အခန်း ၁၀၃
Vol. 11 Ch. 103
103 01
အပိုင်း (၁၀၃)
ချန်းရန်သည်လည်း အိမ်မက်မက်နေသည်ဟု ခံစားရသည်။ ထိုအိမ်မက်ထဲတွင် သူက မုရှောင်းနွမ်ကို ထပ်ပြီး ပိုကာ ကစားပြန်သည်။ ကြည့်ရသည်မှာ သူသည် ပိုကာကစားသည်ဟု စွဲလမ်းသွားပုံရသည်။ သူသည် အသိစိတ်အရ မုရှောင်းနွမ်နှင့် ထပ်ပြီး တိုက်ပွဲ တစ်ပွဲ စနေပြန်ပြီဟု တွေးနေသည်။
သို့သော် ထိုအချိန်တွင် ချန်းရန်၏ ကံကောင်းမှုက သိပ်မကောင်းပေ။ သူသည်လည်း ဘာဖြစ်နေမှန်း မသိပေ။ ထိုကောင်မလေး၏ ကတ်စွမ်းရည်က နတ်ဘုရား၏ အကူအညီ ရှိနေသည်။ သူကပင် မယှဉ်နိုင်ပေ။
ဖြစ်စဉ်တစ်ခုလုံးတွင် သူကပင် မုရှောင်းနွမ်၏ အနိုင်ကျင့်ခြင်းကို ခံရသည်။ ထို့ကြောင့် အစမှ စတင်ပြီး ငါးပွဲဆက်တိုက် ရှုံးသည်။
ထိုဖြစ်စဉ်အတောအတွင်းတွင် ချန်းရန်က နည်းနည်း လက်သင့်မခံလိုစိတ် ဖြစ်နေလေသည်။ ထို့ကြောင့် အဝတ် တစ်ထည်ပြီး တစ်ထည်ကို ချွတ်နေရသည်။ သိပ်မကြာခင်မှာပင်
ကောင်းလိုက်တာ သူ့ရဲ့ဘောင်းဘီ အိတ်ကပ်ကြီးတောင် မရှိတော့ဘူး။
“ဟေး ယောက်ျားယောက်ျား ဆက်ပြီးလုပ်ရအောင်”
မုရှောင်းနွမ်က အလွန် စိတ်လှုပ်ရှားနေပုံရသည်။ သူက နောက်ပွဲ ဆက်တိုက် သာ ရှုံးခဲ့လျှင် တစ်ဖက်လူတွင် ဘာမှ မကျန်လောက်တော့ပေ။
“ဟီးဟီး ဒါဆိုရင် နောက်တစ်ပွဲ”
ချန်းရန်ကလည်း ထပ်ရှုံးပြန်သည်။ ထိုကြောင့် ချန်းရန်သည်လည်း သဘောတူညီချက် အတိုင်း တီရှပ်ကို ချွတ်သည်။
အခုအခါ သူ့၏ နောက်ဆုံးသော ဘောင်းဘီ အိတ်ကပ်ကြီးသာ ကျန်တော့သည်။
“လာလာ…လာလာ ထပ်လာ”
ချန်းရန်ကလည်း နည်းနည်းပင် မျက်လုံးများ ရဲလာသည်။
“ယောက်ျား ရပ်တော့ အရမ်းလွန်နေပြီ”
"တစ်ပွဲပဲ.. ငါ ရှုံးမယ်လို့မယုံဘူး "
ရလဒ်အနေဖြင့် ချန်းရန်ကလည်း ထပ်ရှုံးသည်။ ထို့နောက် တိတ်ဆိတ်သွားသည်။
စစ်မှန်တဲ့ အမျိုးသားက ကတိတည်ရတယ်။
အိမ်မက်ထဲမှာ ချန်းရန်က လုံးဝ ရူးနေသည်။ သူသည်လည်း ထိန်းချုပ်မှု လွတ်နေကြောင်း မြင်သောအခါ နွေးထွေးကာ နူးညံ့သော ကျောက်စိမ်းတုံးလေးက ချန်းရန်ကို ကြမ်းတမ်းစွာ ဖက်လာပြီး တားသည်။
"မလုပ်ပါနဲ့တော့”
“ယောက်ျား ထတော့”
ချန်းရန်သည်လည်း နူးညံ့သော ကိုယ်က လာဖိသလို ခံစားရပြီး မလှုပ်နိုင်အောင် ဖြစ်သွားသည်။ အပြင်ဘက်တွင်လည်း လျှပ်စီးများလက်ကာ မိုးများ ခြိမ်းနေပြီး သည်းထန်သော မိုးက ရွာနေသည်။ ဝုန်းဝုန်း ဒိုင်းဒိုင်း အသံများကြားတွင် တစ်လောကလုံးက လှုပ်ခါနေပုံ ပေါ်သည်။
