ရန် ကြံစည်သည်။

“ ဟီးဟီး”

ထို့နောက် တစ်ခဏတွင် ထိုမလေးက ခါးကို တွန့်ရင်း နေရာသို့ ပြန်ပြေးသွားပြီး ချန်းရန်ကို ရှောင်လိုက်သည်။ ထို့နောက် ဆော့ကစားလိုသော မျက်လုံးမျိုးဖြင့် ပြောသည်။

“ယောက်ျား ယောကျ်ား ကစားလို့ မပြီးသေးဘူးလေ။ မြန်မြန် ဒီတစ်ပွဲကို အဆုံးသတ်ရအောင်”

“ဟင်”

ချန်းရန်က မှင်သက်သွားသည်။

ဘာဖြစ်သွားလဲ။

ဒီကောင်မလေးက တမင်တကာ ဒီလိုလာလုပ်ပြီး နောက်ဆုတ်သွားတယ်။

ဘာလုပ်တာလဲ.

အာရုံပြောင်းတာလား။

101 05

ဘုရားရေ မဟုတ်သေးပါဘူး။

ချန်းရန်က လက်ထဲက ကတ်များကို ကြည့်ပြီး ချက်ချင်း နားလည်လိုက်သည်။ လက်စသတ်တော့ လှည့်စားတာပဲ။

သူ့၏ အာရုံကို ပြောင်းချိန်တွင် သူ့၏ အတွေးယဉ်ကြောက ပြတ်သွားသည်။ ထို့နောက် သူ့၏ကတ်ကို ခိုးကြည့်သွားခြင်း ဖြစ်လောက်သည်။

အားကစားသမား စိတ်ဓာတ်မရှိလိုက်တာ။

“မုရှောင်းနွမ် မင်း မကစားနိုင်ဘူးလား”

ချန်းရန်က ထိုကောင်မလေးကို ကြည့်ပြီး ဒေါသတကြီး အော်ရယ်သည်။

******

All Chapters