← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

102 01

အပိုင်း (၁၀၂) ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အိပ်ယာကို ကြီးတာပဲလေ မဟုတ်ဘူးလား

“မုရှောင်းနွမ် မင်းမကစားနိုင်ဘူးလား”

ချန်းရန်က အချိန်ကို ကြည့်လိုက်သောအခါ သုံးနာရီပြည့်ပြီ ဖြစ်ကြောင်း သိလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ထပ်ပြီး ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။ သူက ကတ်များကို စားပွဲပေါ်သို့ ပစ်ချသည်။

“ဟေး ငါဒီမှာ ထိုင်နေတာ ကြာပြီဆိုတော့ ခါးတောင် နာလာပြီ။ ငါ ပြန်အိပ်တော့မယ်။ ငါထပ်ပြီးမကစားချင်တော့ဘူး မကစားတော့ဘူး”

ချန်းရန်က လက်မောင်းဆန့်ပြီး ခါးကိုလည်း ဆန့်သည်။ သမ်းလိုက်ရင်း ထရပ်သည်။ ထို့နောက် ကတ်များကို ပစ်ချကာ ထွက်သွားပြီး အနားယူရန် ကြံစည်သည်။

“ဟင်”

မုရှောင်းနွမ်ကပင် ကြောင်တောင်‌တောင် ဖြစ်ပြီး ကျန်ရစ်ခဲ့သည်။

မဟုတ်တာ ယောက်…ယောက်ျားက ဘာကို ဆိုလိုတာလဲ။

သူမက ဒီလောက်အများကြီး စတေးခံပြီး ဒီလောက်အများကြီး နိုင်ချင်နေတာလေ။ သူမက အောင်မြင်တော့မည့် အချိန်တွင်ပင် ယောက်ျားဖြစ်သူက ကတ်များကို ပစ်ချကာ ရပ်တန့်သွားမည်ဟု မထင်ထားမိပေ။

ဒါက လက်သင့်မခံနိုင်စရာပဲ။

“ယောက်ျား ဒါက လက်သင့်မခံနိုင်စရာပဲနော်။ ငါတို့ ကစားတာ မလုံလောက်သေးဘူးလေ။ ဘာလို့ ရပ်တော့မှာလဲ ငါ လုံလောက်အောင် မပျော်ရသေးဘူး”

မုရှောင်းနွမ်က နှုတ်ခမ်းကို ဆူပြီး ငြင်းသည်။

“ငါ မင်းအကြောင်းကိုတောင် မပြောရသေးဘူး”

ချန်းရန်ကလည်း သဘာဝကျကျပင် ထိုကောင်မလေး၏ အရှေ့တွင် ဘာကိုမှ မဆုံးရှုံးချင်ပေ။ အာ ဒါဆိုရင် ရှက်စရာကောင်းမှာပေါ့။ ထို့ကြောင့် သူသည် သူမ၏ခေါင်းကို ခေါက်ပြီး ပြုံးရယ်ရင်း ပြောသည်။

“ဘယ်သူက မင်း ကလေးမကို လှည့်စားပြီး ငါ့ရဲ့ ကတ်တွေကို ခိုးကြည့်ခိုင်းလို့လဲ ဟမ် မင်းက လိမ်နေတာပဲ မဟုတ်ဘူးလား”

“ငါ ငါ ငါက”

မုရှောင်းနွမ်၏ လှပသော မျက်နှာက ရုတ်တရပ် ရှက်သွားသည်။ သူမသည်လည်း ယောက်ျားဖြစ်သူက သိသွားမည်ဟု မထင်ထားမိပေ။

“ဒါဆိုရင် ဘာလို့ ထွက်သွားတာလဲ”

ထိုကော်ငမလေးက နှုတ်ခမ်းဆူပြီး ပြောသည်။

“ဟွန့်”

ဟုတ်တယ် မုရှောင်းနွမ်က လိမ်တယ်။

ချမ်းနန်ကလည်း စားပွဲကို တစ်ချက် လှန်ပြီး ထွက်သွားသည်။

ဒါက သိုင်းလောကရဲ့ စည်းမျဉ်းကို မသိတဲ့သူတွေပဲ။

“ကောင်းပြီ လုံလောက်ပြီ ဒီနေ့ ဒီမှာပဲ ရပ်ရအောင် ငါတို့ နောက် အချိန်ရမှ ထပ်ပြီး ကစားမယ် မင်း မြန်မြန်လေး အဝတ်အစား ပြန်ဝတ်ပြီး သွားအိပ်တော့”