ရုတ်တရပ် ထိုအချိန်တွင်ပင် ချန်းရန်က ကဗျာတစ်ပုဒ်ကို မှတ်မိသွားသည်။
“ငါးကြီးက ငါးလေးကို စားတယ်။ ငါးလေးက ပုစွန်ကို စားတယ်။ ပုစွန်က ရေကို သောက်တယ်။ အဲ့ဒီနောက် အမှန်တရားက ထွက်လာတယ်တဲ့”
မုရှောင်းနွမ်က ချန်းရန်ကို ဖိထားသည်။ ချန်းရန်က ကုတင်ပေါ်တွင် အဖိခံထားရသည်။ အိပ်ယာပေါ်တွင် အဖိခံထားရပြီး မြေကမ္ဘာက လှုပ်ခါနေသည်။
ငလျင်လှုပ်တာလား။
ချန်းရန်ကလည်း ရုတ်တရက် ခေါင်းက မူးသွားသည်။ သူသည် နိုးလာသည်။
“ဟင်”
ချန်းရန်က မျက်လုံးကို ဖွင့်လိုက်သောအခါ ပတ်ဝန်းကျင်က ပိတ်ပိတ်အောင် မှောင်မည်းနေသည်။ ကုတင်ဘေးမှ မှေးမှိန်သော အလင်းကိုသာ မြင်ရသည်။ ချန်းရန်သည်လည်း သူက အဖိခံထားရသလို ခံစားရသည်။ အပေါ်တွင်လည်း လူတစ်ယောက် လှဲနေကြောင်း မြင်ရပြီး သူက တုန်ယင်သွားသည်။
"မင်း ဘယ်သူလဲ"
103 02
ချန်းရန်က တစ်ဖက်သို့ လှန်ကာ ထိုလူကို ဘေးဖက်သို့ ပစ်ချလိုက်ပြီး ပြန်ဖိသည်။
"အိုး..”
နာကျင်သော အော်သံက ထွက်လာသည်။ ချန်းရန်ကပင် ထိုအသံကြားပြီး ကြောင်အသွားသည်။ မှေးမှိန်သော အလင်းကတဆင့် သူ့အပေါ်ကို ဖိထားသော သူမှာ ဆံပင် ဖရိုဖရဲနှင့် မုရှောင်းနွမ် ဖြစ်ကြောင်း မြင်လိုက်သည်။
"မင်း ဘာလုပ်တာလဲ"
ချန်းရန်က အံ့ဩသွားပြီး ခပ်မြန်မြန် လွှတ်ပေးလိုက်သည်။ သူသည် နံဘေးသို့ ရွေ့လိုက်သောအခါ ထိုကောင်မလေး မုရှောင်းနွမ်ကို မြင်လိုက်ရသည်။
သူက အခန်းပြန် အိပ်တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ငါ့အိပ်ရာကို ရောက်လာတာလဲ?
“ယောက်ျား”
မုရှောင်းနွမ်၏ အသံက နည်းနည်း တိုးပြီး ဖျော့တော့တော့လေး ဖြစ်နေသည်။ ချန်းရန်သည်လည်း ထိုကောင်မလေး၏နားရွက်က ရဲနေကြောင်း မြင်လိုက်ရသည်။ သူမက အရည်ရွှမ်းသော မျက်လုံးတစ်စုံကို ဝင့်ရင်း အသနားခံသည်။
“ကျေးဇူးပြုပြီး လူရမ်းကားလို မလုပ်ပါနဲ့တော့နော်”
ဘယ်သူက လူရမ်းကားလဲ။
ချန်းရန်ကပင် နည်းနည်း သဘောကျသွားသည်။
"မင်း... ညသန်းခေါင်ကြီး ငါ့အိပ်ရာပေါ် ကုန်းတက်လာတယ်။ အခု ငါ့ကို လူရမ်းကားလို့ စွပ်စွဲနေတာ ဘယ်သူက လူရမ်းကားလဲ?”