ချမ်းနန်က ပြုံးရယ်ပြီး မုရှောင်းနွမ်၏ ချစ်စရာကောင်းသော နှုတ်ခမ်းလေးကို လှမ်းကုတ်လိုက်သေးသည်။ ထို့နောက် မြေပြင်ပေါ်မှ အဝတ်ကို ကောက်ယူကာ သူမအပေါ်သို့ ပစ်ပေးပြီး သူမရဲ့ ခေါင်းလေးကို အုပ်ကာ ပြောသည်။

“မြန်မြန်လေး ဝတ်လိုက် ရာသီဥတုက အေးလာပြီ မိုးရွာတော့ ပိုပြီးတောင် အေးစိမ့်လာသေးတယ် အအေးမိစေနဲ့”

“အိုး”

မုရှောင်းနွမ်က လျှာကို ထုတ်ပြပြီး စလိုက်သေးသည်။ သူမက ယောက်ျားဖြစ်သူ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို မြင်လိုက်သော်လည်း ယခုလို ဂရုစိုက်ခံရသည့်အတွက် အလွန် ပျော်သည်။

“ဒုန်း”

102 02

သို့သော် ထိုအချိန်တွင် နောက်ထပ် မိုးခြိမ်းသံက ထွက်လာသည်။ ညက နက်နေပြီဖြစ်သည်။ သူမသည်လည်း မိုးက ဒီလောက်ထိ ပြင်းနေအုံးမည်ဟု မထင်ထားမိပေ။ မိုးခြိမ်းသံက အော်ဟစ်နေသည်။

“အား”

မုရှောင်းနွမ်က ထအော်ပြီး အဝတ်များကို ဖက်ရင်း လန့်ခုန်မိသွားသည်။ ထိုအချိန်တွင် လျှပ်စီးက လက်ပြီး မိုးက ခြိမ်းကာ သူမကို အမှန်တကယ် ထိတ်လန့်သွားစေ၏။ သူမ နှလုံးသား သေးသေးလေးကပင် ခုန်ထွက်သွားတော့ပေမည်။

“ယောက်ျား”

မုရှောင်းနွမ်က ချမ်းနန်ကို လှမ်းခေါ်လိုသေးသည်။ သို့သော် ချန်းရန်က အခန်းထဲသို့ ပြန်သွားပြီဖြစ်သည်။

“ကြောက်စရာကောင်းလိုက်တာ ငါ ငါ့ အခန်းထဲကို ပြန်တာ ကောင်းမယ် ထင်တယ်”

မုရှောင်းနွမ်လည်း ဒီညက အလွန် ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမသည် မြန်မြန် ပြန်အိပ်သင့်နေလေပြီ။ သူမက ထိုသို့ တွေးလိုက်ရုံနှင့်ပင် စိတ်ဓာတ်ကျချင်သွားသည်။

“ဘာလို့ ယောက်ျားကို ငါနဲ့အတူ မအိပ်ခိုင်းရမှာလဲ”

နောက်ပြီး တစ်ယောက်တည်း အိပ်ရင် မရိုးသားဘူးလို့ ပြောဦးမယ်

“ဒါပေမဲ့ ငါ အိပ်နေတဲ့အချိန်မှာ တကယ်ကို မရိုးသားလို့လား”

မုရှောင်းနွမ်က ခပ်တိုးတိုးရေရွတ်သည်။ အဝတ်များကို ဖက်ပြီး အခန်းထဲသို့ လိမ်လိမ်မာမာ ဝင်သွားသည်။

“တင် ဂုဏ်ယူပါတယ်။ ပိုင်ရှင်က သက်သာ ဘဝတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်ပါပြီ ဒီအချိန်မှာ ဆုလာဘ်အနေနဲ့ သက်သာရေတံခွန် မြေပုံx1 ကို ရရှိပါတယ်”

?

ချမ်းနန်က အခန်းထဲသို့ ပြန်ကာ စအချိန်တွင်ပင် ထိုစကားကို ကြားလိုက်ရပြီး ကြောင်သွားသည်။

ဘဝရေတံခွန် ဟုတ်လား။

“စနစ် ဘဝရေတံခွန်ဆိုတာ ဘာလဲ”

ချန်းရန်က မေးသည်။

“တင် ပိုင်ရှင်ကို ပြန်ဖြေပါတယ်။ ဘဝရေတံခွန်က လျှို့ဝှက်ဆန်းကျယ်တဲ့ အမည်မသိရတဲ့ မသိရတဲ့ လောကက လာတဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ တော်ဝင်ရေပါ။ ဒီတော်ဝင်ရေစင်က အလားအလာကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိတယ်။ ခန္ဓာကိုယ်ကိုလည်း အားအင် မြှင့်ပေးနိုင်တယ်။ အသက်အရွယ်ကြီးတာကို နှေးကွေးစေနိုင်ပြီး လူတွေကို အသက်စွမ်းအား ပေါများစေပါတယ်”