"နင်ပေါ့"
မုရှောင်းနွမ်၏ လှပသော မျက်နှာက မီးတောင်တိမ်စိုင် တစ်ခုကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် လှပသော မျက်ဝန်းစုံက အရည်များ လဲ့နေပြီး ချန်းရန်၏ ခန္ဓာကိုယ်ကို ရှက်ရွံစွာ ကြည့်နေသည်။
“ဟင်”
ချန်းရန်ကလည်းတစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်ပြီး ငုံ့ကြည့်လိုက်ပြီးနောက် ထဆဲသည်။
“မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ?”
ချန်းရန်က အံ့ဩသွားသည်။
သေစမ်း ဒီမိန်းကလေးက ဘယ်အချိန်က သူ့ရဲ့ အဝတ်တွေ ချွတ်လိုက်တာလဲ။
"မင်း ဘယ်လို လုပ်လိုက်တာလဲ?"
ချန်းရန်က ထိုကောင်မလေးကို ကြည့်နေရင်းမှ ချောင်းထဟမ့်သည်။ သူသည်လည်းကူကယ်ရာ မဲ့သလိုမျိုး ထရယ်သည်။
“မင်းလိုချင်ရင်လည်း ရှက်မနေပါနဲ့။ ဒီအတိုင်းပြောလိုက်ရုံပေါ့ ဒီလောက်ထိ ခိုးကြောင်ခိုးဝှက် လုပ်နေစရာမှ မလိုတာ။ မင်းက ငါ့ကို အရင်မူးအောင် သောက်စေချင်တာလား”
"နင်…နင် ဘာပြောလိုက်တာလဲ? ဘာ…ဘာကို လိုချင်တာလဲ?"
မုရှောင်းနွမ်၏ လှပသော မျက်လုံးက ပြူးသွားပြီး ပါးစပ်ကပင် အဟောင်းသား ဖြစ်သွားသည်။ သူမသည်လည်း ချန်းရန်က ထိုသို့ ပြောတာကို မယုံနိုင်ပုံရသည်။ ထို့ပြင် နည်းနည်း မျက်နှာပူသွားသည်။
"နင်... နင် ဘာပြောနေတာလဲ။ ငါ အဲ့လို မဟုတ်ဘူး"
"အင်း.. ငါ နားလည်တယ်"
ချန်းရန်ကအလေးအနက်ထားပြီး ခေါင်းငြိမ်ကာ ပြောသည်။
"မင်းက သဘောကျတာ မလား?"
“နင်”
မုရှောင်းနွမ်၏ လှပသော မျက်နှာက ပိုပို၍သာ ပူလာပြီး သူမက သွားကို တင်းတင်း ကိုက်ထားပြီး ခေါင်းကို စောင်းလိုက်ကာ ရှက်ရွံ့စွာ ပြောသည်။
103 03
"မဟုတ်ဘူး..”
“ မဟုတ်ဘူး.."
ချန်းရန်က ရယ်ပြီး အောက်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
"ဒါဆိုရင် ငါ့ရဲ့ အဝတ်တွေက ဘာဖြစ်သွားလဲ။ ငါ့ဘာသာငါ ချွတ်လိုက်တာလား"
"နင် ဘယ်လိုထင်လဲ"
မုရှောင်းနွမ်က ထိုအကြောင်းကို ပြောသောအခါ သူမ၏မျက်ဝန်းတွေက အလင်းလဲ့သွားပြီး မျက်တောင် တဖြတ်ဖြတ် ခတ်သည်။
"မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာလဲ”
မဖြစ်နိုင်တာ.. လုံးဝ မဖြစ်နိုင်ဘူး။
ချန်းရန်က မယုံကြည်ပေ။
"ဒါဆိုရင် ဒါက ဘာလဲ?"