“ဒီလောက်ထိ မှော်ဆန်တာလား”

ချမ်းနန်က အံ့ဩသွားသည်။ ထိုစမ်းရေက အမှန်တကယ် မှော်ဆန်ပုံရသည်။ သက်ရောက်မှုများကတင် အဖိုးတန်လွန်းသော ကျန်းမာရေး အထောက်အကူပစ္စည်း ဖြစ်နေလေပြီ။ သက်ရောက်မှုကလည်း အမှန်တကယ် မှင်သက်ဖွယ်ကောင်းလိုက်၏။ သူ၏ ယောက်ျားထီးလိုချင်သော ဆေးကဲ့သို့ ဖြစ်သည်။ အားလုံးက ရှားပါးသော ဒဏ္ဍာရီများဖြစ်သည်။

သူ၏ super farm ကဲ့သို့ မျိုးတုံး ပျောက်ကွယ်နေသော မျိုးစိတ်များ အလွန်အမင်းရှားပါးသော အပင်မျိုးစိတ်များလည်း ရှိသည်။

“ဒီလောက်ကောင်းတဲ့အရာ ဘာလို့ ဒီအတိုင်းပဲ ပေးလိုက်တာလဲ။ ငါတောင် ရှာရအုံးမယ်”

ချန်းရန်ကလည်း အလကားရရန်သာ မျှော်လင့်သည်။ သို့သော် စနစ်ကမူ သူ့ကို မြေပုံသာ ပေးလာသည်။ ဆိုလိုသည်မှာ သူသည် လိုက်ရှာရအုံးပေမည်။

“တင် ပိုင်ရှင်ကို ပြန်ဖြေပါတယ်။ ပိုင်ရှင်က ယုံကြည်မှု ကင်းမဲ့နေတယ် ဆိုတာကို ရှာဖွေတွေ့ရှိပါတယ်။ နောက်ဆုံး သက်သာတဲ့ ဘဝမှာ ပိုင်ရှင်အနေနဲ့ စနစ်က ပိုကာ ကစားခိုင်းတဲ့အဓိပ္ပာယ်ကို သေချာနားမလည်နိုင်ခဲ့ဘူး။ ပိုင်ရှင်ကလည်း ဖောက်ခွဲစွမ်းအားနဲ့ သက်လုံကို ယုံကြည်မှု မရှိခဲ့ဘူး။ ဆိုတော့ နောက်ဆုံး ဆုလာဘ်က အားနည်းသွားသည်။ ဆိုတော့ ပိုင်ရှင်အနေနဲ့ ကိုယ်တိုင် ရှာရတော့ပါမယ်”

“ဖာ့ခ် စနစ် တကယ် ပြောနေတာလား သုံးနာရီ မရပ်မနား ငါက မမောပန်းရအောင် နတ်ထီးမှ မဟုတ်တာ”

ချန်းရန်ကလည်း မနေနိုင်ဘဲ အထွန့်တက်သည်။ စနစ်က တအားလွန်တာပဲ။

102 03

“ကျေးဇူးပြုပြီးစိတ်အေးအေးထားပါ။ ဒီဘဝရေတံခွန်က ရေကို သောက်ပြီးတာနဲ့ မြေဩဇာ အကောင်းဆုံး စိုက်ခင်းမြေကိုတောင် ဖော်နိုင်ပါလိမ့်မယ်”

“…”

“ပိုင်ရှင်ကိုလည်း ဘဝရေတံခွန်းကို ပြန်လည် ယူဆောင်ဖို့ သတိပေးပါတယ်။ စံအိမ်ကြီးရဲ့ ရေလမ်းကြောင်းထဲသို့ ပို့ဆောင်ပြီး ငါးကန် စိုက်ခင်းမြေနဲ့ စားကျက်မြေထဲကို ပို့လွှတ်ပြီး မျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေကို ရယူလိုက်ပါ”

စနစ်က နောက်ဆုံးတွင် ချန်းရန်ကို ပြန်ဖြေလာသည်။ ချန်းရန်၏ မျက်လုံးက ရုတ်တရပ် တောက်ပသွားသည်။ စနစ်၏ ထိုအဖြေက သူ့အတွက် တံခါးသစ် တစ်ခု ဖွင့်လိုက်သည်နှင့် တူသည်။ သူသည်လည်း သူ၏ သက်သာအေးဆေးသော ဘဝတွင် ပျော်စရာကောင်းမည့် အပြောင်းအလဲ များစွာကို မျှော်လင့်မိလာသည်။

“မြေပုံရဲ့ တည်နေရာကို ကြည့်ရတာ ရှေ့ဘက်မှာ ထောင်ယွမ်တောင်မှာပဲ”

ချန်းရန်ကလည်း မြေပုံကို ဂရုတစိုက် ကြည့်ပြီးနောက်တွင် သူနှင့် မုရှောင်းနွမ် ယခင်က တက်ခဲ့ဖူးသော တောင်လေးဖြစ်မှန်း သိလိုက်ရသည်။ ဒီနေရာကလည်း သိပ်မဝေးချေ။ ထို့ကြောင့် မနက်ဖြန် ရာသီဥတုကသာ ကောင်းမွန်လျှင် သူသည် သွားကြည့်၍ရသည်။ သို့သော် ရေတံခွန်က မသေးငယ်လောက်ပေ။ ထို့ကြောင့် သူသည် ပြင်ဆင်ထားသင့်သည်။

ဒီည ကောင်းကောင်း အိပ်လိုက်ပြီး အင်အား ဖြည့်ထားရမယ်။ အင်း ကံကောင်းစွာနဲ့ မုရှောင်းနွမ်က ဒီနေ့ ဒီနေရာမှာ မရှိဘူးဆိုတော့ ငါ ကောင်းကောင်း အိပ်နိုင်လောက်မှာပါ အဲ့ဒီလိုမှ မဟုတ်ရင် တစ်ညလုံး ဒုက္ခရောက်လိမ့်မယ်။

ချန်းရန်က ကျေနပ်သွားပြီး အိပ်ယာတွင် လှဲကာ ကောင်းကောင်း အိပ်ရန် ကြံစည်သည်။

ဘုန်း…ဘုန်း…ဘုန်း

ထိုအချိန်တွင် ကောင်းကင်တွင် မိုးခြိမ်းသံများက ထွက်ပေါ်လာပြန်သည်။ မုရှောင်းနွမ်က အခန်းထဲတွင် ကွေးနေပြီး နားရွက်ကို အုပ်ထားကာ မအိပ်ပျော်နိုင်ပဲ ဖြစ်နေသည်။ တစ်ကိုယ်လုံးကို စောင်ဖြင့် ပတ်ထားသေးသည့် တိုင်အောင် တုန်ယင်နေသည်။ လျှပ်စီးက လက်ပြီး ပြတင်းပေါက် တစ်ခုလုံးက လင်းထိန်သွားချိန်တွင် အပြင်ဘက်မှ သစ်ပင်အရိပ်များက ပေါ်လာသည်။

“အား..သရဲ”

မုရှောင်းနွမ်က ဆက်လက်ပြီး အိပ်ချင်ယောင် မဆောင်နိုင်တော့ပေ။ သူမက ချက်ချင်းထသွားကာ ခြေဗလာနှင့် ထွက်ပြေးသည်။ မသိလိုက် မသိဘာသာပင် ချန်းရန်၏ အခန်းထဲသို့ ပြေးသွားသည်။

“ဟင် ငါ ဘာလို့ ဒီကို ရောက်လာတာလဲ”

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချန်းရန်ကို မြင်သောအခါ မုရှောင်းနွမ်က အခန်းထဲကို ပြန်သွားလိုသည်။ သို့သော် ခြေတစ်လှမ်းသာ လှမ်းရသေးသည်။ သူမ၏ အခန်းက ပိန်းပိတ်အောင် မဲမှောင်နေကြောင်း ခံစားလိုက်ရသည်။ ထိုနေရာတွင် မိစ္ဆာတစ်ကောင် ရှိနေသလိုပင် ခံစားလိုက်ရပြီး မုရှောင်းနွမ်က သေအောင်ကြောက်သွားကာ မျက်နှာက ဖြူစုတ်သွားပြီး တုန်ယင်နေသည်။

“ကြောက်လိုက်တာ”

မုရှောင်းနွမ်က တံတွေးကို မြိုချပြီးနောက် ချန်းရန်၏ကုတင်ကြီးကို ကြည့်သည်။ ကောင်းကင်နှင့် အမျိုးသား အကြားတွင် သူမက ဆုတ်ဖြဲခံလိုက်ရသည်။ သို့သော် နောက်ဆုံးတွင်မူ ခေါင်းကို ခပ်မြင့်မြင့် မော့၍ လျှောက်သွားသည်။ သူအိပ်နေလောက်ပါပြီ ဟုတ်တယ်မလား ဘာပဲဖြစ်ဖြစ် သူ့ကို နှောက်ယှက်မှာ မဟုတ်ဘူးလေ ဒီအတိုင်းပဲ နံဘေးမှာ လဲအိပ်မှာပဲကို ဘာပဲဖြစ်ဖြစ် ကုတင်က ကြီးတာပဲလေ ဟုတ်တယ်မလား။

******

All Chapters