မုရှောင်းနွမ်၏ အကြည့်နောက်သို့ လိုက်ကြည့်သောအခါ ချန်းရန်သည်လည်း ရုတ်တရက် သူ့၏ လက်ကို မုရှောင်းနွမ်က ဆုပ်ကိုင်ထားသည်ကို သိလိုက်ရသည်။
"ငါသာ နင့်ကို မတားဘူးဆိုရင် နင် အခု ဘာမှတောင် ကျန်တော့မှာ မဟုတ်ဘူး"
"နင်က ဝက်သေကောင်ကို အိပ်နေတာ ဘယ်လိုပဲ နိုးနိုး နိုးလို့လည်း မရဘူးလေ”
“ဆိုတော့ အခု သိပြီလား
မုရှောင်းနွမ်က ထေ့ငေါ့သည့် အပြုံးမျိုးဖြင့် ကြည့်နေသည်။ သူမက တခစ်ခစ် ရယ်နေသည်။
"ဟီးဟီး ငါ့ယောက်ျားရဲ့ လျှို့ဝှက်ချက်သေးသေးလေးကို ရှာတွေ့သွားမယ်လို့ မထင်ထားဘူး။ လက်စသတ်တော့ ငါတစ်ယောက်တည်းကပဲ အဝတ်မပါပဲ အိပ်ရတာ သဘောကျတာ မဟုတ်ဘူးကိုး ဟွန်း.. နောက်ဆုံးတစ်ခေါက်က နင် ရှာတွေ့သွားတော့ ငါ့ကို လာရယ်သေးတယ်"
“ငါ”
ချန်းရန်က ဆွံ့အသွားသည်။ သူသည် ရှင်းပြမည် ဆိုပါက အရယ်ခံရလောက်သည်။ မရှင်းပြလျှင်လည်း နားလည်မှု လွဲမှားဦးပေမည်။
"ဒါဆိုရင် မင်းက ဘာလို့ညသန်းခေါင်ကြီး ငါ့ဆီ လာတာလဲ"
ချန်းရန်က အကြောင်းအရာကို ပြောင်းပြီး မေးသည်။
"မကောင်းတာ တစ်ခုခု လုပ်မလို့လား?"
"မဟုတ်ပါဘူး.. ငါ ဒီတိုင်း ညဘက် အိပ်မပျော်တာနဲ့ စကားလာပြောတာ"
မုရှောင်းနွမ်ကလည်း မိုးရွာသော နေ့ရက်ကို ကြောက်သည့်အကြောင်းကို ဝန်ခံလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အကြောင်းပြချက်တစ်ခုကို ပေးလိုက်သည်။
ဘုန်း
ရုတ်တရက် အပြင်ဘက်တွင် မိုးခြိမ်းပြန်သည်။ မြွေကောက်ကြောင်းကဲ့သို့သော လျှပ်စီးက အပြင်ဘက်တွင် ထင်ဟပ်လာပြီး မုရှောင်းနွမ်ကို ထအော်စေသည်။
“အား”
ထိုမိုးခြိန်းသံက မုရှောင်းနွမ်ကို အလွန်ကြောက်လန့်သွားစေပြီး ချန်းရန်၏ လက်မောင်းထဲသို့ တိုက်ရိုက် ဝင်လာသည်။
"မင်းက မိုးခြိန်းသံ ကြောက်တာလား?"
ချန်းရန်က မုရှောင်းနွမ်ကို ကြည့်သည်။ တစ်ဖက်လူက သူ့ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ကွေးပြီး တုန်ယင်နေသည်။ နောက်ဆုံးမှာတော့ ထိုကောင်မလေးက မည်သည့်အတွက်ကြောင့် မအိပ်နိုင်ကြောင်း နားလည်သွားသည်။ လက်စသတ်တော့ မိုးခြိမ်းသံကို ကြောက်တာကိုး။
"မင်းက အရူးလေးပဲ"
ချန်းရန်က ပြုံးလာပြီး မုရှောင်းနွမ်၏ကျောကို အသာပုတ်ပေးလိုက်သည်။ သူမ၏ တုန်ယင်နေသော ကိုယ်လေးကို ချော့ပေးကာ ခပ်တိုးတိုးပြောသည်။
"ရတယ်.. ရတယ်.. ဒါပေမဲ့ ဘာလို့ စောစောက မပြောတာလဲ?"
"ငါ…နင်…နင် နင် သိသွားရင် ငါ့ကို လှောင်မှာ စိုးလို့"
103 04
မုရှောင်းနွမ်က နှုတ်ခမ်းဆူသည်။
"နောက်ပြီး ငါ အခု မကြောက်တော့ပါဘူး"
“အိုး”
ချန်းရန်က ပြုံးလိုက်သည်။
"ဒါဆိုလည်း ကိုယ့်အခန်းကိုယ် ပြန်ပြီး အိပ်လေ"
"မအိပ်ပါဘူး"
မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်က သူ့ကိုတင်းတင်းကြပ်ကြပ် ဖက်လာသည်။
"ငါ ဒီမှာဆိုမှ မကြောက်တာ”
“ဟား”
ချန်းရန်က ရယ်သည်။ သူမ၏ ကျောကို ညင်သာစွာ ပုတ်ပေးနေရင်း ခါးသီးစွာ ပြုံးသည်။
"ငါ မင်းကို တကယ်ကို ဘာမှ မလုပ်နိုင်ဘူးပဲ.. ကောင်းပြီ ကောင်းပြီ ငါ ဒီမှာ ရှိတယ်.. မကြောက်နဲ့တော့”
“အင်း”
မုရှောင်းနွမ်က ရှက်သွားပြီးနောက် ခပ်တိုးတိုး သဘောတူလိုက်သည်။
"ဒါပေမဲ့ မင်း မအိပ်ခင် အရင်ဦးဆုံး ညအိပ်ဝတ်စုံ ပြန်ဝတ်လိုက်ပါဦးလား"
ချန်းရန်ကလည်း အဝတ်မပါဘဲအိပ်နိုင်လိမ့်မည် မထင်ပေ။
“မဝတ်တော့ဘူး”
မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်က ချန်းရန်၏လက်မောင်းကို အတင်းဖက်ထားပြီးနောက် ချွဲကာ ပြောသည်။
"ငါတော့ ဒီတိုင်း အိပ်ရတာကို ကြိုက်တယ်.. သက်တောင့်သက်သာ ရှိတယ်"
မုရှောင်းနွမ်က သူမ၏အိမ်မက်ထဲတွင် ယခုလို အခြေအနေမျိုးကို လိုချင်နေခြင်း ဖြစ်သည်။
ယောက်ျားဖြစ်သူနှင့် နီးကပ်ပြီး သူ့၏ ဆွဲဆောင်မှုကို ခံစားရခြင်းကတင် အတော်လေးကို ပျော်ရွှင်စေသည်။ အပူချိန်ကို တစ်ယောက်တည်း မွှေ့လျော်နိုင်ခြင်းကတင် သူမကို အရည်ပျော်စေနိုင်သည်။
"ဟီး ဟီး မမျှော်လင့်ထားပဲ ကတ်ပ်ဂိမ်းမှာ မနိုင်ခဲ့ပေမယ့် အဆုံးသတ်တော့ အောင်မြင်သွားတာပဲ”
“ငါ”
ချန်းရန်ကလည်း ခါးသီးစွာ ရယ်သည်။
သူ တကယ်လို့ သူ့ကို မဝတ်စေချင်ဘူး ဆိုရင်လည်း မဝတ်တော့ဘူးပေါ့။ သို့ရာတွင် သူသည်လည်း နည်းနည်း အခွင့်အရေး ယူခံရသလို ခံစားရသည်။
"နေဦး...”
ချန်းရန်က တစ်စုံတစ်ရာကို တွေးလိုက်ပြီးနောက် ရုတ်တရပ် ပြောသည်။
“မင်းလည်း ဒီလို အိပ်ရတာကို သဘောကျတာ မဟုတ်လား?”
******